Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, February 16, 2019

ပါရမီ ရွိ မရွိကို ဘာလုပ္ၾကည့္ရမလဲ။ပါရမီ ရွိ မရွိ အားထုတ္ၾကည့္

တရားအားထုတ္ၾကည့္ရမွာပါ။ ငါ့မွာေတာ့ ပါရမီ မရွိေလာက္ပါဘူး။ ပါရမီရွင္လည္း မဟုတ္ေလာက္ပါဘူး။ ပါရမီမရွိလ္ို႔ ငါသည္ တရားဓမၼေတြ မသိတာျဖစ္မယ္။ မျမင္တာျဖစ္မယ္။ တရားမရတာ ျဖစ္မယ္လို႔ အမ်ားစုက စိတ္ဓာတ္က်ေနတတ္ၾကပါတယ္။ပါရမီဆိုတာ ျဖည့္ရတဲ့သေဘာ စုေဆာင္းရတဲ့သေဘာ ရွိပါတယ္။ ပါရမီဆိုတာဟာ တျဖည္းျဖည္း စုေဆာင္းလာေတာ့မွ ျပည့္စုံလာပါမယ္။ ရွိလာပါမယ္။ ပါရမီျဖစ္ေၾကာင္း အလုပ္ေတြ မလုပ္ပါဘဲနဲ႔ အလိုလိုေနရင္း ပါရမီေတြ ရွိမလာပါဘူး။ ျပည့္မလာပါဘူး။

ဘုရားရွင္ ကိုယ္ေတာ္ျမတ္ႀကီးတို႔၊ ရဟႏၲာအရွင္ျမတ္တို႔၊ ပေစၥကဗုဒၶာ အရွင္ျမတ္တို႔ တရားရၾကတယ္။ တခ်ဳိ႕တခ်ဳိ႕ေသာ အရွင္ျမတ္ေတြ တရားက်င့္တဲ့ အခ်ိန္မွာ အခ်ိန္တိုတိုေလးနဲ႔ တရားရၾကတယ္။ အက်ဥ္းခ်ဳပ္တရား က်င့္စဥ္က်င့္ရုံနဲ႔ တရားရၾကတယ္လ္ို႔ နာဖူး ၾကားဖူး ၾကပါလိမ့္မယ္။ျမတ္စြာဘုရားက တရားစကား တစ္ခြန္း နွစ္ခြန္း ေဟာေျပာလိုက္ ရုံနဲ႔ အဲဒီတရားဓမၼ၊ အဲဒီ အဆုံးအမကို နာယူၿပီးေတာ့ တရားရသြားၾကတယ္။

"ျမန္လိုက္တာ၊ ခက္္လဲမခက္ဘူး။ပင္လည္း မပင္ပန္းဘူး။ ဒီပုဂၢိဳလ္ေတြ ပါရမီ ထူးတာပဲ" တဲ့။ဘာနဲ႔အကဲျဖတ္တုန္းဆိုရင္ ပါရမီနဲ႔ အကဲျဖတ္ၾကတယ္။ ပါရမီထူးတယ္၊ပါရမီ ရွိတယ္လို႔ တြက္ခ်က္ၾကပါတယ္။

ကိုယ္တိုင္ တရားအားထုတ္ေနတဲ့ အခ်ိန္မွာလည္း ဒီအတိုင္းပါပဲ။ တခ်ဳိ႕က အားထုတ္လို႔ရတယ္။ ထိုက္သေလာက္ နားလည္တယ္။ က်င့္သေလာက္ သေဘာေပါက္တယ္။ ထင္သေလာက္ မျဖစ္တဲ့သူက ျဖစ္တဲ့သူကို ႀကည့္ၿပီး သူကေတာ့ ပါရမီရွိလို႔၊ ငါကေတာ့ ပါရမီမရွိလို႔ ဆိုၿပီး ပါရမီနဲ႔ တိုင္းတာပါတယ္။ပါရမီဆိုတာ ဒီတိုင္းေနရုံနဲ႔ ရွိလာမွာ မဟုတ္ပါဘူး။ က်င့္မွ ရွိလာပါတယ္။ အရင္က ကိုယ့္မွာ ပါရမီ မရွိဘူးထား။ အခုက်င့္လိုက္လ္ို႔ရွိရင္ ပါရမီ ျဖစ္လာပါတယ္။

ဟိုအရင္ တုန္းက တရားက်င့္ခ်င္ တဲ့ စိတ္ေတာင္ မေပၚဘူး။ စိတ္ကူးေတာင္ မရွိခဲ့ဘူး။ အခုတရားအားထုတ္ ရမယ္လို႔ သိလာတယ္။ တရားက်င့္ဖို႔ ေကာင္းေနၿပီလို႔ သေဘာေပါက္တယ္။ တရားက်င့္ရေတာ့မယ္ဆိုတဲ့ စိတ္ကူး ေပၚလာကတည္းကိုက ပါရမီ အေျခခံ ရွိလို႔သာ ဒီစိတ္ကူးမ်ဳိး ေပၚလာတယ္လို႔ ေျပာရမွာပါ။ပါရမီ မရွိတဲ့သူဆို စိတ္ကူးေတာင္ မေပၚပါဘူး။ တခ်ဳိ႕ ေသသာေသသြားတယ္၊ တစ္သက္လုံး ဒီအတိုင္းေနသြားတယ္။ တစ္ခါမွ တရားအားထုတ္ခ်င္ စိတ္ မေပါက္တဲ့သူေတြ အမ်ားႀကီးပါ။

အခုတရားက်င့္သူေတြက တရားအားထုတ္လို႔ မရဘူး။ တရားက်င့္လို႔ မရဘူး။ တစ္ ရက္၊ ႏွစ္ ရက္ က်င့္လို႔ မထူးျခားေသးတာနဲ႔ ပါရမီ မရွိလို႔ မရေသးဘူး။ ပါရမီမပါလို႔ တရားရမွာ မဟုတ္ဘူးဆိုၿပီး စိတ္ပ်က္ပါတယ္။ စိတ္မပ်က္ပါနဲ႔။ ပါရမီ ရွိလိို႔သာ တရားအားထုတ္ခ်င္ စိတ္ ေပၚတာ။ ကိုယ့္မွာ ပါရမီရွိလို႔သာ အားထုတ္ျဖစ္တာပါ။လက္ ရွိတရားအားထုတ္တာကလည္း ေျပာမယ္ဆိုရင္ ပါရမီျဖည့္ေနတာ။ ပါရမီေတြ မရွိေသးရင္လည္း ပါရမီေတြ ရွိလာေအာင္၊ ရွိေနတဲ့ပါရမီေတြကိုလည္း ျပည့္စုံလာေအာင္ ျဖည့္က်င့္ေနတာပါ။

ေက်းဇူးေတာ္ရွင္ ဓမၼဒူတ
ေဒါက္တာ အရွင္ ပညိႆရ။

ဆရာေတာ္ေရးသား ျပဳစုေသာ "ဓမၼလမ္းေပၚမွာ" စာအုပ္မွ ေကာက္ႏႈတ္ ကူးယူ ပူေဇာ္ မွ်ေဝပါသည္။
Damanady

#Unicode Version#

တရားအားထုတ်ကြည့်ရမှာပါ။ ငါ့မှာတော့ ပါရမီ မရှိလောက်ပါဘူး။ ပါရမီရှင်လည်း မဟုတ်လောက်ပါဘူး။ ပါရမီမရှိလို့ ငါသည် တရားဓမ္မတွေ မသိတာဖြစ်မယ်။ မမြင်တာဖြစ်မယ်။ တရားမရတာ ဖြစ်မယ်လို့ အများစုက စိတ်ဓာတ်ကျနေတတ်ကြပါတယ်။ပါရမီဆိုတာ ဖြည့်ရတဲ့သဘော စုဆောင်းရတဲ့သဘော ရှိပါတယ်။ ပါရမီဆိုတာဟာ တဖြည်းဖြည်း စုဆောင်းလာတော့မှ ပြည့်စုံလာပါမယ်။ ရှိလာပါမယ်။ ပါရမီဖြစ်ကြောင်း အလုပ်တွေ မလုပ်ပါဘဲနဲ့ အလိုလိုနေရင်း ပါရမီတွေ ရှိမလာပါဘူး။ ပြည့်မလာပါဘူး။

ဘုရားရှင် ကိုယ်တော်မြတ်ကြီးတို့၊ ရဟန္တာအရှင်မြတ်တို့၊ ပစ္စေကဗုဒ္ဓာ အရှင်မြတ်တို့ တရားရကြတယ်။ တချို့တချို့သော အရှင်မြတ်တွေ တရားကျင့်တဲ့ အချိန်မှာ အချိန်တိုတိုလေးနဲ့ တရားရကြတယ်။ အကျဉ်းချုပ်တရား ကျင့်စဉ်ကျင့်ရုံနဲ့ တရားရကြတယ်လို့ နာဖူး ကြားဖူး ကြပါလိမ့်မယ်။မြတ်စွာဘုရားက တရားစကား တစ်ခွန်း နှစ်ခွန်း ဟောပြောလိုက် ရုံနဲ့ အဲဒီတရားဓမ္မ၊ အဲဒီ အဆုံးအမကို နာယူပြီးတော့ တရားရသွားကြတယ်။

"မြန်လိုက်တာ၊ ခက်လဲမခက်ဘူး။ပင်လည်း မပင်ပန်းဘူး။ ဒီပုဂ္ဂိုလ်တွေ ပါရမီ ထူးတာပဲ" တဲ့။ဘာနဲ့အကဲဖြတ်တုန်းဆိုရင် ပါရမီနဲ့ အကဲဖြတ်ကြတယ်။ ပါရမီထူးတယ်၊ပါရမီ ရှိတယ်လို့ တွက်ချက်ကြပါတယ်။

ကိုယ်တိုင် တရားအားထုတ်နေတဲ့ အချိန်မှာလည်း ဒီအတိုင်းပါပဲ။ တချို့က အားထုတ်လို့ရတယ်။ ထိုက်သလောက် နားလည်တယ်။ ကျင့်သလောက် သဘောပေါက်တယ်။ ထင်သလောက် မဖြစ်တဲ့သူက ဖြစ်တဲ့သူကို ကြည့်ပြီး သူကတော့ ပါရမီရှိလို့၊ ငါကတော့ ပါရမီမရှိလို့ ဆိုပြီး ပါရမီနဲ့ တိုင်းတာပါတယ်။ပါရမီဆိုတာ ဒီတိုင်းနေရုံနဲ့ ရှိလာမှာ မဟုတ်ပါဘူး။ ကျင့်မှ ရှိလာပါတယ်။ အရင်က ကိုယ့်မှာ ပါရမီ မရှိဘူးထား။ အခုကျင့်လိုက်လို့ရှိရင် ပါရမီ ဖြစ်လာပါတယ်။

ဟိုအရင် တုန်းက တရားကျင့်ချင် တဲ့ စိတ်တောင် မပေါ်ဘူး။ စိတ်ကူးတောင် မရှိခဲ့ဘူး။ အခုတရားအားထုတ် ရမယ်လို့ သိလာတယ်။ တရားကျင့်ဖို့ ကောင်းနေပြီလို့ သဘောပေါက်တယ်။ တရားကျင့်ရတော့မယ်ဆိုတဲ့ စိတ်ကူး ပေါ်လာကတည်းကိုက ပါရမီ အခြေခံ ရှိလို့သာ ဒီစိတ်ကူးမျိုး ပေါ်လာတယ်လို့ ပြောရမှာပါ။ပါရမီ မရှိတဲ့သူဆို စိတ်ကူးတောင် မပေါ်ပါဘူး။ တချို့ သေသာသေသွားတယ်၊ တစ်သက်လုံး ဒီအတိုင်းနေသွားတယ်။ တစ်ခါမှ တရားအားထုတ်ချင် စိတ် မပေါက်တဲ့သူတွေ အများကြီးပါ။

အခုတရားကျင့်သူတွေက တရားအားထုတ်လို့ မရဘူး။ တရားကျင့်လို့ မရဘူး။ တစ် ရက်၊ နှစ် ရက် ကျင့်လို့ မထူးခြားသေးတာနဲ့ ပါရမီ မရှိလို့ မရသေးဘူး။ ပါရမီမပါလို့ တရားရမှာ မဟုတ်ဘူးဆိုပြီး စိတ်ပျက်ပါတယ်။ စိတ်မပျက်ပါနဲ့။ ပါရမီ ရှိလို့သာ တရားအားထုတ်ချင် စိတ် ပေါ်တာ။ ကိုယ့်မှာ ပါရမီရှိလို့သာ အားထုတ်ဖြစ်တာပါ။လက် ရှိတရားအားထုတ်တာကလည်း ပြောမယ်ဆိုရင် ပါရမီဖြည့်နေတာ။ ပါရမီတွေ မရှိသေးရင်လည်း ပါရမီတွေ ရှိလာအောင်၊ ရှိနေတဲ့ပါရမီတွေကိုလည်း ပြည့်စုံလာအောင် ဖြည့်ကျင့်နေတာပါ။

ကျေးဇူးတော်ရှင် ဓမ္မဒူတ
ဒေါက်တာ အရှင် ပညိဿရ။

ဆရာတော်ရေးသား ပြုစုသော "ဓမ္မလမ်းပေါ်မှာ" စာအုပ်မှ ကောက်နှုတ် ကူးယူ ပူဇော် မျှဝေပါသည်။
Damanady

No comments:

Post a Comment