Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 18, 2019

NLD ကျေးဇူး သိတတ်ဖို့ လိုတယ်


သတင်းစာဆရာကြီးဟံသာဝတီဦးဝင်းတင် အကျဉ်း ထောင် မှ လွတ်မြောက်ပြီးနောက် ကွယ်လွန်ချိန် ၂၀၁၄ခုနှစ် အထိ နေထိုင်ခဲ့သည့် အမှတ် (၁၀)၊ အရိယာမဂ္ဂင်လမ်း၊ ၁၄ ရပ်ကွက်၊ ရန်ကင်းမြို့နယ်ရှိနေအိမ်အား ဖြိုဖျက်လိုက် ခြင်းနှင့် ပတ်သက်၍ ဆရာကြီးဦးဝင်းတင်ကွယ်လွန်သည့် အချိန်အထိ ဆရာကြီးနှင့်အတူ အနီးကပ်နေထိုင်ခဲ့သလို ဆရာကြီး၏ လူယုံလည်းဖြစ်သည့် ကိုရာဇာနှင့် The Ladies News က ဆက်သွယ်မေးမြန်းထားပါသည်။

မေး - အဘဦးဝင်းတင်နေခဲ့တဲ့အိမ်အဖျက်ခံလိုက်ရတာနဲ့ ပတ်သက်ပြီး အစ်ကိုရဲ့ခံစားချက်ကို နည်းနည်းလောက် ပြောပြပါလားခင်ဗျ။

ဖြေး - နည်းနည်းပြင်းပြင်းထန်ထန်တော့ ပြောရမယ်ထင် တယ်။ ပြင်းပြင်းထန်ထန်ပြောရမယ့်ကိစ္စက ဘယ်လိုရှိ လည်းဆိုရင် အခုနိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ပေါ့နော်။ သူက အဘဆုံးတော့ ရက်လည်သွားတဲ့အခါမှာ သူ ပြော တယ်။ သူကဘာပြောလည်းဆိုတော့ ဒီအိမ်ကိုအလုံးလိုက် ရွေ့ပြီးတော့ပြတိုက်လုပ်ဖို့ပေါ့နော်။ စိတ်ကူးစိတ်သန်း လား လက်တွေ့လား ဘာလားတော့ မသိဘူး။ ဒါမျိုးပြော တာကြားခဲ့ဘူးတယ်။ မီဒီယာမှာဖတ်ရတာ။ နောက် ရန် ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းလည်းပြောတယ်။ ပြောတယ်ဆိုတာက ကျွန်တော်ဖုန်းနဲ့ ပြောတာပေါ့ နော်။ နေရာရွေ့မယ်။ နေရာရှာပေးပါ။ ကျွန်တော်တို့ နေ ရာရှာပေးတယ်။ အဲဒါအကောင်အထည် မပေါ်လာဘူး ပေါ့ဗျာ။

ကျွန်တော်တော့ ပွင့်ပွင့်လင်းလင်းပြောရရင် ရင်ထဲမှာ လည်းမကောင်းဘူး။ ဒီပုံကိုဖေ့စ်ဘွခ်မှာပဲတွေ့တာကို ကျွန် တော်အခုထက်ထိမရောက်သေးဘူး။ ကျွန်တော့် ထင်မြင် ယူဆချက်ဆိုရင် ခုနက ပြောသလောက်ပဲပေါ့နော်။ ဒါတာဝန်ရှိတာကတော့ တကယ်တမ်းပြောလို့ရှိရှိရင်တော့ တာဝန်ခံသွားတယ်လို့ပဲပြောမလား။ စကားအဖြစ်ပြော သွားတယ်ပြောမလား။ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်မှာ တာဝန်ရှိတယ်လို့ပဲ။ အဲလိုပဲပြောရတော့မှာပေါ့လေ။





မေး - အဘဦးတင်ဦးကလည်း သူကျန်းမာရေးကောင်းစဉ် တုန်းက ဦးဝင်းတင်ကိုပန်းခြံတည်ဆောက်ဖို့ တိုက်တွန်း မယ်လို့ပြောဘူးတယ် ခင်ဗျ


ဖြေ - ကျွန်တော်အမြင်တော့ အဘဦးတင်ဦးမှာတော့ သိပ်ပြီးတော့ ဟိုဟာမရှိတော့ဘူးဗျ။ အဘဦးတင်ဦးက
အခုကျန်းမာရေးလည်းမကောင်းဘူး။ လုပ်ပိုင်ခွင့် ခေါ် မှာပေါ့။ လုပ်ပိုင်ခွင့်အရလည်းအဘဦးတင်ဦးဆီမှာ မတည်ရှိဘူးလေ။ မတည်ရှိတဲ့အတွက် အဘဦးတင်ဦးကို ပြောတာတော့ ကျွန်တော်လက်မခံဘူး။ အဓိကတော့
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရယ်၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဖြိုးမင်းရယ်ကသာလုပ်မယ်ဆိုလို့ရှိရင်ဖြစ်
တယ်။ သူတို့ ၀ါယမစိုက်ဖို့လိုတာပေါ့နော်။ ၀ါယမ မစိုက် လိုက်ဖူးပေါ့။ မစိုက်လိုက်တဲ့အခါကျတော့ အခုကျွန်တော် မြင်တယ်။ မြင်တဲ့အခါကြတော့ ဘုန်းဘုန်းကျသွားပြီး။ ကျွန်တော်လည်း စိတ်မကောင်းဘူး။ ဒါကိုအကောင်းဆုံး ဘယ်လိုပြန်လုပ်မလည်းဆိုတဲ့ဟာကို လတ်တလော တစ်ခု ခုပေါ့ စည်းဝေးပြီးတော့။လုပ်မယ်လို့ ကြံရွယ်ထားတယ်။

မေး - ဒါဆို အစ်ကိုတို့ လုပ်မယ်လို့ကြံရွယ်ထားတာက အဘသက်ရှိထင်ရှားရှိစဉ်အချိန်တုန်းက အဘသုံးခဲ့တဲ့ အသုံးအဆောင်တွေ၊ အဘနဲ့ပတ်သက်တဲ့ ဓါတ်ပုံမှတ် တမ်းတွေ၊စာအုပ်စာတမ်းတွေ ဒါတွေကိုပြတိုက်လိုပုံစံမျိုး လုပ်ဖို့လား။ ဒါမှမဟုတ် ဘယ်လိုပုံစံမျိုးလည်းခင်ဗျ


ဖြေ - ကျွန်တော်က အဲလိုလုပ်ဖို့ရည်ရွယ်ထားတယ်။ ရည်ရွယ်ထားတော့။ ကျွန်တော်ခုနက News Watch ကို ဖတ်ကြည့်လိုက်တဲ့အခါကျတော့ ကိုယုလွင်လေ။ ကျွန်တော်တို့ အခေါ်တော့ ကိုပေါက်။ ကိုပေါက်က ပြော တာက အဘရဲ့ ပစ္စည်းအသုံးအဆောင်တွေက သူတို့အခု အဘအိမ်ရွေ့လိုက်တဲ့အရှေ့မှာမိုးမြင့်စံဆိုတဲ့တိုက်ရှိတယ် ဗျ။ အဲဒီတိုက်မှာထားတယ်တဲ့။ ထားတဲ့အခါကျတော့ ဒါကို သတ်သတ်မှတ်မှတ်ပေါ့ ကျကျနနထိန်းသိမ်းနိုင်တဲ့ သူရှိရင် ပေးမယ်လို့ပြောတယ်။ ဆိုတော့ ဒီဟာကို ကျွန်တော်တို့ လုပ်နိုင်အောင်ကြိုးစားမှာပေါ့နော်။


မေး - အဘကလည်း NLDပါတီစတည်ထောင်ကတည်းက ပါဝင်ခဲ့တယ်။ NLD အတွက်လည်း အဘက အများကြီး အလုပ်တွေလုပ်ခဲ့တဲ့ သူတစ်ယောက်ဖြစ်တော့ NLD အပေါ်ကို အစ်ကိုအနေနဲ့ ဘာများပြောချင်လည်း


ဖြေ - ကျွန်တော်ပြောရမယ့် စကားကတော့ ရှင်းရှင်းလေး ပဲ။ ကျေးဇူးမသိဘူး။ ကျေးဇူးသိဖို့လိုတယ်။ ကျေးဇူးသိ
တတ်မှသာလျှင် ဖြစ်မယ်။ ဦးဝင်းတင်မဆုံးခင်တုန်းက ပြောတဲ့ စကားကိုလည်း ကျွန်တော်ဖေ့ဘွခ်မှာ တင်ဖူး
တယ်။ " မင်းတို့ နိုင်ငံရေးက ပျက်မှာပဲတဲ့။ ကျေးဇူးရှင် မဖေါ်ပြရဘူးဆိုတဲ့စကား အဘဦးဝင်းတင်ကပြောသွား
ဖူးတယ်။ ဒါပျက်ဖို့ လမ်းစပဲလေ။ ဒီကျေးဇူးတရားကို မဆပ်ဘူးဆိုရင် ကျွန်တော်တို့ပျက်မှာပဲလေ။ ဦးဝင်းတင် ကို ဒီလိုလုပ်တယ်။ ထားလိုက်။ အိမ်ရှင်က သူဖာသာသူ ၀ယ်တယ်။ ဒေါ်အောင်ဆန်းစုကြည်အိမ်ကိုရော ၀ယ်နိုင်တဲ့
သူတစ်ယောက်ရောက်လာလို့ လုပ်ရင်ရော ခင်ဗျားရော လက်ခံမလား၊ကျွန်တော်ရောလက်ခံမလား၊ဒီမေးခွန်းကို အဖြေထုတ်ဖို့လိုတယ်လေ။

မေး - အစ်ကို အနေနဲ့ပေါ့။ ဘာများဖြည့်စွက်ပြီးတော့ ပြောကြားချင်သေးလည်းခင်ဗျ။

ဖြေ - ကျွန်တော်ပြောချင်တာ ဦးဝင်းတင်ဆိုတာ နိုင်ငံရေး သမားမှန်တယ်။ တစ်ဖက်မှာတော့ သတင်းစာဆရာပေါ့ ဗျာ။ သတင်းစာဆရာဆိုတော့ ခင်ဗျားတို့အပေါ်မှာလည်း သူရဲ့ တစ်စုံတရာကျေးဇူးတော့ ရှိခဲ့ဖူးမယ်လို့ထင်တယ်။ တိုက်ရိုက်တော့ မဟုတ်ဘူးပေါ့ဗျာ။ ဒါပေမယ့် ခင်ဗျားတို့ သတင်းမီဒီယာအပေါ်မှာလည်းဦးဝင်းတင်ဆိုတဲ့ ပုဂ္ဂိုလ်က မီဒီယာသမားတစ်ယောက်အနေနဲ့ လွှမ်းမိုးမှုရှိခဲ့တယ်။အခု ဖြစ်သွားတဲ့ကိစ္စကမတရားဘူးလို့ ကျွန်တော်ခံစားရတယ်။ ခင်ဗျားတို့ကို အဖေါ်ညှိတာမဟုတ်ဘူး။ ဦးဝင်းတင်အိမ် က ဒီလိုဖြစ်ဖို့မကောင်းဘူး။သို့တည်းမဟုတ်ရင် ကောင်း တယ်။ သို့တည်းမဟုတ်ရင်လည်း မဖြစ်သင့်ဘူးဆိုတဲ့ ဟာမျိုးကို ခင်ဗျားတို့ကိုရေးစေချင်ပါတယ်။

အောင်ရဲနောင်
The Ladies News

No comments:

Post a Comment