Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 10, 2019

Grand Hantha ဆေးရုံက ကိုယ်ဝန်ဆောင်ကို ဆေးမှားပေးတဲ့ကိစ္စ


ကျွန်မအသက် ၃၂ နှစ် ကိုယ်ဝန် ၁၃ ပတ် ရှိပါပြီ
ဆရာမကြီး ပါမောက္ခ ဒေါ်သင်းသင်းအောင်နဲ့ Grand Hantha ဆေးရုံမှာ ပုံမှန် ပြနေတာ ၃ ကြိမ်မြောက်အဖြစ် ၇.၁.၂၀၁၉ မှာ ထပ်မံပြသခဲ့ပါတယ် ကျွန်မချောင်းဆိုးနေခဲ့တဲ့အတွက် ဆရာမကြီးက ဆေး ၃ မျိုးသောက်ဖို့ပေးခဲ့ပါတယ် ဆရာမကြီး
အခန်းထဲကထွက်လာအပြီး သက်ဆိုင်ရာ MO ဆီမှာ စာအုပ်ပြရပါတယ် အဲ့ဒီမှာ တာဝန်ကျတဲ့
MO ကောင်မလေးက ဆရာမကြီး လက်ရေး
နားမလည်လို့ဆိုပြီး ခဏနော်ဆိုပြီး သွားမေးပါတယ်
 ပုံထဲကအတိုင်း အောက်ဆုံးက bronchest ဆေးကိုမသိတာပါ ဒီလိုနဲ့အဲ့ MO ထုတ်ပေးတဲ့ဆေး
 List အတိုင်း ဆေးကောင်တာမှာထုတ်ပါတယ်




ဆေးက တကယ်တော့ ၃ မျိုးဖြစ်ပြီး( ကိုယ်ဝန်ဆောင် အားဆေးpragnacare plus ထပ်ဆောင်းပါ) Bronchest , Vitacee နဲ့ Alerday တို့ဖြစ်ပါတယ် ဒါကို MO ကောင်မလေးက Alerday အစား Aldactone 25 mg ဆီးဆေး နဲ့မှားပေးထားပါတယ် ကျွန်မအမျိုးသားက ဆေးအကြောင်းနားလည်တော့ သက်ဆိုင်ရာ ဆေးကောင်တာမှာ ဆေးထုတ်ပေးကတည်းက မှားနေတဲ့ Aldactone ကို ဘာဆေးလဲမေးပါတယ် ဆေးထုတ်ပေးတဲ့ Pharmacist က ဆီးဆေးပါဆိုပြီး ပေါ့ပျက်ပျက်ပြန်
ဖြေပါတယ် ဒီလိုနဲ့ ကျွန်မယောကျာ်းက မသကာင်္တာနဲ့ ကျွန်မကို မေးပါတယ် ဆရာမကြီးက ဆီးဆေး ထည့်ပေးထားတယ် နင် ဆရာမကြီးကို ဆီးမကောင်းဘူးပြောထားလို့လားဆိုပြီး မေးပါတယ်
ကျွန်မက မပြောပါဘူး ချောင်းဆိုးတာတစ်ခုပဲ
ဖြစ်ကြောင်း ပြန်ပြောပြပါတယ် ဒါနဲ့ အိမ်ပြန်ရောက်တော့ အမျိုးသားက ဆေးနာမည်ကို အင်တာနက်မှာရှာ ကြည့်ပါတယ် ဆေးက ဆီးသွားစေတဲ့
ဆေးဖြစ်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ မသင့်လျော်ကြောင်း မသောက်သင့်ကြောင်း
ရေးထားတာတွေ့ကြောင်းပြောပါတယ်
ဒါပေမဲ့ကျွန်မတို့လည်း ဆေးရုံကို ယုံကြည်ပြီး ဆရာမကြီး
ဒေါ်သင်းသင်းအောငိ ညွှန်ကြားထားတယ် အမှတ်နဲ့ Aldactone 25 mg ကို
မနက်တစ်ကြိမ် ညတစ်ကြိမ် ၂ ကြိမ်သောက်လိုက်မိပါတယ်

ဒီလိုနဲ့ညရောက်တော့ ခေါင်းအနောက်ဘက်မှာ ဇက်ကြောထိုးသလိုမျိုးနာလာတာကြောင့်အမျိုးသားက
အမေရိကားက သူ့သူငယ်ချင်းဆရာဝန်ကို အင်တာနက်ကတဆငိ့မေးတော့ ဆေးက ကိုယ်ဝန်ဆောင်တွေလုံးဝသောက်လို့မရကြောင်း၊သက်ဆိုင်ရာ ဆရာဝန်သို့မဟုတ် ဆေးရုံက
Pharmacist ကဆေးမှားပေးတာဖြစ်နိုင်ကြောင်း၊မနက်ကျရင် ဆရာမကြီး ဒေါ်သင်းသင်းအောင်ကို
ဆက်သွယ်ပြီး အတည်ပြုချက်ရယူသင့်ကြောင်း
လောလောဆယ် မသောက်ဘဲရပ်ထားသင့်ကြောင်း အကြံပေးပါတယ်
OG ဒေါ်သင်းသင်းအောင်ဖုန်းကို ရအောင်စုံစမ်းပြီးမနက်ကျဆက်တော့ ဆရာမကြီးပေးတာ
Alerday ဖြစ်ကြောင်း ဆေးရုံကဆေးမှားပေးတာဖြစ်ကြောင်း အတည်ပြုပါတယ်

၈.၁.၂၀၁၉ မှာ Grand Hantha ဆေးရုံမှာ ဆေးမှားသောက်မိတာနဲ့ပတ်သက်ပြီး Customer Complain တက်ဖို့နဲ့ တခြား OG ဆရာမကြီးဖြစ်တဲ့ ဒေါ်ချယ်ရီသန်းသန်းတင်နဲ့ Consult လုပ်ဖို့
နေ့လည် ၁ နာရီလောက်မှာ သွားခဲ့ပါတယ်
ဆေးရုံရောက်တော့ ဆေးမှားပေးတာနဲ့ပတ်သက်ပြီး customer complainတက်တဲ့အခါမှာ သူတို့ဆီက တာဝန်ရှိသူတွေက ဂရုတစိုက်ဖြေရှင်းပေးပါတယ် ဆရာမကြီးဒေါ်ချယ်ရီသန်းသန်းတင်ကလည်း side affect တွေရှိပေမယ့်ကလေးကိုမထိခိုက်နိုင်ကြောင်းသေသေချာချာ ရှင်းပြပေးခဲ့ပါတယ်
 ဆေးမှားပေးတဲ့ကိစ္စဟာသာမန်လူအတွက်ပြဿနာမရှိပေမယ့် ကိုယ်ဝန်ဆောင်မိခင်အတွက်တော့
ဆိုးကျိုးတွေအများကြီးသက်ရောက်နိုင်ပါတယ် ကျွန်မအမျိုးသားလိုဆေးပညာဗဟုသုတရှိတဲ့သူကြောင့် ၂ကြိမ်သာသောက်လိုက်မိပြီးအချိန်
မှီရပ်လိုက်တဲ့အတွက်ကြောင့်ဆိုးကျိုးအများကြီးမရှိပေမယ့်ဆေးပညာနဲ့အကျွမ်းတဝင်မရှိတဲ့လူနာဆို
အများကြီး ဒုက္ခရောက်သွားနိုင်ပါတယ်

ဒီလိုအမှားအယွင်းမျိုးဟာ နိုင်ငံတကာဆေးရုံဆိုပြီး ခံယူထားတဲ့ Grand Hantha လိုဆေးရုံအတွက် မဖြစ်သင့်သလို အရေးကြီးတဲ့ MO လိုနေရာမျိုးကို အတွေ့အကြုံမရှိ ငယ်ရွယ်လွန်းတဲ့ ကလေးတွေ
ခန့်ထားတာလည်း ဆေးရုံနဲ့ မလိုက်ဖက်ပါဘူး
ဒီနေ့ ဆေးရုံရဲ့ Pharmacist နဲ့ MO ကIncharge တွေက သူတို့အမှားဖြစ်ကြောင်း ဝန်ခံ
တောင်းပန်ပေမယ့် မှားယွင်းမှုအတွက်တော့တာဝန်ယူမှု ၊တာဝန်ခံမှု တစ်စုံတရာ မရှိပါဘူး
ဒါ့ကြောင့် ကျွန်မလိုအဖြစ်မျိုးမဖြစ်ရအောင်နိုင်ငံတကာဆေးရုံဆိုတိုင်း အယုံကြည်မလွန်
ကြဖို့ ဂရုစိုက်ကြဖို့ စေတနာအရင်းခံနဲ့ ရေးသားလိုက်ပါတယ်

Shwe Sin Win Htun

No comments:

Post a Comment