Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, January 31, 2019

၁ ႏွစ္အရြယ္ သားငယ္ကို ရိုက္ပုတ္လည္မ်ိဳညႇစ္တဲ့ ဇနီးကို CCTV နဲ႔ ေထာင္ဖမ္းတဲ့ ခင္ပြန္း


အိႏၵိယနိုင္ငံက အမ်ိဳးသားတစ္ဦးက သူ႔ရဲ့သားငယ္ကို ဇနီးသည္ျဖစ္သူက ရိုက္ပုတ္ညႇင္းပမ္းေနတယ္လို႔ သံသယဝင္ခဲ့ၿပီးေနာက္ပိုင္းမွာ CCTV ကင္မရာေတြ တပ္ဆင္ၿပီး ေစာင့္ၾကည့္ခဲ့ပါတယ္။ အဲသည္ေနာက္မွာေတာ့ ဇနီးျဖစ္သူ ‘ပူးနမ္’ က ၁ ႏွစ္သားအရြယ္ သူတို႔ႏွစ္ဦးရဲ့ ကေလးငယ္ကို ရိုက္ပုတ္ႏွိပ္စက္တာေတြ ကင္မရာမွာ ဖမ္းမိခဲ့ပါတယ္။

ခင္ပြန္းျဖစ္သူ ‘ဒီးပက္’ က သူ႔သားေရးရဲ့ ခႏၶာကိုယ္ေပၚမွာ အညိဳမဲဒဏ္ရာေတြ ေတြ႕ခဲ့ၿပီးတဲ့ေနာက္ “ငါတို႔သားေလးကို ငါ့မိန္းမက ရိုက္ေနတယ္လို႔ သံသယျဖစ္မိလို႔ အိမ္မွာ CCTV ကင္မရာတပ္ဆင္ခဲ့တယ္” လို႔ ANI ကို ေျပာျပပါတယ္။

ဗီဒီယိုထဲမွာေတာ့ အေမနဲ႔ ကေလး အိပ္ယာေပၚမွာ ထိုင္ေနတာေတြ႕ရၿပီး၊ ေနာက္ေတာ့ ႐ုတ္တရက္ ကေလးကို လက္ေမာင္းရင္း လည္ပင္းနားကေန ညႇစ္ၿပီး ဆြဲေျမာက္လိုက္တာ ေတြ႕ရပါလိမ့္မယ္။ အဲ့ေနာက္ ကေလးကို ေမွာက္ရက္ အိပ္ယာေပၚ ပစ္ခ်ၿပီး ေနာက္ေက်ာဖက္ကေန လက္ႏွစ္ဖက္နဲ႔ ထပ္ကာ ထပ္ကာရိုက္ပါတယ္။

ဇနီးျဖစ္သူဟာ ကေလးရဲ့ ဦးေခါင္းကို နံရံနဲ႔ ေဆာင့္ခဲ့တယ္လို႔ ခင္ပြန္းသည္က မ်က္ရည္လည္ရြဲနဲ႔ အင္တာဗ်ဴးမွာ ေျဖၾကားခဲ့ပါတယ္။‘ဒီးပက္’ က ဗီဒီယိုပုံရိပ္ေတြကို အာဏာပိုင္မ်ားလက္သို႔ အပ္ခဲ့ၿပီး ဇနီးသည္ျဖစ္သူကို တရားစြဲခံရဖို႔ လိုလားေနပါတယ္။ဟိႏၵဴစတန္တိုင္းမ္စ္ သတင္းအရ ‘ပူးနမ္’ ရဲ့ ဖခင္က ‘ဒီးပက္’ ဟာ သူ႔သမီးအေပၚ ခန္းဝင္ပစၥည္းကိစၥေတြနဲ႔ ပက္သက္ၿပီး စိတ္အေႏွာက္အယွက္ျဖစ္ေအာင္ ျပဳလုပ္ျခင္း၊ အၾကမ္းဖက္ဆက္ဆံျခင္းေတြ ျပဳလုပ္ခဲ့တယ္လို႔ ျပန္လွန္ စြပ္စြဲခဲ့ပါတယ္။ ‘ဒီးပက္’ ဖက္ကေတာ့ ဒီစြပ္စြဲခ်က္ေတြကို မမွန္ဘူးလို႔ ျငင္းပယ္ခဲ့ပါတယ္။
Popolay

#Unicode Version#

အိန္ဒိယနိုင်ငံက အမျိုးသားတစ်ဦးက သူ့ရဲ့သားငယ်ကို ဇနီးသည်ဖြစ်သူက ရိုက်ပုတ်ညှင်းပမ်းနေတယ်လို့ သံသယဝင်ခဲ့ပြီးနောက်ပိုင်းမှာ CCTV ကင်မရာတွေ တပ်ဆင်ပြီး စောင့်ကြည့်ခဲ့ပါတယ်။ အဲသည်နောက်မှာတော့ ဇနီးဖြစ်သူ ‘ပူးနမ်’ က ၁ နှစ်သားအရွယ် သူတို့နှစ်ဦးရဲ့ ကလေးငယ်ကို ရိုက်ပုတ်နှိပ်စက်တာတွေ ကင်မရာမှာ ဖမ်းမိခဲ့ပါတယ်။

ခင်ပွန်းဖြစ်သူ ‘ဒီးပက်’ က သူ့သားရေးရဲ့ ခန္ဓာကိုယ်ပေါ်မှာ အညိုမဲဒဏ်ရာတွေ တွေ့ခဲ့ပြီးတဲ့နောက် “ငါတို့သားလေးကို ငါ့မိန်းမက ရိုက်နေတယ်လို့ သံသယဖြစ်မိလို့ အိမ်မှာ CCTV ကင်မရာတပ်ဆင်ခဲ့တယ်” လို့ ANI ကို ပြောပြပါတယ်။

ဗီဒီယိုထဲမှာတော့ အမေနဲ့ ကလေး အိပ်ယာပေါ်မှာ ထိုင်နေတာတွေ့ရပြီး၊ နောက်တော့ ရုတ်တရက် ကလေးကို လက်မောင်းရင်း လည်ပင်းနားကနေ ညှစ်ပြီး ဆွဲမြောက်လိုက်တာ တွေ့ရပါလိမ့်မယ်။ အဲ့နောက် ကလေးကို မှောက်ရက် အိပ်ယာပေါ် ပစ်ချပြီး နောက်ကျောဖက်ကနေ လက်နှစ်ဖက်နဲ့ ထပ်ကာ ထပ်ကာရိုက်ပါတယ်။

ဇနီးဖြစ်သူဟာ ကလေးရဲ့ ဦးခေါင်းကို နံရံနဲ့ ဆောင့်ခဲ့တယ်လို့ ခင်ပွန်းသည်က မျက်ရည်လည်ရွဲနဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။‘ဒီးပက်’ က ဗီဒီယိုပုံရိပ်တွေကို အာဏာပိုင်များလက်သို့ အပ်ခဲ့ပြီး ဇနီးသည်ဖြစ်သူကို တရားစွဲခံရဖို့ လိုလားနေပါတယ်။ဟိန္ဒူစတန်တိုင်းမ်စ် သတင်းအရ ‘ပူးနမ်’ ရဲ့ ဖခင်က ‘ဒီးပက်’ ဟာ သူ့သမီးအပေါ် ခန်းဝင်ပစ္စည်းကိစ္စတွေနဲ့ ပက်သက်ပြီး စိတ်အနှောက်အယှက်ဖြစ်အောင် ပြုလုပ်ခြင်း၊ အကြမ်းဖက်ဆက်ဆံခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ ပြန်လှန် စွပ်စွဲခဲ့ပါတယ်။ ‘ဒီးပက်’ ဖက်ကတော့ ဒီစွပ်စွဲချက်တွေကို မမှန်ဘူးလို့ ငြင်းပယ်ခဲ့ပါတယ်။

No comments:

Post a Comment