Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 31, 2019

နာမည်ကျော် အိုင်ဒေါ ဂျပန်ကတုံးမင်းသားကြီး


နာမည်ကျော် အိုင်ဒေါ ဂျပန်ကတုံးမင်းသားကြီးနှင့် ဂျပန်အပြာလောက အကြောင်း တစေ့တစောင်း












burmese.asia

# Unicode Version # ဖြင့် ဖတ်ပါ #

မြန်မာအပြာ ပရိသတ်တွေ သည်းသည်းလှုပ်ကြတဲ့ ဂျပန် အပြာဘုရင်တွေရဲ့ အပြာဇာတ်ကားတွေကြောင့် ဂျပန်နိုင်ငံဟာ နှစ်စဉ် ဒေါ်လာ သန်းပေါင်းများစွာ ဝင်ငွေရ နေပါတယ်။

ကမ္ဘာပေါ်မှာ အပြာဇာတ်ကားတွေနဲ့ ပရိသတ်အခိုင်အမာရရှိထားတဲ့ နိုင်ငံတစ်နိုင်ငံကို ပြပါဆိုရင် ဂျပန်နိုင်ငံကို မေ့ထားလို့မရပါဘူး ဂျပန်နိုင်ငံမှာ မိန်းကလေး အပြာသရုပ်ဆောင် အင်အားက ဆထက်တန်ပိုး တိုးပွားနေပေမယ့် အမျိုးသား သရုပ်ဆောင် အင်အားကတော့ နည်းပါးနေပါတယ်။

မြန်မာပြည်မှာ လူသိများတဲ့ ဂျပန်ကတုံးလို့ခေါ်တဲ့ အပြာမင်းသားကြီး Mitsugu Somezima ဟာဆိုရင်လည်း အပြာဇာတ်ကားပေါင်းများစွာမှာ မင်းသမီးတွေသာ တစ်လက်ပြီးတစ်လက်ပြောင်းသွားပေမယ့် သူကတော့ ရေပိုက်ပြင်သမား၊ အဲယားကွန်းပြင်သမား၊ စာပို့သမား၊ ကိတ်မုန့်ပို့သမား အစရှိတဲ့ ကာရိုက်တာမျိုးစုံနဲ့ ပင်တိုင်သရုပ်ဆောင်ခဲ့ ရတာပဲ ဖြစ်ပါတယ်။

မြန်မာပရိသတ်တွေ အခိုင်အမာရရှိထားတဲ့ အဆိုပါ ဂျပန်ကတုံးမင်းသား ဟာ ဆိုရင် facebook မှာ သာမက twitter မှာပါ လူသိများထင်ရှားသူဖြစ် ပြီး မြန်မာနိုင်ငံကို အလည်လာသွားသေးတယ်လို့ သတင်းထွက်ရှိထားတာ လည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံက သူ့ရဲ့ fan တစ်ယောက်ဆိုရင် သူ့ရဲ့ ပုံတူကို တက်တူးထိုးထားကြောင်း fb မှာ တင်ခဲ့ပါသေးတယ်။

ဂျပန်နိုင်ငံမှာ အပြာမင်းသားရှားပါးလွန်းတဲ့အတွက် သူတို့ကိုပေးရတဲ့ သရုပ်ဆောင်ကြေးဟာလည်း မြင့်မားလှပါတယ်။

ဂျပန် ပွန်းစတား ဘုရင်လို့တောင် တင်စားထားတဲ့ Ken Shimizu ရဲ့ ဝင်ငွေဟာဆိုရင် တစ်ပတ်ကို ယမ်း 2,800,000 ဒေါ်လာနဲ့ဆို ($32,000) အထိ ရရှိနေတာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် အော်ဒီလိုမျိုး တန်ဖိုးကြီးတဲ့ ကား ငါးစီးကိုလည်း ပိုင်ဆိုင်ထားသူဖြစ်ပါတယ် အသက် ၁၆နှစ်အရွယ် တည်းက အပြာဇာတ်ကားတွေမှာ ဝင်ရောက်သရုပ်ဆောင်ခဲ့ပြီး အသက် (၁၈)နှစ် အရွယ်မှာ အပြာမင်းသမီးပေါင်း (၇၅၀၀) နဲ့ အတူ သရုပ်ဆောင်ခဲ့ ရတာပါ။

(၇)နှစ်အကြာမှာတော့ သူဟာ ဇာတ်ကားပေါင်း (၇၀၀၀) ကျော်မှာ ပါဝင်ခဲ့ပြီး ဖြစ်နေပါပြီ အပြာမင်းသား (၇၀)ခန့်သာရှိတဲ့ ဂျပန်နိုင်ငံမှာ မင်းသမီးကတော့ (၁၀၀၀၀)လောက်ရှိနေတာပဲ ဖြစ်ပါတယ်။

တစထက်တစ များလွန်းလာတဲ့ မင်းသမီးဦးရေကြောင့် မင်းသားတွေ အလိုရှိတယ်လို့ Ken က အင်တာဗျူးတစ်ခုမှာ ဖိတ်ခေါ်ခဲ့တာပါ ကျနော်ဟာ ဘယ်တော့မှ သာမာန်လူတွေလို Relationship မျိုး မပိုင်ဆိုင်ခဲ့ရဖူးပါဘူး။ ဒီလို သရုပ်ဆောင်တစ်ယောက်ဖြစ်နေတဲ့အတွက် ကျနော့်အချစ်ရေးဟာ ကံမကောင်းမှုတွေနဲ့ပဲ အဆုံးသတ်လေ့ရှိပါတယ်။

ကျနော် ယုံကြည်တာက ဒီလိုလုပ်ငန်းခွင်ထဲမှာ တကယ့်ပျော်ရွှင်စရာနဲ့ လှပမှုတွေ မတွေ့နိုင်ပါဘူး အဲ့ဒီ့က မိန်းကလေးတွေကို တန်ဖိုးမရှိဘူးလို့ ယူဆထားပြီး သူတို့ဟာ အချိန်တန်ရင် တိတ်တဆိတ်နဲ့ အဆုံးသတ်သွားကြရတာပါပဲ … လို့ ဆိုပါတယ်။

မိန်းမနဲ့ကွဲနေတဲ့ Kenမှာ ချစ်စရာ အမွှာသမီးလေးနှစ်ယောက်လည်းရှိပြီး တစ်နယ်တစ်ကျေးမှာ နေထိုင်တဲ့ သမီးလေးတွေဆီကို အချိန်ရတိုင်း အလည်သွားလေ့ရှိပါတယ် ဒါဟာ .. လူတွေရဲ့ လိင်စိတ်အတွက် ဖျော်ဖြေမှုပေးနေတဲ့ သရုပ်ဆောင်တွေရဲ့ ခံစားချက် တစ်စိတ်တစ်ဒေသနဲ့အတူ ရင်ဆိုင်နေရတဲ့ အခက်အခဲ တွေလည်းဖြစ်ပါတယ်။

ခန္ဓာကိုယ်ရဲ့ သွေးနီဥတွေ ဆုံးရှုံးတာများလို့ လုပ်ငန်းက ရပ်လိုက်ရတယ်ဆိုတဲ့ အမျိုးသမီး အပြာသရုပ်ဆောင်တွေလည်း ရှိနေတာပါ မည်သို့ပင်ဆိုစေကာမူ .. . အပြာဇာတ်ကားလောကမှာတော့ အာရှအတွက် ဂျပန်က ထိပ်ဆုံးက ဦးဆောင်မြဲ ဦးဆောင်လျှက်ရှိနေတာပဲ ဖြစ်ပါတယ်။
burmese.asia

No comments:

Post a Comment