Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, January 31, 2019

အလိုလိုက္မိလို႔ ၅ ႏွစ္သားေလး သြားမ်ားေရစီးကမ္းၿပိဳလိုက္

ကေလးျဖစ္တဲ့အေလၽွာက္ အခ်ိဳအစားအစာေတြကို ႀကိဳက္တဲ့အတြက္ မုန႔္ခ်ိဳေတြအပါအဝင္ အခ်ိဳရည္ေတြကိုပါ ပူဆာတိုင္း အလိုလိုက္ ဝယ္ေႂကြးခဲ့ၾကပါတယ္။ ဒီလိုနဲ႔ ကေလး အသက္ ၅ ႏွစ္အေရာက္မွာ သြားပိုးစား သြားကိုက္တဲ့ ေဝဒနာခံစားလာရပါတယ္။ တစ္ရက္မွာေတာ့ အေျခအေန ဆိုးရြားလာၿပီး သြားေတြအကုန္ အလိုလိုကၽြတ္က်ကုန္ပါတယ္။ ဒီေတာ့မွ အားလုံးထိတ္လန႔္တၾကားျဖစ္ၿပီး ေဆး႐ုံကို သြားျပတဲ့အခါ ကေလးရဲ့သြားေတြဟာ ႏွစ္ရွည္လမ်ား အခ်ိဳစားလြန္းၿပီး သန႔္ရွင္းေရးေသခ်ာ မလုပ္တာေၾကာင့္ ပိုးစားခံရကာ ေရစီးကမ္းၿပိဳလိုက္ေနေၾကာင္း သိလိုက္ရပါတယ္။

အဖိုးအဖြားေတြက အလိုလိုက္မိတဲ့ သူတို႔ရဲ့အျဖစ္ကို ေနာင္တရၿပီး ငိုေႂကြးေန႐ုံမွတစ္ပါး ဘာမွမလုပ္နိုင္ေတာ့ပါဘူး။ ကေလးအေျခအေန ပိုဆိုးလာနိုင္ၿပီး သြားဖုံးေတြပါ ပ်က္ဆီးဆုံးရွုံးနိုင္ေျခရွိတယ္လို႔ ဆရာဝန္ေတြက ဆိုပါတယ္။

အခ်ိဳဓာတ္ရွိတဲ့ သၾကားဟာ ကေလးအတြက္ လိုအပ္တဲ့ အျခားအဟာရေတြကို စုပ္မယူနိုင္ေအာင္ တာဆီးေနတာျဖစ္တဲ့အတြက္ ခႏၶာကိုယ္ ကိုယ္ခံအားစနစ္ ထိခိုက္ပ်က္ဆီးၿပီး အျခားေရာဂါေတြအျပင္ ငယ္ငယ္ရြယ္ရြယ္နဲ႔ ဆီးခ်ိဳေဝဒနာပါ ခံစားနိုင္ရလို႔ ကေလးေတြ အခ်ိဳလြန္ကဲစြာ စားသုံးမွုကို မိဘေတြအေနနဲ႔ အလိုမလိုက္သင့္ဖူးလို႔ အႀကံျပဳထားပါတယ္။
popolay
#Unicode Version#
ကလေးဖြစ်တဲ့အလျှောက် အချိုအစားအစာတွေကို ကြိုက်တဲ့အတွက် မုန့်ချိုတွေအပါအဝင် အချိုရည်တွေကိုပါ ပူဆာတိုင်း အလိုလိုက် ဝယ်ကြွေးခဲ့ကြပါတယ်။ ဒီလိုနဲ့ ကလေး အသက် ၅ နှစ်အရောက်မှာ သွားပိုးစား သွားကိုက်တဲ့ ဝေဒနာခံစားလာရပါတယ်။ တစ်ရက်မှာတော့ အခြေအနေ ဆိုးရွားလာပြီး သွားတွေအကုန် အလိုလိုကျွတ်ကျကုန်ပါတယ်။ ဒီတော့မှ အားလုံးထိတ်လန့်တကြားဖြစ်ပြီး ဆေးရုံကို သွားပြတဲ့အခါ ကလေးရဲ့သွားတွေဟာ နှစ်ရှည်လများ အချိုစားလွန်းပြီး သန့်ရှင်းရေးသေချာ မလုပ်တာကြောင့် ပိုးစားခံရကာ ရေစီးကမ်းပြိုလိုက်နေကြောင်း သိလိုက်ရပါတယ်။

အဖိုးအဖွားတွေက အလိုလိုက်မိတဲ့ သူတို့ရဲ့အဖြစ်ကို နောင်တရပြီး ငိုကြွေးနေရုံမှတစ်ပါး ဘာမှမလုပ်နိုင်တော့ပါဘူး။ ကလေးအခြေအနေ ပိုဆိုးလာနိုင်ပြီး သွားဖုံးတွေပါ ပျက်ဆီးဆုံးရှုံးနိုင်ခြေရှိတယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။

အချိုဓာတ်ရှိတဲ့ သကြားဟာ ကလေးအတွက် လိုအပ်တဲ့ အခြားအဟာရတွေကို စုပ်မယူနိုင်အောင် တာဆီးနေတာဖြစ်တဲ့အတွက် ခန္ဓာကိုယ် ကိုယ်ခံအားစနစ် ထိခိုက်ပျက်ဆီးပြီး အခြားရောဂါတွေအပြင် ငယ်ငယ်ရွယ်ရွယ်နဲ့ ဆီးချိုဝေဒနာပါ ခံစားနိုင်ရလို့ ကလေးတွေ အချိုလွန်ကဲစွာ စားသုံးမှုကို မိဘတွေအနေနဲ့ အလိုမလိုက်သင့်ဖူးလို့ အကြံပြုထားပါတယ်။
popolay

No comments:

Post a Comment