Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, January 31, 2019

မနာမက်င္ပဲ (၅) ရက္အတြင္း လုံးဝေပ်ာက္တဲ့ ႂကြက္ႏို႔ေဆး


ဒီေဆးနည္းေလးကေတာ့ ကြၽန္မ မ်က္ျမင္ ေဆးနည္းေလးျဖစ္တာေၾကာင့္ မွ်ေဝေပးလိုက္ပါတယ္။ ကြၽန္မေမာင္ေလး ေျခေထာက္မွာ ၾကြက္ႏို႔ေပါက္တာ သုံးလုံးထိ ျဖစ္လာပါရဲ႕။ ေဆးနည္းေတြ စမ္းၾကည့္ေပမယ့္ မေပ်ာက္ပါဘူး။ မုံထူး ေက်း႐ြာက ကိုညိဳေမာင္ ေျပာျပတဲ့ ေဆးနည္းနဲ႔ သုံးရက္ပဲ ၾကာပါတယ္။ ႂကြက္ႏို႔ လုံးဝေပ်ာက္သြားပါတယ္။

ကိုယ္တိုင္ ႂကြက္ႏို႔ေပါက္တဲ့ ေမာင္ေလးက စိတ္ရွည္ရွည္နဲ႔ လိမ္းနည္းအဆင့္ဆင့္အျပင္ ၿခံထဲက ဧကရာဇ္အပင္ အျမစ္တို႔ကိုပါ ဓာတ္ပုံ႐ိုက္ေပးလို႔ ေသေသခ်ာခ်ာ တင္ေပးလိုက္ပါတယ္။ သူ႔ေျခေထာက္မွာ ႂကြက္ႏို႔က အမာ႐ြတ္ေလာက္ပဲထင္က်န္ခဲ့ပါေတာ့တယ္။

ဆန္အနည္းငယ္ယူပါ.. ေရအနည္းငယ္ျဖင့္ေဖ်ာ္ပါ (မည္သည့္ဆန္မဆို)။ ဧကရာဇ္အျမစ္ကို ယူၿပီး ဆန္ေဆးရည္ အနည္းငယ္ျဖင့္ ခပ္ပ်စ္ပ်စ္ ေသြးလိမ္းပါ။

(အနာကို ေသြးထြက္ေအာင္ ကုတ္ဖဲ့စရာလုံးဝမလိုပါ) သနပ္ခါးလိမ္းသလို ခပ္ပ်စ္ပ်စ္ေလး လိမ္းထားပါ။ ေဆးေျခာက္ေအာင္ ထားပါ။ ေျခေထာက္ ေရမစိုပါေစႏွင့္။ အဝတ္စည္းထားရန္ မလိုပါ။တစ္ေန႔ (၃) ႀကိမ္။ နံနက္၊ ေန႔လည္၊ ည လိမ္းေပးပါ။

မွတ္ခ်က္ – ေမာင္ေလးကေတာ့ အလုပ္မအားလို႔ တေန႔၂ ႀကိမ္။ နံနက္၊ ည သာ လိမ္းပါသည္။
(5)ရက္ေလာက္ေနလွ်င္ လုံးဝေပ်ာက္ကင္းသြားပါမည္။
မုံထူးေက်း႐ြာမွ ကိုညိဳေမာင္ႏွင့္ ေမာင္ေက်ာ္ႀကီးအား အထူးေက်းဇူးတင္ပါေၾကာင္း။
ႂကြက္ႏို႔ေတြ ပြားၿပီး သတ္မရလို႔ စိတ္ညစ္ေနသူမ်ားအတြက္ လက္ေတြ႕ေဆးနည္းေလးကို မွ်ေဝေပးလိုက္ပါတယ္။မည္သူမဆို စိတ္ခ်မ္းသာစြာ ကူးယူျခင္း…မွ်ေဝျခင္းမ်ား ျပဳလုပ္ႏိုင္ပါတယ္။

Credit – Original Uploader

Unicode version
မနာမကျင်ပဲ (၅) ရက်အတွင်း လုံးဝပျောက်တဲ့ ကြွက်နို့ဆေး

ဒီဆေးနည်းလေးကတော့ ကျွန်မ မျက်မြင် ဆေးနည်းလေးဖြစ်တာကြောင့် မျှဝေပေးလိုက်ပါတယ်။ ကျွန်မမောင်လေး ခြေထောက်မှာ ကြွက်နို့ပေါက်တာ သုံးလုံးထိ ဖြစ်လာပါရဲ့။ ဆေးနည်းတွေ စမ်းကြည့်ပေမယ့် မပျောက်ပါဘူး။ မုံထူး ကျေးရွာက ကိုညိုမောင် ပြောပြတဲ့ ဆေးနည်းနဲ့ သုံးရက်ပဲ ကြာပါတယ်။ ကြွက်နို့ လုံးဝပျောက်သွားပါတယ်။

ကိုယ်တိုင် ကြွက်နို့ပေါက်တဲ့ မောင်လေးက စိတ်ရှည်ရှည်နဲ့ လိမ်းနည်းအဆင့်ဆင့်အပြင် ခြံထဲက ဧကရာဇ်အပင် အမြစ်တို့ကိုပါ ဓာတ်ပုံရိုက်ပေးလို့ သေသေချာချာ တင်ပေးလိုက်ပါတယ်။ သူ့ခြေထောက်မှာ ကြွက်နို့က အမာရွတ်လောက်ပဲထင်ကျန်ခဲ့ပါတော့တယ်။

ဆန်အနည်းငယ်ယူပါ.. ရေအနည်းငယ်ဖြင့်ဖျော်ပါ (မည်သည့်ဆန်မဆို)။ ဧကရာဇ်အမြစ်ကို ယူပြီး ဆန်ဆေးရည် အနည်းငယ်ဖြင့် ခပ်ပျစ်ပျစ် သွေးလိမ်းပါ။

(အနာကို သွေးထွက်အောင် ကုတ်ဖဲ့စရာလုံးဝမလိုပါ) သနပ်ခါးလိမ်းသလို ခပ်ပျစ်ပျစ်လေး လိမ်းထားပါ။ ဆေးခြောက်အောင် ထားပါ။ ခြေထောက် ရေမစိုပါစေနှင့်။ အဝတ်စည်းထားရန် မလိုပါ။တစ်နေ့ (၃) ကြိမ်။ နံနက်၊ နေ့လည်၊ ည လိမ်းပေးပါ။

မှတ်ချက် – မောင်လေးကတော့ အလုပ်မအားလို့ တနေ့၂ ကြိမ်။ နံနက်၊ ည သာ လိမ်းပါသည်။

(5)ရက်လောက်နေလျှင် လုံးဝပျောက်ကင်းသွားပါမည်။

မုံထူးကျေးရွာမှ ကိုညိုမောင်နှင့် မောင်ကျော်ကြီးအား အထူးကျေးဇူးတင်ပါကြောင်း။

ကြွက်နို့တွေ ပွားပြီး သတ်မရလို့ စိတ်ညစ်နေသူများအတွက် လက်တွေ့ဆေးနည်းလေးကို မျှဝေပေးလိုက်ပါတယ်။မည်သူမဆို စိတ်ချမ်းသာစွာ ကူးယူခြင်း…မျှဝေခြင်းများ ပြုလုပ်နိုင်ပါတယ်။

No comments:

Post a Comment