Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, January 31, 2019

ျမန္မာဂႏၳ၀င္အဆိုေတာ္ႀကီးဦးမင္းေနာင္ (ကိုမင္းေနာင္)ကြယ္လြန္ေလၿပီ


ျမန္မာဂႏၳ၀င္အဆိုေတာ္ႀကီး ဦးမင္းေနာင္ (ကိုမင္းေနာင္)သည္ ၂၀၁၉ ဇန္န၀ါရီ ၃၁ ရက္ ညေန ၅း၄၅ နာရီက အာရွေတာ္၀င္ေဆး႐ံု ၇ လႊာ၊ အခန္းနံပါတ္ ၁၇ တြင္ ကြယ္လြန္သြားခဲ့ၿပီ ျဖစ္ပါသည္။
အေမရိကန္မွ သားသမီးမ်ား လာေရာက္ျပဳစုၾကေသာ္လည္း သူေနထိုင္မေကာင္းျဖစ္ေနသည္မွာ ၾကာၿပီျဖစ္၍၎။ အသက္အရြယ္အရလည္း ႀကီးရင့္ၿပီးျဖစ္၍ ျပန္လည္ေနေကာင္းရန္ မည္သို႔မွ် မတတ္ႏိုင္ၾကဘဲ လက္လႊတ္ၾကရျခင္း ျဖစ္သည္။ ဇနီးအဆိုေတာ္ရီေလး (ေဒၚရီေလး)ကလည္း အတတ္ႏိုင္ဆံုးျပဳစုခဲ့သည္။ သို႔ေသာ္ ေသျခင္းတရားကို မည္သူမွ်မတားႏိုင္၍ လက္လႊတ္ဆံုး႐ံႈးခဲ့ရသည္။

ကိုမင္းေနာင္ (ဦးမင္းေနာင္)သည္ ေက်ာ္ၾကားထင္ရွားေသာ ေတးမ်ားစြာကို သီဆိုခဲ့ၿပီး ႐ုပ္ရွင္မင္းသားအျဖစ္လည္း ႐ိုက္ကူးခဲ့ေသးသည္။ ႏုိင္ငံေတာ္က စည္သူဘြဲ႕ေပးအပ္ခဲ့သည္။

ကိုမင္းေနာင္သည္ ကြယ္လြန္ခ်ိန္တြင္ အသက္ ၈၉ ႏွစ္
ရွိၿပီျဖစ္ေၾကာင္း သိရပါသည္။

က်န္ရစ္ေသာ ႐ုပ္ကလာပ္ကို ေဖေဖာ္၀ါရီလ ၂ ရက္ ေန႔လယ္ ၃ နာရီမွာ ေရေ၀းသုသာန္တြင္ မီးသၿဂိ္ဳဟ္မည္ျဖစ္ေၾကာင္း သိရသည္။

ကြယ္လြန္ခ်ိန္တြင္ ဇနီးျဖစ္သူ အဆိုေတာ္ႀကီး ေဒၚရီေလး၊ သားသမီးမ်ားျဖစ္ၾကေသာ ကိုမင္းဦး၊ ေမာင္ေနလင္း၊ သမီးကလ်ာမင္းမင္းဦးတို႔ က်န္ရစ္ခဲ့ပါသည္။
News Watch
#Unicode Version#
မြန်မာဂန္ထဝင်အဆိုတော်ကြီး ဦးမင်းနောင် (ကိုမင်းနောင်)သည် ၂၀၁၉ ဇန်နဝါရီ ၃၁ ရက် ညနေ ၅း၄၅ နာရီက အာရှတော်ဝင်ဆေးရုံ ၇ လွှာ၊ အခန်းနံပါတ် ၁၇ တွင် ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါသည်။
အမေရိကန်မှ သားသမီးများ လာရောက်ပြုစုကြသော်လည်း သူနေထိုင်မကောင်းဖြစ်နေသည်မှာ ကြာပြီဖြစ်၍၎င်း။ အသက်အရွယ်အရလည်း ကြီးရင့်ပြီးဖြစ်၍ ပြန်လည်နေကောင်းရန် မည်သို့မျှ မတတ်နိုင်ကြဘဲ လက်လွှတ်ကြရခြင်း ဖြစ်သည်။ ဇနီးအဆိုတော်ရီလေး (ဒေါ်ရီလေး)ကလည်း အတတ်နိုင်ဆုံးပြုစုခဲ့သည်။ သို့သော် သေခြင်းတရားကို မည်သူမျှမတားနိုင်၍ လက်လွှတ်ဆုံးရှုံးခဲ့ရသည်။

ကိုမင်းနောင် (ဦးမင်းနောင်)သည် ကျော်ကြားထင်ရှားသော တေးများစွာကို သီဆိုခဲ့ပြီး ရုပ်ရှင်မင်းသားအဖြစ်လည်း ရိုက်ကူးခဲ့သေးသည်။ နိုင်ငံတော်က စည်သူဘွဲ့ပေးအပ်ခဲ့သည်။

ကိုမင်းနောင်သည် ကွယ်လွန်ချိန်တွင် အသက် ၈၉ နှစ်
ရှိပြီဖြစ်ကြောင်း သိရပါသည်။

ကျန်ရစ်သော ရုပ်ကလာပ်ကို ဖေဖော်ဝါရီလ ၂ ရက် နေ့လယ် ၃ နာရီမှာ ရေဝေးသုသာန်တွင် မီးသဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။

ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ အဆိုတော်ကြီး ဒေါ်ရီလေး၊ သားသမီးများဖြစ်ကြသော ကိုမင်းဦး၊ မောင်နေလင်း၊ သမီးကလျာမင်းမင်းဦးတို့ ကျန်ရစ်ခဲ့ပါသည်။
News Watch

No comments:

Post a Comment