CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, January 23, 2019
ဒေါ်အောင်ဆန်းစုကြည်ကိုတရားပွဲမှာ ပေါ်ပေါ်တင်တင်လှောင်ပြောင်လိုက်တဲ့ ဦးဝီရသူ
မြန်မာနိုင်ငံအား ကျွန်ပြု ဓားပြတိုက်ကာ မိမိဖခင်ကိုသတ်သူ အင်္ဂလိပ်လူမျိုးကို ရန်ကိုရန်ဖြင့်မတုံ့နှင်းဘဲ လက်ထပ်ယူခဲ့သည့် နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်၏ လုပ်ရပ်ကို အတုယူမှသင့်ကြောင်း ဘာသာရေးအစွန်းရောက် ရဟန်းတော်ဦးဝီရ သူက တရားပွဲတစ်ခုအတွင်း လှောင်ပြောင်မိန့်ကြားလိုက်သည်။
“ဖအေ(ကို)သတ်တဲ့အင်္ဂလိပ်ကို နာကျည်းရမှာ ပေါ့ မုန်းတီးရမှာပေါ့ ရန်ကိုရန်ချင်းမတုံ့နှင်းနဲ့ ဆိုတဲ့ ဘုရားအဆုံးအမ လက်ကိုင်ထားပြီးလင်တောင်တော်လိုက်သေးတယ်။အတုခိုးဖို့မကောင်းဘူးလား ၊ သူခိုးလင်တော်တာ မကောင်းဘူးလား ဓားပြလင်တော်တာမကောင်းဘူးလား ကြည့်လေ ခင်ဗျား ကျုပ်တို့မဟာမြတ်မုနိခိုးတယ်ဆိုပြီးရခိုင်တွေက ကျုပ်တို့ကို ငြိုးထားတာ ခင်ဗျားတို့မငြိုးနဲ့ လင်တောင်ပြန်တော်လိုက် နိုင်ငံတော်အတိုင်ပင်ခံပြီးတော့ သမ္မတတက်ဖြစ် သမ္မတအထက်တောင်တက်ဖြစ်ဦးမယ်”
မြောက်ဥက္ကလာပတွင် ဇန်န၀ါရီလ ၁၇ ရက်နေ့ညပိုင်းတွင်ကျင်းပခဲ့သည့် ထေရ၀ါဒတရားပွဲတစ်ရပ်တွင် ဦးဝီရသူက အထက်ပါအတိုင်းဟောပြောခဲ့ခြင်းဖြစ်ပြီး ၊အထက်ပါဟောပြောမှုအတွင်း စစ်ထောက်လှမ်းရေးဟောင်း ခင်ညွန့်ကို ထောက်ခံသည့် ဟောပြောချက်များအပြင် လူမျိုးရေး ဘာသာရေး ပဋိပက္ခဖြစ်စေမည့် အမုန်းစကားဟောပြောမှုများကိုလည်း ထည့်သွင်းဟောပြောခဲ့သည်။
“အခုလည်း အနားမှာအင်္ဂလိပ်မရှိရင်ကို မနေနိုင်ဘူး အကြံပေးခန့်ရတာနဲ့ ဟိုအရာရှိတွေခေါ်ရတာနဲ့ ဒီအရာရှိတွေခေါ်ရတာနဲ့ ကော်မရှင်တွေဖွဲ့ရင်လည်း အင်္ဂလိပ်မပါရင်ကို မဖွဲ့တတ်ဘူး အော် သူ့ကျတော့လည်းပဲ ခန္တီတွေ မေတ္တာတွေကြီးမားလိုက်တာ အဖေကိုသတ်တဲ့လူမျိုးလည်းလင်တော် တိုင်းပြည်ကို ဖျက်ဆီးခဲ့တဲ့ ဓားပြလိုလူမျိုးလည်း လင်တော် ကောင်းလိုက်တာ အေး အဲလိုကျင့်နိုင်ရင်တော့ ခင်ဗျားတို့လည်း ငြိမ်းချမ်းမှာပါ ရခိုင်တွေ”ဟုလည်း အင်္ဂလိပ်လူမျိုး မိုက်ကယ်အဲရစ်ကို လက်ထပ်ခဲ့သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ရည်ညွန်းကာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်သည့် စကားများကို တရားပွဲစင်မြင့်ထက်မှဟောပြောခဲ့သည်။
ရခိုင်တိုင်းရင်းသားတို့အနေဖြင့်လည်း ရှေးမြန်မာတို့၏ လုပ်ရပ်ကို အခြေခံမုန်းတီးကာ လက်ရှိဗမာလူမျိုးများကို မုန်းတီးနေမည့်အစား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကဲ့သို့ ဗုဒ္ဓတရားလက်ကိုင်ထားကာ ဗမာလူမျိုးများကို လင်ပြန်တော်ပါက အောင်မြင်မှုရလိမ့်မည်ဟုလည်း ဟောပြောခဲ့သည်။
မင်းဂေါင် .
ဒေါ်အောင်ဆန်းစုကြည်ကိုတရားပွဲမှာ ပေါ်ပေါ်တင်တင်လှောင်ပြောင်လိုက်တဲ့ ဦးဝီရသူ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 23, 2019
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 23, 2019
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment