Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, January 9, 2019

သုံးလသာ ခံေတာ့မယ္ဆိုတဲ႔ ဆရာေတာ္ႀကီးကိုယ္တိုင္ သက္ေတာ္ ၉၀ အထိ လက္ရွိေနထိုင္ေနေသာ အသဲကင္ဆာ ေပ်ာက္ေဆး


ဒီေဆးနည္းသိတာၾကာပါၿပီ။ ေဆးပင္ဓါတ္ပုံမရွိတာနဲ႔ မေရးျဖစ္ခဲ့ဘူး။ ဓါတ္ပုံရျပန္ေတာ့လည္း အလုပ္မ်ားေနတာနဲ႔ မေရးျဖစ္ျပန္ဘူးေလ။
တေလာက အမရပူရၿမဳိ႕၊ မဟာဂႏၶာရုံေက်ာင္းတုိက္က သူငယ္ခ်င္း စာခ်ဘုန္းႀကီးတစ္ပါး အသဲကင္ဆာျဖစ္လုိ႔ ရန္ကုန္ေဆးရုံတက္တဲ့အေၾကာင္း သူ႔တပည့္ရဲ႕ FB မွာေတြ႔ရတယ္။
ဒီေဆးနည္းေလးေျပာျပလုိက္ပါလုိ႔ေတာ့ ေျပာမိရဲ႕။ ေျပာသလားေတာ့ မသိ။

ယေန႔ေတာ့ ပ႒ာန္းသင္တန္းသူတစ္ဦးရဲ႕ေဆြမ်ဳိးတစ္ဦး အသဲကင္ဆာျဖစ္ေနတယ္လုိ႔သိရျပန္တယ္။ သူ႔ေဆြးမ်ဳိးက ျမန္မာျပည္မွာပါ။
အသဲကင္ဆာဆုိရင္ ေဆးနည္းရွိတယ္လုိ႔ေျပာလုိက္မိတယ္။သူက အပူတျပင္းေတာင္းတယ္ေလ။
ခုလာယူရမလားတဲ႔။ ေဆးမရွိပါ။ ေဆးနည္းသာ သိထားတာပါ။ ေဆးကုတတ္တဲ့ဘုန္းႀကီးလည္း မဟုတ္ပါ။
ဒါေပမဲ့ တတ္ႏုိ္င္သေလာက္ေတာ့ ကူညီခ်င္တယ္ေပါ့။ ဒါေၾကာင့္ ဒီေဆးနည္းကုိ မေရးမျဖစ္ေတာ့ အျမန္ေရးလုိက္ရတယ္။ ေရးျဖစ္ေအာင္ တုိက္တြန္းေပးလုိ႔လဲ ေက်းဇူးတင္ရပါတယ္။

ေဆးနည္းတုိ(ေဆးၿမီးတုိ)ဆုိေတာ့ လူေတြက သိပ္လည္းတန္ဖုိးမထားတတ္ၾကဘူးေလ။ ေဆးရဲ႕ကုန္က်စရိတ္တန္ဖုိးက သိပ္မရွိေတာ့ တန္ဖုိးမရွိသလုိထင္ၿပီး တန္ဖုိးမထားတတ္တာ ထင္ပါရဲ႕။

ဒါ့ေၾကာင့္ ဒီေဆးရဲ႕ သမုိင္းအက်ဥ္းေလးေျပာျပပါရေစ။ ျမစ္ႀကီးနားၿမဳိ႕၊ ၀န္သုိစာသင္တုိက္က ဆရာေတာ္ႀကီးက သက္ေတာ္ ၉၀ ရွိပါျပီ။
ႏုိင္ငံေတာ္ သံဃမဟာနက အဖြဲ႔မွ အနားယူေနတဲ့ ႏုိင္ငံေတာ္ ၾသ၀ါဒါစရိယဆရာေတာ္ႀကီးပါ။
အဘိဓဇမဟာရ႒ဂုရု စတဲ့ ဘြဲ႔တံဆိတ္မ်ားကုိလည္း ရရွိထားတဲ့ဆရာေတာ္ႀကီးပါ။ ဘြဲ႔ေတာ္က ဘဒၵႏၱ သီလ၀ံသ လုိ႔ထင္ပါတယ္။
ဆရာေတာ္ႀကီးမွာ ၂၀၁၃ ခုႏွစ္က အသဲကင္ဆာျဖစ္ပါတယ္။ ႏုိင္ငံေတာ္ရဲ႕ဆရာေတာ္ႀကီးျဖစ္လုိ႔မုိ႔ႏုိင္ငံေတာ္ အစုိးရက ရန္ကုန္ပင့္ၿပီး ကုသပါတယ္။
ေဆးရုံက သုံးလသာ ခံေတာ့မယ္လုိ႔ ဆုံးျဖတ္ေပးလုိက္ပါတယ္။ ျမန္မာျပည္မွာ မရရင္ ထုိင္းႏုိင္ငံ ဘန္ေကာက္ၿမဳိ႕ေဆးရုံေတြမွာ ရႏုိင္ေကာင္းရဲ႕ဆုိတဲ့ ေမွ်ာ္လင့္ခ်က္နဲ႔ ႏုိင္ငံေတာ္အစုိးရက ဘန္ေကာက္ကုိပုိ႔ျပီး ကုသေပးခဲ့ပါတယ္။
ဘန္ေကာက္ေဆးရုံကလည္း ေရာဂါလြန္ေနျပီးမုိ႔ သုံးလသာ ခံေတာ့မယ္လုိ႔ ဆုံးျဖတ္ေပးလုိက္ပါတယ္။ အားလုံးက လက္ေလွ်ာ႔ၿပီး ဆရာေတာ္ႀကီးကုိ ျပန္ပင့္လာၾကတယ္။
ရန္ကုန္ေဆးရုံေတာင္မွ မထားေတာ့ပါဘူး။ ျမစ္ႀကီးနား ၀န္သုိေက်ာင္းတုိက္အထိ ျပန္ပုိ႔ေပးၾကပါတယ္။
အသက္ရွိေနတုန္းျပန္ပုိ႔တဲ့သေဘာေပါ့ေလ။ သယ္ယူတဲ့ဒုကၡေတြမမ်ားပဲ စ်ာပနကိစၥေတြ စီစဥ္ႏုိင္ေအာင္လုိ႔ မူလေက်ာင္းအထိျပန္ပုိ႔လုိက္တယ္လုိ႔ ဆုိရမလုိပါပဲ။
သက္ေတာ္ကလည္း ၉၀။ ေရာဂါကလည္း ၾကြမ္းေနျပန္၊ ျဖစ္တာကလဲ သိပ္ႏုတဲ့ အသဲ (အသည္း)။ ေမွ်ာ္လင့္ခ်က္က သိပ္နည္းလြန္းေနၿပီေလ။
တနည္းေတာ့လည္း သုံလအတြင္းမွာ စီစဥ္သင့္တာေတြစီစဥ္၊တပည့္ဒါယကာ ဒါယိကာမေတြလည္းအားရေအာင္ ဖူးေမွ်ာ္ရေအာင္ေပါ့။ ခုလုိ႔ မူလေက်ာင္းျပန္ပုိ႔လုိက္တာလဲ သိပ္မွန္တယ္လုိ႔ဆုိရမွာပါ။
ေဆးရုံမွာထားရင္ ေဆးရုံမ်ားကေျပာသလုိ သုံးလျပည့္ရင္ ပ်ံလြန္ေတာ္မူမွာ ေသျခာသေလာက္ပါ။ ေက်ာင္းျပန္ေရာက္တဲ့အခါမွာ သစ္သီး သစ္ရြက္ ေဆးနည္းကုိမွီ၀ဲ သုံးေဆာင္ေတာ္မူပါတယ္။
တစ္လေလာက္ေသာက္ၿပီးတဲ့အခါ အေတာ္ေလးက်န္းမာလာတယ္။ အစားအေသာက္ေတြလည္း ျပန္ေကာင္းလာတယ္။ အသားအေရေတြလည္း ျပန္ျပီး စုိေျပလာတယ္။
ျမန္မာေဆးေလးကုိေသာက္ျပီး သုံးလဆုိတဲ့ ေန႔ေလးကုိ ရင္တမမနဲ႔ ေစာင့္ေနခဲ့ၾကတယ္။ သုံလျပည့္ေတာ့လည္း လန္လန္းဆန္ဆန္း၊ ပုိလုိ႔ေတာင္ က်န္းမာလာပါတယ္။
သုံးလေက်ာ္ ေလးလစြန္းေတာ့ အေျခအေနသိရေအာင္လုိ႔ ရန္ကုန္ေဆးရုံကုိ ျပန္ျပီး စစ္ေဆးပါတယ္။ အေျဖက- အသဲကင္ဆာ မရွိေတာ့ပါ တဲ့။
သံုးလဆရာေတာ္ႀကီးဟာ ယခုဆုိ ၂-ႏွစ္ေက်ာ္လုိ႔ သုံးႏွစ္ေတာင့္ျ့ပည့္ပါေတာ့မယ္။ က်န္းက်န္းမာမာနဲ႔ ျမစ္ႀကီးနားၿမဳိ႕၊ ၀န္သုိလ္ေက်ာင္းတုိက္မွာ သီတင္းသုံးေတာ္မူလွ်က္ပါ။
(လြန္ခဲ့တဲ့ ၇-ႏွစ္ေလာက္က စာေရးသူ ျမတ္ပ႒ာန္း ျမစ္ႀကီးနားေရာက္စဥ္က ဖူးေျမွာ္ခြင့္ရခဲ့ပါတယ္။ အလြန္ၾကည္ညဳိစရာေကာင္းတဲ့အျပင္ ခင္မင္စရာ ခ်စ္ခင္စရာေကာင္းလွပါတယ္။)

ဆရာေတာ္ႀကီးက်န္းမာေနပုံကုိ ဖူးျမင္ရေအာင္လုိ႔ ဒီႏွစ္ ႏွစ္ဦးပုိင္းက တိပိဋကဆရာေတာ္ ငါးပါး ဆရာေတာ္ႀကီးကုိ ဖူေျမွာ္ေနသည့္ ဓါတ္ပုံပါ ပူးတြဲျပလုိက္ပါတယ္။
(ျမင္းၿခံတိပိဋက ဆရာေတာ္ ဦးဂႏၶမာလာ၏ FB မွ ကူးယူထားတာပါ။)

ဆရာေတာ္ႀကီးသုံးစြဲတဲ့ေဆးမွာ –

(၁) နံနက္ပုိင္းမွာ ကညြတ္ပင္ သတၳဳရည္ (အပင္ကုိထုေထာင္းျပီး အရည္ညွစ္တယ္) ၄င္းအရည္ မတ္ခြက္ တစ္ခြက္ တုိက္ပါတယ္။
(၂) ေန႔လည္မွာ ေျမေရွာက္ဆီးျဖဴ (ေတာဆီးျဖဴ လုိ႔လည္းေခၚတယ္)၄င္းအပင္ ပဥၥငါးပါး (တပင္လုံး)ကုိ သုံးခြက္ တစ္ခြက္ ႀကဳိ ၿပီး မတ္ခြက္ တစ္ခြက္ တုိက္ပါတယ္။
(၃) ညေနမွာ မင္းကြတ္သီးကုိ အညွာမွတပါး အားလုံးကုိ ႀကိတ္ေျခၿပီး ဟင္းစားဇြန္းႀကီး တစ္ဇြန္းတုိက္ပါတယ္။
(မင္းကြတ္သီးကုိ ႀကိတ္ျပီး ထန္းလ်က္အနည္းငယ္ႏွင့္ႀကဳိ။ ေရခဲေသတၱာမွာသိမ္းပါက အဆင္ေျပတယ္။ မႀကဳိက မွဳိတက္တယ္။)
ဒီ ေဆးသုံးမ်ဳိးကုိ ေန႔စဥ္တုိက္ပါတယ္။ဆရာေတာ္ႀကီး၏ အနီးေန တပည့္ႀကီး ဦးေကတုမာလာ(ျမစ္ႀကီးနားဆရာေတာ္) ေျပာျပ၍ သိရျခင္းပါ။
လက္ေတြ႔ေဆးနည္းပါ။ (ေဆးပစၥည္း အပင္ အသီးမ်ားကုိလည္း ပူးတြဲေဖၚျပလုိက္ပါတယ္။)
အသဲ ကင္ဆာ ေ၀ဒနာရွင္မ်ား ယုံယုံၾကည္ၾကည္သုံးစြဲၿပီး ေပ်ာက္ကင္းၾကပါေစလုိ႔ ေစတနာ ေမတၱာျဖင့္ ဆုေတာင္းပတၳနာ ျပဳလုိက္ပါတယ္။
ေဆးနည္းကုသုိလ္ေၾကာင့္ မအုိ မနာ မေသရာ “အမတ” ကုိ အျမန္ရ ရပါလုိ၏။

ေမတၱာျဖင့္………အရွင္ဧသက (ျမတ္ပ႒ာန္း)
...................................
Unicode >>>

ဒီဆေးနည်းသိတာကြာပါပြီ။ ဆေးပင်ဓါတ်ပုံမရှိတာနဲ့ မရေးဖြစ်ခဲ့ဘူး။ ဓါတ်ပုံရပြန်တော့လည်း အလုပ်များနေတာနဲ့ မရေးဖြစ်ပြန်ဘူးလေ။

တလောက အမရပူရမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်က သူငယ်ချင်း စာချဘုန်းကြီးတစ်ပါး အသဲကင်ဆာဖြစ်လို့ ရန်ကုန်ဆေးရုံတက်တဲ့အကြောင်း သူ့တပည့်ရဲ့ FB မှာတွေ့ရတယ်။

ဒီဆေးနည်းလေးပြောပြလိုက်ပါလို့တော့ ပြောမိရဲ့။ ပြောသလားတော့ မသိ။

ယနေ့တော့ ပဋ္ဌာန်းသင်တန်းသူတစ်ဦးရဲ့ဆွေမျိုးတစ်ဦး အသဲကင်ဆာဖြစ်နေတယ်လို့သိရပြန်တယ်။ သူ့ဆွေးမျိုးက မြန်မာပြည်မှာပါ။

အသဲကင်ဆာဆိုရင် ဆေးနည်းရှိတယ်လို့ပြောလိုက်မိတယ်။သူက အပူတပြင်းတောင်းတယ်လေ။

ခုလာယူရမလားတဲ့။ ဆေးမရှိပါ။ ဆေးနည်းသာ သိထားတာပါ။ ဆေးကုတတ်တဲ့ဘုန်းကြီးလည်း မဟုတ်ပါ။

ဒါပေမဲ့ တတ်နိုင်သလောက်တော့ ကူညီချင်တယ်ပေါ့။ ဒါကြောင့် ဒီဆေးနည်းကို မရေးမဖြစ်တော့ အမြန်ရေးလိုက်ရတယ်။ ရေးဖြစ်အောင် တိုက်တွန်းပေးလို့လဲ ကျေးဇူးတင်ရပါတယ်။

ဆေးနည်းတို(ဆေးမြီးတို)ဆိုတော့ လူတွေက သိပ်လည်းတန်ဖိုးမထားတတ်ကြဘူးလေ။ ဆေးရဲ့ကုန်ကျစရိတ်တန်ဖိုးက သိပ်မရှိတော့ တန်ဖိုးမရှိသလိုထင်ပြီး တန်ဖိုးမထားတတ်တာ ထင်ပါရဲ့။

ဒါ့ကြောင့် ဒီဆေးရဲ့ သမိုင်းအကျဉ်းလေးပြောပြပါရစေ။ မြစ်ကြီးနားမြို့၊ ဝန်သိုစာသင်တိုက်က ဆရာတော်ကြီးက သက်တော် ၉၀ ရှိပါပြီ။

နိုင်ငံတော် သံဃမဟာနက အဖွဲ့မှ အနားယူနေတဲ့ နိုင်ငံတော် သြဝါဒါစရိယဆရာတော်ကြီးပါ။

အဘိဓဇမဟာရဋ္ဌဂုရု စတဲ့ ဘွဲ့တံဆိတ်များကိုလည်း ရရှိထားတဲ့ဆရာတော်ကြီးပါ။ ဘွဲ့တော်က ဘဒ္ဒန္တ သီလဝံသ လို့ထင်ပါတယ်။

ဆရာတော်ကြီးမှာ ၂၀၁၃ ခုနှစ်က အသဲကင်ဆာဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ဆရာတော်ကြီးဖြစ်လို့မို့နိုင်ငံတော် အစိုးရက ရန်ကုန်ပင့်ပြီး ကုသပါတယ်။

ဆေးရုံက သုံးလသာ ခံတော့မယ်လို့ ဆုံးဖြတ်ပေးလိုက်ပါတယ်။ မြန်မာပြည်မှာ မရရင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ဆေးရုံတွေမှာ ရနိုင်ကောင်းရဲ့ဆိုတဲ့ မျှော်လင့်ချက်နဲ့ နိုင်ငံတော်အစိုးရက ဘန်ကောက်ကိုပို့ပြီး ကုသပေးခဲ့ပါတယ်။

ဘန်ကောက်ဆေးရုံကလည်း ရောဂါလွန်နေပြီးမို့ သုံးလသာ ခံတော့မယ်လို့ ဆုံးဖြတ်ပေးလိုက်ပါတယ်။ အားလုံးက လက်လျှော့ပြီး ဆရာတော်ကြီးကို ပြန်ပင့်လာကြတယ်။

ရန်ကုန်ဆေးရုံတောင်မှ မထားတော့ပါဘူး။ မြစ်ကြီးနား ဝန်သိုကျောင်းတိုက်အထိ ပြန်ပို့ပေးကြပါတယ်။

အသက်ရှိနေတုန်းပြန်ပို့တဲ့သဘောပေါ့လေ။ သယ်ယူတဲ့ဒုက္ခတွေမများပဲ ဈာပနကိစ္စတွေ စီစဉ်နိုင်အောင်လို့ မူလကျောင်းအထိပြန်ပို့လိုက်တယ်လို့ ဆိုရမလိုပါပဲ။

သက်တော်ကလည်း ၉၀။ ရောဂါကလည်း ကြွမ်းနေပြန်၊ ဖြစ်တာကလဲ သိပ်နုတဲ့ အသဲ (အသည်း)။ မျှော်လင့်ချက်က သိပ်နည်းလွန်းနေပြီလေ။

တနည်းတော့လည်း သုံလအတွင်းမှာ စီစဉ်သင့်တာတွေစီစဉ်၊တပည့်ဒါယကာ ဒါယိကာမတွေလည်းအားရအောင် ဖူးမျှော်ရအောင်ပေါ့။ ခုလို့ မူလကျောင်းပြန်ပို့လိုက်တာလဲ သိပ်မှန်တယ်လို့ဆိုရမှာပါ။

ဆေးရုံမှာထားရင် ဆေးရုံများကပြောသလို သုံးလပြည့်ရင် ပျံလွန်တော်မူမှာ သေခြာသလောက်ပါ။ ကျောင်းပြန်ရောက်တဲ့အခါမှာ သစ်သီး သစ်ရွက် ဆေးနည်းကိုမှီဝဲ သုံးဆောင်တော်မူပါတယ်။

တစ်လလောက်သောက်ပြီးတဲ့အခါ အတော်လေးကျန်းမာလာတယ်။ အစားအသောက်တွေလည်း ပြန်ကောင်းလာတယ်။ အသားအရေတွေလည်း ပြန်ပြီး စိုပြေလာတယ်။

မြန်မာဆေးလေးကိုသောက်ပြီး သုံးလဆိုတဲ့ နေ့လေးကို ရင်တမမနဲ့ စောင့်နေခဲ့ကြတယ်။ သုံလပြည့်တော့လည်း လန်လန်းဆန်ဆန်း၊ ပိုလို့တောင် ကျန်းမာလာပါတယ်။

သုံးလကျော် လေးလစွန်းတော့ အခြေအနေသိရအောင်လို့ ရန်ကုန်ဆေးရုံကို ပြန်ပြီး စစ်ဆေးပါတယ်။ အဖြေက- အသဲကင်ဆာ မရှိတော့ပါ တဲ့။

သုံးလဆရာတော်ကြီးဟာ ယခုဆို ၂-နှစ်ကျော်လို့ သုံးနှစ်တောင့်ြ့ပည့်ပါတော့မယ်။ ကျန်းကျန်းမာမာနဲ့ မြစ်ကြီးနားမြို့၊ ဝန်သိုလ်ကျောင်းတိုက်မှာ သီတင်းသုံးတော်မူလျှက်ပါ။

(လွန်ခဲ့တဲ့ ၇-နှစ်လောက်က စာရေးသူ မြတ်ပဋ္ဌာန်း မြစ်ကြီးနားရောက်စဉ်က ဖူးမြှော်ခွင့်ရခဲ့ပါတယ်။ အလွန်ကြည်ညိုစရာကောင်းတဲ့အပြင် ခင်မင်စရာ ချစ်ခင်စရာကောင်းလှပါတယ်။)

ဆရာတော်ကြီးကျန်းမာနေပုံကို ဖူးမြင်ရအောင်လို့ ဒီနှစ် နှစ်ဦးပိုင်းက တိပိဋကဆရာတော် ငါးပါး ဆရာတော်ကြီးကို ဖူမြှော်နေသည့် ဓါတ်ပုံပါ ပူးတွဲပြလိုက်ပါတယ်။

(မြင်းခြံတိပိဋက ဆရာတော် ဦးဂန္ဓမာလာ၏ FB မှ ကူးယူထားတာပါ။)

ဆရာတော်ကြီးသုံးစွဲတဲ့ဆေးမှာ –

(၁) နံနက်ပိုင်းမှာ ကညွတ်ပင် သတ္ထုရည် (အပင်ကိုထုထောင်းပြီး အရည်ညှစ်တယ်) ၎င်းအရည် မတ်ခွက် တစ်ခွက် တိုက်ပါတယ်။

(၂) နေ့လည်မှာ မြေရှောက်ဆီးဖြူ (တောဆီးဖြူ လို့လည်းခေါ်တယ်)၎င်းအပင် ပဉ္စငါးပါး (တပင်လုံး)ကို သုံးခွက် တစ်ခွက် ကြို ပြီး မတ်ခွက် တစ်ခွက် တိုက်ပါတယ်။

(၃) ညနေမှာ မင်းကွတ်သီးကို အညှာမှတပါး အားလုံးကို ကြိတ်ခြေပြီး ဟင်းစားဇွန်းကြီး တစ်ဇွန်းတိုက်ပါတယ်။

(မင်းကွတ်သီးကို ကြိတ်ပြီး ထန်းလျက်အနည်းငယ်နှင့်ကြို။ ရေခဲသေတ္တာမှာသိမ်းပါက အဆင်ပြေတယ်။ မကြိုက မှိုတက်တယ်။)

ဒီ ဆေးသုံးမျိုးကို နေ့စဉ်တိုက်ပါတယ်။ဆရာတော်ကြီး၏ အနီးနေ တပည့်ကြီး ဦးကေတုမာလာ(မြစ်ကြီးနားဆရာတော်) ပြောပြ၍ သိရခြင်းပါ။

လက်တွေ့ဆေးနည်းပါ။ (ဆေးပစ္စည်း အပင် အသီးများကိုလည်း ပူးတွဲဖေါ်ပြလိုက်ပါတယ်။)

အသဲ ကင်ဆာ ဝေဒနာရှင်များ ယုံယုံကြည်ကြည်သုံးစွဲပြီး ပျောက်ကင်းကြပါစေလို့ စေတနာ မေတ္တာဖြင့် ဆုတောင်းပတ္ထနာ ပြုလိုက်ပါတယ်။

ဆေးနည်းကုသိုလ်ကြောင့် မအို မနာ မသေရာ “အမတ” ကို အမြန်ရ ရပါလို၏။

မေတ္တာဖြင့်………အရှင်ဧသက (မြတ်ပဋ္ဌာန်း)

No comments:

Post a Comment