Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, January 9, 2019

ဘဏ္မွ ေငြထုတ္ၿပီး ျပန္လာသူထံမွ ေငြက်ပ္သိန္း ၅၀ ေက်ာ္ လုယက္သြားမႈ ဘုရားႀကီးၿမိဳ႕တြင္ျဖစ္ပြား


ပဲခူးၿမိဳ႕နယ္ ဘုရားႀကီးၿမိဳ႕ရွိ ကေမၻာဇဘဏ္(KBZ) ၌ ေငြထုတ္ယူၿပီး ျပန္လာသူထံမွ က်ပ္သိန္း ၅၀ ေက်ာ္ကို လမ္းတြင္ျဖတ္၍ လုယက္ခံရမႈ ျဖစ္ပြားခဲ့ေၾကာင္း ဘုရားႀကီးနယ္ေျမရဲစခန္းထံမွ သိရသည္။

ဇန္နဝါရီလ(၇)ရက္ေန႔ နံနက္ ၁၁ နာရီအခ်ိန္ခန္႔က ဘုရားႀကီးၿမိဳ႕ အမွတ္ ၂ ရပ္ကြက္၊ ပေဒသာရပ္ မင္းလမ္ေန ဦးတင့္လြင္ ဆိုသူမွာ ၎အိမ္နွင့္ ၄ ဖာလုံခန္႔ေဝးေသာ KBZ ဘဏ္သို႔ ဆိုင္ကယ္ျဖင့္သြားကာ ေငြက်ပ္ ၅၂ သိန္း ထုတ္ယူၿပီး အိမ္သို႔ျပန္လာခဲ့ေၾကာင္း သိရသည္။

ထိုသို႔ျပန္လာစဥ္ ဘုရားႀကီး အထက ေက်ာင္းေရွ႕အေရာက္တြင္ စူပါဖို႔ဆိုင္ကယ္ (အႀကီး)စီးနင္းသူ လူငယ္ ၂ ဦးမွ ဦးတင့္လြင္၏ ဆိုင္ကယ္ျခင္းအတြင္းရွိ ဘဏ္မွ ထုတ္ယူလာသည့္ ေငြက်ပ္ ၅၂ သိန္း ထည့္ထားေသာ ေငြထုပ္အား လုယူထြက္ေျပးသြားေၾကာင္း ကာယကံရွင္၏ ေျပာျပခ်က္အရ သိရသည္။

“က်ြန္ေတာ္တို႔လည္း ဒိုက္ဦး၊ ပ်ဥ္ပံု၊ အျမန္လမ္းစတဲ့ ရဲတပ္ဖြဲ႔စခန္းေတြထံ မသကၤာေတြ႔ရွိတာနဲ႔ စစ္ေဆးႏိုင္ေအာင္ အေၾကာင္း ၾကားေပးထားပါတယ္။ ကာယကံရွင္ေတြကေတာ့ အခုလုယက္ခံရမႈနဲ႔ ပတ္သက္လို႔ အမႈဖြင့္ထားပါတယ္” ဟု ဘုရားႀကီး နယ္ေျမရဲစခန္းမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

အဆိုပါ လုယက္မႈႏွင့္ ပတ္သက္ၿပီး ဘုရားႀကီးနယ္ေျမရဲစခန္းမွ (ပ)၇/၂၀၁၉ ျဖင့္ အမႈေရးဖြင့္ကာ လုယူထြက္ေျပးသြားသူႏွစ္ ဦးအား အျမန္ဆံုးဖမ္းဆီးႏိုင္ေရး လိုက္လံစံုစမ္းေနေၾကာင္း သိရသည္။
 ျမဴခိုး

#Unicode Version#

 ဘဏ်မှ ငွေထုတ်ပြီး ပြန်လာသူထံမှ ငွေကျပ်သိန်း ၅၀ ကျော် လုယက်သွားမှု ဘုရားကြီးမြို့တွင်ဖြစ်ပွား ။ ပဲခူးမြို့နယ် ဘုရားကြီးမြို့ရှိ ကမ္ဘောဇဘဏ်(KBZ) ၌ ငွေထုတ်ယူပြီး ပြန်လာသူထံမှ ကျပ်သိန်း ၅၀ ကျော်ကို လမ်းတွင်ဖြတ်၍ လုယက်ခံရမှု ဖြစ်ပွားခဲ့ကြောင်း ဘုရားကြီးနယ်မြေရဲစခန်းထံမှ သိရသည်။

ဇန်နဝါရီလ(၇)ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က ဘုရားကြီးမြို့ အမှတ် ၂ ရပ်ကွက်၊ ပဒေသာရပ် မင်းလမ်နေ ဦးတင့်လွင် ဆိုသူမှာ ၎င်းအိမ်နှင့် ၄ ဖာလုံခန့်ဝေးသော KBZ ဘဏ်သို့ ဆိုင်ကယ်ဖြင့်သွားကာ ငွေကျပ် ၅၂ သိန်း ထုတ်ယူပြီး အိမ်သို့ပြန်လာခဲ့ကြောင်း သိရသည်။

ထိုသို့ပြန်လာစဉ် ဘုရားကြီး အထက ကျောင်းရှေ့အရောက်တွင် စူပါဖို့ဆိုင်ကယ် (အကြီး)စီးနင်းသူ လူငယ် ၂ ဦးမှ ဦးတင့်လွင်၏ ဆိုင်ကယ်ခြင်းအတွင်းရှိ ဘဏ်မှ ထုတ်ယူလာသည့် ငွေကျပ် ၅၂ သိန်း ထည့်ထားသော ငွေထုပ်အား လုယူထွက်ပြေးသွားကြောင်း ကာယကံရှင်၏ ပြောပြချက်အရ သိရသည်။

“ကျွန်တော်တို့လည်း ဒိုက်ဦး၊ ပျဉ်ပုံ၊ အမြန်လမ်းစတဲ့ ရဲတပ်ဖွဲ့စခန်းတွေထံ မသင်္ကာတွေ့ရှိတာနဲ့ စစ်ဆေးနိုင်အောင် အကြောင်း ကြားပေးထားပါတယ်။ ကာယကံရှင်တွေကတော့ အခုလုယက်ခံရမှုနဲ့ ပတ်သက်လို့ အမှုဖွင့်ထားပါတယ်” ဟု ဘုရားကြီး နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ လုယက်မှုနှင့် ပတ်သက်ပြီး ဘုရားကြီးနယ်မြေရဲစခန်းမှ (ပ)၇/၂၀၁၉ ဖြင့် အမှုရေးဖွင့်ကာ လုယူထွက်ပြေးသွားသူနှစ် ဦးအား အမြန်ဆုံးဖမ်းဆီးနိုင်ရေး လိုက်လံစုံစမ်းနေကြောင်း သိရသည်။

 မြူခိုး

No comments:

Post a Comment