Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 9, 2019

တက္ကသိုလ်အလိုက် လိင်ကိစ္စ အရလွယ်တဲ့စာရင်းလုပ်တာကြောင့် ဂျပန်မဂ္ဂဇင်းတစောင် တောင်းပန်ရ


တချို့တက္ကသိုလ်တွေမှာ ကျောင်းသူတွေကို လွယ်လွယ်ကူကူရနိုင် လို့ ရေးထားတဲ့ ဆောင်းပါးကြောင့် မကျေနပ်တာတွေဆူညံထွက်လာ
ပါတီတွေမှာ အတူသောက်ကြရင်း ကျောင်းသူတွေကို အတူအိပ်ဖို့ အခေါ်ရအလွယ်ဆုံး တက္ကသိုလ်တွေ စာရင်းပါဝင်တဲ့ ဆောင်းပါးတပုဒ်ကို ပုံနှိပ်ဖော်ပြလိုက်တဲ့ ဂျပန်မဂ္ဂဇင်းတစောင် ဟာ သူတို့တောင်းပန်တဲ့အကြောင်း ထုတ်ပြန်ကြေညာလိုက်ရပါတယ်။အမျိုးသားတွေအတွက်ထုတ်တဲ့ Spa!အမည်ရ အပတ်စဉ် မဂ္ဂဇင်းက အဲဒီစာရင်းကိုပုံနှိပ်ဖော်ပြခဲ့ပြီးတဲ့နောက် မကျေမနပ်ကန့်ကွက်သံတွေ ဆူညံထွက်လာခဲ့ပါတယ်။

အမျိုးသမီးတယောက်က ဒါကိုဆန့်ကျင်ကြဖို့ ကမ်ပိန်းလုပ်နှိုးဆော်နေပြီး အဲဒီဆောင်းပါးကို ပြန်ဖြုတ်သိမ်းကာ တောင်းပန်ဖို့ တောင်းဆိုနေပါတယ်။

ဆောင်းပါး က ဂျာရာနိုမီ လို့ခေါ်တဲ့ သောက်ကြတဲ့ပါတီ အကြောင်းတွေလည်းရေးထားပြီး အဲဒီပါတီတွေမှာ တက်လာတဲ့အမျိုးသမီးတွေကို ယောက်ျားသားတွေက ဒကာခံလေ့ရှိပါတယ်။

ဒီဇင်ဘာ၂၅ ရက်နေ့ထုတ် အဲဒီမဂ္ဂဇင်းမှာ အမျိုးသမီးတက္ကသိုလ် ကျောင်းသူတွေအကြား အဲဒီလိုပါတီတွေက ရေပန်းစားပြီး အဲဒီပါတီတွေမှာ တက်မယ့် အမျိုးသားနဲ့အမျိုးသမီးတွေ ချိတ်မိအောင် လုပ်ပေးတဲ့ အက်ပ် APP ကိုထွင်တဲ့ သူနဲ့လည်း အင်တာဗျူးထားတာ ပါပါတယ်။
ဂျပန်တက္ကသိုလ်ကျောင်းသူကျောင်းသားတစု ကျောင်းပြင်ပမှာ တွေ့ရစဉ်
သောက်ပွဲပါတီတွေကနေ ကျောင်းသူတွေအရအလွယ်ဆုံး ကောလိပ် ငါးခုကို ဆောင်းပါးမှာ ဖော်ပြထားပါတယ်။ ဘယ်လိုဝတ်စားထားရင် ရဖို့ပိုလွယ်တယ်ဆိုတဲ့ ဖော်ပြချက်တွေလည်း ရေးထားပါတယ်။အခုတော့ မဂ္ဂဇင်းက တရားဝင်စာထုတ်ပြီး တောင်းပန်ထားရပါတယ်။ကာဇူနာ ယာမာမိုတို ဆိုတဲ့အမျိုးသမီးက ဒါတွေကို ပြောင်းလဲဖို့ change.org ဝက်ဆိုက်မှာ ထောက်ခံကြဖို့ လက်မှတ်တွေ စုဆောင်းရာမှာ ဒီနေ့ အင်္ဂါနေ့မှာ လက်မှတ်ထိုးသူ သုံးသောင်း သုံးထောင် ကျော်ရှိသွားပါပြီ။

အများပြည်သူဖတ်တဲ့စာစောင်တွေမှာ ဒီလို ကျားမခွဲခြားထိုးနှက်တာ၊ အမျိုးသမီးတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ၊ အမျိုးသမီးတွေရဲ့သိက္ခာကို နှိမ့်ချတာ ဖြစ်ပြီး အဲဒီ လုပ်ရပ်မှန်သမျှ ရပ်ဆိုင်းဖို့သင့်ပြီလို့ ကာဇူနာ က ပြောပါတယ်။ဂျပန်နိုင်ငံဟာ ကျားမတန်းတူရေး နဲ့ပတ်သက်ရင် နိုင်ငံတကာမှာ နိမ့်ကျတဲ့အဆင့်မှာပဲ ရှိနေပါတယ်။

BBC Burmese
https://www.bbc.com/burmese

No comments:

Post a Comment