Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, January 18, 2019

ေရႊစက္ေတာ္မွ အေစာင့္နဂါး


လြန္ခဲ႔တဲ႔ ၁၀ႏွစ္ေက်ာ္ အခ်ိန္တုန္းက ျဖစ္ရပ္မွန္ေလးေပါ့။
ေရႊစက္ေတာ္ဖြင့္ပြဲ မလုပ္ခင္ ႏွစ္ပတ္ေလာက္ အလိုမွာေတာ့ သာသနာျပဳ အဖြဲ႔တဖြဲ႔ဟာ ေရႊစက္ေတာ္ဘုရားက အရန္ေစတီကေလးမ်ားကို ေရႊေဆးသၤကန္းကပ္ရန္ သြားႀကေလသည္။ စုစုေပါင္း ကား၃စီးပါ
ကာ ကားေသးႏွစ္စီးႏွင့္ ကားႀကီးတစီး ပါေလသည္။ လူကလဲ အားလံုးေပါင္း ၃၀ဦးေလာက္ ပါေလသည္။ထိုအဖြဲ႔မွ ေနာက္ဆံုး ကားေလးတစီးသည္ လမ္းတြင္ ရြာတရြာဝင္ေန၍ ေရွ့ကားမ်ားႏွင့္ မ်က္ေျခ ျပတ္သြားေလသည္။ ေနကလဲေစာင္းကာ တေျဖးေျဖး ေမွာင္လာျပီျဖစ္သည္။ ကားမီးျဖင့္ ပတ္ဝန္းက်င္ကို ႀကည့္၍ ေမာင္းလာကာ ေရႊစက္ေတာ္ေတာႀကီးထဲ ေရာက္ေတာ့ ေတာထဲ မ်က္စိလည္ေနသည္။ လမ္းကလဲမက်ြမ္းေတာ့ ဘယ္ေတြေရာက္ေနမွန္းပင္ မသိႀကပါ။ ေမးရမည့္သူလဲ တစ္ေယာက္မွ မရွိေသာ ေတာႀကီးထဲ ေရာက္ေနႀကသည္။ ထိုအခါ ကားေပၚပါလာသူမ်ားက ေရႊစက္ေတာ္ဘုရားအား တိုင္တည္ကာေတာေစာင့္နတ္ ေတာင္ေစာင့္နတ္မ်ားအား ေမတၱာပို့အမ်ွေဝျပီး ကူညီကာ လမ္းျပေပးပါရန္ ဝိုင္း၍ ဆုေတာင္းႀကေလသည္ ရသမ်ွ ဘုရားစာမ်ားလဲ ရြတ္ႀကေလသည္။ ထူးဆန္းစြာပင္ မႀကာခင္ ကားမီေရာင္ထဲတြင္ ေရွ့ကိုက္50ေလာက္တြင္ လမ္းေဘးေတာစပ္မွ လမ္ေရွာက္သြားေနေသာ အဖိုးအဖြားႏွစ္ဦးကို ျမင္လိုက္ရသည္။ အားလံုး အားတက္သြားကာ ထိုအဖိုးအဖြာတို့နား ကားကိုကပ္၍ လမ္းေမးႀကသည္။ သူတို့က လမ္းကိုေကာင္းစြာ ညြန္ျပသျဖင့္ ေက်းဇူးတင္လြန္းလို့ ကားနဲ႔လိုက္ခဲ႔ရန္ ေခၚေပမဲ႔ မလိုက္ႀကပါ။

ဒီအနီးအနားမွာ ေနသည္ဟုေျပာေပမဲ႔ အနီးအနားတြင္ ေတာႀကီးျဖစ္ကာ ဘာအိမ္မွမရွိ ရြာလဲ မေတြ႔ေပ။ တခုခုေတာ့ လြဲေနတာအမွန္ပင္ ဘာမွန္းေတာ့ မသိႀကပါ။ သူတို့သည္ ကရင္ရုိးရာအဝတ္မ်ား ဝတ္ထားကာေခါင္းတြင္ ပလိုင္တလံုးဆီ သိုင္း၍ လြယ္ထားေလသည္။ ဒီလိုညဘက္ႀကီး ေတာႀကီးထဲ အဖိုးႀကီး အဖြားႀကီး ႏွစ္ေယာက္သည္ သာမန္လူမ်ား မျဖစ္ႏုိင္လို့ ေတြးရင္း သူတို့ျပေသာ လမ္းအတိုင္း ေမာင္းလာရာ ေရႊစက္ေတာ္သို့ ေခ်ာေမာစြာ ေရာက္ရွိသြားေလသည္။ ေရွ့ကကားႏွစ္စီးလဲ အရင္ေရာက္ေနကာ ဘုရားမွ တာဝန္ရွိသူမ်ားအား ႀကိုတင္ အေႀကာင္းႀကား ထားသည့္အတြက္ အားလံုး အဆင္ေျပေလသည္။

ေနာက္တေန့ မနက္မွာေတာ့ ဘုရားပြဲမဖြင့္ေသး၍ လူမရွိေသးပါ။ မန္းေခ်ာင္းတေလ်ာက္ တဲထိုးေနႀကသူမ်ားႏွင့္ ေစ်းဆိုင္ေဆာက္ေနသူ အနည္းငယ္သာ ရွိပါသည္။ သာသနာျပဳအဖြဲ႔လဲ အထက္စက္ေတာ္ရာတြင္ ဆြမ္းကပ္ျပီး အထက္စက္ေတာ္ရာ အဆင္းလမ္းေအာက္တဆင့္မွ ေစတီငယ္ကေလးမ်ားအား သန့္ရွင္းေရးလုပ္ကာ ေရႊေဆးသၤကန္း ကပ္ႀကေလသည္။

ေဆးသုွပ္ျပီးေတာ့ ေရႊေရာင္တဝင္းဝင္းျဖစ္သြားေသာ ေစတီကေလးမ်ားအား ေနာက္တေန့မနက္တြင္ ေနကဇာတင္ပြဲ က်င္းပေလသည္ ေန့လည္မွာေတာ့ ေရႊစက္ေတာ္ပတ္ဝန္းက်င္ ေတာေတာင္ထဲ ရွိႀကကုန္ေသာ ဘုန္းႀကီးမ်ား သီလရွင္မ်ားအား ဆြမ္းကပ္ပြဲႏွင့္ ေရစက္ခ်ပြဲကို ေအာက္စက္ေတာ္ရာတြင္ က်င္းပႀကေလသည္ ပါလာေသာ လွဴဖြယ္ပစၥည္းမ်ား ကပ္ကာ ေရစက္ခ်ျပီး အမ်ွေပးသည့္အခါမွာေတာ့ သာဓုေခၚသံမ်ားသည္ ဟိန္း၍ ပဲ႔တင္ထပ္ သြားေလသည္ သာဓုေခၚျပီးသည္ႏွင့္တျပိုင္နက္ တရားနာ ပရိတ္သတ္ထဲမွ ပဌာန္းဆက္ ရွိသည္ထင္ရေသာ ေယာက်ၤားမိန္းမမ်ားသည္ မန္းေခ်ာင္းထဲ ေျပးဆင္းသြားႀကကာ ဝိုင္းဒိုင္းက်ဲ ေရကစားႀကေလသည္ သူတို့ေရကစားေနသည္မွာ ေျမြမ်ား နဂါးမ်ား ေရထဲသြားေနသလို တြန့္လိမ္ တြန့္လိမ့္ျဖင့္ အဆန္းတက်ယ္ ျမင္ရေလသည္။ က်န္တဲ႔သူမ်ားက ဝိုင္းဆြဲတဲ႔အခါ ေရကစားေနသူမ်ားကေပ်ာ္တယ္ေဟ့ ငါတို့ေပ်ာ္တယ္ ေက်နပ္တယ္ ေပ်ာ္တယ္ေဟ့ဟုေအာ္ကာ မန္းေခ်ာင္းထဲ လူးလိမ့္ ေနႀကေလသည္။

ဒါနဲ႔ သာသနာျပုအဖြဲ႕ထဲက သူမ်ားက အခုဝင္ပူးေနတာ ဘယ္သူေတြလဲ ငါတို့က ေရႊစက္ေတာ္ကို ေစာင့္ေနတဲ႔ နဂါးေတြ ငါတို့ကို အခုလို အမ်ွေပးတာ ေပ်ာ္တယ္ေဟ့ ဒါနဲ႔ ေရေဆာ့ေနေသာ နဂါးမ်ားေကာ
လိုက္ဆြဲေနသည့္ လူမ်ားပါ ေရမ်ား စိုရြဲေနႀကျပီ အခ်ိန္အေတာ္ႀကာမွ ေရေပၚျပန္တက္ႀကေတာ့ နဂါးဝင္ပူးကာ ေရေဆာ့ေနေသာ အမ်ိဳးသမီးတစ္ေယာက္သည္ ေရႊလက္ေကာက္ ႏွစ္က်ပ္သားဟန္းခ်ိန ေးေရထဲမ ောေပ်ာက္သြားေလသည္ လက္ေကာက္ ေပ်ာက္သြားေသာမိန္းမလဲ ထိပ္ထိပ္ျပာျပာ ျဖစ္သြားကာ ရွာေလသည္။ အားလံုးလဲ စိတ္မေကာင္း ျဖစ္သြားႀကသည္။ ထိုအခါ က်န္လူမ်ားလဲ ေရထဲျပန္ဆင္းကာ ရွာႀကေလသည္။

လက္ေကာက္လဲ မေတြ႔ေသး လူေတြလဲ ပဲႀကီးေရစိမ္ထားသလို ပြေနျပီ။ ဒီအခ်ိန္မွာ ကမ္းစပ္မွ ဘုန္းႀကီးတပါးက ေဟ့ မင္းတို့ ဒီလိုရွာေနလို့ ေတြ႔မွာမဟုတ္ဘူး ေရစီးကလဲ သန္ေနတာ ခုနဝုန္းဒုန္းႀကဲေရေဆာ့ေနတဲ႔ နဂါးေတြကို ျပန္ရွာခိုင္းေဟ့ ဘုန္းႀကီး အႀကံေပးသည့္အတိုင္း ဟုတ္ေသာ္ရွိ မဟုတ္ေသာ္ရွိ စမ္းႀကည့္ႀကရန္အတြက္ ပိုေနေသာ အုန္းသီးဌက္ေပ်ာသီးမ်ားႏွင့္ ေခ်ာင္းအလယ္ ဝါးတံတားေပ ၚပြဲေပးကာ ေပါက္ေပါက္မ်ား ေရထဲက်ဲရင္း သာသနာျပုအဖြဲ႔က လက္ေကာက္ျပန္ရွာေပးရန္ နဂါးမ်ားအား တိုင္တည္ကာ ျပဳသမ်ွကုသိုလ္အား အမ်ွေပးေလသည္။

အဖြဲ႔ထဲက တေယာက္ကလဲ အသံက်ယ္က်ယ္ျဖင့္ ေအာ္လိုက္ေလသည္။ ဒီထဲနဂါးေတြ တကယ္ရွိတယ္ဆိုရင္ ယံုေအာင္ျပပါ ဒီမွာလာျပီး သာသနာျပုတာ ေပ်ာ္တယ္ ေက်နပ္တယ္ဆို ရေအာင္ရွာေပးပါက ေ
နာက္ႏွစ္လဲ လာျပီး သာသနာျပဳအဖြဲ႔လွဴဦးမယ္ ထိုလူေအာ္ျပီး မႀကာခင္ေလာကမွာ ေျပာျပရင္ေတာင္ မယံုႏုိင္စရာပင္ ေရထဲမွ နဂါးပံုလိုလို ေျမြလိုလို ေရလႈိင္းမ်ားျဖစ္ေပၚလာသည္မွ ာအဆန္းတက်ယ္ ရွိလွေပသည္။

ထိုထူးျခားေသာ ေရလႈိင္းပံုမ်ားသည္ ရုတ္တရက္ႀကည့္ပါက ေျမြတေကာင္ လူးလိမ့္ေနသလို ေရစီးေၾကာင္းႀကီးျဖစ္သြားကာ ေရမ်ားေဘာင္ဘင္ခတ္ လႈပ္ရွားသြားေလသည္။

ဒီအခ်ိန္တြင္ ေရစီးကလဲ အလြန္သန္လာကာ ေရမ်ားေနာက္သြားေလသည္ခဏအႀကာ ေရစီးက ပံုမွန္ျပန္ျဖစ္သြားကာ ေခ်ာင္းစပ္ ေက်ာက္စရစ္မ်ားႀကားမွ ေရႊလက္ေကာက္ကို အံ႕ဖြယ္ျပန္ေတြ႔ရေလသည္ သာသနာျပဳအဖြဲႏွင့္ လက္ေကာက္ပိုင္ရွင္လဲ အလြန္ဝမ္းသာ သြားႀကေလသည္။ ဒီအထဲတြင္ ဝိုင္း၍ကူညီရွာေပးေသာ ဝါးတဲမ်ား ေဆာက္ေနသူတေယာက္က

ဒီေရႊစက္ေတာ္ဘုရားမွာ ေစာင့္ႀကတဲ႔ နဂါးေတြက တကယ္ရွိတယ္ဗ် မယံုမရွိနဲ႔ မိုးတြင္းအခါမွာဆို ေအာက္စက္ေတာ္ရာကို နဂါးေတြ ေစာင့္ေရွာက္တာဗ် တခ်ိဴ႔ ပဌာန္းဆက္ရွိသူေတြက ဒီဘုရားက ရုပ္ထုနဂါးေတြ ေရဆင္းကူးေနတာ ျမင္ရသတဲ႔ တခုခုမွားလို့ကေတာ့ နဂါးေတြက အိမ္မက္ေပးတာဗ် ဘုရားဖူးရာသီဆို အမွားမျဖစ္ေအာင္ သတိထားေျပာရတယ္ တခ်ိဳ႕ဒီေခ်ာင္းတိမ္တိမ္မွာ ေရနစ္ေသသူေတြ ရွိတယ္ေလ ေခ်ာင္းေရကလဲ လူအနဲအမ်ားလိုက္ျပီး အတိုးအေလ်ွ ာ့ရွိတယ္ဗ်

သာသနာျပဳအဖြဲ႔လဲ လက္ေတြ႔ယံုႀကသည္မို့ ေဒသခံေျပာျပတာ စိတ္ဝင္တစား နားေထာင္ေနႀကေလသည္ တခ်ိဳ႕အျဖစ္ေတြဟာ အမွန္တကယ္ အဆန္းတက်ယ္ရွိေနတာကို လက္ေတြ႔ႀကံဳဖူးသူမ်ားသာ သိႀကေပမဲ႔ မယံုမရွိ မျဖစ္ပါ ေနာင္လဲဆန္းက်ယ္ေသာ အျဖစ္မ်ား ရွိေနဦးမွာျဖစ္သည္။

ျပီး

D Moe Moe

Unicode ျဖင့္ဖတ္ရန္

လွန်ခဲ့တဲ့ ၁၀နှစ်ကျော် အချိန်တုန်းက ဖြစ်ရပ်မှန်လေးပေါ့။

ရွှေစက်တော်ဖွင့်ပွဲ မလုပ်ခင် နှစ်ပတ်လောက် အလိုမှာတော့ သာသနာပြု အဖွဲ့တဖွဲ့ဟာ ရွှေစက်တော်ဘုရားက အရန်စေတီကလေးများကို ရွှေဆေးင်္သကန်းကပ်ရန် သွားကြလေသည်။ စုစုပေါင်း ကား၃စီးပါ

ကာ ကားသေးနှစ်စီးနှင့် ကားကြီးတစီး ပါလေသည်။ လူကလဲ အားလုံးပေါင်း ၃၀ဦးလောက် ပါလေသည်။ထိုအဖွဲ့မှ နောက်ဆုံး ကားလေးတစီးသည် လမ်းတွင် ရွာတရွာဝင်နေ၍ ရှေ့ကားများနှင့် မျက်ခြေ ပြတ်

သွားလေသည်။ နေကလဲစောင်းကာ တဖြေးဖြေး မှောင်လာပြီဖြစ်သည်။ ကားမီးဖြင့် ပတ်ဝန်းကျင်ကို ကြည့်၍ မောင်းလာကာ ရွှေစက်တော်တောကြီးထဲ ရောက်တော့ တောထဲ မျက်စိလည်နေသည်။ လမ်းကလဲ

မကျွမ်းတော့ ဘယ်တွေရောက်နေမှန်းပင် မသိကြပါ။ မေးရမည့်သူလဲ တစ်ယောက်မှ မရှိသော တောကြီးထဲ ရောက်နေကြသည်။ ထိုအခါ ကားပေါ်ပါလာသူများက ရွှေစက်တော်ဘုရားအား တိုင်တည်ကာ

တောစောင့်နတ် တောင်စောင့်နတ်များအား မေတ္တာပို့အမျှဝေပြီး ကူညီကာ လမ်းပြပေးပါရန် ဝိုင်း၍ ဆုတောင်းကြလေသည် ရသမျှ ဘုရားစာများလဲ ရွတ်ကြလေသည်။ ထူးဆန်းစွာပင် မကြာခင် ကားမီ

ရောင်ထဲတွင် ရှေ့ကိုက်50လောက်တွင် လမ်းဘေးတောစပ်မှ လမ်ရှောက်သွားနေသော အဖိုးအဖွားနှစ်ဦးကို မြင်လိုက်ရသည်။ အားလုံး အားတက်သွားကာ ထိုအဖိုးအဖွာတို့နား ကားကိုကပ်၍ လမ်းမေးကြသည်။ သူတို့က လမ်းကိုကောင်းစွာ ညွန်ပြသဖြင့် ကျေးဇူးတင်လွန်းလို့ ကားနဲ့လိုက်ခဲ့ရန် ခေါ်ပေမဲ့ မလိုက်ကြပါ။

ဒီအနီးအနားမှာ နေသည်ဟုပြောပေမဲ့ အနီးအနားတွင် တောကြီးဖြစ်ကာ ဘာအိမ်မှမရှိ ရွာလဲ မတွေ့ပေ။ တခုခုတော့ လွဲနေတာအမှန်ပင် ဘာမှန်းတော့ မသိကြပါ။ သူတို့သည် ကရင်ရိုးရာအဝတ်များ ဝတ်

ထားကာခေါင်းတွင် ပလိုင်တလုံးဆီ သိုင်း၍ လွယ်ထားလေသည်။ ဒီလိုညဘက်ကြီး တောကြီးထဲ အဖိုးကြီး အဖွားကြီး နှစ်ယောက်သည် သာမန်လူများ မဖြစ်နိုင်လို့ တွေးရင်း သူတို့ပြသော လမ်းအတိုင်း

မောင်းလာရာ ရွှေစက်တော်သို့ ချောမောစွာ ရောက်ရှိသွားလေသည်။ ရှေ့ကကားနှစ်စီးလဲ အရင်ရောက်နေကာ ဘုရားမှ တာဝန်ရှိသူများအား ကြိုတင် အကြောင်းကြား ထားသည့်အတွက် အားလုံး အဆင်ပြေလေသည်။

နောက်တနေ့ မနက်မှာတော့ ဘုရားပွဲမဖွင့်သေး၍ လူမရှိသေးပါ။ မန်းချောင်းတလျောက် တဲထိုးနေကြသူများနှင့် ဈေးဆိုင်ဆောက်နေသူ အနည်းငယ်သာ ရှိပါသည်။ သာသနာပြုအဖွဲ့လဲ အထက်စက်တော်ရာတွင် ဆွမ်းကပ်ပြီး အထက်စက်တော်ရာ အဆင်းလမ်းအောက်တဆင့်မှ စေတီငယ်ကလေးများအား သန့်ရှင်းရေးလုပ်ကာ ရွှေဆေးင်္သကန်း ကပ်ကြလေသည်။

ဆေးသုှပ်ပြီးတော့ ရွှေရောင်တဝင်းဝင်းဖြစ်သွားသော စေတီကလေးများအား နောက်တနေ့မနက်တွင် နေကဇာတင်ပွဲ ကျင်းပလေသည် နေ့လည်မှာတော့ ရွှေစက်တော်ပတ်ဝန်းကျင် တောတောင်ထဲ ရှိကြကုန်

သော ဘုန်းကြီးများ သီလရှင်များအား ဆွမ်းကပ်ပွဲနှင့် ရေစက်ချပွဲကို အောက်စက်တော်ရာတွင် ကျင်းပကြလေသည် ပါလာသော လှူဖွယ်ပစ္စည်းများ ကပ်ကာ ရေစက်ချပြီး အမျှပေးသည့်အခါမှာတော့

သာဓုခေါ်သံများသည် ဟိန်း၍ ပဲ့တင်ထပ် သွားလေသည် သာဓုခေါ်ပြီးသည်နှင့်တပြိုင်နက် တရားနာ ပရိတ်သတ်ထဲမှ ပဌာန်းဆက် ရှိသည်ထင်ရသော ယောကျၤားမိန်းမများသည် မန်းချောင်းထဲ ပြေးဆင်းသွား

ကြကာ ဝိုင်းဒိုင်းကျဲ ရေကစားကြလေသည် သူတို့ရေကစားနေသည်မှာ မြွေများ နဂါးများ ရေထဲသွားနေသလို တွန့်လိမ် တွန့်လိမ့်ဖြင့် အဆန်းတကျယ် မြင်ရလေသည်။ ကျန်တဲ့သူများက ဝိုင်းဆွဲတဲ့အခါ

ရေကစားနေသူများက ပျော်တယ်ဟေ့ ငါတို့ပျော်တယ် ကျေနပ်တယ် ပျော်တယ်ဟေ့ဟုအော်ကာ မန်းချောင်းထဲ လူးလိမ့် နေကြလေသည်။ ဒါနဲ့ သာသနာပြုအဖွဲ့ထဲက သူများက အခုဝင်ပူးနေတာ ဘယ်သူ

တွေလဲ ငါတို့က ရွှေစက်တော်ကို စောင့်နေတဲ့ နဂါးတွေ ငါတို့ကို အခုလို အမျှပေးတာ ပျော်တယ်ဟေ့ ဒါနဲ့ ရေဆော့နေသော နဂါးများကော လိုက်ဆွဲနေသည့် လူများပါ ရေများ စိုရွဲနေကြပြီ အချိန်အတော်

ကြာမှ ရေပေါ်ပြန်တက်ကြတော့ နဂါးဝင်ပူးကာ ရေဆော့နေသော အမျိုးသမီးတစ်ယောက်သည် ရွှေလက်ကောက် နှစ်ကျပ်သားဟန်းချိန ေးရေထဲမ ောပျောက်သွားလေသည် လက်ကောက် ပျောက်သွားသောမိန်းမလဲ ထိပ်ထိပ်ပြာပြာ ဖြစ်သွားကာ ရှာလေသည်။ အားလုံးလဲ စိတ်မကောင်း ဖြစ်သွားကြသည်။ ထိုအခါ ကျန်လူများလဲ ရေထဲပြန်ဆင်းကာ ရှာကြလေသည်။

လက်ကောက်လဲ မတွေ့သေး လူတွေလဲ ပဲကြီးရေစိမ်ထားသလို ပွနေပြီ။ ဒီအချိန်မှာ ကမ်းစပ်မှ ဘုန်းကြီးတပါးက ဟေ့ မင်းတို့ ဒီလိုရှာနေလို့ တွေ့မှာမဟုတ်ဘူး ရေစီးကလဲ သန်နေတာ ခုနဝုန်းဒုန်းကြဲရေဆော့

နေတဲ့ နဂါးတွေကို ပြန်ရှာခိုင်းဟေ့ ဘုန်းကြီး အကြံပေးသည့်အတိုင်း ဟုတ်သော်ရှိ မဟုတ်သော်ရှိ စမ်းကြည့်ကြရန်အတွက် ပိုနေသော အုန်းသီးဌက်ပျောသီးများနှင့် ချောင်းအလယ် ဝါးတံတားပေ ါ်ပွဲပေးကာပေါက်ပေါက်များ ရေထဲကျဲရင်း သာသနာပြုအဖွဲ့က လက်ကောက်ပြန်ရှာပေးရန် နဂါးများအား တိုင်တည်ကာ ပြုသမျှကုသိုလ်အား အမျှပေးလေသည်။

အဖွဲ့ထဲက တယောက်ကလဲ အသံကျယ်ကျယ်ဖြင့် အော်လိုက်လေသည်။ ဒီထဲနဂါးတွေ တကယ်ရှိတယ်ဆိုရင် ယုံအောင်ပြပါ ဒီမှာလာပြီး သာသနာပြုတာ ပျော်တယ် ကျေနပ်တယ်ဆို ရအောင်ရှာပေးပါက

နောက်နှစ်လဲ လာပြီး သာသနာပြုအဖွဲ့လှူဦးမယ် ထိုလူအော်ပြီး မကြာခင်လောကမှာ ပြောပြရင်တောင် မယုံနိုင်စရာပင် ရေထဲမှ နဂါးပုံလိုလို မြွေလိုလို ရေလှိုင်းများဖြစ်ပေါ်လာသည်မှ ာအဆန်းတကျယ် ရှိလှပေ

သည်။ ထိုထူးခြားသော ရေလှိုင်းပုံများသည် ရုတ်တရက်ကြည့်ပါက မြွေတကောင် လူးလိမ့်နေသလို ရေစီးကြောင်းကြီးဖြစ်သွားကာ ရေများဘောင်ဘင်ခတ် လှုပ်ရှားသွားလေသည်။

ဒီအချိန်တွင် ရေစီးကလဲ အလွန်သန်လာကာ ရေများနောက်သွားလေသည်ခဏအကြာ ရေစီးက ပုံမှန်ပြန်ဖြစ်သွားကာ ချောင်းစပ် ကျောက်စရစ်များကြားမှ ရွှေလက်ကောက်ကို အံ့ဖွယ်ပြန်တွေ့ရလေသည်

သာသနာပြုအဖွဲနှင့် လက်ကောက်ပိုင်ရှင်လဲ အလွန်ဝမ်းသာ သွားကြလေသည်။ ဒီအထဲတွင် ဝိုင်း၍ကူညီရှာပေးသော ဝါးတဲများ ဆောက်နေသူတယောက်က ဒီရွှေစက်တော်ဘုရားမှာ စောင့်ကြတဲ့ နဂါးတွေက

တကယ်ရှိတယ်ဗျ မယုံမရှိနဲ့ မိုးတွင်းအခါမှာဆို အောက်စက်တော်ရာကို နဂါးတွေ စောင့်ရှောက်တာဗျ တချိူ့ ပဌာန်းဆက်ရှိသူတွေက ဒီဘုရားက ရုပ်ထုနဂါးတွေ ရေဆင်းကူးနေတာ မြင်ရသတဲ့ တခုခုမှားလို့

ကတော့ နဂါးတွေက အိမ်မက်ပေးတာဗျ ဘုရားဖူးရာသီဆို အမှားမဖြစ်အောင် သတိထားပြောရတယ် တချို့ဒီချောင်းတိမ်တိမ်မှာ ရေနစ်သေသူတွေ ရှိတယ်လေ ချောင်းရေကလဲ လူအနဲအများလိုက်ပြီး အတိုးအလျေှ ာ့ရှိတယ်ဗျ

သာသနာပြုအဖွဲ့လဲ လက်တွေ့ယုံကြသည်မို့ ဒေသခံပြောပြတာ စိတ်ဝင်တစား နားထောင်နေကြလေသည် တချို့အဖြစ်တွေဟာ အမှန်တကယ် အဆန်းတကျယ်ရှိနေတာကို လက်တွေ့ကြုံဖူးသူများသာ သိကြပေမဲ့ မယုံမရှိ မဖြစ်ပါ နောင်လဲဆန်းကျယ်သော အဖြစ်များ ရှိနေဦးမှာဖြစ်သည်။

ပြီး

D Moe Moe

No comments:

Post a Comment