Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, January 18, 2019

မေသသူေတြဆီကရတဲ့ သံေဝဂ.. သားျဖစ္သူကို ေျမြကိုက္လို ့ ေသသြားတဲ့အခါ အေဖလုပ္တဲ့သူက လူၾကံဳနဲ ့က်န္တဲ့မိသားစုကို မွာတယ္


မေသသူေတြဆီကရတဲ့ သံေဝဂ
ျမန္မာႏိုင္ငံမွာ အႏုပညာရွင္ေတြ နာမည္ၾကီးေတြ ေသဆံုးတဲ့အခါတိုင္း အုံးအံုးၾကြက္ၾကြက္ ထေလ့ရွိတယ္
ေသျခင္းတရားဆိုတာ ငယ္ငယ္ရြယ္ရြယ္နဲ ့ ေသဆံုးေလ့မရွိဘူလို႔ ဗုဒၶမေဟာခဲ့ပါဘူး
အခ်ိန္မေရြး ေနရာမေရြး ပံုစံမေရြး အရြယ္မေရြး ေသဆံုးတတ္တယ္လို ့ ဘုရားရွင္ကိုယ္ေတာ္ျမတ္ၾကီး ေဟာၾကားထားခဲ့ပါတယ္
လူတစ္ေယာက္ ေသတဲ့အခါက်ရင္မိသားစုဝင္ေတြအပါအဝင္ သိသမွ် ၾကားသမွ် လူေတြက သံေဝဂ ရယူယံုမွ်လြဲျပီး ဘာမွ မတတ္ႏိုင္ၾကပါဘူး ေသျခင္းတရားက အခ်ိန္မေရြး က်ေရာက္ႏိုင္တယ္ ငါတို ့အလွည့္က်ရင္ ေသျခင္းတရားကို ဓမၼနဲ ့ ရင္ဆိုင္ႏိုင္ေအာင္ ၾကိဳတင္ျပင္ဆင္ထားမွ သင့္မယ္ဆိုျပီး တရားဓမၼကို ပိုလုပ္ၾကရမွာပါ ဒီထက္ ဘာမ်ား သံေဝဂ ယူစရာ ရွိပါသလဲ
အခုက်ေတာ့ အသုဘပို႔တဲ့သူေတြရဲ့ ေျပာစကားေတြ ျမင္ေန ၾကားေနရေတာ့ မ်ားစြာ အ့ံၾသမိတယ္
သျဂႋဳဟ္စက္ထဲကေန ျပန္မ်ားထလာမလားဆိုျပီး ေမွ်ာ္လင့္ေနၾကတယ္တဲ့
ေသတယ္ဆိုတာ ဘယ္လိုမွ မယံုႏိုင္ဘူးတဲ့ဟာ မျဖစ္ႏိုင္ဘူး မနက္ကမွ အေကာင္းၾကီးရွိေသးတယ္တဲ့
မယံုၾကည္ျခင္း အ့ံၾသျခင္း ေမွ်ာ္လင့္ျခင္းေတြ အေျမာက္အမ်ားနဲ ့သဘာဝတရားကို လြန္ဆန္တဲ့အေတြးေတြ ျဖစ္ေနၾကတာ ေသတဲ့သူထက္ ရွင္တဲ့သူေတြကိုၾကည့္ျပီး သံေဝဂ ပိုရမိပါတယ္
ဗုဒၶဘာသာလို ့အမည္ခံျပီး ေသျခင္းတရားကို လက္မခံႏိုင္ျဖစ္ေနၾကတာ တခုခု လြဲေနသလိုပါပဲ
ဘုရားရွင္လက္ထက္ေတာ္အခါက ေသျခင္းတရားနဲ႔ ပတ္သတ္တဲ့ အေၾကာင္းအရာတစ္ခုကို သတိရမိတယ္

မိသားစုတစ္စုမွာ အေဖ နဲ ့သားကလယ္ထြန္ေနၾကတယ္ သားျဖစ္သူကို ေျမြကိုက္လို ့ ေသသြားတဲ့အခါ အေဖလုပ္တဲ့သူက လူၾကံဳနဲ ့က်န္တဲ့မိသားစုကို မွာတယ္။
ဒီေန ့ ထမင္းလာပို႔ရင္ တစ္ေယာက္စာပဲ လာပို႔ပါ ျပီးေတာ့ က်န္တဲ့မိသားစုဝင္ေတြလည္း လိုက္လာခဲ့ဖို ့ မွာလိုက္တယ္…
အဲဒီအခါ အေမလုပ္သူက ေၾသာ္ ငါ့သားၾကီး ေသျပီထင္တယ္လို ့ေတြးျပီး ေနာက္ဆံုးအေနနဲ ့သြားဖို ့ေခြ်းမကိုပါေခၚျပီး လယ္ထဲလိုက္သြားခဲ့တယ္ လယ္ထဲေရာက္တဲ့အခါ သစ္ပင္တပင္ေအာက္ကသားရဲ့အေလာင္းေဘးမွာပဲ ေအးေအးလူလူ ထမင္းအတူစားၾကတယ္
သူတို႔ရဲ့ေသျခင္းတရားနဲ ့ပတ္သတ္လို႔ ပူေလာင္မႈ မရွိတာေၾကာင့္ သိၾကားမင္းက လူတစ္ေယာက္အသြင္ ဖန္ဆင္းျပီး လာေမးတယ္..
ပထမဦးဆံုး အေဖကိုေမးတယ္ေနာက္ အေမကိုေမးတယ္ ေနာက္ဆံုး မိန္းမျဖစ္သူကိုပါ ေမးတယ္သားတစ္ေယာက္ေသတာကို ဘာ့ေၾကာင့္ မပူပင္တာလည္း ေပါ့
အဲဒီအခါ မိသားစုဝင္ေတြရဲ့ အေျဖက အင္မတန္အတူယူဖို ့ေကာင္းတယ္…

မိတ္ေဆြ အခု ေသသြားသူဟာ ငါတို႔ရဲ့ ရင္ႏွစ္သည္းခ်ာ ခ်စ္ခင္ရတဲ့ သားတစ္ေယာက္ပါ ငါတို႔ေတြ သူ႔ကို မခ်စ္လို ့မဟုတ္ပါဘူးသူဟာ ဘယ္ဘဝကလာလို ့ ဘယ္ဘဝကို သြားမွာလည္း ငါတို႔မသိဘူး ငါတို႔ေခၚလို ့လာတဲ့သူလည္း မဟုတ္ဘူး
သူ႔အေၾကာင္းနဲ ့သူ႔ကံနဲ ့ငါတို ့မိသားစုထဲကို ေရာက္လာတယ္ အခု သူ႔ဘဝ သူ႔ကံနဲ ့ ငါတို႔ကႏွင္တာလည္း မဟုတ္ပဲ သူ႔ဖာသူ ထြက္သြားတာပါ
သတၱဝါတိုင္း သတၱဝါတိုင္းဟာ သူ ့ကံအေၾကာင္းတရားနဲ ့သူျဖစ္တည္ၾကတယ္ ပ်က္စီးၾကတယ္
အဲဒီအတြက္ငါတို႔က ပူေဆြးေသာကေရာက္ဖို႔ လိုလို႔လား ငိုဖို ့ လိုလို႔လားတဲ့
ၾကည့္ၾကစမ္းပါဗုဒၶတရားေတာ္ေတြအတိုင္း ႏွလံုးသြင္းေနထိုင္ၾကေတာ့ ပူစရာမလိုသလို ေသာကေရာက္စရာလည္း မလိုေတာ့ဘူးေပါ့
ဒီလို တရားဓမၼရဲ့ အႏွစ္သာရေတြကိုဗုဒၶဘာသာဝင္ေတြမွလြဲျပီး ဘယ္သူေတြကမ်ား ႏွလံုးသြင္းႏိုင္မလဲ
နည္းစနစ္က်က် ႏွလံုးသြင္းႏိုုင္မဲ့ဗုဒၶရဲ့ တရားဓမၼေတြ ရွိေနပါလ်က္နဲ ့ ေသျခင္းတရားနဲ႔ ပတ္သတ္လို ့ အံ့ၾသမိေနသူေတြ မယံုၾကည္ျဖစ္ေနသူေတြဟာ သံေဝဂဥာဏ္ကိုဘယ္လိုမ်ား ရႏိုင္ပါ့မလဲ

ကိုယ္ခ်စ္ခင္ရတဲ့သူ ခြဲသြားတာေတာင္ ဒီေလာက္ပူေဆြးေသာက ေရာက္ေနၾကရင္ကိုယ္က အားလံုးကို ခြဲသြားရေတာ့မဲ့ အခ်ိန္က်ရင္ ဘယ္ေလာက္ထိ ပူေလာင္ဆင္းရဲမလဲမ်က္လံုးေလးမွိတ္ျပီး ခဏေလာက္ႏွလံုးသြင္းၾကည့္စမ္းပါ

ကိုယ္ခ်စ္ခင္တဲ့သူေတြ ကိုယ့္ကို အျပီးအပိုင္ ခြဲသြားလို႔ပူတဲ့ ပူေလာင္မႈထက္ကိုယ္က ကိုယ္ခ်စ္တဲ့သူေတြကို အျပီးအပိုင္ခြဲသြားရမဲ့ အပူက အဆေပါင္းမ်ားစြာ ပိုျပီးပူေလာင္ေစပါတယ္
အခုေတာ့ ေသျခင္းတရား တစ္ခုၾကံဳတိုင္းေသသြားတဲ့သူထက္ က်န္ခဲ့တဲ့သူေတြကပိုျပီး သံေဝဂ ရစရာေကာင္းေနသလိုပါပဲ

Credit

===============

Unicode

မသေသူတွေဆီကရတဲ့ သံဝေဂ

မြန်မာနိုင်ငံမှာ အနုပညာရှင်တွေ နာမည်ကြီးတွေ သေဆုံးတဲ့အခါတိုင်း အုံးအုံးကြွက်ကြွက် ထလေ့ရှိတယ်

သေခြင်းတရားဆိုတာ ငယ်ငယ်ရွယ်ရွယ်နဲ ့ သေဆုံးလေ့မရှိဘူလို့ ဗုဒ္ဓမဟောခဲ့ပါဘူး

အချိန်မရွေး နေရာမရွေး ပုံစံမရွေး အရွယ်မရွေး သေဆုံးတတ်တယ်လို ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဟောကြားထားခဲ့ပါတယ်
လူတစ်ယောက် သေတဲ့အခါကျရင်မိသားစုဝင်တွေအပါအဝင် သိသမျှ ကြားသမျှ လူတွေက သံဝေဂ ရယူယုံမျှလွဲပြီး ဘာမှ မတတ်နိုင်ကြပါဘူး သေခြင်းတရားက အချိန်မရွေး ကျရောက်နိုင်တယ် ငါတို ့အလှည့်ကျရင် သေခြင်းတရားကို ဓမ္မနဲ ့ ရင်ဆိုင်နိုင်အောင် ကြိုတင်ပြင်ဆင်ထားမှ သင့်မယ်ဆိုပြီး တရားဓမ္မကို ပိုလုပ်ကြရမှာပါ ဒီထက် ဘာများ သံဝေဂ ယူစရာ ရှိပါသလဲ
အခုကျတော့ အသုဘပို့တဲ့သူတွေရဲ့ ပြောစကားတွေ မြင်နေ ကြားနေရတော့ များစွာ အ့ံသြမိတယ်
သင်္ဂြိုဟ်စက်ထဲကနေ ပြန်များထလာမလားဆိုပြီး မျှော်လင့်နေကြတယ်တဲ့
သေတယ်ဆိုတာ ဘယ်လိုမှ မယုံနိုင်ဘူးတဲ့ဟာ မဖြစ်နိုင်ဘူး မနက်ကမှ အကောင်းကြီးရှိသေးတယ်တဲ့
မယုံကြည်ခြင်း အ့ံသြခြင်း မျှော်လင့်ခြင်းတွေ အမြောက်အများနဲ ့သဘာဝတရားကို လွန်ဆန်တဲ့အတွေးတွေ ဖြစ်နေကြတာ သေတဲ့သူထက် ရှင်တဲ့သူတွေကိုကြည့်ပြီး သံဝေဂ ပိုရမိပါတယ်
ဗုဒ္ဓဘာသာလို ့အမည်ခံပြီး သေခြင်းတရားကို လက်မခံနိုင်ဖြစ်နေကြတာ တခုခု လွဲနေသလိုပါပဲ
ဘုရားရှင်လက်ထက်တော်အခါက သေခြင်းတရားနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတစ်ခုကို သတိရမိတယ်
မိသားစုတစ်စုမှာ အဖေ နဲ ့သားကလယ်ထွန်နေကြတယ် သားဖြစ်သူကို မြွေကိုက်လို ့ သေသွားတဲ့အခါ အဖေလုပ်တဲ့သူက လူကြုံနဲ ့ကျန်တဲ့မိသားစုကို မှာတယ်။
ဒီနေ ့ ထမင်းလာပို့ရင် တစ်ယောက်စာပဲ လာပို့ပါ ပြီးတော့ ကျန်တဲ့မိသားစုဝင်တွေလည်း လိုက်လာခဲ့ဖို ့ မှာလိုက်တယ်

အဲဒီအခါ အမေလုပ်သူက သြော် ငါ့သားကြီး သေပြီထင်တယ်လို ့တွေးပြီး နောက်ဆုံးအနေနဲ ့သွားဖို ့ချွေးမကိုပါခေါ်ပြီး လယ်ထဲလိုက်သွားခဲ့တယ် လယ်ထဲရောက်တဲ့အခါ သစ်ပင်တပင်အောက်ကသားရဲ့အလောင်းဘေးမှာပဲ အေးအေးလူလူ ထမင်းအတူစားကြတယ်

သူတို့ရဲ့သေခြင်းတရားနဲ ့ပတ်သတ်လို့ ပူလောင်မှု မရှိတာကြောင့် သိကြားမင်းက လူတစ်ယောက်အသွင် ဖန်ဆင်းပြီး လာမေးတယ်

ပထမဦးဆုံး အဖေကိုမေးတယ်နောက် အမေကိုမေးတယ် နောက်ဆုံး မိန်းမဖြစ်သူကိုပါ မေးတယ်သားတစ်ယောက်သေတာကို ဘာ့ကြောင့် မပူပင်တာလည်း ပေါ့

အဲဒီအခါ မိသားစုဝင်တွေရဲ့ အဖြေက အင်မတန်အတူယူဖို ့ကောင်းတယ်

မိတ်ဆွေ အခု သေသွားသူဟာ ငါတို့ရဲ့ ရင်နှစ်သည်းချာ ချစ်ခင်ရတဲ့ သားတစ်ယောက်ပါ ငါတို့တွေ သူ့ကို မချစ်လို ့မဟုတ်ပါဘူးသူဟာ ဘယ်ဘဝကလာလို ့ ဘယ်ဘဝကို

သွားမှာလည်း ငါတို့မသိဘူး ငါတို့ခေါ်လို ့လာတဲ့သူလည်း မဟုတ်ဘူး

သူ့အကြောင်းနဲ ့သူ့ကံနဲ ့ငါတို ့မိသားစုထဲကို ရောက်လာတယ် အခု သူ့ဘဝ သူ့ကံနဲ ့ ငါတို့ကနှင်တာလည်း မဟုတ်ပဲ သူ့ဖာသူ ထွက်သွားတာပါ

သတ္တဝါတိုင်း သတ္တဝါတိုင်းဟာ သူ ့ကံအကြောင်းတရားနဲ ့သူဖြစ်တည်ကြတယ် ပျက်စီးကြတယ်

အဲဒီအတွက်ငါတို့က ပူဆွေးသောကရောက်ဖို့ လိုလို့လား ငိုဖို ့ လိုလို့လားတဲ့

ကြည့်ကြစမ်းပါဗုဒ္ဓတရားတော်တွေအတိုင်း နှလုံးသွင်းနေထိုင်ကြတော့ ပူစရာမလိုသလို သောကရောက်စရာလည်း မလိုတော့ဘူးပေါ့

ဒီလို တရားဓမ္မရဲ့ အနှစ်သာရတွေကိုဗုဒ္ဓဘာသာဝင်တွေမှလွဲပြီး ဘယ်သူတွေကများ နှလုံးသွင်းနိုင်မလဲ

နည်းစနစ်ကျကျ နှလုံးသွင်းနိုုင်မဲ့ဗုဒ္ဓရဲ့ တရားဓမ္မတွေ ရှိနေပါလျက်နဲ ့ သေခြင်းတရားနဲ့ ပတ်သတ်လို ့ အံ့သြမိနေသူတွေ မယုံကြည်ဖြစ်နေသူတွေဟာ သံဝေဂဉာဏ်ကိုဘယ်လိုများ ရနိုင်ပါ့မလဲ

ကိုယ်ချစ်ခင်ရတဲ့သူ ခွဲသွားတာတောင် ဒီလောက်ပူဆွေးသောက ရောက်နေကြရင်ကိုယ်က အားလုံးကို ခွဲသွားရတော့မဲ့ အချိန်ကျရင် ဘယ်လောက်ထိ ပူလောင်ဆင်းရဲမလဲမျက်လုံးလေးမှိတ်ပြီး ခဏလောက်နှလုံးသွင်းကြည့်စမ်းပါ

ကိုယ်ချစ်ခင်တဲ့သူတွေ ကိုယ့်ကို အပြီးအပိုင် ခွဲသွားလို့ပူတဲ့ ပူလောင်မှုထက်ကိုယ်က ကိုယ်ချစ်တဲ့သူတွေကို အပြီးအပိုင်ခွဲသွားရမဲ့ အပူက အဆပေါင်းများစွာ ပိုပြီးပူလောင်စေပါတယ်

အခုတော့ သေခြင်းတရား တစ်ခုကြုံတိုင်းသေသွားတဲ့သူထက် ကျန်ခဲ့တဲ့သူတွေကပိုပြီး သံဝေဂ ရစရာကောင်းနေသလိုပါပဲ

Credit

No comments:

Post a Comment