Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 13, 2019

လေဆိပ်မှတာဝန်ရှိလူကြီးမင်းများသိစေရန်


၂၉. ၁၂.၂၀၁၆ ရက်နေ့ ည ၁၀နာရီ၄၅မိနစ်အချိန်တွင်ကျွန်မဧ။်အမျိုးသားစကာင်္ပူမှလာ၍ကျွန်မတို့အိမ်မှကျွန်မတို့အပိုင် taxiဖြင့်လာကြိုခဲ့ပါတယ်။
MNAလေကြောင်းလိုင်းကို terminal 1 ထင်လို့ 1ကိုအရင်သွားပါတယ်။taxi ကားတွေတန်းဆီရပ်ထားတဲ့ဆီမှာပဲကားရပ်ပါတယ်။အဆင်ပြေပါတယ်။MNA ကterminal 2 ကိုပြောင်းသွားပြီဆိုလို့ 2 က arrival ကိုသွားပါတယ်။taxi တွေရပ်ထားတဲ့နေရာမှာပဲရပ်ပါတယ်။
ကျွန်မတို့မှကားပေါ်ကလူဆင်းလို့မပြီးသေးဘူးဒီမှာရပ်လို့မရဘူးအောက်မှာပဲရပ်ရမယ်ဆိုပြီးလာပြောတော့အဖေကကားကိုအောက်ကကားကွင်းကိုမောင်းသွားပါတယ်။အဲ့အချိန်မှာအခြား taxi ကား၅ စီးလောက်လဲရပ်ထားရဲ့သားနဲ့ကျွန်မတို့ကားကြမှအောက်မှာသွားရပ်ခိုင်းတော့ကျွန်မကအဝင်အဝမှာထိုင်နေတဲ့တာဝန်ကျရဲဝန်ထမ်းတယောက်ကိုမေးကြည့်ပါတယ်။
အခြား taxiတွေအနီချင်းအတူတူသူတို့ကရပ်လို့ရပြီးအမတို့ကားကဘာလို့ရပ်လို့မရတာလဲလို့မေးကြည့်ပါတယ်။ကျွန်မအေးအေးဆေးဆေးကောင်းကောင်းမွန်မွန်ပဲမေးပါတယ်။တာဝန်ကျရဲဝန်ထမ်းမောင်လေးကလဲကောင်းကောင်းမွန်မွန်ပဲပြန်ဖြေပါတယ်။

အဲ့အချိန်မှာခုနကကားမရပ်ရဘူးပြောတဲ့သူကရောက်လာပြီးငါးစိမ်းသည်လိုရန်တွေ့ပြီးမသိရင်လူကိုဘဲတစ်ခုခုလုပ်တော့မလိုပုံမျိုးနဲ့ကျွန်မကိုရန်တွေ့ပါတယ်။ကျွန်မစကားပြောနေတာသူနဲ့လဲမဟုတ်။ကျွန်မမေးတယ်ဆိုတာကလဲအခြားကားတွေရပ်လို့ရရက်နဲ့အမတို့ကားကဘာလို့ရပ်လို့မရတာလဲလို့ပဲမေးတာပါ။သူတို့ကိုရန်လိုတဲ့စကားရန်လုပ်တဲ့စကားတစ်ခွန်းမမပါပါဘူးအဲ့ဒါကိုအနာပေါ်တုတ်ကျပြီးကျွန်မကိုအော်ဟစ်ပြီးတစ်ခုခုလပ်တော့မလိုပြောနေလို့သူ့တို့ဘက်ကလူတစ်ချို့ကလာတောင်းပန်ပါတယ်နောရ်အဲ့ဒီကကျွန်မမေးတဲ့တာဝန်ကျရဲကလဲတောင်းပန်ပါတယ်
ကျွန်မလဲကြိုရမဲ့အချိန်အရမ်းနီးနေလို့အထဲဝင်ပြီးသွားကြိုပါတယ်။ကြာချိန်အလွန်ဆုံးရှိ ၁၀မိနစ်ပါပဲ။ပြန်ထွက်လာတော့ကျွန်မကကျွန်မကိုခုနကအော်တဲ့တစ်ယောက်နာမည်မေးပါတယ်။တစ်ယောက်ပြီးတစ်ယောက်တော့ထွက်လာပြီးတောင်းပန်ပါတယ်နာမည်မပြောပါဘူး။သူတို့ပေးတဲ့အဖြေကတော့အဲ့ကားတွေကအရင်ထဲကဒီမှာဂိတ်ထိုးတဲ့ကားတွေတဲ့။အဲ့တော့သူတို့ကအခွင့်ထူးခံပေါ့နော်။
ကျွန်မကအခွင့်အရေးပိုလိုချင်လို့ပြောနေတာမဟုတ်ပါဘူး။တန်းတူအခွင့်အရေးကိုပြောတာပါ။taxiကအတင်အချပဲရမယ်မရပ်ရဘူးဆိုအားလုံးကိုဥပဒေတည်ပါစေ။ဟိုလူ့တမျိုးဒီလူ့တစ်မျိုးမဆက်ဆံကြပါနဲ့။ကျွန်မတို့ကလူလာကြိုတာပါ။တနေကုန်ရပ်ပြီးလူစောင့်နေမှာလဲမဟုတ်ပါဘူး။လုပ်စားနေတဲ့ကားတွေကြတော့ရပ်လို့ရပြီးတကယ်ဧည့်သည်လာကြိုတဲ့ကားကြပေးမရပ်ပါဘူး။သူတို့ကလေဆိပ်ကားလုံးဝမဟုတ်ဘူးဆိုဓာတ်ပုံတွေတင်ပေးလိုက်ပါတယ်။မျှတမှုကိုလိုလားမှုသက်သက်ပါ။တာဝန်ကျရဲဝန်ထမ်းမောင်လေးကိုလဲကျေးဇူးတင်ပါတယ်။များများshareပေးကြပါရှင်။တရားမျှတမှုရှိပါစေ
Nan Dar' fb

No comments:

Post a Comment