Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, January 21, 2019

ဆိုင္ကယ္၀ယ္ဖို့ေမြးကင္းစသားငယ္ကိုေရာင္းစားခဲ့တဲ့အေဖ

ဖခင္ဆိုတာ သူခြန္အားရွိသမွ်နဲ့ ရုန္းကန္ျပီးသားသမီးေတြလူလံုးလွဖို့အတြက္ရွာေဖြေကြ်းေမြးျပီး ေရွ့ကေနကာကြယ္ထားတဲ့ ခံတပ္ၾကီးတစ္ခုလိုပါပဲ။ သို့ေပမယ့္ အခ်ိဳ့ဖခင္ေတြကေတာ့ ဒီလုိမဟုတ္ပါဘူး။သူတုိ့ရဲ့အတၱကလြဲျပီး ဘာဆိုဘာမွ မစဥ္းစားတဲ့ဖခင္ဆိုးေတြလည္း အေျမာက္အမ်ားရွိပါတယ္။ ဖိလစ္ပိုင္က ဖခင္တစ္ဦးရဲ့လုပ္ေဆာင္ခ်က္ကေတာ့ အင္မတန္မွ ဆိုး၀ါးလွပါတယ္။
ဖိလစ္ပုိင္ႏုိင္ငံက Ilocos Norte ေဒသမွာ ေနထုိင္သူဖရန္စစ္ပလာစီယိုဆိုသူက သူရဲ႕ ေမြးခါစ သားငယ္ကို ပီဆို ငါးေထာင္(အေမရိကန္ေဒၚလာ ၉၅ ေဒၚလာခန့္) နဲ့ေရာင္းခ်ခဲ့ပါတယ္။
သူ၀ယ္ခ်င္တဲ့ေမာ္ေတာ္ဆုိင္ကယ္အတြက္ေငြေပးေခ်ဖို့ဒီကေလးငယ္ကို  ေရာင္းစားခဲ့တာပါ။
ပလာစီယိုက အတူေနခ်စ္သူ လာနာလင္းနဲ့အတူ ဟိုတယ္မွာ အတူေနစဥ္ ကတ္သရင္းဂေရစီယာဆိုတဲ့အမ်ိဳးသမီးေရာက္လာကာ ကေလးကို မိခင္ထံမွ ယူသြားခဲ့ျပီး မသြားခင္မွာ ပီဆို ငါးေထာင္ေပးခဲ့တယ္လို့ဆိုပါတယ္။
ကေလးအေမက သူ့သားကို ျပန္ယူဖို့ၾကိဳးစားေပမယ့္ ပလာစီယိုက ၾကားက တားဆီးျပီး  ကေလးကိုလိုက္ဆြဲေနတာမရပ္ရင္ သတ္ပစ္မယ္လို့ျခိမ္းေျခာက္ခဲ့ပါတယ္။
ဖမ္းဆီးခံရျပီးတဲ့ေနာက္မွာ ပလာစီယိုက  ဒါဟာနားလည္မွဳလြဲတာပဲျဖစ္ေၾကာင္း၊ကေလးကို ေရာင္းလိုက္တာမဟုတ္ေၾကာင္း၊ ကတ္သရင္းဂေရစီယာက သူ့ကိုေပးတဲ့ပိုက္ဆံဟာ ကေလးအတြက္ေပးတာမဟုတ္ဘူးလု့ိျငင္းခ်က္ထုတ္ခဲ့ပါတယ္။
ကေလးေရာင္းစားတဲ့အေဖကို အာမခံေပးလို့မရႏုိင္တဲ့ ကေလးငယ္ကူးသန္းေရာင္း၀ယ္မွဳနဲ့ေထာင္မွာ ဖမ္းဆီးထားျပီး မိခင္ကိုေတာ့ အျပစ္မရွိေၾကာင္းသက္ေသျပႏုိင္တဲ့အတြက္ အမွဳကေနကင္းလြတ္ခြင့္ေပးခဲ့ပါတယ္။
သတင္းစံုေပ်ာ္၀င္အိုးၾကီး
..........
ဆိုင်ကယ်ဝယ်ဖို့မွေးကင်းစသားငယ်ကိုရောင်းစားခဲ့တဲ့အဖေဖခင်ဆိုတာ သူခွန်အားရှိသမျှနဲ့ ရုန်းကန်ပြီးသားသမီးတွေလူလုံးလှဖို့အတွက်ရှာဖွေကျွေးမွေးပြီး ရှေ့ကနေကာကွယ်ထားတဲ့ ခံတပ်ကြီးတစ်ခုလိုပါပဲ။ သို့ပေမယ့် အချို့ဖခင်တွေကတော့ ဒီလိုမဟုတ်ပါဘူး။သူတို့ရဲ့အတ္တကလွဲပြီး ဘာဆိုဘာမှ မစဉ်းစားတဲ့ဖခင်ဆိုးတွေလည်း အမြောက်အများရှိပါတယ်။ ဖိလစ်ပိုင်က ဖခင်တစ်ဦးရဲ့လုပ်ဆောင်ချက်ကတော့ အင်မတန်မှ ဆိုးဝါးလှပါတယ်။

ဖိလစ်ပိုင်နိုင်ငံက Ilocos Norte ဒေသမှာ နေထိုင်သူဖရန်စစ်ပလာစီယိုဆိုသူက သူရဲ့ မွေးခါစ သားငယ်ကို ပီဆို ငါးထောင်(အမေရိကန်ဒေါ်လာ ၉၅ ဒေါ်လာခန့်) နဲ့ရောင်းချခဲ့ပါတယ်။

သူဝယ်ချင်တဲ့မော်တော်ဆိုင်ကယ်အတွက်ငွေပေးချေဖို့ဒီကလေးငယ်ကို  ရောင်းစားခဲ့တာပါ။

ပလာစီယိုက အတူနေချစ်သူ လာနာလင်းနဲ့အတူ ဟိုတယ်မှာ အတူနေစဉ် ကတ်သရင်းဂရေစီယာဆိုတဲ့အမျိုးသမီးရောက်လာကာ ကလေးကို မိခင်ထံမှ ယူသွားခဲ့ပြီး မသွားခင်မှာ ပီဆို ငါးထောင်ပေးခဲ့တယ်လို့ဆိုပါတယ်။

ကလေးအမေက သူ့သားကို ပြန်ယူဖို့ကြိုးစားပေမယ့် ပလာစီယိုက ကြားက တားဆီးပြီး  ကလေးကိုလိုက်ဆွဲနေတာမရပ်ရင် သတ်ပစ်မယ်လို့ခြိမ်းခြောက်ခဲ့ပါတယ်။

ဖမ်းဆီးခံရပြီးတဲ့နောက်မှာ ပလာစီယိုက  ဒါဟာနားလည်မှုလွဲတာပဲဖြစ်ကြောင်း၊ကလေးကို ရောင်းလိုက်တာမဟုတ်ကြောင်း၊ ကတ်သရင်းဂရေစီယာက သူ့ကိုပေးတဲ့ပိုက်ဆံဟာ ကလေးအတွက်ပေးတာမဟုတ်ဘူးလို့ငြင်းချက်ထုတ်ခဲ့ပါတယ်။

ကလေးရောင်းစားတဲ့အဖေကို အာမခံပေးလို့မရနိုင်တဲ့ ကလေးငယ်ကူးသန်းရောင်းဝယ်မှုနဲ့ထောင်မှာ ဖမ်းဆီးထားပြီး မိခင်ကိုတော့ အပြစ်မရှိကြောင်းသက်သေပြနိုင်တဲ့အတွက် အမှုကနေကင်းလွတ်ခွင့်ပေးခဲ့ပါတယ်။

သတင်းစုံပျော်ဝင်အိုးကြီး







No comments:

Post a Comment