Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 21, 2019











.........
အရှည်ပေ(၅၇၀၀)၊ အကျယ်(၂၄)ပေ နိုင်လွန်ကတ္တရာလမ်းကို ဖောက်လုပ်လှူဒါန်းပြီး ခင်ပွန်းနဲ့ မောင်ဖြစ်သူကို သာသနာဘောင် သွတ်သွင်းပေးခဲ့တဲ့ နန္ဒလှိုင်

မင်းသမီး နန္ဒာလှိုင်ဟာခင်ပွန်းဖြစ်သူ နဲ့ အတူ ဇေကမ္ဘာလုပ်ငန်းစုကို ဦးဆောင်လုပ်ကိုင်နေပြီး
Missha Brand ရဲ့ မြန်မာနိုင်ငံရဲ့ တစ်ဦးတည်းသော ကိုယ်စားလှယ်လည်းဖြစ်ပါတယ်။ ဒီလုပ်ငန်းကနေရက်ပိုင်းအတွင်း သိန်းထောင်ချီအောင် ရောင်းအားထိုးတက်ခဲ့လို့စီးပွားရေးမှာအောင်မြင်သလို အလှူအတန်းလည်းရက်ရောသူတစ်ဦးဖြစ်ပါတယ်။
ယခုလည်း ခင်ပွန်းဖြစ်သူနဲ့ အတူ  ဇေကမ္ဘာလုပ်ငန်းစုကြီးရဲ့ မိသားစုအလှူကြီးကို ကြီးကျယ်ခမ်းနားစွာလှူဒါန်းခဲ့ပါတယ်။
 ဝင်းစိန်ဆရာတော်ဘုရားကြီး သက်တော်(၉၀)နှစ်မြောက် မွေးနေ့ပူဇော်ပွဲ၊ ဝင်းစိန်ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်အား သင်္ကန်းတော်လဲလှယ်ပူဇော်ပွဲ၊အတောင်(၄၀၀)ပြည့် လျောင်းတော်မူဘုရားကြီး ဗုဒ္ဓပူဇနိယဘုရားပွဲကြီး နှင့် ဘုရားအဝင်လမ်းအရှည်ပေ(၅၇၀၀)၊အကျယ်(၂၄)ပေ နိုင်လွန်ကတ္တရာလမ်းသစ်ဖွင့်ပွဲမှာ ခင်ပွန်းဖြစ်သူ နဲ့ မောင်ဖြစ်သူ ကို သာသနာ့ဘောင်သွတ်သွင်းပေးခဲ့ပါတယ်။



No comments:

Post a Comment