Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, January 21, 2019

ဓမၼံသရဏံ ဂစာၦမိ ဆိုတာ


ျမတ္စြာဘုရားက ဓမၼကုိေဟာတယ္ဆုိတာ ဒီ ဓမၼဆုိတဲ့သဘာ၀တရားေတြဟာ ျမတ္စြာဘုရားပြင့္လာမွ ရွိလာတာမဟုတ္ဘူး။ ေရွးတုန္းကတည္းက ဒီသဘာ၀တရားေတြဟာ ရွိေနတယ္။ အျမဲတမ္းရွိေနတဲ့ မွန္ကန္တဲ့သဘာ၀တရားေတြ။ ထိုသဘာ၀တရားေတြဟာ ထူးျခားတဲ့အသိဥာဏ္ရွိတဲ့ ဗုဒၶ ဆုိတဲ့ ပုဂၢိဳလ္ေပၚလာမွ ဗုဒၶက ထုတ္ေဖာ္ရွင္းျပခဲ့တာ။

ဗုဒၶ ဆုိတဲ့ ပုဂၢိဳလ္မေပၚခဲ့ရင္ ဓမၼ ဆုိတဲ့ သဘာ၀တရားေတြကုိ ျပည့္ျပည့္စံုစံုရွင္းျပႏုိင္တဲ့သူရွိမွာမဟုတ္ဘူးတဲ့။ ဗုဒၶကသာလွ်င္ ဓမၼကုိျပည့္ျပည့္၀၀ ရွင္းျပႏုိင္တာ။ သုိ ့ေသာ္ ဓမၼ ဆုိတာ ေလာကၾကီးမွာ အျမဲရွိေနတဲ့ The Law of Nature ။ ျမတ္စြာဘုရားက ဓမၼ ကုိတီထြင္ခဲ့တာမဟုတ္ဘူး။ ျမတ္စြာဘုရားက ဓမၼကုိေတြ ့ရွိတာသာ ျဖစ္တယ္။ ဖန္တီးသူ မဟုတ္ဘူး။ တစ္နည္းအားျဖင့္ ေတြ ့တယ္ဆုိတာ သိရွိသူ။ အဲဒါေၾကာင့္မုိ ့ဗုဒၶ ဆုိတဲ့ အဓိပၸာယ္ကုိက အမွန္တရားကုိေတြ ့ရွိသူလုိ ့အဓိပၸာယ္ရတယ္။ သာမန္သိတဲ့လူကုိ ဗုဒၶလုိ ့မေခၚႏုိင္ဘူး။ အမွန္တရားကုိ အားလံုးျပည့္ျပည့္စုံစုံ ျခြင္းခ်က္မရွိသိတဲ့လူကုိသာ ဗုဒၶ လုိ ့ေခၚတာ။

ဒါေၾကာင့္မုိ ့လုိ ့သရဏံဂံုသံုးပါးမွာ ဒီ ဓမၼကုိထုတ္ေဖာ္ေဟာေျပာႏုိင္တဲ့ ၊ ဓမၼကုိေတြ ့ရွိတဲ့ ပုဂၢိဳလ္မုိ ့လုိ ့ ဗုဒၶံသရဏံ ဂစာၱမိ လုိ ့ဆုိၾကတယ္။ ျပီးေတာ့ အဲဒီ ပုဂၢိဳလ္အရွင္သူျမတ္ေတြ ့ရွိခဲ့တဲ့ တရားကုိ ဓမၼံသရဏံ ဂစာၱမိ လုိ ့ဒီလုိဆုိတယ္။ အဲဒီ ျမတ္စြာဘုရားေတြ ့ရွိတဲ့ ဓမၼေတြကုိလက္ေတြ ့ က်င့္သံုးလုိ ့ေပါက္ေျမာက္သြားတဲ့အဖြဲ ့အစည္းတစ္ရပ္ကုိ သံဃံ သရဏံ ဂစာၦမိ လုိ ့ဒီလုိဆုိၾကတယ္။ ဒါကုိပဲ ရတနာသံုးပါးလုိ ့ဒီလုိေျပာဆုိၾကတယ္။ သရဏံဂံုသံုးပါးလုိ ့လည္းေျပာၾကတယ္။

အဲေတာ့ ဒီ သဘာ၀တရား ဓမၼ ဆုိတာေတြဟာ မေဖာ္ထုတ္ရင္ မသိဘူး။ ေဖာ္ထုတ္တဲ့သူရွိမွ သိမွာ။ အဲလုိ ေဖာ္ထုတ္တာကလည္း ရုိးရုိးတန္းတန္းသာမန္လူမရဘူးတဲ့။ ေလးသေခ်ၤနဲ ့ကမာၻတစ္သိန္းပါရမီျဖည့္လာတဲ့ ဗုဒၶျမတ္စြာလုိ လူပဲရမွာ။ အဲဒီလုိ ေဖာ္ထုတ္လုိက္တဲ့ တရားေတြဟာလည္း ရတနာေတြ။ ရတနာေတြဆုိတာ လူတုိင္းသံုးႏုိင္ပါ့မလား ? မသံုးႏုိင္ပါဘူး ဘုရား။ ရတနာ ဆုိတာ အတုလံ ဒုလႅပတ္ ဒသနံ ။ ေတြ ့ဖုိ ့ခဲယဥ္းတာ ရတနာ။ ဓမၼ ဆုိတာလည္း ရတနာပဲ။

ဒီပကၤရာ ျမတ္စြာဘုရားပြင့္ျပီးေနာက္ မေရမတြက္ႏုိင္တဲ ့အသေခ်ၤေပါင္းမ်ားစြာ ကမာၻေတြလြန္ျပီးေနာက္ မဂၤလ ဘုရားပြင့္တယ္။ အဲဒီ ဘုရားႏွစ္ဆူၾကားထဲက ကာလမွာ ဓမၼ ဆုိတာ ေပ်ာက္ကြယ္သြားတယ္။ ဓမၼံသရဏံ ဂစာၱမိ ဆုိတာ မရွိေတာ့ဘူးတဲ့။

ဒီပကၤရာျမတ္စြာဘုရားလက္ထက္မွာ ေဂါတမျမတ္စြာဘုရားအေလာင္းေတာ္ သုေမဓာရေသ့ က ဘုရားဆုပန္တယ္။ အဲဒီေနာက္ ေလးအသေခ်ၤနဲ ့ကမာၻတစ္သိန္းၾကာျပီးမွ ဘုရားပြင့္တယ္။ အဲဒီၾကားထဲမွာ ေရတြက္လုိ ့မရတဲ ့အသေခ်ၤေပါင္း ၄ ခါၾကံဳလုိ ့ေလးအသေခ်ၤလုိ ့ေခၚတာ။ ေနာက္ ေရတြက္လုိ ့ရတဲ့ကမာၻက တစ္သိန္း။ ဒီပကၤရာျမတ္စြာဘုရားနဲ ့ ေကာ႑ညျမတ္စြာဘုရားၾကားမွာ တစ္သေခ်ၤ။ ေကာ႑ညျမတ္စြာဘုရားနဲ ့မဂၤလ ျမတ္စြာဘုရားၾကားမွာ တစ္သေခ်ၤ။ ေသာဘိတျမတ္စြာဘုရားနဲ ့ နာရဒျမတ္စြာဘုရားၾကားမွာ တစ္သေခ်ၤ ၊ အေနာမဒႆီျမတ္စြာဘုရားနဲ ့ပဒုမုတၱရျမတ္စြာဘုရားၾကားမွ တစ္သေခ်ၤ တဲ့။ အဲဒီေတာ့ ဓမၼ ဆုိတာ ဘယ္ေလာက္တန္ဖုိးရွိသလဲ စဥ္းစားၾကည့္။ ေတြ ့ဖုိ ့လြယ္လား။ မလြယ္ဘူးေနာ္။ ခဲယဥ္းတယ္။

အဲဒီေတာ့ ေဂါတမျမတ္စြာဘုရားမတုိင္မွီ ကႆပ ျမတ္စြာဘုရားရွင္အထိ အားလံုးေပါင္း ၂၄ ဆူေသာျမတ္စြာဘုရားရွင္တုိ ့ပြင့္ေတာ္မူခဲ့ၾကတယ္။ ေပါတမျမတ္စြာဘုရားကုိထည့္လုိက္တဲ့အခါ ၂၅ ဆူ။ ဒီပကၤရာျမတ္စြာဘုရားနဲ ့တူတူပြင့္တာက ၃ ဆူ။ အားလံုးေပါင္း ၂၈ ဆူ။ ႏွစ္က်ိပ္ရွစ္ဆူ ဆုိတာ အဲဒါပဲေနာ္။ ေဂါတမ ဘုရားအေလာင္းဗ်ာဒိတ္ခံခဲ့တာက ၂၄ ဆူ။ ၂၄ ပါးပဲ ဗုဒၶ ဆုိတာကုိေတြ ့ခဲ့ရတယ္။ အဲဒီ ၂၄ ပါးသည္သာလွ်င္ ဓမၼကုိ ထုတ္ေဖာ္ေဟာၾကားႏုိင္ခဲ့တယ္။ က်န္တဲ့ပုဂၢိဳလ္ေတြ ဓမၼကုိ ထုတ္ေဖာ္ေဟာၾကားႏုိင္ျခင္းမရွိဘူးတဲ့။

ျမတ္စြာဘုရားကုိ ကုိးကြယ္တာဟာ စီးပြားတက္ခ်င္လုိ ့ကုိးကြယ္တာရွိတယ္။ ေၾကာက္လုိ ့ကုိးကြယ္တာရွိတယ္။ တစ္စံုတစ္ခုေၾကာင့္အကာအကြယ္လုပ္ခ်င္လုိ ့ကုိးကြယ္တာရွိတယ္။ မ်ိဳးစံုေပါ့ေလ။ ဘယ္လုိကုိးကြယ္ရမလဲ မွန္ကန္တဲ့စိတ္ထား ဘယ္လုိထားရမလဲဆုိေတာ့ ဘုရားဆုိသည္မွာ မိမိရဲ ့သႏၱာန္က်ေရာက္လာမဲ့ မေကာင္းက်ိဳးေတြကုိျဖစ္ေပၚေစတတ္တဲ့ အေၾကာင္းတရားေတြကုိဖယ္ရွားျပီး ေကာင္းက်ိဳးခ်မ္းသာကုိညြန္ျပေပးတဲ့အတြက္ ကုိးကြယ္တယ္။ ဒီလုိနည္းနဲ ့ကုိးကြယ္ရမယ္ေနာ္။
ဘ၀တု သဗၺမဂၤလံ၊ရကၡႏၲဳ သဗၺေဒ၀တာ။သဗၺ ဗုဒၶါ ႏုဘာေ၀န၊သဒါ သုခီ ဘ၀ႏၲဳ ေတ။

အဲဒီဂါထာေလး အဓိပၸာယ္ကုိ ဘုန္းၾကီးရွင္းျပမယ္။ သဗၺ ဗုဒၶါ ႏုဘာေ၀န အလံုးစံုေသာဘုရားရွင္တုိ ့ရဲ ့တန္ခုိးေတေဇာ အာႏုေဘာ္တုိ ့ေၾကာင့္ ၊ သဒါ အခါခပ္သိမ္း ၊ သုခီ ခ်မ္းသာ ၊ ေဟာတု ျဖစ္ပါေစ။ ဒီလုိ တစ္ခ်ိဳ ့က အဓိပၸာယ္ျပန္ၾကတယ္။ အဲဒီလုိ အဓိပၸာယ္ျပန္ေတာ့ ဘယ္လုိျဖစ္သြားလဲဆုိရင္ ျမတ္စြာဘုရားရဲ ့တန္ခုိးအစြမ္းေၾကာင့္ခ်မ္းသာပါေစလုိ ့ဆုိေတာ့ ဘုရားက သူ ့ရဲ ့တန္ခုိးအာဏာ ပါ၀ါေတြကုိ အသံုးျပဳျပီး သတၱ၀ါေတြကုိ ကယ္တင္တယ္ဆုိတဲ့ အဓိပၸာယ္မေရာက္ဘူးလား။

အဲဒီအဓိပၸာယ္ျပန္ဆုိခ်က္မမွန္ဘူး။ ဘယ္လုိျပန္ဆုိရမလဲဆုိေတာ့ သဗၺ ဗုဒၶါ ႏုဘာေ၀န၊ အလံုးစံုေသာျမတ္စြာဘုရားရွင္တုိ ့ရဲ ့ဂုဏ္ကုိအာရံုျပဳကာ ကုိးကြယ္ပူေဇာ္ရတဲ့အစြမ္း အာႏုေဘာ္ေၾကာင့္ ၊ သဒါ သုခီ ဘ၀ႏၲဳ ေတ အစဥ္ ထာ၀ရခ်မ္းသာသုခရပါေစ။ အဲလုိျပန္ဆုိမွ မွန္ကန္တယ္။ အဲလုိဆုိလုိက္ေတာ့ ဘုရားကုိ အာရံုျပဳျပီးျဖစ္ေပၚလာတဲ့ ကုသုိလ္ကုိေျပာတာ။ ဓမၼ ကုိေျပာတာ။ ကုသုိလ္ ဆုိတာ ဓမၼပဲ။ ဓမၼံသရဏံ ဂစာၦမိ ဆုိတဲ့ေနရာမွာ ဓမၼ ကုိကုိးကြယ္က်င့္သံုးမွ ဓမၼံသရဏံ ဂစာၦမိ လုိ ့မွတ္ရမယ္။

ဓမၼ ကုိက်င့္သံုးလုိ ့ကုိယ္ခ်မ္းသာ စိတ္ခ်မ္းသာ ျဖစ္ေနတဲ့လူေတြလည္းအမ်ားၾကီး။ ဒါေပမယ့္ အုိျခင္း နာျခင္း ေသျခင္း ဆုိတဲ့တရားေတြကေန မေက်ာ္လြန္ႏုိင္ေသးဘူး။ ဓမၼ ရဲ ့စြမ္းေဆာင္ခ်က္က ေနာက္ဆံုး ဒီ အုိျခင္း နာျခင္း ေသျခင္း ဆုိတဲ့အရာေတြကုိ ေက်ာ္လြားႏုိင္မွ ဓမၼ ဟာျပည့္စံုတယ္ လုိ ့ေျပာရမယ္။

ေမတၱာတရားကုိ မိမိရဲ ့ႏွလံုးသားထဲမွာ တည္ေဆာက္တာ လုိက္နာက်င့္သံုးသာသည္လည္း ဓမၼံသရဏံ ဂစာၦမိ ပဲ။ အဲလုိမဟုတ္ပဲ ပါးစပ္ကေတာ့ဓမၼံသရဏံ ဂစာၦမိ ၊ ဒါေပမယ့္ အမုန္းတရားေတြကုိလက္ခံက်င့္သံုးေနတာဆုိလွ်င္ ဓမၼံသရဏံ ဂစာၱမိ မျဖစ္ႏုိင္ဘူး။ ထုိ ့အတူပဲ အေမာဟ တဲ့ ၊ အသိပညာေတြရွိဖုိ ့လုိတယ္။ အသိပညာဆုိတာ လုပ္သင့္တာ နဲ ့မလုပ္သင့္တာ ခြဲျခားသိရမယ္။ အနည္းဆံုး ေအာက္ထစ္ဆံုး မလုပ္သင့္တာကုိ ေရွာင္ဖုိ ့၊ လုပ္သင့္တာကုိလုပ္ဖုိ ့ခြဲျခားသိရမယ္။ အဲဒီေတာ့ မိမိသႏၱာန္မွာ ေလာဘ ကုိဖယ္ရွားျပီး အေလာဘ ကုိတည္ေဆာက္တယ္။ ေဒါသကုိဖယ္ရွားျပီး အေဒါသ ကုိတည္ေဆာက္တယ္။ ေမာဟ ကုိဖယ္ရွားျပီး အေမာဟဆုိတဲ ့ပညာတရားကုိတည္ေဆာက္တယ္။ အဲဒါဆုိရင္ ဓမၼံသရဏံ ဂစာၦမိ ပဲ။ အဲဒီလုိမွ မလုပ္ဘူးဆုိရင္ ပါးစပ္ကဆုိတဲ့ ဓမၼံသရဏံ ဂစာၦမိ သည္ အက်ိဳးတရားေတြကုိ ထြက္ေပၚလာေစမွာမဟုတ္ဘူး။ အဲဒါေၾကာင့္မုိ ့တရားေတြကုိလက္ခံက်င့္သံုးရတယ္။

ေအး……ဓမၼံသရဏံ ဂစာၱမိ ဆုိတာ ဒီ့ထက္အဆင့္ျမင့္ေသးတယ္။ ဘ၀ကႏၱာရ ကေနထုတ္ေဆာင္ေပးတယ္တဲ့။ ဘ၀ကႏၱာရ ဆုိတာ ဘာလဲဆုိေတာ့ ဘုန္းၾကီးတုိ ့သိထားတဲ့ဘ၀ၾကီးဟာ ေက်နပ္စရာေကာင္းတဲ့ဘ၀လား ျပန္စဥ္းစားၾကည့္။ လူမႈေရး စီးပြားေရးအခက္အခဲေတြက ထားပါေတာ့ လူတုိင္း ၾကံဳခ်င္မွ ၾကံဳၾကမွာ။ ဒါေပမယ့္ အုိျခား နာျခင္း ေသျခင္း ဆုိတာေတြကေတာ့ လူတုိင္းၾကံဳမွာ။

အာဏာရွင္လည္း တစ္ေန ့အုိမွာပဲ။ အာဏာမရွိတဲ့လူလည္း တစ္ေန ့အုိမွာပဲ။ လူ၀တ္ေၾကာင္လည္း အုိမွာပဲ။ ဘုန္းၾကီးေတြလည္း အုိမွာပဲ။ အဲဒီေတာ့ အုိျခင္း နာျခင္း ေသျခင္း ဆုိတာလည္း ကႏၱာရေတြပဲ။ အဲဒီ ကႏၱာရေတြကုိ ေက်ာ္လြားႏုိင္တဲ့လူရွိလား။ မရွိႏုိင္ဘူး။ အဲဒါကုိ ဘ၀ကႏၱာရလုိ ့ေခၚတယ္။ အဲဒီ ကႏၱာရေတြထဲက ကယ္ထုတ္ႏုိင္တာကေတာ့ ဓမၼပဲတဲ့။ သဘာ၀တရားေတြကုိသိေအာင္ ၊ သတၱ၀ါဆုိတဲ့ အေတြးကုိ ေပ်ာက္သြားေအာင္ သဘာ၀တရားေတြခ်ည္းသိရွိလာတာကုိ နာမရူပ ပရိေစၦဒညဏ္ လုိ ့ေခၚတယ္။

ဒီသဘာ၀တရားေတြဟာ ဆုိင္ရာဆုိင္ရာ အေၾကာင္းေတြေၾကာင့္ျဖစ္လာတယ္ဆိုတာကုိသိရင္ ပစၥယပရိဂၢဟဥာဏ္ လုိ ့ေခၚတယ္။ အဲဒီကေန တစ္ဆင့္ သဘာ၀အတြက္ တရားေတြကုိ စဥ္းစားၾကည့္လုိက္တဲ့အခါ သဘာ၀တရားေတြဟာ ျဖစ္ျပီးေတာ့ ပ်က္ေနတာပဲလုိ ့အျမင္ေတြျမင္လာျပီး ဒီသဘာ၀တရားေတြဟာ ျငီးေငြ ့စရာပဲ ၊ ေၾကာက္စရာပဲ ၊ လန္ ့စရာပဲ ၊ ဒီသဘာ၀တရားေတြကလြတ္ေအာင္ၾကိဳးစားမွပဲ ဆုိတဲ့ အသိဥာဏ္ေလး၀င္လာလုိ ့ရွိရင္ ဒါ ၀ိပသာနာဥာဏ္ လုိ ့ေခၚတယ္။

ေလာဘ ရယ္ ေဒါသ ရယ္ ေမာဟ ရယ္ ဒီအကုသုိလ္ေတြကလြတ္သြားတာကုိ ၀ိမုတၱ လုိ ့ေခၚတယ္။ စိတ္ကေလးဟာ အာရံုနဲ ့ေတာ့ေတြ ့တယ္။ ဒါေပမယ့္ ထုိအာရံုရဲ ့ၾကားထဲမွာလြတ္သြားတယ္။ အဲဒါ Glue မရွိေတာ့တာ။ စကၠဴေလးႏွစ္ခုဟာ ထိေတာ့ထိေနတယ္။ ဆုိပါစုိ ့စာရြက္ေလး ၂ ခုထိထားတယ္။ အဲဒီ စာရြက္ ၂ ခုၾကားမွာ ေကာ္မပါဘူးဆုိရင္ ခြဲလုိ ့မရဘူးလား။ ရတယ္။ လူေတြရဲ ့စိတ္မွာ ခြဲမရဘူးဆုိတာက ေကာ္ ပါေနလုိ ့ခြဲမရတာ။ ဟုတ္လား။ ေကာ္က ရုိးရုိးေကာေတာင္မဟုတ္ဘူး Super Glue ျဖစ္ေနတယ္။ အဲဒီေတာ့ အာရံုနဲ ့စိတ္နဲ ့ဘယ္လုိပဲေတြ ့ေတြ ့ေလာဘမလာဘူး ၊ ေဒါသမလာဘူးဆုိရင္ ညိွေနပါ့မလား။ ဘယ္ညိွမလဲေနာ္။

အဲဒါကုိ ၀ိမုတၱ လုိ ့ေခၚတာ။ လြတ္သြားျပီလုိ ့ေျပာတာ။ ဓမၼ ကုိ Pratise လုပ္တယ္ဆုိတာ အဲဒီလုိလြတ္သြားျပီဆုိတဲ့အဆင့္ထိေအာင္ အားထုတ္ရမွာ။ အဲဒီလုိလြတ္သြားျပီဆုိရင္ ဘ၀ဆုိတဲ့ ကႏၱာရခရီးၾကမ္းၾကီးကုိေနာက္ထပ္ရင္ဆုိင္စရာမရွိေတာ့ဘူး။ ရင္ဆုိင္စရာမရွိရံုတင္မကဘူး ၊ အသာသ ဒါနတဲ့ ။ သံသရာၾကီးထဲမွာ ပင္ပန္းခဲ့ရတာေတြအကုန္လံုးျငိမ္းသြားတယ္။ အေသာကံ ၀ရဇံ ေခမံ ဆုိတာ အဲဒီက်မွလာတာ။ စိတ္ကေလးမွာ ေလာဘလည္းမလာဘူး။ ေဒါသလည္းမလာဘူး။ ေမာဟလည္းမလာဘူး။ စိတ္ကေလးျငိမ္းခ်မ္းသြားျပီ။ ဓမၼံသရဏံ ဂစာၦမိ ဆုိတာ အဲဒီအဆင့္ထိေရာက္ေအာင္ သြားရမယ္တဲ့။

ရွင္သာရိပုတၱရာ တုိ ့ရွင္မဟာေမာဂၢလန္တုိ ့ရဟႏၱာေတြဟာဓမၼံသရဏံ ဂစာၦမိ ကုိ အျပည့္အ၀က်င့္ၾကံၾကိဳးကုပ္အားထုတ္လုိက္ၾကသည့္အတြက္ေၾကာင့္ ေနာက္ဆံုးမွာ နိဗၺာန္ကုိမ်က္ေမွာက္ျပဳသြားၾကတယ္။ ေအး…အဲဒါသည္ အျပည့္၀ဆံုး အစစ္မွန္ဆံုး ဓမၼံသရဏံ ဂစာၱမိ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဓမၼ ဆုိတဲ့ေနရာမွာ မဂ္ေလးတန္ ဖိုလ္ေလးတန္ နိဗၺာန္ ဆုိတဲ့ ေလာကုတၱရာ တရား ၉ ပါး။ အဲဒီ ေလာကုတၱရာ တရား ၉ ပါးကုိ ကုိယ္ကုိတုိင္မ်က္ေမွာက္ျပဳရျပီဆုိရင္ ဓမၼံသရဏံ ဂစာၱမိ ျပီးျပည့္စံုတယ္လုိ ့မွတ္။

အဲဒါေတြအတြက္ ဘယ္ကစရမလဲဆုိေတာ့ သီလက်င့္တာသည္လည္း ဓမၼံသရဏံ ဂစာၦမိ ပဲ။ ဒါန ေကာင္းမႈလုပ္တာသည္လည္း ဓမၼံသရဏံ ဂစာၦမိ ပဲ။ စိတ္ေကာင္း ႏွလုံးေကာင္း ထားတာသည္လည္း ဓမၼံသရဏံ ဂစာၦမိ ပဲ။ အားလံုးဟာ ဓမၼံသရဏံ ဂစာၦမိ ထဲအက်ံဳး၀င္တယ္။ သုိ ့ေသာ္အဲဒါေတြဟာ အေျခခံအဆင့္ေတြလုိ ့ေအာက္ေမ့ထား။

ဒါေၾကာင့္ တရားနာပရိတ္သတ္အေပါင္းသူေတာ္ေကာင္းတုိ ့ကလည္း ဓမၼံသရဏံ ဂစာၦမိ ရဲ ့အဓိပၸာယ္ကုိေသေသခ်ာခ်ာသေဘာေပါက္နားလည္ျပီးသကာလ ဒုိ ့တရားကုိကုိးကြယ္သည္ဆုိသည္မွာ တရားအတုိင္းလုိက္နာက်င့္သံုးလုိက္ရမွာျဖစ္တယ္လုိ ့နားလည္ျပီး ဓမၼံသရဏံ ဂစာၦမိ တရားကုိလုိက္နာက်င့္သံုးႏုိင္ၾကေစကုန္သတည္း။
ဓမၼရတနာ

#Unicode Version#

မြတ်စွာဘုရားက ဓမ္မကိုဟောတယ်ဆိုတာ ဒီ ဓမ္မဆိုတဲ့သဘာဝတရားတွေဟာ မြတ်စွာဘုရားပွင့်လာမှ ရှိလာတာမဟုတ်ဘူး။ ရှေးတုန်းကတည်းက ဒီသဘာဝတရားတွေဟာ ရှိနေတယ်။ အမြဲတမ်းရှိနေတဲ့ မှန်ကန်တဲ့သဘာဝတရားတွေ။ ထိုသဘာဝတရားတွေဟာ ထူးခြားတဲ့အသိဉာဏ်ရှိတဲ့ ဗုဒ္ဓ ဆိုတဲ့ ပုဂ္ဂိုလ်ပေါ်လာမှ ဗုဒ္ဓက ထုတ်ဖော်ရှင်းပြခဲ့တာ။

ဗုဒ္ဓ ဆိုတဲ့ ပုဂ္ဂိုလ်မပေါ်ခဲ့ရင် ဓမ္မ ဆိုတဲ့ သဘာဝတရားတွေကို ပြည့်ပြည့်စုံစုံရှင်းပြနိုင်တဲ့သူရှိမှာမဟုတ်ဘူးတဲ့။ ဗုဒ္ဓကသာလျှင် ဓမ္မကိုပြည့်ပြည့်၀၀ ရှင်းပြနိုင်တာ။ သို့သော် ဓမ္မ ဆိုတာ လောကကြီးမှာ အမြဲရှိနေတဲ့ The Law of Nature ။ မြတ်စွာဘုရားက ဓမ္မ ကိုတီထွင်ခဲ့တာမဟုတ်ဘူး။ မြတ်စွာဘုရားက ဓမ္မကိုတွေ့ရှိတာသာ ဖြစ်တယ်။ ဖန်တီးသူ မဟုတ်ဘူး။ တစ်နည်းအားဖြင့် တွေ့တယ်ဆိုတာ သိရှိသူ။ အဲဒါကြောင့်မို့ဗုဒ္ဓ ဆိုတဲ့ အဓိပ္ပာယ်ကိုက အမှန်တရားကိုတွေ့ရှိသူလို့အဓိပ္ပာယ်ရတယ်။ သာမန်သိတဲ့လူကို ဗုဒ္ဓလို့မခေါ်နိုင်ဘူး။ အမှန်တရားကို အားလုံးပြည့်ပြည့်စုံစုံ ခြွင်းချက်မရှိသိတဲ့လူကိုသာ ဗုဒ္ဓ လို့ခေါ်တာ။

ဒါကြောင့်မို့လို့သရဏံဂုံသုံးပါးမှာ ဒီ ဓမ္မကိုထုတ်ဖော်ဟောပြောနိုင်တဲ့ ၊ ဓမ္မကိုတွေ့ရှိတဲ့ ပုဂ္ဂိုလ်မို့လို့ ဗုဒ္ဓံသရဏံ ဂစ္တာမိ လို့ဆိုကြတယ်။ ပြီးတော့ အဲဒီ ပုဂ္ဂိုလ်အရှင်သူမြတ်တွေ့ရှိခဲ့တဲ့ တရားကို ဓမ္မံသရဏံ ဂစ္တာမိ လို့ဒီလိုဆိုတယ်။ အဲဒီ မြတ်စွာဘုရားတွေ့ရှိတဲ့ ဓမ္မတွေကိုလက်တွေ့ ကျင့်သုံးလို့ပေါက်မြောက်သွားတဲ့အဖွဲ့အစည်းတစ်ရပ်ကို သံဃံ သရဏံ ဂစ္ဆာမိ လို့ဒီလိုဆိုကြတယ်။ ဒါကိုပဲ ရတနာသုံးပါးလို့ဒီလိုပြောဆိုကြတယ်။ သရဏံဂုံသုံးပါးလို့လည်းပြောကြတယ်။

အဲတော့ ဒီ သဘာဝတရား ဓမ္မ ဆိုတာတွေဟာ မဖော်ထုတ်ရင် မသိဘူး။ ဖော်ထုတ်တဲ့သူရှိမှ သိမှာ။ အဲလို ဖော်ထုတ်တာကလည်း ရိုးရိုးတန်းတန်းသာမန်လူမရဘူးတဲ့။ လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်းပါရမီဖြည့်လာတဲ့ ဗုဒ္ဓမြတ်စွာလို လူပဲရမှာ။ အဲဒီလို ဖော်ထုတ်လိုက်တဲ့ တရားတွေဟာလည်း ရတနာတွေ။ ရတနာတွေဆိုတာ လူတိုင်းသုံးနိုင်ပါ့မလား ? မသုံးနိုင်ပါဘူး ဘုရား။ ရတနာ ဆိုတာ အတုလံ ဒုလ္လပတ် ဒသနံ ။ တွေ့ဖို့ခဲယဉ်းတာ ရတနာ။ ဓမ္မ ဆိုတာလည်း ရတနာပဲ။

ဒီပင်္ကရာ မြတ်စွာဘုရားပွင့်ပြီးနောက် မရေမတွက်နိုင်တဲ့အသင်္ချေပေါင်းများစွာ ကမ္ဘာတွေလွန်ပြီးနောက် မင်္ဂလ ဘုရားပွင့်တယ်။ အဲဒီ ဘုရားနှစ်ဆူကြားထဲက ကာလမှာ ဓမ္မ ဆိုတာ ပျောက်ကွယ်သွားတယ်။ ဓမ္မံသရဏံ ဂစ္တာမိ ဆိုတာ မရှိတော့ဘူးတဲ့။

ဒီပင်္ကရာမြတ်စွာဘုရားလက်ထက်မှာ ဂေါတမမြတ်စွာဘုရားအလောင်းတော် သုမေဓာရသေ့ က ဘုရားဆုပန်တယ်။ အဲဒီနောက် လေးအသင်္ချေနဲ့ကမ္ဘာတစ်သိန်းကြာပြီးမှ ဘုရားပွင့်တယ်။ အဲဒီကြားထဲမှာ ရေတွက်လို့မရတဲ့အသင်္ချေပေါင်း ၄ ခါကြုံလို့လေးအသင်္ချေလို့ခေါ်တာ။ နောက် ရေတွက်လို့ရတဲ့ကမ္ဘာက တစ်သိန်း။ ဒီပင်္ကရာမြတ်စွာဘုရားနဲ့ ကောဏ္ဍညမြတ်စွာဘုရားကြားမှာ တစ်သင်္ချေ။ ကောဏ္ဍညမြတ်စွာဘုရားနဲ့မင်္ဂလ မြတ်စွာဘုရားကြားမှာ တစ်သင်္ချေ။ သောဘိတမြတ်စွာဘုရားနဲ့ နာရဒမြတ်စွာဘုရားကြားမှာ တစ်သင်္ချေ ၊ အနောမဒဿီမြတ်စွာဘုရားနဲ့ပဒုမုတ္တရမြတ်စွာဘုရားကြားမှ တစ်သင်္ချေ တဲ့။ အဲဒီတော့ ဓမ္မ ဆိုတာ ဘယ်လောက်တန်ဖိုးရှိသလဲ စဉ်းစားကြည့်။ တွေ့ဖို့လွယ်လား။ မလွယ်ဘူးနော်။ ခဲယဉ်းတယ်။

အဲဒီတော့ ဂေါတမမြတ်စွာဘုရားမတိုင်မှီ ကဿပ မြတ်စွာဘုရားရှင်အထိ အားလုံးပေါင်း ၂၄ ဆူသောမြတ်စွာဘုရားရှင်တို့ပွင့်တော်မူခဲ့ကြတယ်။ ပေါတမမြတ်စွာဘုရားကိုထည့်လိုက်တဲ့အခါ ၂၅ ဆူ။ ဒီပင်္ကရာမြတ်စွာဘုရားနဲ့တူတူပွင့်တာက ၃ ဆူ။ အားလုံးပေါင်း ၂၈ ဆူ။ နှစ်ကျိပ်ရှစ်ဆူ ဆိုတာ အဲဒါပဲနော်။ ဂေါတမ ဘုရားအလောင်းဗျာဒိတ်ခံခဲ့တာက ၂၄ ဆူ။ ၂၄ ပါးပဲ ဗုဒ္ဓ ဆိုတာကိုတွေ့ခဲ့ရတယ်။ အဲဒီ ၂၄ ပါးသည်သာလျှင် ဓမ္မကို ထုတ်ဖော်ဟောကြားနိုင်ခဲ့တယ်။ ကျန်တဲ့ပုဂ္ဂိုလ်တွေ ဓမ္မကို ထုတ်ဖော်ဟောကြားနိုင်ခြင်းမရှိဘူးတဲ့။

မြတ်စွာဘုရားကို ကိုးကွယ်တာဟာ စီးပွားတက်ချင်လို့ကိုးကွယ်တာရှိတယ်။ ကြောက်လို့ကိုးကွယ်တာရှိတယ်။ တစ်စုံတစ်ခုကြောင့်အကာအကွယ်လုပ်ချင်လို့ကိုးကွယ်တာရှိတယ်။ မျိုးစုံပေါ့လေ။ ဘယ်လိုကိုးကွယ်ရမလဲ မှန်ကန်တဲ့စိတ်ထား ဘယ်လိုထားရမလဲဆိုတော့ ဘုရားဆိုသည်မှာ မိမိရဲ့သန္တာန်ကျရောက်လာမဲ့ မကောင်းကျိုးတွေကိုဖြစ်ပေါ်စေတတ်တဲ့ အကြောင်းတရားတွေကိုဖယ်ရှားပြီး ကောင်းကျိုးချမ်းသာကိုညွန်ပြပေးတဲ့အတွက် ကိုးကွယ်တယ်။ ဒီလိုနည်းနဲ့ကိုးကွယ်ရမယ်နော်။
ဘဝတု သဗ္ဗမင်္ဂလံ၊ရက္ခန္တု သဗ္ဗဒေဝတာ။သဗ္ဗ ဗုဒ္ဓါ နုဘာဝေန၊သဒါ သုခီ ဘဝန္တု တေ။

အဲဒီဂါထာလေး အဓိပ္ပာယ်ကို ဘုန်းကြီးရှင်းပြမယ်။ သဗ္ဗ ဗုဒ္ဓါ နုဘာဝေန အလုံးစုံသောဘုရားရှင်တို့ရဲ့တန်ခိုးတေဇော အာနုဘော်တို့ကြောင့် ၊ သဒါ အခါခပ်သိမ်း ၊ သုခီ ချမ်းသာ ၊ ဟောတု ဖြစ်ပါစေ။ ဒီလို တစ်ချို့က အဓိပ္ပာယ်ပြန်ကြတယ်။ အဲဒီလို အဓိပ္ပာယ်ပြန်တော့ ဘယ်လိုဖြစ်သွားလဲဆိုရင် မြတ်စွာဘုရားရဲ့တန်ခိုးအစွမ်းကြောင့်ချမ်းသာပါစေလို့ဆိုတော့ ဘုရားက သူ့ရဲ့တန်ခိုးအာဏာ ပါဝါတွေကို အသုံးပြုပြီး သတ္တဝါတွေကို ကယ်တင်တယ်ဆိုတဲ့ အဓိပ္ပာယ်မရောက်ဘူးလား။

အဲဒီအဓိပ္ပာယ်ပြန်ဆိုချက်မမှန်ဘူး။ ဘယ်လိုပြန်ဆိုရမလဲဆိုတော့ သဗ္ဗ ဗုဒ္ဓါ နုဘာဝေန၊ အလုံးစုံသောမြတ်စွာဘုရားရှင်တို့ရဲ့ဂုဏ်ကိုအာရုံပြုကာ ကိုးကွယ်ပူဇော်ရတဲ့အစွမ်း အာနုဘော်ကြောင့် ၊ သဒါ သုခီ ဘဝန္တု တေ အစဉ် ထာဝရချမ်းသာသုခရပါစေ။ အဲလိုပြန်ဆိုမှ မှန်ကန်တယ်။ အဲလိုဆိုလိုက်တော့ ဘုရားကို အာရုံပြုပြီးဖြစ်ပေါ်လာတဲ့ ကုသိုလ်ကိုပြောတာ။ ဓမ္မ ကိုပြောတာ။ ကုသိုလ် ဆိုတာ ဓမ္မပဲ။ ဓမ္မံသရဏံ ဂစ္ဆာမိ ဆိုတဲ့နေရာမှာ ဓမ္မ ကိုကိုးကွယ်ကျင့်သုံးမှ ဓမ္မံသရဏံ ဂစ္ဆာမိ လို့မှတ်ရမယ်။

ဓမ္မ ကိုကျင့်သုံးလို့ကိုယ်ချမ်းသာ စိတ်ချမ်းသာ ဖြစ်နေတဲ့လူတွေလည်းအများကြီး။ ဒါပေမယ့် အိုခြင်း နာခြင်း သေခြင်း ဆိုတဲ့တရားတွေကနေ မကျော်လွန်နိုင်သေးဘူး။ ဓမ္မ ရဲ့စွမ်းဆောင်ချက်က နောက်ဆုံး ဒီ အိုခြင်း နာခြင်း သေခြင်း ဆိုတဲ့အရာတွေကို ကျော်လွားနိုင်မှ ဓမ္မ ဟာပြည့်စုံတယ် လို့ပြောရမယ်။

မေတ္တာတရားကို မိမိရဲ့နှလုံးသားထဲမှာ တည်ဆောက်တာ လိုက်နာကျင့်သုံးသာသည်လည်း ဓမ္မံသရဏံ ဂစ္ဆာမိ ပဲ။ အဲလိုမဟုတ်ပဲ ပါးစပ်ကတော့ဓမ္မံသရဏံ ဂစ္ဆာမိ ၊ ဒါပေမယ့် အမုန်းတရားတွေကိုလက်ခံကျင့်သုံးနေတာဆိုလျှင် ဓမ္မံသရဏံ ဂစ္တာမိ မဖြစ်နိုင်ဘူး။ ထို့အတူပဲ အမောဟ တဲ့ ၊ အသိပညာတွေရှိဖို့လိုတယ်။ အသိပညာဆိုတာ လုပ်သင့်တာ နဲ့မလုပ်သင့်တာ ခွဲခြားသိရမယ်။ အနည်းဆုံး အောက်ထစ်ဆုံး မလုပ်သင့်တာကို ရှောင်ဖို့၊ လုပ်သင့်တာကိုလုပ်ဖို့ခွဲခြားသိရမယ်။ အဲဒီတော့ မိမိသန္တာန်မှာ လောဘ ကိုဖယ်ရှားပြီး အလောဘ ကိုတည်ဆောက်တယ်။ ဒေါသကိုဖယ်ရှားပြီး အဒေါသ ကိုတည်ဆောက်တယ်။ မောဟ ကိုဖယ်ရှားပြီး အမောဟဆိုတဲ့ပညာတရားကိုတည်ဆောက်တယ်။ အဲဒါဆိုရင် ဓမ္မံသရဏံ ဂစ္ဆာမိ ပဲ။ အဲဒီလိုမှ မလုပ်ဘူးဆိုရင် ပါးစပ်ကဆိုတဲ့ ဓမ္မံသရဏံ ဂစ္ဆာမိ သည် အကျိုးတရားတွေကို ထွက်ပေါ်လာစေမှာမဟုတ်ဘူး။ အဲဒါကြောင့်မို့တရားတွေကိုလက်ခံကျင့်သုံးရတယ်။

အေး……ဓမ္မံသရဏံ ဂစ္တာမိ ဆိုတာ ဒီ့ထက်အဆင့်မြင့်သေးတယ်။ ဘဝကန္တာရ ကနေထုတ်ဆောင်ပေးတယ်တဲ့။ ဘဝကန္တာရ ဆိုတာ ဘာလဲဆိုတော့ ဘုန်းကြီးတို့သိထားတဲ့ဘဝကြီးဟာ ကျေနပ်စရာကောင်းတဲ့ဘဝလား ပြန်စဉ်းစားကြည့်။ လူမှုရေး စီးပွားရေးအခက်အခဲတွေက ထားပါတော့ လူတိုင်း ကြုံချင်မှ ကြုံကြမှာ။ ဒါပေမယ့် အိုခြား နာခြင်း သေခြင်း ဆိုတာတွေကတော့ လူတိုင်းကြုံမှာ။

အာဏာရှင်လည်း တစ်နေ့အိုမှာပဲ။ အာဏာမရှိတဲ့လူလည်း တစ်နေ့အိုမှာပဲ။ လူဝတ်ကြောင်လည်း အိုမှာပဲ။ ဘုန်းကြီးတွေလည်း အိုမှာပဲ။ အဲဒီတော့ အိုခြင်း နာခြင်း သေခြင်း ဆိုတာလည်း ကန္တာရတွေပဲ။ အဲဒီ ကန္တာရတွေကို ကျော်လွားနိုင်တဲ့လူရှိလား။ မရှိနိုင်ဘူး။ အဲဒါကို ဘဝကန္တာရလို့ခေါ်တယ်။ အဲဒီ ကန္တာရတွေထဲက ကယ်ထုတ်နိုင်တာကတော့ ဓမ္မပဲတဲ့။ သဘာဝတရားတွေကိုသိအောင် ၊ သတ္တဝါဆိုတဲ့ အတွေးကို ပျောက်သွားအောင် သဘာဝတရားတွေချည်းသိရှိလာတာကို နာမရူပ ပရိစ္ဆေဒညဏ် လို့ခေါ်တယ်။

ဒီသဘာဝတရားတွေဟာ ဆိုင်ရာဆိုင်ရာ အကြောင်းတွေကြောင့်ဖြစ်လာတယ်ဆိုတာကိုသိရင် ပစ္စယပရိဂ္ဂဟဉာဏ် လို့ခေါ်တယ်။ အဲဒီကနေ တစ်ဆင့် သဘာဝအတွက် တရားတွေကို စဉ်းစားကြည့်လိုက်တဲ့အခါ သဘာဝတရားတွေဟာ ဖြစ်ပြီးတော့ ပျက်နေတာပဲလို့အမြင်တွေမြင်လာပြီး ဒီသဘာဝတရားတွေဟာ ငြီးငွေ့စရာပဲ ၊ ကြောက်စရာပဲ ၊ လန့်စရာပဲ ၊ ဒီသဘာဝတရားတွေကလွတ်အောင်ကြိုးစားမှပဲ ဆိုတဲ့ အသိဉာဏ်လေးဝင်လာလို့ရှိရင် ဒါ ဝိပသာနာဉာဏ် လို့ခေါ်တယ်။

လောဘ ရယ် ဒေါသ ရယ် မောဟ ရယ် ဒီအကုသိုလ်တွေကလွတ်သွားတာကို ဝိမုတ္တ လို့ခေါ်တယ်။ စိတ်ကလေးဟာ အာရုံနဲ့တော့တွေ့တယ်။ ဒါပေမယ့် ထိုအာရုံရဲ့ကြားထဲမှာလွတ်သွားတယ်။ အဲဒါ Glue မရှိတော့တာ။ စက္ကူလေးနှစ်ခုဟာ ထိတော့ထိနေတယ်။ ဆိုပါစို့စာရွက်လေး ၂ ခုထိထားတယ်။ အဲဒီ စာရွက် ၂ ခုကြားမှာ ကော်မပါဘူးဆိုရင် ခွဲလို့မရဘူးလား။ ရတယ်။ လူတွေရဲ့စိတ်မှာ ခွဲမရဘူးဆိုတာက ကော် ပါနေလို့ခွဲမရတာ။ ဟုတ်လား။ ကော်က ရိုးရိုးကောတောင်မဟုတ်ဘူး Super Glue ဖြစ်နေတယ်။ အဲဒီတော့ အာရုံနဲ့စိတ်နဲ့ဘယ်လိုပဲတွေ့တွေ့လောဘမလာဘူး ၊ ဒေါသမလာဘူးဆိုရင် ညှိနေပါ့မလား။ ဘယ်ညှိမလဲနော်။

အဲဒါကို ဝိမုတ္တ လို့ခေါ်တာ။ လွတ်သွားပြီလို့ပြောတာ။ ဓမ္မ ကို Pratise လုပ်တယ်ဆိုတာ အဲဒီလိုလွတ်သွားပြီဆိုတဲ့အဆင့်ထိအောင် အားထုတ်ရမှာ။ အဲဒီလိုလွတ်သွားပြီဆိုရင် ဘဝဆိုတဲ့ ကန္တာရခရီးကြမ်းကြီးကိုနောက်ထပ်ရင်ဆိုင်စရာမရှိတော့ဘူး။ ရင်ဆိုင်စရာမရှိရုံတင်မကဘူး ၊ အသာသ ဒါနတဲ့ ။ သံသရာကြီးထဲမှာ ပင်ပန်းခဲ့ရတာတွေအကုန်လုံးငြိမ်းသွားတယ်။ အသောကံ ဝရဇံ ခေမံ ဆိုတာ အဲဒီကျမှလာတာ။ စိတ်ကလေးမှာ လောဘလည်းမလာဘူး။ ဒေါသလည်းမလာဘူး။ မောဟလည်းမလာဘူး။ စိတ်ကလေးငြိမ်းချမ်းသွားပြီ။ ဓမ္မံသရဏံ ဂစ္ဆာမိ ဆိုတာ အဲဒီအဆင့်ထိရောက်အောင် သွားရမယ်တဲ့။

ရှင်သာရိပုတ္တရာ တို့ရှင်မဟာမောဂ္ဂလန်တို့ရဟန္တာတွေဟာဓမ္မံသရဏံ ဂစ္ဆာမိ ကို အပြည့်အဝကျင့်ကြံကြိုးကုပ်အားထုတ်လိုက်ကြသည့်အတွက်ကြောင့် နောက်ဆုံးမှာ နိဗ္ဗာန်ကိုမျက်မှောက်ပြုသွားကြတယ်။ အေး…အဲဒါသည် အပြည့်ဝဆုံး အစစ်မှန်ဆုံး ဓမ္မံသရဏံ ဂစ္တာမိ ဖြစ်ပါတယ်။ ဒါကြောင့် ဓမ္မ ဆိုတဲ့နေရာမှာ မဂ်လေးတန် ဖိုလ်လေးတန် နိဗ္ဗာန် ဆိုတဲ့ လောကုတ္တရာ တရား ၉ ပါး။ အဲဒီ လောကုတ္တရာ တရား ၉ ပါးကို ကိုယ်ကိုတိုင်မျက်မှောက်ပြုရပြီဆိုရင် ဓမ္မံသရဏံ ဂစ္တာမိ ပြီးပြည့်စုံတယ်လို့မှတ်။

အဲဒါတွေအတွက် ဘယ်ကစရမလဲဆိုတော့ သီလကျင့်တာသည်လည်း ဓမ္မံသရဏံ ဂစ္ဆာမိ ပဲ။ ဒါန ကောင်းမှုလုပ်တာသည်လည်း ဓမ္မံသရဏံ ဂစ္ဆာမိ ပဲ။ စိတ်ကောင်း နှလုံးကောင်း ထားတာသည်လည်း ဓမ္မံသရဏံ ဂစ္ဆာမိ ပဲ။ အားလုံးဟာ ဓမ္မံသရဏံ ဂစ္ဆာမိ ထဲအကျုံးဝင်တယ်။ သို့သော်အဲဒါတွေဟာ အခြေခံအဆင့်တွေလို့အောက်မေ့ထား။

ဒါကြောင့် တရားနာပရိတ်သတ်အပေါင်းသူတော်ကောင်းတို့ကလည်း ဓမ္မံသရဏံ ဂစ္ဆာမိ ရဲ့အဓိပ္ပာယ်ကိုသေသေချာချာသဘောပေါက်နားလည်ပြီးသကာလ ဒို့တရားကိုကိုးကွယ်သည်ဆိုသည်မှာ တရားအတိုင်းလိုက်နာကျင့်သုံးလိုက်ရမှာဖြစ်တယ်လို့နားလည်ပြီး ဓမ္မံသရဏံ ဂစ္ဆာမိ တရားကိုလိုက်နာကျင့်သုံးနိုင်ကြစေကုန်သတည်း။

No comments:

Post a Comment