Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 8, 2019

ဆီးချိုကျ ဆေးနည်းတွေထဲက အလွယ်ဆုံးနဲ. ထိရောက်တဲ့နည်း မျှဝေလိုက်ပြီ










လေးစားစွာဖြင့်…
 Win Min Phyo (ဘဝခါးခါး)
Unicodeဖြင့်ဖတ်ရန်

မလေးရှား လူမျိုးတွေရဲ့ ဆီးချိုကျ ဆေးနည်း

ဆီးချိုရောဂါကို (Diabetes) လို့ ခေါ်ဆိုပါတယ်။ ဘာကြောင့် ဆီးချိုရောဂါ ဖြစ်တည်လာရသလဲဆိုရင် ကျွန်တော်တို့ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အင်ဆူလင်ဟော်မုန်းဓာတ် (Insulin hormone) လျော့နည်းကျဆင်းလာပြီး သွေးထဲမှာ သကြားဓာတ်၊အချိုဓာတ် မြင့်တက်လာရခြင်းကြောင့် ဖြစ်တယ်။

ဒီရောဂါက အစောအလျင် ကုသမှသာ အမြန်သက်သာ ပျောက်ကင်းပါလိမ့်မယ်။ ဆီးချိုရောဂါ ဖြစ်နေမှန်း သိနေလျှက်နဲ့ ပေါ့ဆစွာ နေထိုင်ရင်ဖြင့် အခြားသော ကူးစက် အနာများကျ ရောက်တတ်ပြီး ခြေ၊ လက်များ ဖြတ်တောက်ပြစ်ရသည့် အခြေအနေဆိုးနှင့် ရင်ဆိုင် တွေ့ကြုံနိုင်ပြီး အသက်အန္တရာယ်လည်း ထိခိုက်လာနိုင်ပါတယ်။ ဆီးချို ရောဂါအတွက် အင်္ဂလိပ်ဆေး၊ ဗမာဆေးနှင့်သဘာဝ ကုထုံးတွေ အများကြီး ရှိပါတယ်။

မလေးရှား နိုင်ငံသား အများစုက ဆီးချိုရောဂါ အတော်များများ ဖြစ်ကြတယ် ခင်ဗျ။ ဆီးချို ရောဂါကို မလေး ဘာသာဖြင့် ကင်ကြင်းမန်းနစ်စ် (kencing manis) လို့ ခေါ်ဆိုပါတယ်။ ဆီးချိုရောဂါ ဖြစ်ရသည့် အကြောင်းအရင်က အချိုဓာတ်ရှိတဲ့ အစားအစာနှင့် နို့ဆီပါဝင်မှုများတဲ့ လဘ်္ဘရည်၊ ကော်ဖီ အသောက်များခြင်းကြောင့်လည်း ဖြစ်ပါတယ်။

ကျွန်တော်အခု ဖော်ပြပေးချင်တာ ဆီးချိုရောဂါကျတဲ့ ဆေးအကြောင်းပါ။ ဆီးချိုပျောက်တဲ့ ဆေးလို့ မဆိုလိုပါဘူး။ စကားပြောလွန်လို့ မရဘူး။ ဘာဖြစ်လို့လည်းဆိုတော့ မပျောက်ပဲနဲ့ ပျောက်ပါတယ်လို့ မပြောချင်လို့ပါ။ ဆီးချိုကျဆေး၊ ဆီးချို ပျောက်ဆေးတွေက လိုင်းပေါ်မှာ ဖော်ပြပေးထားတာက အများကြီးပါ။ ကံကောင်းရင်လည်း ပျောက်သွားနိုင်တယ်။

မလေးရှား နိုင်ငံသားတွေရဲ့ ဆီးချိုကျဆေးဟာ သံပုရာသီး ဆားရေစိမ် ခင်ဗျ။ သဘာဝ သံပုရာသီးစစ်စစ် (၁၀) လုံးကို ရေသန့်စင်အောင် ဆေးကြောပြီး ထက်ခြမ်းခွဲ ပြီးရင် ဖန်ပုလင်း သန့်သန့်ထဲကို ထည့်၍ အိမ်သုံးဆား (သံပုရာသီး တစ်လုံးစာခန့်) ရောထည့်ပြီး ရေနစ်မြုပ်ရုံမျှ ထည့်ကာ သံပုရာသီးများ နွမ်းလျေါ် ပျော့ဖတ်သွားသည်အထိ နေလှန်းအပူပေးပြီး ၄င်းဆားရေစိမ် သံပုရာသီးကို ဆီးချိုကျဆေးအဖြစ် စားသုံးကြပါတယ်။
မိတ်ဆွေတို့ အနေဖြင့် ကျွန်တော်ပေးတဲ့ ဆေးနည်းကို ယုံကြည်မှသာလျှင် ကိုယ်တိုင် ပြုလုပ် စားသုံးကြည့်ပါ။

လေးစားစွာဖြင့်…
Win Min Phyo (ဘဝခါးခါး)

No comments:

Post a Comment