Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, January 13, 2019

အြန္​လိုင္​းခ်စ္သူမွ ခ်စ္ဟန္ေဆာင္ျပီး လူသတ္​ကာ ေရႊထည္ပစၥည္​း သိန္းႏွစ္ရာေက်ာ္ ယူ​ေဆာင္​သြား


ကခ်င္ျပည္နယ္၊ ဗန္းေမာ္ခ႐ိုင္၊ေရႊကူၿမိဳ႕အမွတ္(၃)ရပ္ကြက္ေနအိမ္တအိမ္၌ အမည္မသိအြန္လိုင္းခ်စ္သူအမ်ိဳးသားကို ညအိပ္တည္းခိုခြင့္ျပဳသျဖင့္ တည္​းခိုသူက အိမ္ရွင္အမ်ဳိးသမီးကိုသတ္​ျပီး ေရႊထည္လက္​ဝတ္​ရတနာပစၥည္းက်ပ္သိန္းႏွစ္ရာေက်ာ္အား ယူေဆာင္ထြက္ေျပးသြား​ေၾကာင္​း ေရႊကူၿမိဳ႕မရဲစခန္းမွ စခန္းမႉးဒုရဲမႉး ဟန္ေမႊးထံမွသိရသည္။
ျဖစ္စဥ္မွာ ေရႊကူၿမိဳ႕မင္းကုန္းရပ္၊အမွတ္(၃)ရပ္ကြက္ေန ေဒၚအိအိခိုင္အသက္(၄၃)ႏွစ္ ေဈးေရာင္း၊အိမ္ေထာင္ကြာရွင္းထားသူ၊သားသမီး(၃)ေယာက္မိခင္သည္ အေဒၚျဖစ္သူႏွင့္ေနထိုင္လွ်က္ရိွရာ လြန္ခဲ့ေသာ(၃)ရက္ခန္႔က ေဒၚအိအိခိုင္၏ မိတ္ေဆြဆိုသူ(၂)ေယာက္တို႔မွ လာေရာက္ညအိပ္္တည္းခိုလွ်က္ရိွရာ

ဇန္နဝါရီ(၁၁)ရက္ည(၁၂)နာရီအခ်ိန္ခန္႔ အခင္းျဖစ္ ညတြင္ ေဒၚအိအိခိုင္၏သားျဖစ္သူ တင္ေအာင္ခိုင္ေန အိမ္ေအာက္ထပ္၌ အိပ္ေနစဥ္ ေဒၚအိအိခိုင္ႏွင့္တခန္းထဲအိပ္ေနသူ ညီမျဖစ္သူ လင္းဇာျခည္ထြန္းခိုင္
မွလာေရာက္ႏိႈးသျဖင့္“ဘာျဖစ္တာလဲ´´ဟု ေမးျမန္းရာ “အေမ့ကိုရွာမေတြ႕ဘူး´´ဟု ေျပာသျဖင့္၎တို႔ ေမာင္ႏွမႏွစ္ေယာက္သည္​အေပၚထပ္အခန္းတခန္းတြင္ လိုက္လံၾကည့္႐ႈ႕ရာ ေဒၚအိအိခိုင္အား ပက္လက္ အေနအထားျဖင့္သတိလစ္ ေနသည္ကိုေတြ႕ရိွရသျဖင့္

“အေမဘာျဖစ္မွန္းမသိဘူး​ေခၚမရဘူးဟု ေျပာဆိုကာ တအိမ္ထဲအတူေန အေဒၚျဖစ္သူ ေဒၚစန္းၫြန္႔အား အေၾကာင္းစံုေျပာျပ၍ မိခင္ျဖစ္သူ၏ခႏၵာကိုယ္အား စစ္ ေဆးၾကည့္ရာ ႏွာေခါင္းမွေသြးမ်ားယိုထြက္ကာ သတိလစ္လွ်က္အေနၿပီး၎အၿမဲဝတ္ဆင္ထားေသာသံကြင္​းဆက္​​ေရႊဆြဲႀကိဳး​၊
​ေရႊဆြဲသီးအပါ(၁၀)က်ပ္သားခန္႔တစ္​ကံုး၊ႀကံဆစ္လက္ေကာက္ (၁)ကြင္းလွ်င္ (၅)မူးသားခန္႔အကြင္း(၂၀)၊ဟမ္းခ်ိန္း(၂)က်ပ္သားခန္႔(၁)ကြင္း၊လက္စြပ္ေခြးလည္ပတ္၊တကြင္းလွ်င္(၅)မူးသားခန္႔(၃)ကြင္း၊ ဖုခ်ိန္း(၂)က်ပ္သားခန့္ ့(၁)ကြင္း (oppo)အမ်ဳိးအစားဆင္းကဒ္ပါလက္ကိုင္ဖုန္း(၃)လံုးတို႔ ​ေပ်ာက္ဆံုး​ေနသျဖင္​့ ညအိပ္တည္းခိုေနသူ မိခင္၏မိတ္ေဆြမ်ားအိပ္ခန္းသို႔သြားေရာက္ၾကည့္႐ႈ႕ရာ မေတြ႕ရိွရေၾကာင္းသိရသျဖင့္ ေရႊကူၿမိဳ႕မရဲစခန္းသို႔သားျဖစ္သူတင္ေအာင္ခိုင္မွ ဖုန္းဆက္အေၾကာင္းၾကားခဲ့ေၾကာင္း ရဲမွတ္တမ္းအရသိရသည္။

အခင္းျဖစ္ေနအိမ္သို႔ ေရႊကူၿမိဳ႕မရဲစခန္းမွ စခန္းမႉးဒုရဲမႉးဟန္ေမႊးႏွင့္ရဲတပ္ဖြဲ႕ဝင္မ်ား၊ရပ္ကြက္အုပ္ခ်ဳပ္ေရးမႈးမ်ားမွ သြားေရာက္ၾကည့္႐ႈ႕စစ္ေဆးရာ အခင္းျဖစ္ေနရာ၌ေဒၚအိအိခိုင္အသက္(၄၃)ႏွစ္အဘ ဦးခင္ေမာင္သိန္းသည္သတိလစ္ေမ့ေျမာလွ်က္ရိွၿပီး ႏွာေခါင္းမွေသြးမ်ားယိုထြက္ေနကာ ေခါင္းအံုးျဖင့္ဖိသတ္ခံရသည္ဟုယူဆရၿပီး၊
ေရႊကူၿမိဳ႕ျပည္သူ႕ေဆး႐ံုႀကီး၌ ေဆးကုသမႈခံယူစဥ္ ေသဆံုးခဲ့သျဖင့္ လူသတ္၍ ပစၥည္းမ်ားယူေဆာင္ထြက္ေျပးသူအား ဖမ္းဆီးေပးပါရန္ သားျဖစ္သူ တင္ေအာင္ခိုင္အသက္(၁၉)ႏွစ္မွ တရားလိုျပဳလုပ္ တိုင္ ၾကာခဲ့သျဖင့္ေရႊကူၿမိဳ႕မရဲစခန္းမွ အပူတျပင္းစံုစမ္းခဲ့ရာ ၎ျပစ္မႈက်ဴးလြန္ခဲ့သည္​ဟု ယူဆရသူ(၂)ဦးသည္အခင္းမျဖစ္ပြားမီွ ေရႊကူၿမိဳ႕ ျမျမင့္မိုရ္တည္းခိုခန္းတြင္လြန္ခဲ့ေသာ(၅)ရက္ခန္႔ကေခတၱတည္းခိုေနထိုင္ခဲ့ေၾကာင္း သိရိွရၿပီး
တည္းခိုခန္းခ ေငြအေႂကြးက်န္ေနသျဖင့္ ၎တို႔၏ ခရီးေဆာင္အိတ္မ်ားႏွင့္အသံုးအေဆာင္ပစၥည္းမ်ားက်န္ရိွေနသည္ဟု ေရႊကူၿမိဳ႕ျမျမင့္မိုရ္တည္းခိုခန္းမန္ေနဂ်ာ ဦးခင္ေမာင္ၫြန္႔ထံမွ စံုစမ္းစစ္​​ေဆးခ်က္အရ သိရသည္​။






ေသဆံုးသူ၏သားတင္ေအာင္ခိုင္ႏွင့္သမီးလင္းဇာျခည္ထြန္းခိုင္တို႔က ေသဆံုးသူေဒၚအိအိခိုင္၏ ေဖ့စ္ဘုတ္AH YEE အေကာင့္တြင္ Sai ko (ခ)မင္းထက္ႏွင့္သူငယ္​ခ်င္​းအျဖစ္ရိွေၾကာင္း အတည္ျပဳခ်က္အရ အြ
န္​လိုင္​း​ေပၚတြင္​ခ်စ္​သူျဖစ္​​ေနၾကၿပီး ၎ကခ်စ္ဟန္ေဆာင္ကာ ပစၥည္းယူလူသတ္ခဲ့ေၾကာင္း ေရႊကူၿမိဳ႕မရဲစခန္းမွ သဲလြန္စအျဖစ္ စစ္ေဆးေဖာ္ထုတ္ႏိုင္ခဲ့ၿပီး အဆိုပါလူသတ္မႈအား က်ဴးလြန္ခဲ့သည္​ဟုယူဆရၿပီးထြက္ေျပးတိမ္း​ေနသူတို႔ကိုလူသတ္လုယက္မႈ(ပ) ၂၀၁၉ ပုဒ္မ၊၃၀၂/၃၉၄ျဖင့္အမႈ ေရးဖြင့္ထားၿပီး ေရႊကူၿမိဳမရဲစခန္းမွအထူးအဖြဲ႕ဖြဲ႕စည္း၍ က်ဴးလြန္​သူကိုဖမ္းမိႏိုင္ေရးအထူးစံုစမ္းလွ်က္ရိွေၾကာင္းသိရသည္။

မိုးျမင့္ / ZinMoe

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ရွှေကူမြို့အမှတ်(၃)ရပ်ကွက်နေအိမ်တအိမ်၌ အမည်မသိအွန်လိုင်းချစ်သူအမျိုးသားကို ညအိပ်တည်းခိုခွင့်ပြုသဖြင့် တည်​းခိုသူက အိမ်ရှင်အမျိုးသမီးကိုသတ်​ပြီး ရွှေထည်လက်​ဝတ်​ရတနာပစ္စည်းကျပ်သိန်းနှစ်ရာကျော်အား ယူဆောင်ထွက်ပြေးသွား​ကြောင်​း ရွှေကူမြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူး ဟန်မွှေးထံမှသိရသည်။

ဖြစ်စဉ်မှာ ရွှေကူမြို့မင်းကုန်းရပ်၊အမှတ်(၃)ရပ်ကွက်နေ ဒေါ်အိအိခိုင်အသက်(၄၃)နှစ် ဈေးရောင်း၊အိမ်ထောင်ကွာရှင်းထားသူ၊သားသမီး(၃)ယောက်မိခင်သည် အဒေါ်ဖြစ်သူနှင့်နေထိုင်လျှက်ရှိရာ လွန်ခဲ့သော(၃)ရက်ခန့်က ဒေါ်အိအိခိုင်၏ မိတ်ဆွေဆိုသူ(၂)ယောက်တို့မှ လာရောက်ညအိပ်တည်းခိုလျှက်ရှိရာ

ဇန်နဝါရီ(၁၁)ရက်ည(၁၂)နာရီအချိန်ခန့် အခင်းဖြစ် ညတွင် ဒေါ်အိအိခိုင်၏သားဖြစ်သူ တင်အောင်ခိုင်နေ အိမ်အောက်ထပ်၌ အိပ်နေစဉ် ဒေါ်အိအိခိုင်နှင့်တခန်းထဲအိပ်နေသူ ညီမဖြစ်သူ လင်းဇာခြည်ထွန်းခိုင်မှ

လာရောက်နှိုးသဖြင့်“ဘာဖြစ်တာလဲ´´ဟု မေးမြန်းရာ “အမေ့ကိုရှာမတွေ့ဘူး´´ဟု ပြောသဖြင့်၎င်းတို့ မောင်နှမနှစ်ယောက်သည်​အပေါ်ထပ်အခန်းတခန်းတွင် လိုက်လံကြည့်ရှု့ရာ ဒေါ်အိအိခိုင်အား ပက်လက် အနေအထားဖြင့်သတိလစ် နေသည်ကိုတွေ့ရှိရသဖြင်​့

“အမေဘာဖြစ်မှန်းမသိဘူး​ခေါ်မရဘူးဟု ပြောဆိုကာ တအိမ်ထဲအတူနေ အဒေါ်ဖြစ်သူ ဒေါ်စန်းညွန့်အား အကြောင်းစုံပြောပြ၍ မိခင်ဖြစ်သူ၏ခန္ဒာကိုယ်အား စစ် ဆေးကြည့်ရာ နှာခေါင်းမှသွေးများယိုထွက်ကာ သတိလစ်လျှက်အနေပြီး၎င်းအမြဲဝတ်ဆင်ထားသောသံကွင်​းဆက်​​ရွှေဆွဲကြိုး​၊

​ရွှေဆွဲသီးအပါ(၁၀)ကျပ်သားခန့်တစ်​ကုံး၊ကြံဆစ်လက်ကောက် (၁)ကွင်းလျှင် (၅)မူးသားခန့်အကွင်း(၂၀)၊ဟမ်းချိန်း(၂)ကျပ်သားခန့်(၁)ကွင်း၊လက်စွပ်ခွေးလည်ပတ်၊တကွင်းလျှင်(၅)မူးသားခန့်(၃)ကွင်း၊ ဖု

ချိန်း(၂)ကျပ်သားခန့် ့(၁)ကွင်း (oppo)အမျိုးအစားဆင်းကဒ်ပါလက်ကိုင်ဖုန်း(၃)လုံးတို့ ​ပျောက်ဆုံး​နေသဖြင်​့ ညအိပ်တည်းခိုနေသူ မိခင်၏မိတ်ဆွေများအိပ်ခန်းသို့သွားရောက်ကြည့်ရှု့ရာ မတွေ့ရှိရကြောင်းသိရသဖြင့် ရွှေကူမြို့မရဲစခန်းသို့သားဖြစ်သူတင်အောင်ခိုင်မှ ဖုန်းဆက်အကြောင်းကြားခဲ့ကြောင်း ရဲမှတ်တမ်းအရသိရသည်။

အခင်းဖြစ်နေအိမ်သို့ ရွှေကူမြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူးဟန်မွှေးနှင့်ရဲတပ်ဖွဲ့ဝင်များ၊ရပ်ကွက်အုပ်ချုပ်ရေးမှုးများမှ သွားရောက်ကြည့်ရှု့စစ်ဆေးရာ အခင်းဖြစ်နေရာ၌ဒေါ်အိအိခိုင်အသက်(၄၃)နှစ်အဘ ဦးခင်မောင်သိန်းသည်သတိလစ်မေ့မြောလျှက်ရှိပြီး နှာခေါင်းမှသွေးများယိုထွက်နေကာ ခေါင်းအုံးဖြင့်ဖိသတ်ခံရသည်ဟုယူဆရပြီး၊

ရွှေကူမြို့ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူစဉ် သေဆုံးခဲ့သဖြင့် လူသတ်၍ ပစ္စည်းများယူဆောင်ထွက်ပြေးသူအား ဖမ်းဆီးပေးပါရန် သားဖြစ်သူ တင်အောင်ခိုင်အသက်(၁၉)နှစ်မှ တရားလိုပြုလုပ် တိုင် ကြာခဲ့

သဖြင့်ရွှေကူမြို့မရဲစခန်းမှ အပူတပြင်းစုံစမ်းခဲ့ရာ ၎င်းပြစ်မှုကျူးလွန်ခဲ့သည်​ဟု ယူဆရသူ(၂)ဦးသည်အခင်းမဖြစ်ပွားမှီ ရွှေကူမြို့ မြမြင့်မိုရ်တည်းခိုခန်းတွင်လွန်ခဲ့သော(၅)ရက်ခန့်ကခေတ္တတည်းခိုနေထိုင်ခဲ့
ကြောင်း သိရှိရပြီး

တည်းခိုခန်းခ ငွေအကြွေးကျန်နေသဖြင့် ၎င်းတို့၏ ခရီးဆောင်အိတ်များနှင့်အသုံးအဆောင်ပစ္စည်းများကျန်ရှိနေသည်ဟု ရွှေကူမြို့မြမြင့်မိုရ်
တည်းခိုခန်းမန်နေဂျာ ဦးခင်မောင်ညွန့်ထံမှ စုံစမ်းစစ်​​ဆေးချက်အရ သိရသည်​။

သေဆုံးသူ၏သားတင်အောင်ခိုင်နှင့်သမီးလင်းဇာခြည်ထွန်းခိုင်တို့က သေဆုံးသူဒေါ်အိအိခိုင်၏ ဖေ့စ်ဘုတ်AH YEE အကောင့်တွင် Sai ko (ခ)မင်းထက်နှင့်သူငယ်​ချင်​းအဖြစ်ရှိကြောင်း အတည်ပြုချက်အရ အွန်​လိုင်​း​ပေါ်တွင်​ချစ်​သူဖြစ်​​နေကြပြီး ၎င်းကချစ်ဟန်ဆောင်ကာ ပစ္စည်းယူလူသတ်ခဲ့ကြောင်း ရွှေကူမြို့မရဲစခန်းမှ သဲလွန်စအဖြစ် စစ်ဆေးဖော်ထုတ်နိုင်ခဲ့ပြီး

အဆိုပါလူသတ်မှုအား ကျူးလွန်ခဲ့သည်​ဟုယူဆရပြီးထွက်ပြေးတိမ်း​နေသူတို့ကိုလူသတ်လုယက်မှု(ပ) ၂၀၁၉ ပုဒ်မ၊၃၀၂/၃၉၄ဖြင့်အမှု ရေးဖွင့်ထားပြီး ရွှေကူမြိုမရဲစခန်းမှအထူးအဖွဲ့ဖွဲ့စည်း၍ ကျူးလွန်​သူကိုဖမ်းမိနိုင်ရေးအထူးစုံစမ်းလျှက်ရှိကြောင်းသိရသည်။

မိုးမြင့် / ZinMoe

No comments:

Post a Comment