Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, January 22, 2019

အြန္လိုင္းေပၚမွခ်စ္ၾကိဳက္ျပီးအသတ္ခံခဲ႔ရတဲ႔ မေအး အေလာင္းရဲ႕ လူသတ္တရားခံ မိျပီ


အြန္လိုင္းမွတဆင့္ ခ်စ္ႀကိဳက္ခဲ႔သူနွင့္ ခ်ိန္ေတြ႕စဥ္အသတ္ခံခဲ႔ရေသာ အမ်ိဳးသမီးအမႈမွ တရားခံဆိုသူအားဖမ္းဆီးရမိ ။ ပဲခူး၊ ဇန္နဝါရီ ၂၂။ပဲခူးၿမိဳ႕ ရပ္ကြက္ႀကီး(၈) နရဏီသိမ္လမ္းေဘးၿခဳံေတာအတြင္း ဒဏ္ရာမ်ားျဖင့္ ပုပ္ပြေသဆုံးေနေသာအမ်ဳိးသမီးအေလာင္း၏ လူသတ္တရားခံအား ေဖာ္ထုတ္ဖမ္းဆီးရမိခဲ့ေၾကာင္း အမွတ္(၃)နယ္ေျမရဲစခန္းမွ သိရသည္။

ဇန္နဝါရီလ ၁၉ ရက္ေန႔က ပဲခူးၿမိဳ႕ရပ္ကြက္ႀကီး(၈)နာဂဝန္(၆)လမ္းေန ပုပ္ပြေသဆုံးေနေသာအမ်ဳိးသမီးအေလာင္းတစ္ေလာင္းအား ျပည္သူမ်ား၏သတင္းပို႔တိုင္ၾကားမႈအရ ေတြ႔ရွိခဲ့သည္။ေသဆုံးသူသည္မေအးေအးစန္း(ခ)မေအးျဖစ္ေၾကာင္းကို ၎၏ေမာင္အရင္းျဖစ္သူ ဦးေနမ်ဳိးေအာင္က ဇန္နဝါရီလ ၂၁ ရက္ေန႔တြင္ အမွတ္(၃)နယ္ေျမစခန္းသို႔လာေရာက္၍ အေလာင္းမွာ၎၏အစ္မျဖစ္သည္ကို လာေရာက္အတည္ျပဳေပးခဲ့သည္။

နယ္ေျမရဲစခန္းတာဝန္ရွိသူမ်ားက ပဲခူးၿမိဳ႕ ဥႆာၿမိဳ႕သစ္(၁)ရပ္ကြက္ (၈)လမ္းရွိ မင္းခန္႔ေက်ာ္(၁၉ ႏွစ္)ဆိုသူကို ေခၚယူစစ္ရာ ၎ႏွင့္မေအးတို႔သည္ ဇန္နဝါရီလ ၁၄ ရက္က နရဏီသိမ္လမ္းေဘးၿခဳံေတာအတြင္း ခ်ိန္းေတြ႔ခဲ့ၾကၿပီး စကားေျပာအဆင္မေျပျဖစ္ရာမွ အနီးရွိအုတ္ခဲက်ဳိးျဖင့္ မေအး၏ဦးေခါင္းအားထုႏွက္ခဲ့ျခင္းျဖစ္သည္ထြက္ဆိုခဲ႔ေႀကာင္း။

မင္းခန္႔ေက်ာ္က ၄င္းနွင့္ေသဆံုးသူ အမ်ိဳး သမီးတို႔သည္ အြန္လိုင္းေပၚမွတဆင့္ ေတြ႔ဆုံခ်စ္ႀကိဳက္ခဲ့ျခင္းျဖစ္ၿပီး ခ်ိန္းေတြ႔သည့္ေန႔က ႏွစ္ဦးသေဘာတူလင္မယားအျဖစ္ေပါင္းသင္းခဲ့ၾကကာ နယ္ထြက္၍အလုပ္လုပ္လိုေၾကာင္း ေသဆံုးသူ မေအးကိုေျပာရာမွ အခ်င္းမ်ားၿပီး ေသဆုံးသည္အထိထုႏွက္၍ အခင္းျဖစ္ေနရာႏွင့္ ၅ ေပခန္႔အကြာ ၿခဳံေတာသို႔အေလာင္းအားသယ္ေရႊ႕ခဲ့ျခင္းျဖစ္ေၾကာင္း ထြက္ဆိုထားသည္။

ပုပ္ပြေနေသာအမ်ဳိးရုပ္အေလာင္းအား ပဲခူးေဆးရံုႀကီးယာဥ္ခြဲရံုသို႔တင္ပို႔ကာ မႈခင္းဆရာဝန္ျဖင့္စစ္ေဆးခဲ့ရာတြင္လည္း ေသဆုံးသူမေအးမွာ ဦးေခါင္းေနာက္ေစ့ခ်ဳိင့္ဝင္ဒဏ္ရာႏွင့္ နံရိုး ၃ ေခ်ာင္းက်ဳိးေၾကဒဏ္ရာတို႔အား စစ္ေဆးေတြ႔ရွိခဲ့ သည္။

“ဇန္နဝါရီ ၂၀ ရက္ေန႔က က်ေနာ္တို႔ အပိုင္ထဲမွာ ပုပ္ပြေနတဲ႔ အမ်ိဳး သမီး အေလာင္း တစ္ေလာင္းေတြ႔ခဲ႔တယ္။အဲ႔ေတာ့ ေသမႈေသခင္းနဲ႔ အမႈ ဖြင့္ထားခဲ႔တယ္။အခုေသဆံုးသူ မေအးက ၁၄ ရက္ေန႔က ေပ်ာက္သြားတာလို႔ သူ႕မိသားစုက ေျပာတယ္။ ဦးေခါင္းေနာက္ေစ့မွာ ဒဏ္ရာရွိတဲ႔အတြက္ လူတစ္ေယာက္ရဲ႕ ပေယာဂနဲ႕ေသဆံုးတယ္လို႔ ယူဆျပီး က်ေနာ္ကိုယ္တိုင္တရားလိုလုပ္ျပီး ဆက္လက္စံုစမ္းခဲ႔တယ္။

ဇန္နဝါရီ ၂၁ ရက္ေန႔မွာေတာ့ ေသဆံုးနဲ႔ ပတ္သက္ခဲ႔တဲ႔ မင္းခန္႔ေက်ာ္ကိုစစ္ေဆးရာမွ အမႈေပၚေပါက္ခဲ႔တယ္” ဟု အမွတ္ ၃ နယ္ေျမရဲစခန္းမွဴးမွ ပဲခူးသတင္းစဥ္သို႔ အတည္ျပဳေျပာႀကားသည္။ျဖစ္စဥ္နွင့္ပတ္သက္၍ အမွတ္(၃)နယ္ေျမရဲစခန္းမွ ေသမႈေသခင္းအမွတ္စဥ္(၁/၂၀၁၉)၊ (ပ)၂၇/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ဖြင့္လွစ္ျပီး ရဲလုပ္ငန္းအရ လိုအပ္သည္မ်ား ဆက္လက္စစ္ေဆးလ်က္႐ွိေႀကာင္း သိရသည္။

သတင္းဓာတ္ပံု- သန္းဝင္းနိုင္ ။ BagoWeeklyJournal
................................
Unicode

အွန်လိုင်းမှတဆင့် ချစ်ကြိုက်ခဲ့သူနှင့် ချိန်တွေ့စဉ်အသတ်ခံခဲ့ရသော အမျိုးသမီးအမှုမှ တရားခံဆိုသူအားဖမ်းဆီးရမိ ။ ပဲခူး၊ ဇန်နဝါရီ ၂၂။ပဲခူးမြို့ ရပ်ကွက်ကြီး(၈) နရဏီသိမ်လမ်းဘေးခြုံတောအတွင်း ဒဏ်ရာများဖြင့် ပုပ်ပွသေဆုံးနေသောအမျိုးသမီးအလောင်း၏ လူသတ်တရားခံအား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း အမှတ်(၃)နယ်မြေရဲစခန်းမှ သိရသည်။

ဇန်နဝါရီလ ၁၉ ရက်နေ့က ပဲခူးမြို့ရပ်ကွက်ကြီး(၈)နာဂဝန်(၆)လမ်းနေ ပုပ်ပွသေဆုံးနေသောအမျိုးသမီးအလောင်းတစ်လောင်းအား ပြည်သူများ၏သတင်းပို့တိုင်ကြားမှုအရ တွေ့ရှိခဲ့သည်။သေဆုံးသူသည်မအေးအေးစန်း(ခ)မအေးဖြစ်ကြောင်းကို ၎င်း၏မောင်အရင်းဖြစ်သူ ဦးနေမျိုးအောင်က ဇန်နဝါရီလ ၂၁ ရက်နေ့တွင် အမှတ်(၃)နယ်မြေစခန်းသို့လာရောက်၍ အလောင်းမှာ၎င်း၏အစ်မဖြစ်သည်ကို လာရောက်အတည်ပြုပေးခဲ့သည်။

နယ်မြေရဲစခန်းတာဝန်ရှိသူများက ပဲခူးမြို့ ဥဿာမြို့သစ်(၁)ရပ်ကွက် (၈)လမ်းရှိ မင်းခန့်ကျော်(၁၉ နှစ်)ဆိုသူကို ခေါ်ယူစစ်ရာ ၎င်းနှင့်မအေးတို့သည် ဇန်နဝါရီလ ၁၄ ရက်က နရဏီသိမ်လမ်းဘေးခြုံတောအတွင်း ချိန်းတွေ့ခဲ့ကြပြီး စကားပြောအဆင်မပြေဖြစ်ရာမှ အနီးရှိအုတ်ခဲကျိုးဖြင့် မအေး၏ဦးခေါင်းအားထုနှက်ခဲ့ခြင်းဖြစ်သည်ထွက်ဆိုခဲ့ကြောင်း။

မင်းခန့်ကျော်က ၄င်းနှင့်သေဆုံးသူ အမျိုး သမီးတို့သည် အွန်လိုင်းပေါ်မှတဆင့် တွေ့ဆုံချစ်ကြိုက်ခဲ့ခြင်းဖြစ်ပြီး ချိန်းတွေ့သည့်နေ့က နှစ်ဦးသဘောတူလင်မယားအဖြစ်ပေါင်းသင်းခဲ့ကြကာ နယ်ထွက်၍အလုပ်လုပ်လိုကြောင်း သေဆုံးသူ မအေးကိုပြောရာမှ အချင်းများပြီး သေဆုံးသည်အထိထုနှက်၍ အခင်းဖြစ်နေရာနှင့် ၅ ပေခန့်အကွာ ခြုံတောသို့အလောင်းအားသယ်ရွှေ့ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုထားသည်။

ပုပ်ပွနေသောအမျိုးရုပ်အလောင်းအား ပဲခူးဆေးရုံကြီးယာဉ်ခွဲရုံသို့တင်ပို့ကာ မှုခင်းဆရာဝန်ဖြင့်စစ်ဆေးခဲ့ရာတွင်လည်း သေဆုံးသူမအေးမှာ ဦးခေါင်းနောက်စေ့ချိုင့်ဝင်ဒဏ်ရာနှင့် နံရိုး ၃ ချောင်းကျိုးကြေဒဏ်ရာတို့အား စစ်ဆေးတွေ့ရှိခဲ့ သည်။

“ဇန်နဝါရီ ၂၀ ရက်နေ့က ကျနော်တို့ အပိုင်ထဲမှာ ပုပ်ပွနေတဲ့ အမျိုး သမီး အလောင်း တစ်လောင်းတွေ့ခဲ့တယ်။အဲ့တော့ သေမှုသေခင်းနဲ့ အမှု ဖွင့်ထားခဲ့တယ်။အခုသေဆုံးသူ မအေးက ၁၄ ရက်နေ့က ပျောက်သွားတာလို့ သူ့မိသားစုက ပြောတယ်။ ဦးခေါင်းနောက်စေ့မှာ ဒဏ်ရာရှိတဲ့အတွက် လူတစ်ယောက်ရဲ့ ပယောဂနဲ့သေဆုံးတယ်လို့ ယူဆပြီး ကျနော်ကိုယ်တိုင်တရားလိုလုပ်ပြီး ဆက်လက်စုံစမ်းခဲ့တယ်။

ဇန်နဝါရီ ၂၁ ရက်နေ့မှာတော့ သေဆုံးနဲ့ ပတ်သက်ခဲ့တဲ့ မင်းခန့်ကျော်ကိုစစ်ဆေးရာမှ အမှုပေါ်ပေါက်ခဲ့တယ်” ဟု အမှတ် ၃ နယ်မြေရဲစခန်းမှူးမှ ပဲခူးသတင်းစဉ်သို့ အတည်ပြုပြောကြားသည်။ဖြစ်စဉ်နှင့်ပတ်သက်၍ အမှတ်(၃)နယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ်(၁/၂၀၁၉)၊ (ပ)၂၇/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖွင့်လှစ်ပြီး ရဲလုပ်ငန်းအရ လိုအပ်သည်များ ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

သတင်းဓာတ်ပုံ- သန်းဝင်းနိုင် ။ BagoWeeklyJournal

No comments:

Post a Comment