Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, January 22, 2019

ရဲေမျဖစ္ရန္ အပ်ိဳ စစ္မစစ္ အခုလိုစမ္းသပ္မႈကို အလြန္တရာ ေဝဖန္ခံေနရ


ရုပ္ရည္ေခ်ာေမာဖုိ ့အျပင္ အပ်ိဳစစ္၊ မစစ္လည္း စစ္ေဆးခံေနရတဲ့ အင္ဒိုနီးရွားရဲေမ ေလ်ာက္ရပုံအဆင့္အဆင့္ ။ အင္ဒိုနီးရွားတြင္ ရဲေမျဖစ္လိုလၽွင္ လွပေခ်ာေမာရန္လိုအပ္သည့္အျပင္ အ ပ်ိဳစစ္၊ မစစ္လည္း စစ္ေဆးခံႏိုင္ရမည္ ျဖစ္သည္။ အပ်ိဳစစ္၊ မစစ္ စစ္ေဆးရ မည္ဟု တရားဝင္မျပ႒ာန္းေတာ့ေသာ္ လည္း ရဲေမေလာင္းတို႔သည္ စာရိတၱႏွင့္ ကိုယ္ကာယစစ္ေဆးျခင္းဆိုသည့္ သတ္ မွတ္ခ်က္အရ ယခုထက္ထိတိုင္ ထိုသို႔ စစ္ေဆးခံေနရဆဲျဖစ္သည္။

အပ်ိဳဘ၀ တြင္ စိတ္ဆႏၵကိုအလိုလိုက္ခဲ့သူမ်ား သို႔ မဟုတ္ လိင္လုပ္သားအျဖစ္အလုပ္လုပ္ခဲ့ဖူးသူမ်ားကို လူမႈအသိုင္းအဝိုင္းက ရဲ ေမအျဖစ္ လက္ခံမည္မဟုတ္ဟု ရဲတပ္ဖြဲ႕ က အခိုင္အမာယူဆသျဖင့္ ယင္းသို႔လုပ္ ျခင္းျဖစ္ေၾကာင္း လူ႕အခြင့္အေရးေစာင့္ ၾကည့္ေရးအဖြဲ႕မွ အန္ဒရက္စ္ဟာဆိုႏိုက ဆိုသည္။

ရဲေမေလာင္းတို႔၏ အပ်ိဳေျမႇး အ ေကာင္းပကတိအတိုင္း ရွိေသး၊ မရွိေသး သိရရန္ လက္ႏွစ္ေခ်ာင္းကို ရဲေမေလာင္း တို႔၏မိန္းမကိုယ္ထဲထည့္ၿပီး စမ္းသပ္ျခင္း ျဖစ္ရာ ထိုစမ္းသပ္ခ်က္သည္ အလြန္တရာ ေဝဖန္ခံေနရသည္။
ယင္းနည္းျဖင့္စမ္း သပ္႐ုံျဖင့္ အမ်ိဳးသမီးတစ္ဦး အပ်ိဳစင္ စစ္၊ မစစ္ကိုလည္း အတိအက် မသိႏိုင္ ေပ။ ႏိုင္ငံတကာလူ႕အခြင့္အေရးအဖြဲ႕အစည္းမ်ားက ဆက္တိုက္ဖိအားေပးသျဖင့္ အင္ဒိုနီးရွားရဲတပ္ဖြဲ႕က ယင္းစမ္းသပ္မႈကို တရားဝင္ ပယ္ဖ်က္လိုက္ၿပီျဖစ္ေသာ္ လည္း လက္ေတြ႕တြင္မူ ယင္းနည္းလမ္း ကို ဆက္လက္က်င့္သုံးေနဆဲပင္ျဖစ္ သည္။

ရဲတပ္ဖြဲ႕ထဲဝင္လိုသည့္ အမ်ိဳးသမီး သို႔မဟုတ္ စစ္ထဲဝင္လိုသည့္ အမ်ိဳးသမီး မ်ားသည္ အထက္ပါနည္းျဖင့္ စမ္းသပ္ခံရ ႐ုံသာမက ကိုယ္က်န္းမာေရးသာမက စိတ္က်န္းမာေရးပါ ေဒါင္ေဒါင္ျမည္ေနရ မည္ျဖစ္ၿပီး ဘာသာေရးခံယူခ်က္လည္း ျပင္းထန္ရမည္ျဖစ္သည္။

(ABC, 22.10.18) ခ်ယ္ရီ

Unicode ျဖင့္ဖတ္ရန္

အင်ဒိုနီးရှားတွင် ရဲမေဖြစ်လိုလျှင် လှပချောမောရန်လိုအပ်သည့်အပြင် အ ပျိုစစ်၊ မစစ်လည်း စစ်ဆေးခံနိုင်ရမည် ဖြစ်သည်။ အပျိုစစ်၊ မစစ် စစ်ဆေးရ မည်ဟု တရားဝင်မပြဋ္ဌာန်းတော့သော် လည်း ရဲမေလောင်းတို့သည် စာရိတ္တနှင့် ကိုယ်ကာယစစ်ဆေးခြင်းဆိုသည့် သတ် မှတ်ချက်အရ ယခုထက်ထိတိုင် ထိုသို့ စစ်ဆေးခံနေရဆဲဖြစ်သည်။

အပျိုဘဝ တွင် စိတ်ဆန္ဒကိုအလိုလိုက်ခဲ့သူများ သို့ မဟုတ် လိင်လုပ်သားအဖြစ်အလုပ်လုပ်ခဲ့ဖူးသူများကို လူမှုအသိုင်းအဝိုင်းက ရဲ မေအဖြစ် လက်ခံမည်မဟုတ်ဟု ရဲတပ်ဖွဲ့ က အခိုင်အမာယူဆသဖြင့် ယင်းသို့လုပ် ခြင်းဖြစ်ကြောင်း လူ့အခွင့်အရေးစောင့် ကြည့်ရေးအဖွဲ့မှ အန်ဒရက်စ်ဟာဆိုနိုက ဆိုသည်။ ရဲမေလောင်းတို့၏ အပျိုမြှေး အ ကောင်းပကတိအတိုင်း ရှိသေး၊ မရှိသေး

သိရရန် လက်နှစ်ချောင်းကို ရဲမေလောင်း တို့၏မိန်းမကိုယ်ထဲထည့်ပြီး စမ်းသပ်ခြင်း ဖြစ်ရာ ထိုစမ်းသပ်ချက်သည် အလွန်တရာ ဝေဖန်ခံနေရသည်။ ယင်းနည်းဖြင့်စမ်း သပ်ရုံဖြင့် အမျိုးသမီးတစ်ဦး အပျိုစင် စစ်၊ မစစ်ကိုလည်း အတိအကျ မသိနိုင် ပေ။ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းများက ဆက်တိုက်ဖိအားပေးသဖြင့် အင်ဒိုနီးရှားရဲတပ်ဖွဲ့က ယင်းစမ်းသပ်မှုကို တရားဝင် ပယ်ဖျက်လိုက်ပြီဖြစ်သော် လည်း လက်တွေ့တွင်မူ ယင်းနည်းလမ်း ကို ဆက်လက်ကျင့်သုံးနေဆဲပင်ဖြစ် သည်။

ရဲတပ်ဖွဲ့ထဲဝင်လိုသည့် အမျိုးသမီး သို့မဟုတ် စစ်ထဲဝင်လိုသည့် အမျိုးသမီး များသည် အထက်ပါနည်းဖြင့် စမ်းသပ်ခံရ ရုံသာမက ကိုယ်ကျန်းမာရေးသာမက စိတ်ကျန်းမာရေးပါ ဒေါင်ဒေါင်မြည်နေရ မည်ဖြစ်ပြီး ဘာသာရေးခံယူချက်လည်း ပြင်းထန်ရမည်ဖြစ်သည်။

(ABC, 22.10.18) ချယ်ရီ

No comments:

Post a Comment