Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 1, 2019

စ ဓ ဗ ဝ ပျော်ဝင်အိုးကြီး


Happy New Year!!!!!!!
သတင်းစုံပျော်ဝင်အိုးကြီးကို
အားပေးကြသူမိတ်သင်္ဂဟအပေါင်း
၂၀၁၉ တွင် လာဘ်လာဘများတိုးပွားကြစေသော်ဝ်........
ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြစေသော်ဝ်...
ပျော်ဝင်အိုးကြီး
......................
*** စ ဓ ဗ ဝ - ဆိုတဲ့ စကား လေးလုံး ***
စက္ခုမာစရမာစိဏ္ဏော! ဓမ္မညူ ဓမ္မသာမိကော ဗလူပေတော ဗလဓရော ! ဝရဒေါ ဒေတု မေ ဝရံ။
စက္ခု မာ-မံသ,ပညာ နှစ်ဖြာသောစက္ခုနှင့် ပြည့်စုံတော်မူထသော!
စရံ - စရဏတရား တစ်ဆယ့်ငါးပါးကို!အာစိဏ္ဏေ - အမြဲမပြတ် လေ့ကျင့်တော်မူအပ်ပြီးထသော!
ဓမ္မညူ - တရားအားလုံးကို သိမြင်တော်မူပြီးထသော! ဓမ္မသာမိကော - တရားပိုင်ရှင် ဖြစ်တော်မူပေထသော !
ဗလူပေတော - ဥာဏ်တော်အင်အား ဆယ်ပါးနှင့်လည်း ပြည့်စုံတော်မူပေထသော !
ဗလဓရော - ကိုယ်တော်အင်အားဆယ်ပါးကိုလည်း ဆောင်တော်မူထသော !
ဝရဒေါ - မြင့်မြတ်သမှု နိဗ္ဗာန်ဆုကိုလည်း ပေးတော်မမူတတ်သော မြတ်စွာဘုရားသည် ! မေ - တပည့်တော်အား !
ဝရံ -ကောင်းကျိုးစုစုဟမြတ်သောဆုကို ! ဒေတု - လျင်စွာမနှေး ပေးသနားတောမူပါ့အရှင်ဘုရား။ ဤဂါထာသည် ဘုရားဂုဏ်တော်များကို ဖွဲ့ဆိုထားပြီး ထိုဂုဏ်တော်အပေါင်းနှင့်ပြည့်စုံတော်မူသော ဘုရားရှင်အား ကောင်းမြတ်သောဆုကို ပေးသနားရန် လျှောင်ထားသော ဂါထာဖြစ်သည်။
``စက္ခု မာ,ဓမ္မညူ ,ဗလူပေတော , ဝရဒေါ - ဟူသော ဂါထာလေးပါဒ၏အစပုဒ်၌ ပါရှိသော အက္ခရာလေးလုံးကို ကောက်ယူ၍ ``စ-ဓ-ဗ-ဝ ဂါထာ´´ဟူ၍ အတိုကောက်ခေါ်ကြသည်။
အကိုး ဗုဒ္ဓဘာသာလက်စွဲကျမ်း ပထမတွဲ
 မေတ္တာဖြင့် ဓမ္မစကူးလ်ဆုံရာ
.......................
ဓမ္မစကူးလ် ဆုံရာ‎ဗုဒ္ဓဘာသာများဆုံဆည်းရာနေရာ
စ ဓ ဗ ဝ - ဆိုတဲ့ စကားလုံး(၄)လုံးကို လူတိုင်းလိုလို ကြားဘူးကြပေမယ့် တစ်လုံးချင်းစီရဲ့ အနက်အဓိပ္ပါယ်ကိုတော့ သေချာသိတဲ့သူ နည်းနေပါသေးတယ်။အခု စဓဗဝ ဆိုတဲ့ အတိုကောက်စာ...လုံးလေးလုံးရဲ့ အရှည်ကောက် ဂါထာကို အဖွဲ့ဝင်များအတွက်
တင်ပေးလိုက်ပါတယ်။အကျိုးရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။
စက္ခုမာစရမာစိဏ္ဏော! ဓမ္မညူ ဓမ္မသာမိကော
ဗလူပေတော ဗလဓရော ! ဝရဒေါ ဒေတု မေ ဝရံ။
စက္ခု မာ-မံသ,ပညာ နှစ်ဖြာသောစက္ခုနှင့် ပြည့်စုံတော်မူထသော!စရံ - စရဏတရား တစ်ဆယ့်ငါးပါးကို!အာစိဏ္ဏေ - အမြဲမပြတ် လေ့ကျင့်တော်မူအပ်ပြီးထသော! ဓမ္မညူ - တရားအားလုံးကို သိမြင်တော်မူပြီးထသော! ဓမ္မသာမိကော - တရားပိုင်ရှင် ဖြစ်တော်မူပေထသော ! ဗလူပေတော - ဥာဏ်တော်အင်အား ဆယ်ပါးနှင့်လည်း ပြည့်စုံတော်မူပေထသော ! ဗလဓရော - ကိုယ်တော်အင်အားဆယ်ပါးကိုလည်း ဆောင်တော်မူထသော ! ဝရဒေါ - မြင့်မြတ်သမှု နိဗ္ဗာန်ဆုကိုလည်း ပေးတော်မမူတတ်သော မြတ်စွာဘုရားသည် ! မေ - တပည့်တော်အား ! ဝရံ -ကောင်းကျိုးစုစုဟမြတ်သောဆုကို ! ဒေတု - လျင်စွာမနှေး ပေးသနားတောမူပါ့အရှင်ဘုရား။
ဤဂါထာသည် ဘုရားဂုဏ်တော်များကို ဖွဲ့ဆိုထားပြီး ထိုဂုဏ်တော်အပေါင်းနှင့်ပြည့်စုံတော်မူသော ဘုရားရှင်အား ကောင်းမြတ်သောဆုကို ပေးသနားရန် လျှောင်ထားသော ဂါထာဖြစ်သည်။
``စက္ခု မာ,ဓမ္မညူ ,ဗလူပေတော , ဝရဒေါ - ဟူသော ဂါထာလေးပါဒ၏အစပုဒ်၌ ပါရှိသော အက္ခရာလေးလုံးကို ကောက်ယူ၍ ``စ-ဓ-ဗ-ဝ ဂါထာ´´ဟူ၍ အတိုကောက်ခေါ်ကြသည်။
-------------------------------------------------------
အကိုး ဗုဒ္ဓဘာသာလက်စွဲကျမ်း ပထမတွဲ
မေတ္တာဖြင့် ဓမ္မစကူးလ်ဆုံရာ

1 comment:

  1. ကြေးအိုး​တွေက​ရှေး​ဟောင်းလား

    ReplyDelete