Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, January 1, 2019
စနေသားသမီးများအတွက်”၂၀၁၉”ခုနှစ်အတွင်း ဆောင်ရန်ရှောင်ရန် ၁နှစ်စာ ဟောစာတမ်း
မကြာခဏ ခရီသွားရကိန်းရှိ၍ လူမျိုးခွဲများနှင့် ဆက်ဆံလုပ်ကိုင်သော အရောင်အဝယ်းလုပ်ငန်းများ အလုပ်ကောင်းမည့်နှစ်ကာလဖြစ်သည်။ သိုသော် မည်သည့်ကိုယ်မှ ယုံကြည်၍မရသောနှစ်သာဖြစ်၍ မိမိလုပ်ငန်းအကြောင်း၊ မိသာစု၊ မိမိရည်ရွယ်ထားသောအရာများအားလုံးမပြောသင့်၍ ငွေးကြေးနှင့်ပတ်သတ်ပြိး လုံးဝအချေးငြားမလုပ်မိပါစေနှင့် အမုန်းခံ ငွေပြန်ရတာမျိုးကြုံတွေ့ရတတ်သည်။
၂၀၁၉ခုနှစ် February (9)ရက် ဤနေ့ ဘုရားတည်၊ ထီးတင်း၊ အနေကဇာတင်၊ အဓိဌာန်ဝင်ခြင်း၊ သိက္ခာတင်ခြင်း၊ တိုင်ထူ၊ အုတ်မြစ်ချ၊ ကလေးထမင်းခွံ၊ ကင်းပွန်းတပ်၊ ဆိုင်းဘုတ်တင်ခြင်း၊ ဆေးဖော်၊ ဆေးခန်းဖွင့်၊ နံနက်(10:56)နာရီလွန် ရေကန်တူးဖော်ခြင်း၊ ဘဏ်စာရင်းဖွင့်၊ ထီးထိုးနှင့်ရေကြောင်းခရီးသွားလာခြင်းကောင်း၏။
ထီးထိုးရန် ၂၀၁၉ခုနှစ် February (9)ရက် ကြက်သွေးရောင်၊ အဝါရောင် ဝတ်ဆင်၍ ထီးထိုးပါ။ဒီနှစ် မိမ်ကိုယ်ကိုယုံကြည်စွာ မိမိစိတ်လိုရာလုပ်ငန်း ငွေကြေးရင်းနှီး စိုက်ထုတ်ပြိး လုပ်ငန်းစပါ။ သို့သော် မနိုင်သောဝန်ကို မထမ်းပါနှင့်။ နောက်ပြိး အလွယ်တကူဂတိပေးတာမျိုး တာဝန်ယူတာမျိုးလဲ မလုပ်သင့်ပါ။ မိတ်သင်္ဂဟအခြွေအရံများ ပေါများလာအောင် လူမှုရေး၊ဘာသာရေး၊ပရဟိတကိစ္စများလုပ်ပါ။ အများလေးစားကြည်ညို့ခံရတတ်ပြိး ဘဝအထွဋ်အထိပ်ကို ရောက်ရှိပါမည်။ တရားရသောနည်းလမ်းဖြင့် ငွေကြေးများစွာ ပိုင်ဆိုင်နိုင်ပါသည်။
မင်းစိုးရာဇာ ဝန်းထမ်းလောကလုပ်နေသူများ အကောင်းနှင့်အဆိုး ဒွန်တွဲထား၍ အမှောင်းနည်းလမ်းဖြင့် ငွေကြေးရှာဖွေ့ခြင်းကို လုံးဝ စွန့်လွတ်ပါ ဒုက္ခတွေ့တတ်ပြိး အလင်းလုပ်ကိုင်နေသူများနှင့် နှစ်ရှည်ဘဝတစ်ခုလုံးဝန်းထမ်းအတွက်သစ္စာရှိပေးဆပ်နေသူများကံအပြောင်းအလဲ မိမိနာမည်ဂုဏ်သတင်းကျော်ဇော်ပြိးရာထူးကြီးနေရာ ထမ်းဆောင်ရမည်နှစ်ဖြစ်သည်။သို့သော် မိမိစေတနာကဝေဒနာဖြစ်ပွားသွားတတ်ပါသည်။
(20)ရက် နဂါးပြည်ပြဿဒါး ဤနေ့ ရှင်ပြု၊ နားသ၊ စေ့စပ်၊ လက်ထပ် ညနေ့(4:45)နာရီလွန် ရေတွင်းရေကန် တူးဖော်ခြင်း၊ မြေသန့်မင်္ဂလာပြုလုပ်ခြင်းကောင်း၏။ထီးထိုးရန် ၂၀၁၉ခုနှစ် April (6)ရက် ကြေးနီရောင်၊ အဝါရောင် ဝတ်ဆင်၍ ထီးထိုးပါ။စီးပွားရေးဂဏ္ဍ။ငွေကြေးလုပ်ငန်း၊ခြံလုပ်ငန်း၊ကားအရောင်းအဝယ်လုပ်ငန်း၊ ရွှေငွေရတနာ၊ ယာဉ်စက်စ္စည်း၊ ရေနံ၊ ဓာတ်ဆီ၊ စက်သုံးဆီရောင်းဝယ်ခြင်းလုပ်ငန်း၊ ဆန်၊ ဆီး၊ ဆား၊ လယ်ထွန်စက်၊ စက်ရုံပစ္စည်း၊ သံ၊ သွပ်၊ သစ်သီးဝလံ၊ အစိမ်းရောင်းရှိသော ဟင်းသီးဟင်းရွက်၊ ကုန်စိမ်းကုန်ခြောက်၊ သစ်လုပ်ငန်း၊ အိမ်ပြင်အိမ်ဆောက်အလှဆင်နှင့် အစုရှယ်ယာဝင်လုပ်ငန်း ဆက်သွယ်ရေးအပို့ပစ္စည်းများရောင်းဝယ်ခြင်းကောင်း၏ အကျိုးဖြစ်ထွန်းမည်။
ကုမ္ပဏီတည်ထောင်ခြင်း၊ ဘဏ်လုပ်ငန်းများဆောင်ရွက်ခြင်း၊ အစုရှယ်ယာဝင်ခြင်းများမှ အကျိုးမြတ်ရတတ်သည်။ ပြည်တွင်း၊ ပြည်ပခရီးသွားရကိန်းကြုံလာမည်။အင်္ဂါနံလုပ်ငန်း၊ ကြာသပတေးနံ လုပ်ငန်းဟူသမျှ အနည်းငယ် အခက်ခံများ ပြဿနာများ အထင်အရှားပုဂ္ဂိုလ်များ အထင်လွှဲမှားခြင်း တရားဥပဒေဖြင့် အရေးယူခံရမည်။ မိသာစုတွင် ငွေကြေးကုန်ကျမှုများတတ်သည်။ မီဒီယာလုပ်ငန်းများအကြပ်အတည်းတွေ့ရမည့်။
စက်ရုံ၊ အလုပ်ရုံ၊ အများနှင့်သက်ဆိုင်သောနေရာများ မီးဘေးအန္တရယ်အထူးဂရုစိုက်ပါ။ ရင်းနှီးသောသူများနှင့် မိမိအကြားအယူအဆသဘောထား မကိုက်ညီမှုများကြုံရမည်။ မိမိပိုင်ပစ္စည်းများ တစ်ပါးသူကို ဌာရမ်းခြင်းများ တတ်နိုင်သမျှရှောင်ကြည့်ရမည်။ အိမ်ခြံမြေလက်မှတ်ရေးထိုးခြင်း၊ စာချုပ်စာတမ်းများ ချုပ်ဆိုရာတွင် သတိဖြင့်ဆောင်ရွက်ရမည်။ 2019ခု ယခုနှစ်တွင် *3လ,5လ,8လ*များတွင် မည့်သည်ကိစ္စဆောင်ရွက်ရာတွင် သတိထားဆောက်ရွင်သင့်သည်။
၂၀၁၉ခုနှစ် May (18)ရက် ရက်ရာဇာ ဤနေ့ အဓိဌာန်ဝင်ခြင်း၊ ဘုရားတည့်၊ ဘုရားပင်ဆောင့်ခြင်း၊ ထီးတင်၊ ကျန်းမားရေးကုသမှုခံယူခြင်း၊ အလုပ်သစ်လျှောက်ခြင်း၊ ဘဏ်စာရင်းဖွင့်၊ ပရဟိတလုပ်ခြင်း၊ ထီးထိုး၊ ဘာသာရေးနှင့်လူမှုရေးစကားပြောဆိုခြင်းကောင်း၏။(ညောင်ရေသွန်းပွဲ)(ဗုဒ္ဓဇယန္တီ)(ဂန္ဓေဆွရီဒေဝီပူဇာ)(ပုဏ္ဍမီ)(မနွန္တရာ)ထီးထိုးရန် – ၂၀၁၉ခုနှစ် May (18)ရက် လိမ္မော်ရောင်၊ နို့နှစ်ရောင် ဝတ်ဆင်၍ ထီးထိုးပါ။
အချစ်ရေးနှင့်အိမ်ထောင်ရေးဂဏ္ဍ ။အချစ်ရေးသမားများအတွက် မိမိအားဂုဏ်သိက္ခာ ကျဆင်းစေရန် ရည်ရွယ်ချက်ဖြင့် တစ်ခုလပ်၊ မုဆုံးဖို့/မ boy,girl အချို့ချဉ်းကပ်လာတတ်သည်။အချစ်ရေးမှာ တစ်ပါးသူများဝင်ရောက်ပြိး ချစ်သူနှစ်ဦးကြား စိတ်ရှုပ်ထွေးမှုများ ကြုံတွေ့ရတတ်သည်။
အပျော်အပါးလိုက်စားခြင်းကြောင့် အချစ်ရေး၊အိမ်ထောင်ရေးထိခိုက်ပြိး တစ်ဦးနှင့်တစ်ဦး မယုံကြည်စရာများ ဖြစ်ပေါ်လာတတ်သည်။
အပျို၊လူပျိုများ မိမိ စိတ်ကြိုက်ရွေးချယ်ရန်အတွက်အခွမ်းအလမ်းမျာရှိပါသည်။ အထူး အမုန်းပွားစရာ ဖြစ်စေတတ်သော မိမိကိုယ်
ကျင့်သိက္ခကာများ ပြင်ဆင်ခြင်းနှင့် အမှုကိစ္စများ မကျူးလွန်ရန် အသိသတိနှင့်သာ နေထိုင်သင့်သည်နှစ်ဖြစ်သည်။အပေါင်းအသင်း
နှင့် အပျော်အပါးလိုက်စားမှုများကြောင့် မိမိရည်မှန်းချက်များ နှောင်းနှေးသွားတတ်သည်။
၂၀၁၉ခုနှစ် June (15)ရက် ဤနေ့ ဘုရားတည်၊ ကျောက်ဆစ်ထုခြင်း၊ ကြေးသွန်းလောင်းခြင်း၊ ကုမ္ပဏီဖွင့်လှစ်ခြင်း၊ နေစက်
(12:00)နာရီလွန် ရေတွင်းရေကန်တူးဖော်ခြင်း၊ ပန္နက်ရိုက်၊ကျင်ထူး၊ အဝီစိတွင်းတူးခြင်း၊ ငွေကြေးချေးငြားခြင်း၊ အပ်နှံခြင်း၊ ကလေးထမင်းခွံ၊ အိမ်ပြောင်း၊ ထီးထိုး၊ ဆိုင်းဘုတ်တင်ခြင်းကောင်း၏။
ထီးထိုးရန် – ၂၀၁၉ခုနှစ် June (15)ရက် အညို့ရောင်၊ အဖြူရောင် ဝတ်ဆင်၍ ထီးထိုးပါ။အချစ်ရေးနှင့်အိမ်ထောင်ရေး အသက် ၁၅၊ ၂၁၊ ၂၂၊ ၂၃၊ ၂၅၊ ၃၂၊ ၃၅ ထိုနှစ်အသက်ပိုင်းခြားများ ညံနေတတ်သည်။ မေတ္တာရေးတွင် အသေးစားပြဿနာများကို အကျယ်ချဲ့၍ ပဋိပက္ခ အထစ်အငေါ့ပြဿနာများ ဖြစ်ကာ တစ်ပါးသူ၏ ပယောကကြောင်းလဲ မိမိချစ်ရေးရာများ လမ်းခွဲရတတ်သည်။ နောက်ပြိး မိမိမ်သာစုတွင် တစ်ပါးသူ၏ စကားများဖြင့် သွေထိုးခြင်း ယုံကြည်၍ ပြဿနာတတ်ဖြစ်ခြင်း၊ ရံဖန်ရံခါ စကားငြင်းဆိုမှုများ ပေါ်ပေါက်လာတတ်သည်။
အသက် ၁၆နှစ် မှ ၂၀နှစ်အထိ/၂၄နှစ် မှာ ၂၉အထိ အပျိုလူပျို အချစ်ရေးအိမ်ထောင်ရေးများ သာယာလိမ့်မည်။ ချစ်သူထံ အိမ်ထောင်ဘက်ထံမှာ တန်းဖိုးကြီးလက်ဆောင်နှင့် တန်းဖိုးဖြတ်လို့မရတဲ့ “ပီတိ”မင်္ဂလာကောင်းသတင်းများ ကြားရ၍ လက်ဆောင်ဂဏ္ဍများရလိမ့်မည်။
၂၀၁၉ခုနှစ် Junly (20)ရက် ဤနေ့ နံနက်(8:34)နာရီအတွင်း ရှင်ပြုနားသ၊ ဘုရားအနေကဇာတင်၊ သိဒ္ဓိတင်ခြင်း၊ ကလေးထမင်းခွံ၊ နာမည့်မှည့်၊ ရေတွင်းရေကန်တူးဖော်ခြင်း၊ ဧည့်ခံပွဲစတင်ခြင်း၊ ငွေကြေးချေးငြားခြင်း၊ ခရီးသွားလာခြင်းကောင်း၏။အသက် ၃၃၊ ၃၄ နှစ် နှင့် ၃၆နှစ်မှာ ၄၀နှစ်ရှိသူများ စီးပွားတိုးတတ်ခြင်း၊ ဝန်းထမ်းလောကဆို ရာထူးရာခံ၊ အကြီးအကဲ ခေါင်းဆောင်နေရာ တာဝန်ထမ်းဆောင်ရတတ်ပြိး မိသားစုဘုရားဖူးထွက်ရခြင်း၊ အလှူဒန်းကုသိုလ် ကောင်းမှုများလည်း အောင်မြင်ပါလိမ့်မည်။
အိမ်၊ခြံ၊ ရွှေငွေရတနာ၊ ဇိမ်ခံစက်ပစ္စည်းကြီးများ ဝင်လာမည့်၊ အိမ်ထောင်ရှင်များ သက်တမ်းရှည်ကြာလာပြိး သားသမီးတောင်တနေသူများ ရပါလိမ့်မည်။ ခြေနှစ်ချောင်းဝင်မည်။ အိမ်ထောင်ရှင်စုံတွဲ အင်္ဂါ၊ ကြာသပတေးနှင့် ထိုနေနံနာမည် အပူ နှင့် မိမိအိမ်ညအိပ်လက်ခံခြင်းရှောင်ကြဉ်ပါ။ အထူးသဖြင့် တစ်ပါးသူ၏ ကြားခံဝင်ရောက်စွတ်ဖတ်ပြောဆိုမှုများနှင့် မိသာစုတွင် ခေါင်ဆောင်လုပ်ခြင်းများ သတိထားရမည့်နှစ်သာဖြစ်သည်။ နှစ်ဖက်မိဘ၊ ဆွေမျိုးအသိုင်းအဝိုင်းများ အလည်အပတ်သွားခြင်း၊ အကူညီပေးရခြင်းနှင့် ဘုရားဖူးမိသာစုဆွေမျိုးအသိုင်းဝိုင် စုံလင်းသွာ ခရီးထွက်ရတတ်သည်။
၂၀၁၉ခုနှစ် September (14)ရက် ရက်ရာဇာ ဤနေ့ နံနက်(10:28)နာရီအတွင်း ဆိုင်းဘုတ်တင်ခြင်း၊ ရေတွင်းရေကန်တူးဖော်ခြင်း၊ စေတီပုထိုးပြုပြင်ခြင်း၊ ကလေးထမင်းခွံ၊ ထီးထိုး၊ ခွဲစိပ်ကုသခံယူခြင်း၊ မင်္ဂလာအမှုကိစ္စဆောင်ရွက်ခြင်း၊ ငွေကြေးချေးငြားခြင်း၊ အလုပ်သစ်လျှောက်ခြင်း၊ ဘဏ်စာရင်းဖွင့်၊ အချစ်ရေးစကားပြောခြင်းကောင်း၏။
ပညာရေးဂဏ္ဍ-စနေ့သားသမီးများ ပညာရေးဂုဏ်ထူးတန်းဝင်ရောက်ခြင်း၊ ထူးချွန်ဆု၊ ဂုဏ်ထူး၊ ဘွဲ့ထူးဒီဂရီ ရမည့် မင်္ဂလာရှိသောနှစ်ဖြစ်သည်။ စာမေးပွဲဖြေဆို နှစ်အောက်ကျသူများ၊ ပြည်ပနိုင်ငံ ဘာသာရပ်စာမေးပွဲ၊ အင်တာဗျူ အလုပ်အကိုင်နှင့်ပညာရေးသင့်ခြင်း အောင်မြင်မှုရပါလိမ့်မည်။ အထူးသဖြင့် နည်းပညာဆိုင်ရာများ၊ အနုပညာဆိုင်ရာများ အောင်မြင်တတ်သည်။ လုပ်ငန်းခွင့်စာမေးပွဲများဖြေဆိုခြင်း ကောင်း၏။ ပညာရေးဂဏ္ဍ အသီးသီးရှိ လူကြီး၊လူငယ် လူတန်းစားမရွေး ဆက်လက် ကြိုးစားလုပ်ကိုင်ကြရန်အကြံပြုပါတယ်။ အခွင့်အလမ်းများ မိမိလက်တစ်ကမ်း ရောက်ရှိလာလိမ့်မည်။
စက်မှုလက်မှု ပညာများခေတ်နှင့်လျှော်ညီသော ဆန်းသစ်ပညာရပ်များ လေ့လာလိုက်စားခြင်းများ အထူးကောင်းမွန်ပြိး အောင်မြင်မှုဂုဏ်သတင်းများကျောဇောလိမ့်မည်။ မိမိမထင်မှတ်ထား မမျော်လင်းထားသော နေရာ၊ဒေရပ်ခြားကနေ့ ငွေကြေးဝင်ခြင်း၊ မနှစ်အကြွေးများပြန်ရခြင်းနှင့် ရာထူးတိုး နေရာဌာနေပြောင်း တာဝန်ထမ်းဆောင်ရခြင်း အစိုးရနိုင်ငံတော်မှ ဘွဲ့ထူးဂုဏ်ထူး ချီးမြှင့်ခြင်းများခံရတတ်သည်။
၂၀၁၉ခုနှစ် December (14)ရက် နဂါးပြည်ပြဿဒါး ဤနေ့ နံနက်(10:39)နာရီလွန် ဂါထာမန္တန်သိဒ္ဓိတင်ခြင်း၊ ရေတွင်းရေကန်တူးဖော်ခြင်း၊ အဝိစိတွင်းတူးဖော်ခြင်း၊ ကုမ္ပဏီထူထောင်ခြင်း၊ မိတ်ဆွေသစ်နှင့်တွေ့ဆုံခြင်း၊ အလုပ်သစ်လျှောက်ခြင်း၊ လေကြောင်းခရီးသွားခြင်းကောင်း၏။စနေသားသမီးများ ထီးပေါက်နိုင်၍ ထီးထိုးရန်… သူတစ်ပါးအတွက် ရည်စူး၍ ကြုံရာတွေရာနေကနေ့ ထီဂဏန်းကို ထိုးပေးပါ။
ကျန်မားရေးတွင် လေးဖက်နာရောဂါ၊ ကျီးပေါင်းတတ်ခြင်း၊ သွေးတိုးရောဂါ၊ ဒူနား၊ ခါနား၊ အဆစ်အမြစ်ကိုက်ခဲခြင်းရောဂါများ ခံစားရတတ်
သည်။ ကျန်းမားရေးအတွက် စည်းကမ်းစနစ်တကျ စားသောက်ခြင်း၊ အနားယူခြင်း၊ အပန်းဖြေခရီးသွားလာခြင်း၊ ကျန်းမာရေး စင်တာများတွင် စစ်ဆေးခံယူခြင်းများ လေ့ကျင့်ခန်းများ ပြုလုပ်ပါ။
မထင်မှတ်သော လောကဓံတရာများ ရိုက်ခတ်လာနိုင်သည်။ သဘာဝ ဘေးအန္တရာယ်နှင့် လူပယောဂအမျိုးမျိုးကြောင့် မိမိပိုင်ဆိုင် ထားရှိသမျှ အားလုံး တိုက်ခိုက်ခံရ၍ ပျက်စီးခြင်းများ ကြုံတွေ့ရတတ်သည်။ ရန်သူအပေါင်း နယ်မြေနယ်ခြား လှုမျိုးစုံ စုပေါင်းလုပ်ကြံလာတတ်သည်။သို့ဖြစ်ပါ၍ စနေသားသမီးများ မိမိယုံကြည်ရာ ဘာသာရေး တရားအတိုင်း အပတ်စဉ်၊ လစဉ်၊ ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာ ကုသိုလ်ပြုလုပ်ကြပါ။
ဆောင်ရွက်စရာကိစ္စများ  ယခုနှစ်တွင် ခရီးသွားခြင်းနှင့်လုပ်ငန်းကိစ္စအဆင်ပြေရန်အတွက် ဘုရားတွင်(ဝိဇ္ဇာစရဏ သမ္ပန္နော ) ဂုဏ်တော်ရွတ်ဆိုပြိး ပုတီး(၃)ပတ်စိတ်ပြီး ခရီးသွားခြင်း၊* ရွှေအိုး ရောင် ၊ ကြည်ပြာရောင်၊ ပန်းရောင် * အဝတ်အထည်မျာဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကို အဆောင်အဖြစ်အသုံးပြုနိုင်သည်။
စနေသားသမီးများ ကံကောင်းစေလိုသော်…..တောင်အရပ်မှာ ထီးနီ သို့ တံခွန်စိုက်ခြင်း၊ ကံကော်ပင် စိုက်ပျိုးခြင်း ပြုလုပ်ပါ။အနောက်တောင်အရပ် လမ်းဘေးဝဲယာတွင် ကြက်ဆူးပင်၊ ကြံပင်စိုက်ပါ။စနေသားသမီးများ နက်ပြာရောင်ရှိသော နီလာရတနာ ဝတ်ဆင်ပါ။အကျိုးပေးသောအက္ခရာနှင့်ဂဏန်းများမှာ(အ၊ ဆ၊ မ၊ က)(၂- ၆- ၅- ၈)
ယတြာ  မိမိမွေးနေ့တွင် အုန်းညွန့်၊ အင်းကြင်းညွန့်၊ စံပယ်ပန်း၊ သြဇာညွန့်(၁၁)ညွန့် ငွေထီး(၁၁)လက်၊ ယပ်တောင်(၈)ချောင်း ပူဇော်ပေးပါ။ အသက်ရွယ်အိုးကြီးများ၊ သံဃာတော်များနှင့် အကြီးအကဲပုဂ္ဂိုလ်များအား အဝတ်အထည်၊ ဆပ်ပြာမွှေးခဲ၊ ထီး၊ ဖိနပ်များလှူပေးပါ။ ဘုရားတွင်(ဝိဇ္ဇာစရဏ သမ္ပန္နော ) ဂုဏ်တော်ရွတ်ဆိုပြိး ပုတီး(၃)ပတ်စိတ်ပါ။
ဗေဒင်နှင့်လက္ခဏာ ဆရာမင်းသူရ 09456471357(Viber)