Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, January 21, 2019

တရုတ္မယားအျဖစ္ ၂ ၾကိမ္ အေရာင္းစားခံခဲ့ရသူ ေျပာျပတဲ႔ ကုိယ္ေတြ႕ျဖစ္ရပ္ဆိုး


မၾကယ္စင္(အမည္လႊဲ)ဟာ လည္ပင္းအက်ိတ္ခြဲဖို႔ေငြလိုေနတဲ့ခ်ိန္ ရန္ကုန္၊ ေရႊျပည္သာၿမိဳ႕နယ္ သာဓုကန္ဘုရားကို သြားရင္း ႏိုင္လင္းဆုိတဲ့ အမ်ိဳးသားတစ္ဦးနဲ႕ေတြ႕ဆံုခဲ့ၿပီး နယ္က ေဟာ့ေပါ့ (Hot Pot) စားေသာက္ဆိုင္တဆိုင္မွာ လစာ တစ္လ ၄ သိန္းရမယ့္ အလုပ္ကို လုပ္ဖို႔ ေျပာဆိုတာကို ယံုၾကည္ျပီး လိုက္ခဲ့ပါတယ္။

၂ဝ၁၈ ေမလကုန္မွာ ရန္ကုန္ကေနထြက္ခြါခဲ့ျပီး ရွမ္းျပည္နယ္ေျမာက္ပိုင္း တရုတ္ျပည္နယ္စပ္ မူဆယ္ျမိဳ႕မွာ တဖက္ကမ္း တရုတ္ႏုိင္ငံ ေရႊလီ(Ruili) ၿမိဳ႕ကေနလာေခၚတဲ့ မစန္းစန္းေ၀ အမည္ရွိတဲ့ ျမန္မာပြဲစားတဦးနဲ႔ ေတြ႔ဆံုခဲ့ပါတယ္။

အဲဒီကေန မစန္းစန္းေဝနဲ႔ တရုတ္ျပည္မထဲကို အတူလုိက္ခဲ့ရျပီးေနာက္ ၃ ညအိပ္ ၄ ရက္ခရီးနဲ႔ တရုတ္ႏို္င္ငံအေရွ႕ေျမာက္ပိုင္း က်န္းစု (Jiangsu) နဲ႔ ရွန္တုန္း(Shangdong)ျပည္နယ္ နယ္စပ္ လန္လင္း (Langlin) ခရိုင္က ကန္ဦးေထြ (Tiaoyu Tao?) အရပ္မွွာ တရုတ္အမ်ိဳးသားတဦးထံ မယားအျဖစ္ ပထမအႀကိမ္ ေရာင္းစားခံခဲ့ရပါတယ္။

တစ္လခန္႔အၾကာ အဲဒီအမ်ိဳးသားေနအိမ္ သံုးထပ္တိုက္ေပၚကေန ခုန္ခ်ထြက္ေျပးခဲ့ေပမယ့္ ျပန္ဖမ္းမိၿပီး ပြဲစားဆီျပန္ပို႔ခံခဲ့ရျပန္ပါတယ္။ အဲဒီေနာက္ ရွန္းတုန္းျပည္နယ္၊ လင္းယင္ (Linyin) ျမိဳ႕ ခြတ္နန္ရပ္ကြက္က တရုတ္အမ်ိဳးသားတဦးထံကို ယြမ္ေငြ ေျခာက္ေသာင္း(ျမန္မာက်ပ္ေငြ သိန္း ၁၃၀)ခန္႔နဲ႔ ထပ္မံေရာင္းစားခံခဲ့ရပါတယ္။
ဒုတိယအၾကိမ္ ေရာင္းစားခံရၿပီး ေျခာက္လအၾကာ ၂ဝ၁၈ ႏိုဝင္ဘာလမွာ ထိုင္းႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားမ်ားအဖြဲ႕(MAT)က အဖြဲ႕၀င္တစ္ဦးရဲ႕အကူအညီနဲ႔ ျမန္မာႏိုင္ငံကို ျပန္လည္ေရာက္ရွိခဲ့ပါတယ္။

က်န္းမာေရးအတြက္ အလုပ္ကိုင္ရဖို႔ ၾကိဳးစားရင္း တရုတ္ျပည္မွာ ၂ ၾကိမ္ အေရာင္းစားခံရျပီး ျပန္လည္လြတ္ေျမာက္လာတဲ့ မၾကယ္စင္ကို RFA သတင္းေထာက္ ကိုသန္႔ဇင္ဦးက ရန္ကုန္ျမိဳ႕မွာ ၂ဝ၁၉ ဇန္နဝါရီလ ၁၈ ရက္ေန႔က ေတြ႔ဆံုေမးျမန္းတင္ဆက္ထားပါတယ္။

(RFA Burmese: Trafficked Burmese Woman Sold Twice in China)






Unicode

မကြယ်စင်(အမည်လွှဲ)ဟာ လည်ပင်းအကျိတ်ခွဲဖို့ငွေလိုနေတဲ့ချိန် ရန်ကုန်၊ ရွှေပြည်သာမြို့နယ် သာဓုကန်ဘုရားကို သွားရင်း နိုင်လင်းဆိုတဲ့ အမျိုးသားတစ်ဦးနဲ့တွေ့ဆုံခဲ့ပြီး နယ်က ဟော့ပေါ့ (Hot Pot) စားသောက်ဆိုင်တဆိုင်မှာ လစာ တစ်လ ၄ သိန်းရမယ့် အလုပ်ကို လုပ်ဖို့ ပြောဆိုတာကို ယုံကြည်ပြီး လိုက်ခဲ့ပါတယ်။

၂ဝ၁၈ မေလကုန်မှာ ရန်ကုန်ကနေထွက်ခွါခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်ပြည်နယ်စပ် မူဆယ်မြို့မှာ တဖက်ကမ်း တရုတ်နိုင်ငံ ရွှေလီ(Ruili) မြို့ကနေလာခေါ်တဲ့ မစန်းစန်းဝေ အမည်ရှိတဲ့ မြန်မာပွဲစားတဦးနဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီကနေ မစန်းစန်းဝေနဲ့ တရုတ်ပြည်မထဲကို အတူလိုက်ခဲ့ရပြီးနောက် ၃ ညအိပ် ၄ ရက်ခရီးနဲ့ တရုတ်နိ်ုင်ငံအရှေ့မြောက်ပိုင်း ကျန်းစု (Jiangsu) နဲ့ ရှန်တုန်း(Shangdong)ပြည်နယ် နယ်စပ် လန်လင်း (Langlin) ခရိုင်က ကန်ဦးထွေ (Tiaoyu Tao?) အရပ်မှာ တရုတ်အမျိုးသားတဦးထံ မယားအဖြစ် ပထမအကြိမ် ရောင်းစားခံခဲ့ရပါတယ်။

တစ်လခန့်အကြာ အဲဒီအမျိုးသားနေအိမ် သုံးထပ်တိုက်ပေါ်ကနေ ခုန်ချထွက်ပြေးခဲ့ပေမယ့် ပြန်ဖမ်းမိပြီး ပွဲစားဆီပြန်ပို့ခံခဲ့ရပြန်ပါတယ်။ အဲဒီနောက် ရှန်းတုန်းပြည်နယ်၊ လင်းယင် (Linyin) မြို့ ခွတ်နန်ရပ်ကွက်က တရုတ်အမျိုးသားတဦးထံကို ယွမ်ငွေ ခြောက်သောင်း(မြန်မာကျပ်ငွေ သိန်း ၁၃၀)ခန့်နဲ့ ထပ်မံရောင်းစားခံခဲ့ရပါတယ်။

ဒုတိယအကြိမ် ရောင်းစားခံရပြီး ခြောက်လအကြာ ၂ဝ၁၈ နိုဝင်ဘာလမှာ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့(MAT)က အဖွဲ့ဝင်တစ်ဦးရဲ့အကူအညီနဲ့ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။

ကျန်းမာရေးအတွက် အလုပ်ကိုင်ရဖို့ ကြိုးစားရင်း တရုတ်ပြည်မှာ ၂ ကြိမ် အရောင်းစားခံရပြီး ပြန်လည်လွတ်မြောက်လာတဲ့ မကြယ်စင်ကို RFA သတင်းထောက် ကိုသန့်ဇင်ဦးက ရန်ကုန်မြို့မှာ ၂ဝ၁၉ ဇန်နဝါရီလ ၁၈ ရက်နေ့က တွေ့ဆုံမေးမြန်းတင်ဆက်ထားပါတယ်။

(RFA Burmese: Trafficked Burmese Woman Sold Twice in China)

No comments:

Post a Comment