Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, January 19, 2019

ႏုိင္ငံျခားသားနဲ႔ ေဖာကားတုိက္မႈ ေနာက္ဆက္တြဲ သတင္းပါ


ႏုိင္ငံျခားသားနဲ႔ ေဖာကား တုိက္မႈ ေနာက္ဆက္တြဲ သတင္း

ဆုိင္ကယ္နဲ႔ကမာၻ ပတ္သူဆုိသူကသာ ယာဥ္ေနာက္ပိုင္းကို၀င္တိုက္လိုက္တာျဖစ္တယ္လို႔ ကိုုယ္တိုုင္ျမင္ေတြ႔ခဲ့သူေတြကေျပာ ေက်ာက္ဆည္ၿမိဳ႕ ဟန္ျမင့္မိုရ္ေက်းရြာေရွ႕ ရန္ကုန္မႏၲေလးအေ၀းေျပးလမ္းေဟာင္းေပၚမွာ ယမန္ေန႔ကျဖစ္ပြားခဲ႔တဲ႔ ဆုိင္ကယ္နဲ႔ကမာၻပတ္သူ ျမန္မာျပည္ေရာက္မွကားတုိက္ခံရ ဆိုတဲ႔သတင္းက တကယ္ေတာ့ အဲဒီဆုိင္ကယ္နဲ႔ကမာၻ ပတ္သူဆုိသူကသာ ယာဥ္ေနာက္ပိုင္းကို၀င္တိုက္လိုက္တာျဖစ္တယ္လို႔ ကိုုယ္တိုုင္ျမင္ေတြ႔ခဲ့သူေတြကေျပာၾကပါတယ္။
“ႏုိင္ငံျခားသားက၀င္တုိက္တာဗ်၊ သူကအေနာက္ကေန၀င္တုိက္လုိက္တာပါ၊ အေရွ႕ကကားကသြားေနတုန္းမွာပဲ အေနာက္ကေန၀င္တုိက္တာပါ၊ အေရွ႕ကကားကိုေက်ာ္ဖို႔ႀကိဳးစားရင္း ၀င္တုိက္တာပါ၊ တစ္ခ်ိဳ႕ကေျပာၾကတယ္၊ ကမာၻ ပတ္ေနတာ၊ ျမန္မာျပည္ေရာက္မွကားတုိက္ခံရတယ္တဲ႔၊ ကားတိုက္ခံရတာမဟုတ္ဘူးဗ်၊ သူကေနာက္ကေန၀င္တုိက္တာပါ၊ ဒါကို တစ္ခ်ိဳ႕က မသိဘဲနဲ႔ ကုိယ္႔ႏုိင္ငံကိုယ္႔လူမ်ိဳးသိကၡာက်ေစမယ္႔စကားလံုးေတြ မသံုးသင့္ဘူးလို႔ ကၽြန္ေတာ္ေတာ့ျမင္ပါတယ္” လို႔ အခင္းျဖစ္စဥ္မွာကူညီေဆာင္ရြက္ေပးခဲ႔သူ ေက်ာက္ဆည္ၿမိဳ႕ အင္းကုန္းလူမႈကူညီေရးအသင္းမွကိုသားငယ္က ေပၚျပဴလာနယူးစ္ကိုေျပာပါတယ္။

ျဖစ္စဥ္မွာ ဆုိင္ကယ္ ၉ စီးနဲ႔ ႏိုင္ငံျခားသားဧည့္သည္ အမ်ိဳးသား ၉ ဦး အမ်ိဳးသမီး ၂ ဦးပါ၀င္တဲ႔အဖြဲ႕ဟာ ရန္ကုန္မႏၲေလးအေ၀းေျပးလမ္းေဟာင္းအတုိင္း မႏၲေလးၿမိဳ႕ကေန ဆုိင္ကယ္ေတြနဲ႔ထြက္ခြာခဲ႔ေၾကာင္း၊၄င္းတုိ႔ထဲက အေမရိကန္ႏုိင္ငံသားေမာင္းတဲ႔ဆုိင္ကယ္ဟာ ယမန္ေန႔မနက္ ၁၀ နာရီ ၃၀ မိနစ္အခ်ိန္မွာ ေက်ာက္ဆည္ၿမိဳ႕အထြက္ ဟန္ျမင့္မိုရ္ေက်းရြာေရွ႕၊ ႀကိဳင္သင္းဘုန္းႀကီးေက်ာင္းေပါက္အနီးအေရာက္

ေရွ႕ကသြားေနတဲ႔ီ(ေဖာကားအနီေရာင္)ကို ရုတ္တရတ္ေက်ာ္တက္ဖို႔ႀကိဳးစားရင္း အဆိုပါယာဥ္ ရဲ႕ေနာက္ပိုင္းကို၀င္တုိက္မိေၾကာင္း သိရၿပီး ျဖစ္စဥ္နဲ႔ပတ္သက္လို႔ ထြက္ေပၚခဲ႔တဲ႔သတင္းေတြထဲမွာေတာ့ ဆုိင္ကယ္နဲ႔ ကမာၻပတ္သူ ျမန္မာျပည္ေရာက္မွကားတုိက္ခံရ ဆိုၿပီး ေ၀ဖန္မႈေတြရွိေနတာေၾကာင့္ ျဖစ္စဥ္မွန္အေပၚ ေပၚျပဴလာနယူးစ္က ေဒသခံတစ္ခ်ိဳ႕ဆီဆက္သြယ္ေမးျမန္းၾကည့္တာျဖစ္ပါတယ္။

“မွတ္တမ္းအရၾကည့္ရတာေတာ့ ႏိုင္ငံျခားသားမွားတာေပါ့၊ သူကေနာက္က၀င္တုိက္တာကိုး၊ ဒီေတာ့ ႏုိ္င္ငံျခားသားမွားတယ္လို႔ အားလံုးကသံုးသပ္တယ္၊ အင္းကုန္းပရဟိတသမားေတြက အရင္ေရာက္ႏွင့္ၿပိးေတာ့ အဲဒီႏုိင္ငံျခားသားရဲ႕ဒဏ္ရာကို ဂရုတစိုက္လုပ္ေပးၿပီး ေဆးရံုပို႔ေပးတာပါ၊ ဆိုင္ကယ္ေတာင္မနည္းဆြဲထုတ္ရတယ္၊ ဘီးညပ္ေနလို႔ လုိ႔လည္း ဟန္ျမင့္မုိရ္ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးဦးသန္း၀င္းေအာင္ကေျပာပါတယ္။

ေမာ္ေတာ္ယာဥ္ကို အေနာက္ကေန၀င္တုိက္ခဲ႔သူဟာ အေမရိကန္ႏုိင္ငံသား Mr.Carson (အသက္ ၃၆ ႏွစ္)ဆိုသူျဖစ္ၿပီး ၀င္တုိက္မႈေၾကာင့္ ၀ဲလက္ဖ်ံရုိးက်ိဳးၿပီးယာနဖူးေပါက္ၿပဲဒဏ္ရာေတြရခဲ႔လို႔ မႏၲေလးအေထြေထြေရာဂါကုေဆးရံု ႀကီးဆီပို႔ေဆာင္ကုသေပးခဲ႔တာမွာ ဒီကေန႔မြန္းလြဲပုိင္းမွာေတာ့ မႏၲေလးၿမိဳ႕က ဟိုတယ္မႏၲေလးမွာ ေခတၱတည္းခိုေနတယ္လို႔သိရပါတယ္။

“သူက GPS ၾကည့္ၿပီးေမာင္းလာတယ္လို႔ေျပာတယ္ ေမာင္းလာၿပီးေနာက္ကေန၀င္တုိက္တယ္လို႔ေျပာတယ္၊ အင္းေလးဘက္သြားမလုိ႔လို႔သိရတယ္၊ ဒါနဲ႔ပတ္သက္ၿပီးေတာ့ နယ္ေျမအပိုင္ရဲစခန္းကစစ္ေဆးမႈေတြျပဳလုပ္ေနပါတယ္”လို႔ မႏၲေလးတုိင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ေက်ာက္ဆည္ၿမိဳ႕နယ္မဲဆႏၵနယ္အမွတ္ ၁ မွ ဦးရဲမင္းထြန္းက ေပၚျပဴလာနယူးစ္ရဲ႕ဆက္သြယ္ေမးျမန္းမႈကိုျပန္လည္ေျဖၾကားေပးပါတယ္။ ။
Popular News
ေစာေထြး ဓာတ္ပုုံ–ဦးသားငယ္

Unicode ျဖင့္ဖတ္ရန္

နိုင်ငံခြားသားနဲ့ ဖောကား တိုက်မှု နောက်ဆက်တွဲ သတင်


ဆိုင်ကယ်နဲ့ကမ္ဘာ ပတ်သူဆိုသူကသာ ယာဉ်နောက်ပိုင်းကိုဝင်တိုက်လိုက်တာဖြစ်တယ်လို့ ကိုုယ်တိုုင်မြင်တွေ့ခဲ့သူတွေကပြော ကျောက်ဆည်မြို့ ဟန်မြင့်မိုရ်ကျေးရွာရှေ့ ရန်ကုန်မန္တလေးအဝေးပြေးလမ်း

ဟောင်းပေါ်မှာ ယမန်နေ့ကဖြစ်ပွားခဲ့တဲ့ ဆိုင်ကယ်နဲ့ကမ္ဘာပတ်သူ မြန်မာပြည်ရောက်မှကားတိုက်ခံရ ဆိုတဲ့သတင်းက တကယ်တော့ အဲဒီဆိုင်ကယ်နဲ့ကမ္ဘာ ပတ်သူဆိုသူကသာ ယာဉ်နောက်ပိုင်းကိုဝင်တိုက်

လိုက်တာဖြစ်တယ်လို့ ကိုုယ်တိုုင်မြင်တွေ့ခဲ့သူတွေကပြောကြပါတယ်။ နိုင်ငံခြားသားကဝင်တိုက်တာဗျ၊ သူကအနောက်ကနေဝင်တိုက်လိုက်တာပါ၊ အရှေ့ကကားကသွားနေတုန်းမှာပဲ အနောက်ကနေဝင်တိုက်တာ

ပါ၊ အရှေ့ကကားကိုကျော်ဖို့ကြိုးစားရင်း ဝင်တိုက်တာပါ၊ တစ်ချို့ကပြောကြတယ်၊ ကမ္ဘာ ပတ်နေတာ၊ မြန်မာပြည်ရောက်မှကားတိုက်ခံရတယ်တဲ့၊ ကားတိုက်ခံရတာမဟုတ်ဘူးဗျ၊ သူကနောက်ကနေဝင်တိုက်တာ

ပါ၊ ဒါကို တစ်ချို့က မသိဘဲနဲ့ ကိုယ့်နိုင်ငံကိုယ့်လူမျိုးသိက္ခာကျစေမယ့်စကားလုံးတွေ မသုံးသင့်ဘူးလို့ ကျွန်တော်တော့မြင်ပါတယ်” လို့ အခင်းဖြစ်စဉ်မှာကူညီဆောင်ရွက်ပေးခဲ့သူ ကျောက်ဆည်မြို့ အင်းကုန်းလူမှုကူညီရေးအသင်းမှကိုသားငယ်က ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။


ဖြစ်စဉ်မှာ ဆိုင်ကယ် ၉ စီးနဲ့ နိုင်ငံခြားသားဧည့်သည် အမျိုးသား ၉ ဦး အမျိုးသမီး ၂ ဦးပါဝင်တဲ့အဖွဲ့ဟာ ရန်ကုန်မန္တလေးအဝေးပြေးလမ်းဟောင်းအတိုင်း မန္တလေးမြို့ကနေ ဆိုင်ကယ်တွေနဲ့ထွက်ခွာခဲ့

ကြောင်း၊ ၄င်းတို့ထဲက အမေရိကန်နိုင်ငံသားမောင်းတဲ့ဆိုင်ကယ်ဟာ ယမန်နေ့မနက် ၁၀ နာရီ ၃၀ မိနစ်အချိန်မှာ ကျောက်ဆည်မြို့အထွက် ဟန်မြင့်မိုရ်ကျေးရွာရှေ့၊ ကြိုင်သင်းဘုန်းကြီးကျောင်းပေါက်အနီးအ

ရောက် ရှေ့ကသွားနေတဲီ့(ဖောကားအနီရောင်)ကို ရုတ်တရတ်ကျော်တက်ဖို့ကြိုးစားရင်း အဆိုပါယာဉ် ရဲ့နောက်ပိုင်းကိုဝင်တိုက်မိကြောင်း သိရပြီး ဖြစ်စဉ်နဲ့ပတ်သက်လို့ ထွက်ပေါ်ခဲ့တဲ့သတင်းတွေထဲမှာတော့

ဆိုင်ကယ်နဲ့ ကမ္ဘာပတ်သူ မြန်မာပြည်ရောက်မှကားတိုက်ခံရ ဆိုပြီး ဝေဖန်မှုတွေရှိနေတာကြောင့် ဖြစ်စဉ်မှန်အပေါ် ပေါ်ပြူလာနယူးစ်က ဒေသခံတစ်ချို့ဆီဆက်သွယ်မေးမြန်းကြည့်တာဖြစ်ပါတယ်။

“မှတ်တမ်းအရကြည့်ရတာတော့ နိုင်ငံခြားသားမှားတာပေါ့၊ သူကနောက်ကဝင်တိုက်တာကိုး၊ ဒီတော့ နို်င်ငံခြားသားမှားတယ်လို့ အားလုံးကသုံးသပ်တယ်၊ အင်းကုန်းပရဟိတသမားတွေက အရင်ရောက်နှင့်ပြိး

တော့ အဲဒီနိုင်ငံခြားသားရဲ့ဒဏ်ရာကို ဂရုတစိုက်လုပ်ပေးပြီး ဆေးရုံပို့ပေးတာပါ၊ ဆိုင်ကယ်တောင်မနည်းဆွဲထုတ်ရတယ်၊ ဘီးညပ်နေလို့ လို့လည်း ဟန်မြင့်မိုရ်ကျေးရွာအုပ်ချုပ်ရေးမှူးဦးသန်းဝင်းအောင်ကပြောပါတယ်။

မော်တော်ယာဉ်ကို အနောက်ကနေဝင်တိုက်ခဲ့သူဟာ အမေရိကန်နိုင်ငံသား Mr.Carson (အသက် ၃၆ နှစ်)ဆိုသူဖြစ်ပြီး ဝင်တိုက်မှုကြောင့် ဝဲလက်ဖျံရိုးကျိုးပြီးယာနဖူးပေါက်ပြဲဒဏ်ရာတွေရခဲ့လို့ မန္တလေးအထွေထွေရောဂါကုဆေးရုံ ကြီးဆီပို့ဆောင်ကုသပေးခဲ့တာမှာ ဒီကနေ့မွန်းလွဲပိုင်းမှာတော့ မန္တလေးမြို့က ဟိုတယ်မန္တလေးမှာ ခေတ္တတည်းခိုနေတယ်လို့သိရပါတယ်။

“သူက GPS ကြည့်ပြီးမောင်းလာတယ်လို့ပြောတယ် မောင်းလာပြီးနောက်ကနေဝင်တိုက်တယ်လို့ပြောတယ်၊ အင်းလေးဘက်သွားမလို့လို့သိရတယ်၊ ဒါနဲ့ပတ်သက်ပြီးတော့ နယ်မြေအပိုင်ရဲစခန်းကစစ်ဆေးမှုတွေ

ပြုလုပ်နေပါတယ်”လို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ကျောက်ဆည်မြို့နယ်မဲဆန္ဒနယ်အမှတ် ၁ မှ ဦးရဲမင်းထွန်းက ပေါ်ပြူလာနယူးစ်ရဲ့ဆက်သွယ်မေးမြန်းမှုကိုပြန်လည်ဖြေကြားပေးပါတယ်။ ။

စောထွေး ဓာတ်ပုုံ–ဦးသားငယ်

No comments:

Post a Comment