Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, January 20, 2019

ၿမိတ္တြင္ စိတ္က်န္းမာေရးမေကာင္းသည့္ ခ်စ္သူအား သားမယားျပဳက်င့္ လူသတ္မႈျဖစ္ပြား

ၿမိတ္ၿမိဳ႕၊ ၿမိတ္ေတာင္ေက်းရြာ၊ ေရႊျပည္တန္လမ္းမႀကီး၊ အေဝးေျပးကားဝင္းသစ္အနီးမွာ ဇန္နဝါရီလ ၂၀ ရက္ မနက္ ၁ နာရီေလာက္က စိတ္က်န္းမာေရးမေကာင္းတဲ့ အမ်ိဳးသမီးကို သားမယားျပဳက်င့္ၿပီး လူသတ္မႈျဖစ္ပြားခဲ့တယ္လို႔ ရဲက ေျပာပါတယ္။

နယ္ထိန္းဒုရဲအုပ္ထြန္းထြန္းနိုင္နဲ႔အဖြဲ႔ဟာ  လွည့္ကင္းေဆာင္ရြက္ေနစဥ္ ေရႊျပည္တန္ လမ္းမႀကီး၊ လမ္းသြယ္ ၁ အေရာက္မွာ ေဘးတြဲဆိုင္ကယ္ ၁ စီးနဲ႔ စံုတြဲတတြဲေတြ႔တဲ့အတြက္ ေမးျမန္းရာမွ သားမယားအျဖစ္ျပဳက်င့္မႈ၊ လူသတ္မႈေပၚေပါက္ခဲ့ေၾကာင္း သိရပါတယ္။

ေဇယ်ာသီရိ ၁ ရပ္ကြက္မွာေနတဲ့ သန္းထိုက္ဦး(ခ) ပါပူး (၂၈) နွစ္ ဆိုသူဟာ သူရဲ႕ ခ်စ္သူ မမိုးသြယ္ေအး (၂၈ ႏွစ္) ကို ေဘးတြဲဆိုင္ကယ္နဲ႔ ေခၚေဆာင္ကာ မိုးသြယ္ေအးမွာ စိတ္က်န္းမာေရး မေကာင္းသူတဦးျဖစ္တာကို အခြင့္ေကာင္းယူၿပီး လူအသြားအလာျပတ္တဲ့ ေရႊျပည္တန္ လမ္းမႀကီး၊ လမ္းသြယ္ ၁ အေရာက္တြင္ သန္းထိုက္ဦး မွ မိုးသြယ္ေအး အားသားမယားအျဖစ္ ၂ ႀကိမ္ က်ဴးလြန္ၿပီး မိုးသြယ္ေအးမွ အိမ္မျပန္ရဲေတာ့ေၾကာင္းေျပာရာ သန္းထိုက္ဦးမွ ေဘးတြဲ ေပၚပါလာတဲ့ လက္သန္းလံုးေလာက္ရွိတဲ့ ႏိုင္လြန္ႀကိဳးနဲ႔ လည္ပင္းညစ္သတ္ခဲ့ေၾကာင္း သိရပါတယ္။

“အေဝးေျပးကားဝင္းသစ္ဘက္မွာ ညဘက္ဆိုစံုတြဲေတြခ်ိန္းေတြ႔ၿပီး မၾကာခဏ ျပႆနာ တက္လို႔ အဲဒီဘက္ကို လွည္ကင္းေဆာင္ရြက္ေတာ့ လမ္းသြယ္ ၁ ထဲမွာ အတြဲတစ္တြဲ ထိုင္ေနတာ ေတြ႔တယ္။ ေကာင္ေလးက ေကာင္မေလးကိုေနာက္က သိုင္းဖက္ထားတယ္။ အိမ္ျပန္ခိုင္းေတာ့ လည္း မျပန္ဘူး၊ မသကၤာလို႔ ဖက္ထားတာကို ဖယ္ခိုင္းလိုက္ေတာ့ ေကာင္မေလးက ပက္လက္လွန္လဲက်သြားတယ္။ စစ္ေဆးလိုက္ေတာ့ ေကာင္မေလးက အသက္မရွိေတာ့ဘူး၊ လည္ပင္းမွာလည္း လက္သန္းလံုးအရြယ္ နိုင္လြန္ႀကိဳးနဲ႔ေတြ႔တယ္”လို႔ နယ္ထိန္းေခါင္းေဆာင္ ဒုရဲအုပ္ထြန္းထြန္းနိုင္က ေျပာပါတယ္။

ျဖစ္စဥ္နဲ႔ပတ္သက္ၿပီး သန္းထိုက္ဦး(ခ)ပါပူး ကို ၿမိတ္ၿမိဳ႕မရဲစခန္းမွ ရာဇသတ္ႀကီးပုဒ္မ ၃၇၆ /၃၀၂ နဲ႔ အေရးယူထားေၾကာင္း သိရပါတယ္။
Dvb

#Unicode Version#

မြိတ်မြို့၊ မြိတ်တောင်ကျေးရွာ၊ ရွှေပြည်တန်လမ်းမကြီး၊ အဝေးပြေးကားဝင်းသစ်အနီးမှာ ဇန်နဝါရီလ ၂၀ ရက် မနက် ၁ နာရီလောက်က စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသမီးကို သားမယားပြုကျင့်ပြီး လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ ရဲက ပြောပါတယ်။

နယ်ထိန်းဒုရဲအုပ်ထွန်းထွန်းနိုင်နဲ့အဖွဲ့ဟာ  လှည့်ကင်းဆောင်ရွက်နေစဉ် ရွှေပြည်တန် လမ်းမကြီး၊ လမ်းသွယ် ၁ အရောက်မှာ ဘေးတွဲဆိုင်ကယ် ၁ စီးနဲ့ စုံတွဲတတွဲတွေ့တဲ့အတွက် မေးမြန်းရာမှ သားမယားအဖြစ်ပြုကျင့်မှု၊ လူသတ်မှုပေါ်ပေါက်ခဲ့ကြောင်း သိရပါတယ်။

ဇေယျာသီရိ ၁ ရပ်ကွက်မှာနေတဲ့ သန်းထိုက်ဦး(ခ) ပါပူး (၂၈) နှစ် ဆိုသူဟာ သူရဲ့ ချစ်သူ မမိုးသွယ်အေး (၂၈ နှစ်) ကို ဘေးတွဲဆိုင်ကယ်နဲ့ ခေါ်ဆောင်ကာ မိုးသွယ်အေးမှာ စိတ်ကျန်းမာရေး မကောင်းသူတဦးဖြစ်တာကို အခွင့်ကောင်းယူပြီး လူအသွားအလာပြတ်တဲ့ ရွှေပြည်တန် လမ်းမကြီး၊ လမ်းသွယ် ၁ အရောက်တွင် သန်းထိုက်ဦး မှ မိုးသွယ်အေး အားသားမယားအဖြစ် ၂ ကြိမ် ကျူးလွန်ပြီး မိုးသွယ်အေးမှ အိမ်မပြန်ရဲတော့ကြောင်းပြောရာ သန်းထိုက်ဦးမှ ဘေးတွဲ ပေါ်ပါလာတဲ့ လက်သန်းလုံးလောက်ရှိတဲ့ နိုင်လွန်ကြိုးနဲ့ လည်ပင်းညစ်သတ်ခဲ့ကြောင်း သိရပါတယ်။

“အဝေးပြေးကားဝင်းသစ်ဘက်မှာ ညဘက်ဆိုစုံတွဲတွေချိန်းတွေ့ပြီး မကြာခဏ ပြဿနာ တက်လို့ အဲဒီဘက်ကို လှည်ကင်းဆောင်ရွက်တော့ လမ်းသွယ် ၁ ထဲမှာ အတွဲတစ်တွဲ ထိုင်နေတာ တွေ့တယ်။ ကောင်လေးက ကောင်မလေးကိုနောက်က သိုင်းဖက်ထားတယ်။ အိမ်ပြန်ခိုင်းတော့ လည်း မပြန်ဘူး၊ မသင်္ကာလို့ ဖက်ထားတာကို ဖယ်ခိုင်းလိုက်တော့ ကောင်မလေးက ပက်လက်လှန်လဲကျသွားတယ်။ စစ်ဆေးလိုက်တော့ ကောင်မလေးက အသက်မရှိတော့ဘူး၊ လည်ပင်းမှာလည်း လက်သန်းလုံးအရွယ် နိုင်လွန်ကြိုးနဲ့တွေ့တယ်”လို့ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ထွန်းထွန်းနိုင်က ပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး သန်းထိုက်ဦး(ခ)ပါပူး ကို မြိတ်မြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၇၆ /၃၀၂ နဲ့ အရေးယူထားကြောင်း သိရပါတယ်။

No comments:

Post a Comment