ရယ်ရင်းကြောက်၊ ကြောက်ရင်းရယ်နေရမယ့်
ဒါရိုက်တာ ရာဇ၀င်ကို ရိုက်ကူးပုံဖော်ထားတဲ့ "သရဲသင်္ဘော"
ခန့်စည်သူ၊သူရိယ၊ညီထွဋ်ခေါင်၊ခိုင်သင်းကြည်၊ယုသန္တာတင်၊သွန်းဆက်၊ဆုအိမ်စံတို့ နှင့်သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားသည်။
...........
သရဲသင်္ဘော မကြည့်ခင် ပြုလုပ်သင့်သော အရာ(၄) မျိုး
======
သရဲသင်္ဘော ကြည့်မယ့်သူတွေကို ဒီအချက်လေးတွေ လုပ်လာဖို့ လိုပါမယ်။ မင်မင် ရဲ့ ခံစားချက်နှင့် ရေးသားလိုက်သည်။
(၁) ရေအများကြီး မသောက်ပါနဲ့
တကယ်ပြောတာပါ ရေအများကြီးသောက်ထားတဲ့ အချိန် အရမ်းရီ ရတဲ့ အချိန် နှစ်ခု တိုက်သွားရင် ဘာ ထွက်ကျ တယ်ဆိုလား ဖြစ်တက်လို့ပါ။
(၂) အနည်းဆုံး အဖော်တစ်ယောက်ပါပါစေ
အရမ်းရီရတဲ့ အခန်းတွေ ပါသလို ကြောက်ရတဲ့ အခန်းတွေလဲပါပါတယ်။ အနည်းဆုံး ကိုယ့်ဘေးနားမှာ အဖော်တစ်ယောက်ပါတော့ လက်ကလေး ကိုင်ပြီး အတူတူ အော် လို့ရတာပေါ့။
(၃) အရယ်လေ့ကျင်ပါ
မင်မင် ပြောပြီးသားပါ တကယ် ရယ်ရတာပါ။ ဒါပေမဲ့ ရုံထဲမှာ လူတိုင်း ရယ်နေတဲ့ အချိန် ကိုယ့်ရယ်သံ ဆိုးဆိုးကြီးနဲ့ ရယ်ရင် အကုန်လုံး ထပ်ရီကြပါလိမ့်မယ်။ အဲတော့ လှလှ ပပ ရယ် တက်အောင် လေ့ကျင့်သွားပါ။
(၄) ရှုးပေါက်ထားပါ
အချို့ဇာတ်လမ်းအခန်းတွေ မလွတ်သွားရင် ပိုကောင်းပါတယ်။ နောက်တစ်ခုက ရီလည်းရီရ ကြောက်လည်း ကြောက်ရဆိုတော့ အပေါ်မှာ ပြောခဲ့တဲ့အတိုင်း ထွက်ကျ မှာတွေ မင်မင် မလိုလားပါဘူး ဒါကြောင့် ရုံထဲ မဝင်ခင် ရှုးပေါက်ထားပါနော်...
၁၁
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment