Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 9, 2019

သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်အား အကြည်ညိုပျက်စေရန် ဖေ့စ်ဘုတ်တွင် ရေးသားသည်ဟုဆိုကာ ဒုရဲမှူးဟောင်းတစ်ဦး ဖမ်းဆီးခံရ



တောင်ငူ ဇန်နဝါရီ ၉ ။

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ အမှတ် ၃ ရက်ကွက်နေ ဒုရဲမှူးဟောင်း ဦးမျိုးလွင်သည် နိုင်ငံတော်အကြီးအကဲများအား အကြည်ညိုပျက်စေရန် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားခဲ့
သည်ဟုဆိုကာ ဇန်နဝါရီ် ၆ ရက်နေ့ နံနက်ပိုင်းက အမှတ် (၂) နယ်မြေရဲစခန်း တာဝန်ရှိသူများမှ
၎င်း၏ နေအိမ်တွင် သွားရောက်ဖမ်းဆီး လိုက်ကြောင်းသိရသည်။

နိုင်ငံတော် သမ္မတ နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တို့ကို အကြည်ညိုပျက်စေရန် ရည်ရွယ်၍ လူမှူကွန်ရက် facebook စာမျက်နှာပေါ်တွင် ဖိုတိုရှော့ ဓာတ်ပုံများ အပါအဝင် စာသားများ ရေးသား ဖြန့်ဝေခဲ့သည်ဟုဆိုသော ဒုရဲမှူးဟောင်း ဦးမျိုးလွင်ကို ပုဒ်မ ၁၂၄ (က) ဖြင့် တောင်ငူမြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းသီဟဇော် မှ တရားလိုပြုလုပ်ပြီး တောင်ငူမြို့နယ်
တရားရုံးတွင် ဦးတိုက်လျှောက် ထားခဲ့ခြင်း ဖြစ်သည်။

ဒုရဲမှူးဟောင်းဦးမျိုးလွင်သည် Lwin Myo Oo/Lwin Myo U / UMyo Lwin/ Myo OoLwin အစရှိသော Facebook အကောင့်များအား အသုံးပြု ပြီးနိုင်ငံတော် အကြည်ညိုပျက်စေရန်
ရေးသားဖြန့်ဝေခဲ့ကြောင်း တရားလို၏ လျှောက်ထားတိုင်တန်းချက်အရ သိရသည်။

စွပ်စွဲခံရသူ ဒုရဲမှူးဟောင်း ဦးမျိုးလွင်ကို ဇန်နဝါရ်ီလ ၇ ရက်နေ့တွင် ပထမဆုံးရုံးထုတ်ခဲ့ပြီး အမှု့ကို ဆက်လက်စစ်ဆေးရန်အတွက် မြို့နယ်တရားသူကြီးက လာမည့် ဇန်နဝါရ်ီလ ၁၈ ရက်နေ့ကို ပြန်လည်ချိန်းဆိုထားကြောင်း သိရသည်။

ပုဒ်မ ၁၂၄ (က) အကြည်ညိုပျက်အောင် ပြုခြင်းအရ ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို ငွေဒဏ်နှင်တကွ တသက်တကျွန်းဒဏ်ဖြစ်စေ၊ ငွေဒဏ်နှင့်တကွ သုံးနှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊
ငွေဒဏ်သက်သက် ဖြစ်စေ ချမှတ်နိုင်ကြောင်း သိရသည်။

သတင်း- အောင်ကိုလတ်
BagoWeeklyJournal
https://www.facebook.com/bagoweeklyjournal1212/

No comments:

Post a Comment