Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 9, 2019

၁၄နှစ်ခန့်coma ၀င်ကာ အသိမဲ့နေသူမိန်းကလေး သားယောက်ျားလေးတစ်ဦးကိုမွေးဖွား


၁၄နှစ်လောက် ကိုးမားဝင်ပြီး အသိမဲ့နေတဲ့ မိန်းကလေးတစ်ဦး ကလေးမွေးဖွားခဲ့တဲ့ဖြစ်ရပ် အရီဇိုးနားမှာဖြစ်ပွားခဲ့ပါတယ်။
ဟာစီရင်ဒါကျန်းမာရေးစောင့်ရှောက်မှုဌာနမှာ ၁၀ကျော်ဆေးရုံတက်ခဲ့တဲ့ဒီမိန်းကလေးဟာ
ဒီဇင်ဘာ ၂၉ ရက်က သားယောက်ျားလေးကိုမွေးခဲ့တာပါ။ကလေးကကျန်းကျန်းမာမာပဲလို့သိရပါတယ်။
သတင်းရင်းမြစ်တွေအဆိုအရညည်းညူသံကြားလို့သွားကြည့်ရာမှာ ကလေးခေါင်းကပြူထွက်နေတာကိုတွေ့ရှိရတယ်လို့ ဆိုပါတယ်။ ဒီမိန်းကလေးကိုယ်ဝန်ရှိနေတာကို  ဘယ်သူနာပြုတစ်ယောက်ကမှ သတိမပြုမိကြပဲ ကလေးမွေးတဲ့အချိန်မှပဲ သိခဲ့ကြတာပါ။
သတင်းဌာနတွေက လိင်ပိုင်းဆိုင်ရာစော်ကားမှုခံခဲ့ရတဲ့အဲဒီအမျိုးသမီးရဲအမည်ကိုထုတ်ဖော်ရေးသားခြင်းမပြုပါဘူး။ဒီသတင်းကိုကြားသိရတဲ့ သူမရဲ့မိသားစုဝင်တွေကတော့ဒီအဖြစ်အပျက်အတွက်အလွန်အမင်းဒေါသထွက်ပြီးထိတ်လန့်တုန်လှုပ်ခဲ့ကြရပါတယ်။
အရီဇိုးနားကတာဝန်ရှိသူတွေဟာ ဒီလိင်ပိုင်ဆိုင်ရာကျူးလွန်မှုကိုစတင်စုံစမ်းစစ်ဆေးနေပြီး ဒီအမျိုးသမီးဟာ ဘယ်လိုကိုယ်ဝန်ရှိလာတာလဲ၊ကလေးအဖေဘယ်သူဖြစ်သလဲဆိုတာကို
စစ်ဆေးနေပါပြီ။
အမျိုးသားဝန်ထမ်းတွေဟာ အမျိုးသမီးဝန်ထမ်းနဲ့အတူတွဲပြီးမှသာ အမျိုးသမီးလူနာခန်းထဲဝင်ခွင့်ရှိတယ်ဆိုတဲ့စည်းမျဉ်းရှိတာကြောင့်ဒီဖြစ်ရပ်ဘယ်လိုဖြစ်ပွားခဲ့သလဲစုံစမ်းဖို့ရှိပါတယ်။
အဲဒီကျန်းမာရေးဌာနမှာ အလုပ်လုပ်သူ အမျိုးသားဝန်ထမ်းအားလုံးရဲ့DNA ကိုဆေးစစ်ချက်ယူသွားမယ်လို့သိရပါတယ်။
ဒီဖြစ်ရပ်ကြောင့် ကုမ္ပဏီရဲ့အမှုဆောင်အရာရှိ ဘီလ်တင်မန်က တနင်္လာနေ့ကနုတ်ထွက်သွားခဲ့ပါတယ်။
သတင်းစုံပျော်ဝင်အိုးကြီး

No comments:

Post a Comment