Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 3, 2019

ပေါင်မြို့နယ် ဆင်အိုင်တောင်အတွင်းမှ ကျိုက်ထီးရိုးပုံစံတူ စေတီတော် တွေ့ရှိ


ကျိုက်ထီးရိုးပုံစံတူ စေတီတော်

မွန်ပြည်နယ်၊ပေါင်မြို့နယ် ဆင်အိုင်တောင်အတွင်းမှ ကျိုက်ထီးရိုးပုံစံတူ စေတီတော် တစ်ဆူကို တွေ့ရှိခဲ့ကြောင်း ဆရာတော်အရှင် စန္ဒိမာက မြွတ်ကြားသည်။

အဆိုပါ စေတီတော်ကို ပြီးခဲ့သည့် နှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့က တွေ့ရှိခဲ့ကြောင်း၊စေတီတော်မှာ ကျိုက်ထီးရိုး ပုံစံကဲ့သို့ ကျောက်တုံးကြီးပေါ်တွင် တည်ထားကိုးကွယ်ထားပြီး စေတီတော်ရဲ့လက်ရာမှာ အခုခေတ် တည်ထားကိုးကွယ်ထားသည့် လက်ရာပုံစံဖြစ်ကြောင်း သိရသည်။

''ဦးဇင်းက ခု တောထဲ ရောက်တာ ၉ ရက်ရှိပြီး ရွက်ဖျင်းတဲ လေးနဲ့ပဲ သီတင်းသုံးနေတာ၊အဲ စေတီတော်လေးကို အရင်တုန်းကတော့ ထင်းခုတ်တဲ့ ဒေသခံတွေ တွေ့ရင် တွေ့ကြမှာ ဒါပေမဲ့ ဘယ်သူမှ စိတ်မဝင်းစားကြဘူး။ဦးဇင်းနေတဲ့ နေရာကနေ နေ့တိုင်းမြင်တွေ့ရတာတော့ အဲဒါနဲ လမ်းပြတစ်ယောက်ခေါ်ပြီး သွားတာ၊ ၄၅ မိနစ်လောက် သွားရသေးတယ်။ ဘုရား တည်ထားတဲ့ လက်ရာတွေက ခု ခေတ်လက်ရာပုံစံပါပဲ ဒါပေမဲ့ နည်းနည်းဆန်းတယ် ''ဟု ဆရာတော်အရှင် စန္ဒိမာက မြွတ်ကြားသည်။

ကျိုက်ထီးရိုးပုံစံတူ စေတီတော်

လက်ရှိတွင် အဆိုပါ စေတီတော်ကို ကျောက်လွှတ်စေတီတော်ဟု (ယာယီ)ဘွဲ့နာမည် ပေးထားကြောင်း နှင့် ထို စေတီတော်သို့ ပေါင်မြို့နယ် ကဒါရပ်ကွက် ဝါးကျောင်းလမ်းမှ အချိန် သုံးနာရီခန့် လာ ရကြောင်း ဆရာတော်မှ ဆက်လက်မြွတ်ကြားသည်။

''အများက ဝိုင်းမေးတာများတော့ ဘုရားဘွဲ့နာမည်ကို ခု လောလောဆယ် ကျောက်လွှတ်စေတီတော်လို့ ပေးထားပါတယ်။လွတ်လပ်ရေးနေ့ ကျမှ မွန်ဘာသာနဲ့ ပြန်ပြီးအတည်ပြုမယ်၊ကျောက်တုံးကြီးက အမြင့်ပေ ဘယ်လောက်ရှိလဲ ဆိုတာ ဦးဇင်းတော့မတိုင်းတာရသေးဘူး။ဒါပေမဲ့ ကျိုက်ထီးရိုး ကျောက်တုံးကြီးထက် ကြီးတယ်။ဒါကို ဘယ်သူတည်ထားခဲ့တာလဲ ဆိုတာလည်း စုံးစမ်းနေပါတယ်''ဟု ဆရာတော်အရှင် စန္ဒိမာက မြွတ်ကြားသည်။

ကျိုက်ထီးရိုးပုံစံတူ စေတီတော်

လက်ရှိ တွေ့ရှိရသည့် ကျိုက်ထီးရိုးပုံစံတူ စေတီတော် ကို လာမည့် ဇန်နဝါရီလ ၄ ရက်နေ့ (လွတ်လပ်ရေးနေ့တွင် ဒေသခံများ၊ရပ်နီး၊ရပ်ဝေးမှ စေတနာရှင်ပြည်သူများနှင့် ပူးပေါင်းခြုံနွယ်ပိတ်ပေါင်း ရှင်းလင်းခြင်း၊သန့်ရှင်းရေးများပြုလုပ်ခြင်းများပြုလုပ်ဆောင်ရွက်သွား မည်ဖြစ်ပြီး နောက်ပိုင်းတွင်ရေရှည်တံတည်ရေးအတွက် ထိန်းသိမ်းစောင့်ရှောက်သွားမည်ဖြစ်ကြောင်း ဆရာတော်မှ မြွတ်ကြားသည်။

ရတနာပုံ နေ့စဉ်သတင်းစာ
https://www.facebook.com/yadanabonnewspaper/

No comments:

Post a Comment