Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 3, 2019

ငါးပါးသီလပင် ဖြောင့်မှန်အောင်မဆိုနိုင်သည့် ငွေကျပ်သိန်း ၁ သိန်းကျော် လိမ်လည်သည့် မယ်တော်ကြီးနန္ဒမာလာ



" သီလရှင်ပါတဲ့ "

-----------------------

" တရားရင်ဆိုင်ရမည် "

Uka Weinda


nanda malar သီလရှင် နန္ဒမာလာ
သေနတ်ကိုင်သောယောဂီ
............
 အရပ်ဝတ် လဲပေးပြီးပါပြီး "

ငွေကြေးကိစ္စ လှည့်လည်လိမ်ညာမှုဖြင့်အမှုရင်ဆိုင်နေရသူ သီလရှင်(ယောဂီ)
နန္ဒမာလာ(ခ) ထန်နီဝင်းပြည့်၊ နှမ်းခါးရွာ၊ဂန့်ဂေါမြို့နယ်အား သက်ဆိုင်ရာမှ
ထိန်းသိမ်းထားရာ အရပ်ဘက်ဆိုင်ရာတရားဖြေရှင်းနိုင်ရန်အတွက်
ချမ်းအေးသာစံမြို့နယ်၊သာသနာတော်ထိန်းသိမ်းစောင့်ရှောက်ရေး
အဖွဲ့မှ ယနေ့ နေ့လည်(၁၂)နာရီအချိန်ခန့်တွင်
အရပ်ဝတ်(လူဝတ်)လဲပေးခဲ့ပြီးဖြစ်ပါသည်။
" သီလရှင်ပါတဲ့ "
ယောဂီပုဂ္ဂိုလ်လို့ အမည်ခံထားပေမည့်သာသနာဝင်ကဒ်မှာ သီလရှင်
သာသနာဝင်ဖြစ်နေတာကို တွေ့ရှိရပေသည်။

" ချမ်းစံသာထိန်းကို လိမ်လို့မရ "

-----------------------
စစ်ဆေးမေးမြန်းကြရာ ဘယ်လိုပင်သာသနာပြုနေပါကြောင်း၊
မည်ကဲ့သို့ အဓိဋ္ဌာန်တွေ ဝင်နေကြောင်း
လျှောက်ထားထား၊ ဥက္ကဋ္ဌဆရာတော်မှ"ဘယ်နှစ်ပါးသီလ စောင့်ထိန်းနေသလဲ"
မေးမြန်းရာ (၉)ပါးသီလ စောင့်ထိန်းပါကြောင်းလျှောက်ထားလို့ (၉)ပါးသီလကို
အဆိုခိုင်းကြည့်ရာ (၉)ပါး မပြောနှင့်၊(၅)ပါးသီလပင် အစဉ်တကျဖြစ်အောင်
မဆိုနိုင်ကြောင်း စစ်ဆေး တွေ့ရှိရပါသည်။
စိတ်လှုပ်ရှားနေလို့ ဟူပါသတဲ့။


" တရားရင်ဆိုင်ရမည် "
ဘယ်လိုပင် သာသနာပြုနေပါတယ်ပြောပြော၊
ဘယ်လိုပင် ဟိတ်လုံးတွေ ထုတ်ထုတ်၊
ယခုအခါ စွဲဆိုထားတဲ့အမှုများကို ဖြေရှင်းရန် တရားရုံးတွင်
တရားရင်ဆိုင် ဖြေရှင်းရတော့မည်ဖြစ်ပါသည်။

သာသနာတော်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊
ချမ်းအေးသာစံမြို့နယ်၊ မန္တလေး။

Uka Weinda

No comments:

Post a Comment