ငယ္ငယ္ေလးတည္းက ၾကီးသူကို ႐ို႐ိုေသေသဆက္ဆံ ၊ ျပန္မေျပာရဘူး ..ကံၾကီးထိုက္မယ္ဆိုျပီး လူၾကီးေတြ ဆံုးမခံတာကို လူတုိင္းမွတ္မိေနမယ္ထင္ပါတယ္။ တစ္ခါတစ္ေလ ၊ အားၾကမ္းလွ်ာၾကမ္း သူငယ္ခ်င္းေတြအေပၚ ၊ မထင္မွတ္ဘဲ ကိုယ္ၾကည့္မရတဲ့ လူတစ္ေယာက္ကုိ စကားေတြနဲ႔ ထိုးႏွက္မိလုိက္တဲ့အခါ သူကေတာ့ ဘာထိခိုက္နာက်င္မႈမွမ႐ွိေပမယ့္ တကယ္တမ္း အဲ့ဒီအက်ိဳးဆက္ကို ခံလုိက္ရတာက သင္ပါ။
ဗုဒၶဘာသာမွာေတာ့ ျမတ္စြာဘုရားက သူမ်ားကို မကဲ့ရဲ႕ဖို႔ ၊ ၾကမ္းတမ္းတဲ့ စကားေတြမေျပာဖို႔ ေဟာေျပာခဲ့ပါတယ္။ အခုေခတ္မွာ လူတစ္ေယာက္အေၾကာင္းမသိဘဲ ေဝဖန္ေျပာဆို ၊ ကဲ့ရဲ ႔ေနၾကတာေတြပိုပိုျပီး မ်ားလာတယ္။ ကိုယ္ျပဳလာတဲ့ အကုသိုလ္ကံ ကိုယ့္ထံျပန္လာမွာကို သတိေမ့ေလ်ာ့လာၾကပါျပီ။
တစ္ခ်ဳိ ႔လူေတြ သိျပီးသားလည္းျဖစ္မွာပါ။ ျမတ္စြာဘုရား႐ွင္လက္ထပ္တုန္းက အဗၺပါလီ ျပည့္တန္ဆာမေၾကာင့္ စစ္ျဖစ္မွာစိုးလို႔ အမ်ားပိုင္ျပည့္တန္ဆာမအျဖစ္ ဆံုးျဖတ္လိုက္ရတာက အရင္အတိတ္ဘဝက ေစတီရင္ျပင္မွာ က်န္းမာေရးသိပ္မေကာင္းတဲ့ ရဟႏၱာမၾကီး ခၽြဲသလိပ္ဖိတ္စင္သြားတာကို ” ဘယ္က ျပည့္တန္ဆာမ တံေထြး,ေထြးသြားသလဲ ” ဆိုျပီး ႏႈတ္ၾကမ္းခဲ့လို႔ ဒီဘဝမွာေတာ့ အမ်ားပိုင္ျပည့္တန္ဆာမအျဖစ္ ေနရေလသတဲ့။
အမ်ဳိးသမီးေတြထဲ တရားေဟာ အေတာ္ဆုံးျဖစ္တဲ့ ခုဇုတၱရာဆုိတဲ့ ခါးကုန္မေလးဟာ ဒီဘဝ ပဋိကတ္ေဆာင္ အမ်ဳိးသမီးျဖစ္ရၿပီး ဘာေၾကာင့္ ခါးကုန္းေနလဲဆုိေတာ့ အတိတ္ဘဝ အလႉခံႂကြလာတဲ့ ပေစၥကဗုဒၶတစ္ပါး ခါးကုန္းေနတာကုိ သူငယ္ခ်င္းေတြေ႐ွ႕မွာ ဟာသအျဖစ္ ဖလားကုိင္ၿပီး ” အိမ္ကိုလာတဲ့ ကုိယ္ေတာ္ေလးက ေဟာဒီလုိ ခါးကုန္ေလးေလ ” ဆိုျပီး ဟန္အမူရာနဲ႔ ေလွာင္ေျပာင္ခဲ့လုိ႔ သူမကိုယ္တိုင္ ခါးကုန္းျဖစ္သြားေလရဲ႕။
ဒါေၾကာင့္ ႏႈတ္ကိုသတိထားပါေလ။ ဆရာၾကီး ေရႊဥေဒါင္းရဲ႕ ဘဝတစ္သက္တာ စာအုပ္ထဲမွာ သူစကားထစ္ရျခင္းအေၾကာင္္းရင္းဟာ ကေလးဘဝတုန္းက စကားထစ္တဲ့ အတန္းေဖာ္သူငယ္ခ်င္းကို ေလွာင္ေျပာင္ စေနာက္ရင္းကေန သူပါစကားထစ္သြားရေၾကာင္း ေရးထားခဲ့ပါတယ္။ဟာသအေနနဲ႔ အမ်ားသူကိုေပ်ာ္ရႊင္ေစခ်င္တဲ့ ေစတနာကေတာ့ ဘာမွမျဖစ္ေပမယ့္ သတိမထားမိေလတဲ့ အကုသိုလ္ေတြက ကိုယ့္အတြက္သံသယဝဋ္ေတြအေနနဲ႔ ျပန္လာပါလိမ့္မယ္။
ဘုရားတရားသံဃာအဆံုးအမမ်ား
# Unicode Version ျဖင့္ ဖတ္ပါ #
ငယ်ငယ်လေးတည်းက ကြီးသူကို ရိုရိုသေသေဆက်ဆံ ၊ ပြန်မပြောရဘူး ..ကံကြီးထိုက်မယ်ဆိုပြီး လူကြီးတွေ ဆုံးမခံတာကို လူတိုင်းမှတ်မိနေမယ်ထင်ပါတယ်။ တစ်ခါတစ်လေ ၊ အားကြမ်းလျှာကြမ်း သူငယ်ချင်းတွေအပေါ် ၊ မထင်မှတ်ဘဲ ကိုယ်ကြည့်မရတဲ့ လူတစ်ယောက်ကို စကားတွေနဲ့ ထိုးနှက်မိလိုက်တဲ့အခါ သူကတော့ ဘာထိခိုက်နာကျင်မှုမှမရှိပေမယ့် တကယ်တမ်း အဲ့ဒီအကျိုးဆက်ကို ခံလိုက်ရတာက သင်ပါ။
ဗုဒ္ဓဘာသာမှာတော့ မြတ်စွာဘုရားက သူများကို မကဲ့ရဲ့ဖို့ ၊ ကြမ်းတမ်းတဲ့ စကားတွေမပြောဖို့ ဟောပြောခဲ့ပါတယ်။ အခုခေတ်မှာ လူတစ်ယောက်အကြောင်းမသိဘဲ ဝေဖန်ပြောဆို ၊ ကဲ့ရဲ့နေကြတာတွေပိုပိုပြီး များလာတယ်။ ကိုယ်ပြုလာတဲ့ အကုသိုလ်ကံ ကိုယ့်ထံပြန်လာမှာကို သတိမေ့လျော့လာကြပါပြီ။
တစ်ချို့လူတွေ သိပြီးသားလည်းဖြစ်မှာပါ။ မြတ်စွာဘုရားရှင်လက်ထပ်တုန်းက အဗ္ဗပါလီ ပြည့်တန်ဆာမကြောင့် စစ်ဖြစ်မှာစိုးလို့ အများပိုင်ပြည့်တန်ဆာမအဖြစ် ဆုံးဖြတ်လိုက်ရတာက အရင်အတိတ်ဘဝက စေတီရင်ပြင်မှာ ကျန်းမာရေးသိပ်မကောင်းတဲ့ ရဟန္တာမကြီး ချွဲသလိပ်ဖိတ်စင်သွားတာကို ” ဘယ်က ပြည့်တန်ဆာမ တံထွေး,ထွေးသွားသလဲ ” ဆိုပြီး နှုတ်ကြမ်းခဲ့လို့ ဒီဘဝမှာတော့ အများပိုင်ပြည့်တန်ဆာမအဖြစ် နေရလေသတဲ့။
အမျိုးသမီးတွေထဲ တရားဟော အတော်ဆုံးဖြစ်တဲ့ ခုဇုတ္တရာဆိုတဲ့ ခါးကုန်မလေးဟာ ဒီဘဝ ပဋိကတ်ဆောင် အမျိုးသမီးဖြစ်ရပြီး ဘာကြောင့် ခါးကုန်းနေလဲဆိုတော့ အတိတ်ဘဝ အလှူခံကြွလာတဲ့ ပစ္စေကဗုဒ္ဓတစ်ပါး ခါးကုန်းနေတာကို သူငယ်ချင်းတွေရှေ့မှာ ဟာသအဖြစ် ဖလားကိုင်ပြီး ” အိမ်ကိုလာတဲ့ ကိုယ်တော်လေးက ဟောဒီလို ခါးကုန်လေးလေ ” ဆိုပြီး ဟန်အမူရာနဲ့ လှောင်ပြောင်ခဲ့လို့ သူမကိုယ်တိုင် ခါးကုန်းဖြစ်သွားလေရဲ့။
ဒါကြောင့် နှုတ်ကိုသတိထားပါလေ။ ဆရာကြီး ရွှေဥဒေါင်းရဲ့ ဘဝတစ်သက်တာ စာအုပ်ထဲမှာ သူစကားထစ်ရခြင်းအကြောင်းရင်းဟာ ကလေးဘဝတုန်းက စကားထစ်တဲ့ အတန်းဖော်သူငယ်ချင်းကို လှောင်ပြောင် စနောက်ရင်းကနေ သူပါစကားထစ်သွားရကြောင်း ရေးထားခဲ့ပါတယ်။ဟာသအနေနဲ့ အများသူကိုပျော်ရွှင်စေချင်တဲ့ စေတနာကတော့ ဘာမှမဖြစ်ပေမယ့် သတိမထားမိလေတဲ့ အကုသိုလ်တွေက ကိုယ့်အတွက်သံသယဝဋ်တွေအနေနဲ့ ပြန်လာပါလိမ့်မယ်။
ဘုရားတရားသံဃာအဆုံးအမများ
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Friday, January 4, 2019
တစ္ပါးသူအေပၚ ႏႈတ္ထြက္စကား ႐ုိင္းစိုင္းၾကမ္းၾကဳတ္ရင္ ျပန္ဝဋ္လည္ႏုိင္သလား
တစ္ပါးသူအေပၚ ႏႈတ္ထြက္စကား ႐ုိင္းစိုင္းၾကမ္းၾကဳတ္ရင္ ျပန္ဝဋ္လည္ႏုိင္သလား
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
January 04, 2019
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment