Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, January 17, 2019

“ကုသိုလ္နဲ႔ ႏိုးထဖို႔ အက်င့္လုပ္ေပးပါ” – ဓမၼဒူတ ေဒါက္တာအရွင္ေဆကိႏၵ


“ကုသိုလ္နဲ႔ ႏိုးထဖို႔ အက်င့္လုပ္ေပးပါ”
ေလာကႀကီးမွာ ဘုရားပြင့္ဖို႔ရယ္
ကိုယ့္စိတ္မွာ ဘုရားပြင့္ဖို႔ရယ္ ဘယ္ဟာလြယ္သလဲ..
မနက္မိုးလင္းတာနဲ႔လူက အိပ္ေနရာက မလႈပ္နဲ႔ဦးေတာ့
စိတ္ကေလး ႏိုးလိုက္တာနဲ႔

“နေမာတႆ ဘဂဝေတာ အရဟေတာ သမၼာသဗၺဳဒၶႆ” လို႔
ဘုန္းဘုန္းက အၿမဲရြတ္ေလ့ရွိသလို မိုးလင္းတာနဲ႔ ရြတ္တယ္..
ရွည္လို႔ ၃-ေခါက္ မရြတ္ျဖစ္ဘူးဆိုရင္ ၁-ေခါက္ေတာ့ ရြတ္ပါ..

၁-ေခါက္ရြတ္ဖို႔ေတာင္ ရွည္ေနေသးတယ္ဆိုရင္
“ေသာဘဂဝါ ဣတိပိ အရဟံ” လို႔ ရြတ္ပါ..
အဲဒါေတာင္ ရွည္ေနေသးတယ္ဆိုရင္
“ဗုေဒၶါ” လို႔ ရြတ္ပါ..
ကိုယ့္စိတ္ထဲမွာ ဘုရားပြင့္ဖို႔ အေရးႀကီးပါတယ္..
ႀကိဳးစားပါ..အက်င့္လုပ္ေပးပါ..။
ဓမၼဒူတ ေဒါက္တာအရွင္ေဆကိႏၵ

Unicode >>>
“ကုသိုလ်နဲ့ နိုးထဖို့ အကျင့်လုပ်ပေးပါ”
လောကကြီးမှာ ဘုရားပွင့်ဖို့ရယ်
ကိုယ့်စိတ်မှာ ဘုရားပွင့်ဖို့ရယ် ဘယ်ဟာလွယ်သလဲ..
မနက်မိုးလင်းတာနဲ့လူက အိပ်နေရာက မလှုပ်နဲ့ဦးတော့
စိတ်ကလေး နိုးလိုက်တာနဲ့

“နမောတဿ ဘဂဝတော အရဟတော သမ္မာသဗ္ဗုဒ္ဓဿ” လို့
ဘုန်းဘုန်းက အမြဲရွတ်လေ့ရှိသလို မိုးလင်းတာနဲ့ ရွတ်တယ်..
ရှည်လို့ ၃-ခေါက် မရွတ်ဖြစ်ဘူးဆိုရင် ၁-ခေါက်တော့ ရွတ်ပါ..
၁-ခေါက်ရွတ်ဖို့တောင် ရှည်နေသေးတယ်ဆိုရင်
“သောဘဂဝါ ဣတိပိ အရဟံ” လို့ ရွတ်ပါ..
အဲဒါတောင် ရှည်နေသေးတယ်ဆိုရင်

“ဗုဒ္ဓေါ” လို့ ရွတ်ပါ..
ကိုယ့်စိတ်ထဲမှာ ဘုရားပွင့်ဖို့ အရေးကြီးပါတယ်..
ကြိုးစားပါ..အကျင့်လုပ်ပေးပါ..။
ဓမ္မဒူတ ဒေါက်တာအရှင်ဆေကိန္ဒ

No comments:

Post a Comment