Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 25, 2019

မြန်မာနယ်စပ်မှာ စီးပွားရေးဇုန်တခု တည်ထောင်ဖို့ တရုတ်ကြိုးစား


- တရုတ်-မြန်မာနယ်စပ် ကျယ်ဂေါင်မြို့ရှိ တရုတ်စစ်ဆေးရေးဂိတ်။
တရုတ်မြန်မာစီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ဇုန်တခုကို နစ်နိုင်ငံနယ်ခြားဒေသမှာ စတင်ထူထောင်နေပြီလို့ တရုတ်အစိုးရအာဘော် Global Times သတင်းမှာ မနေ့က ဖော်ပြပါတယ်။ အဲဒီဇုန်မှာ ကုန်ထုတ်လုပ်မှုအပါအဝင် တခြားကဏ္ဍတွေလည်း ဦးစားပေးမယ်လို့ ဆိုပါတယ်။

မြန်မာပြည်အပေါ် တရုတ်ရဲ့ပါဝင်ပတ်သက်မှုအပေါ် စိုးရိမ်မှုတွေရှိနေချိန်မှာ ဒီစီမံကိန်းက နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရေးအတွက် အစီအစဉ်ကောင်း ဖြစ်နိုင်ချေရှိတယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရက တိုင်းပြည်စီးပွားရေးကို ပြန်လည်ထူထောင်ဖို့အတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ လိုလားနေချိန်မှာ တရုတ်ပြည်ကလဲ နိုင်ငံတကာမှာ သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှုကို တိုးချဲ့ဖို့ကြိုးစားနေချိန် ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်လို့ အထင်အမြင်လွဲမှားမှုတွေ ရှိနေတယ်။ ဒီအခြေအနေတွေက ရှေ့ဆက် ပူးပေါင်းဆောင်ရွက်မှုတွေကို မသေမချာဖြစ်စေတယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံဟာ အနောက်ကမ္ဘာနဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်နေပါတယ်။ ဒီအတောအတွင်းမှာ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေက မြန်မာ့စီးပွားရေး နလန်ထူဖို့ အကျိုးဖြစ်စေပေမယ့်၊ ပြည်သူတချို့က နားလည်မှုလွဲနေတယ်လို့ Global Times သတင်းမှာ ရေးသားထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

No comments:

Post a Comment