Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 25, 2019

မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ဦး ဘင်္ဂလာဒေ့ရှ်တွင်ဖမ်းမိ



နိရဉ္စရာ၊ ဇန်န၀ါရီ ၂၅

မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ် မောင်တောမြို့နယ် မြောက်ဘက်အစွန်ဆုံး ဗန္ဓုလစခန်းမှ နယ်ခြားစောင့် တပ်ဖွဲ့ဝင် တစ်ဦးကို ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က ဇန်န၀ါရီ ၂၄ ရက် ကြာသပတေးနေ့က ဖမ်းမိကြောင်း ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားဒေသရှိ သတင်းဌာနများဖြစ်ကြသည့် Ukhiya News နှင့် Teknaf news တို့တွင် ၂၀၁၉ ဇန်န၀ါရီ ၂၄ ရက် နေ့စွဲဖြင့် သတင်း ဖော်ပြထားသည်။

၎င်းမြန်မာနယ်ခြားစောင့်တပ်သားမှာ အောင်ဘိုသိန်းဖြစ်ပြီး၊ ၎င်း၏ မိခင်တပ်ရင်းမှာ အမှတ် ၂၈၇ ဖြစ်ကြောင်း၊ ဘင်္ဂလာဒေ့ရှ် နိုင်ငံ ဘင်ဒရိုဘင်ခရိုင်၊ နတ်ကျောက်ဆရီမြို့နယ်နှင့် မျက်နာချင်းတည်ရှိသည့် မြန်မာနိုင်ငံ ဗန္ဓုလ စခန်းမှ တာဝန်ထမ်းဆောင်နေစဉ် ထွက်ပြေးလာသူ ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

၎င်းမှာ စခန်းထွက်ပြေးလာခဲ့သည်မှာ ၂ ရက်ခန့်ရှိပြီ ဖြစ်ကြောင်း၊ ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ လိမ္မော်ဆရီ နယ်စပ်မှ ယူနီဖောင်းဝတ်ပြီး ၀င်ရောက်လာကြောင်း၊ ဇန်န၀ါရီ ၂၄ ရက်နေ့ ဘင်္ဂလာဒေ့ရှ် ဒေသခံများတွေ့ရှိပြီး ၀ိုင်းဝန်းဖမ်းဆီးကာ ဘာလူခါယာ BGB ဘင်္ဂလာနယ်ခြားစောင့် စခန်းသို့ အပ်နှံခဲ့ကြောင်း သတင်းတွင် ဆက်လက် ဖော်ပြသည်။

၎င်းကို လက်ရှိအချိန်တွင် နတ်ကျောက်ဆရီ အမှတ် (၁၁) BGB စခန်းတွင် လက်ရှိ ထိန်းသိမ်းထားပြီး စစ်ဆေးနေကြောင်း၊ စစ်ဆေးချက်အရ ၎င်းအောင်ဘိုသိန်းမှာ တပ်ထဲတွင် အလုပ် မလုပ်လို၍ ထွက်ပြေးလာသည်ဟု ပြောဆိုကြောင်း၊ ၎င်းဇာတိမှာ ရန်ကုန်က ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု အမှတ် (၁၁) BGB တပ်ရင်းမှူး ဗိုလ်မှူးကြီး ဘိုင်ဂျီခန်က ပြောကြောင်း သတင်းတွင် ရေးသားထားသည်။

Narinjara
https://www.facebook.com/Narinjara

No comments:

Post a Comment