Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, January 6, 2019

အလြယ္ကူဆံုးနဲ႔ အထိေရာက္ဆံုး တင္းတိပ္ေပ်ာက္ေဆး

တင္းတိပ္ေပ်ာက္ေဆး”

” တင္းတိပ္ဆုိတာ မ်က္နွာ အသားကုိ ေနပူေလာင္တာ၊မီးပူမိတာက စတာပါ “..” မီးအပူနဲ႔ ခ်က္ရ ၊ ျပဳတ္ရတာေတြလည္းပါတာေပါ့”

သုံးရမွာက အိမ္မွာ ေငြလည္းမကုန္ ၊ လြယ္လြယ္နဲ႔ ရတဲ့မီးဖုိေခ်ာင္ထဲက ျမန္မာ့ တုိင္းရင္းေဆး ပစၥည္း မက်ည္းသီးမွည္႔ ပါဘဲ ။ကၽြန္ေတာ္ အဲဒီနည္းကုိ အမၾကီးေတြ ၊ညီမေတြကုိ ေပးျပီး စမ္းသပ္ခုိင္းတာ ဆယ္ရက္ – ဆယ္ငါးရက္အတြင္း သိသိသာသာ ေပ်ာက္သြားတာေတြကုိမ်က္ျမင္ ေတြ႔ရလုိ႔ မွ်ေ၀ေပးတာပါ ။

ေဆးနည္း
၁ ။မက်ည္းသီးမွည္႔ နည္းနည္းကုိ ခြက္တစ္ခုထဲမွာေရ နဲနဲထည္႔ျပီးပုံထဲက အတုိင္း မပ်စ္ မက်ဲေလး ေဖ်ာ္ထားပါ ။

၂ ။ အဲဒီ မက်ည္းမွည္႔ ေဖ်ာ္ရည္ကုိ မနက္အိပ္ရာထ မ်က္နွာသစ္ျပီးမ်က္နွာ မွာ လိမ္းထားလုိက္ပါ ။( စ လိမ္းခါစမွာ စပ္ဖ်င္းဖ်င္းကေလး မ်က္နွာမွာ ျဖစ္ေနျပီးေအးေအးေလးနဲ႔ မ်က္နွာ တင္းတင္းေလးရွိေနမွာပါ ။အျပင္သြားခါနီး၊အလုပ္သြားခါနီး မွ အဲဒီမန္က်ည္းမွည္႔လိမ္းထားတာကုိေရနဲ႔ မ်က္နွာသစ္ျပီးဖ်က္ျပီး သနပ္ခါး ၊ မိတ္ကပ္ လိမ္းခ်င္ရာလိမ္းျပီးသြားေပါ့ ။ )

၃ ။ ည အိပ္ရာ ၀င္ခါနီး မ်က္နွာသစ္ျပီး အဲဒီ မန္က်ည္းမွည္႔ ေဖ်ာ္ရည္ကုိမ်က္နွာမွာ ပါးပါးေလး လိမ္းျပီး အိပ္လုိက္ပါ ။

အနဲဆုံး တစ္ေန႕ နွစ္ၾကိမ္ေလာက္ လိမ္းေပးရင္ကုိ ရပါတယ္ ။

ဆယ္ရက္ ၊ ဆယ့္ငါးရက္ေလာက္ လိမ္းၾကည္႔ရင္ကုိ သိသာလာမွာပါ။အႏၱရာယ္ မရွိတဲ့ ျမန္မာ့ တုိင္းရင္းေဆး နည္းနဲ႔သဘာ၀အတုိင္း မ်က္နွာေလး တင္းျပီး နုေခ်ာလာတာကုိ ေတြ႔ရမွာပါလုိ႔လက္ေတြ႔ စမ္းသပ္ခဲ့ျပီး ေျပာလုိက္ပါရေစ…။အမ်ဳိးသမီးမ်ား လွႏႈိင္ၾကပါေစ…။

မေကြး၀င္းျမင့္ ( တုိင္းရင္းေဆးပညာရွင္ )

#Unicode Version#

တင်းတိပ်ပျောက်ဆေး”

” တင်းတိပ်ဆိုတာ မျက်နှာ အသားကို နေပူလောင်တာ၊မီးပူမိတာက စတာပါ “..” မီးအပူနဲ့ ချက်ရ ၊ ပြုတ်ရတာတွေလည်းပါတာပေါ့”

သုံးရမှာက အိမ်မှာ ငွေလည်းမကုန် ၊ လွယ်လွယ်နဲ့ ရတဲ့မီးဖိုချောင်ထဲက မြန်မာ့ တိုင်းရင်းဆေး ပစ္စည်း မကျည်းသီးမှည့် ပါဘဲ။ကျွန်တော် အဲဒီနည်းကို အမကြီးတွေ ၊ညီမတွေကို ပေးပြီး စမ်းသပ်ခိုင်းတာ ဆယ်ရက် – ဆယ်ငါးရက်အတွင်း သိသိသာသာ ပျောက်သွားတာတွေကိုမျက်မြင် တွေ့ရလို့ မျှဝေပေးတာပါ ။

ဆေးနည်း

၁ ။မကျည်းသီးမှည့် နည်းနည်းကို ခွက်တစ်ခုထဲမှာရေ နဲနဲထည့်ပြီးပုံထဲက အတိုင်း မပျစ် မကျဲလေး ဖျော်ထားပါ ။

၂ ။ အဲဒီ မကျည်းမှည့် ဖျော်ရည်ကို မနက်အိပ်ရာထ မျက်နှာသစ်ပြီးမျက်နှာ မှာ လိမ်းထားလိုက်ပါ ။( စ လိမ်းခါစမှာ စပ်ဖျင်းဖျင်းကလေး မျက်နှာမှာ ဖြစ်နေပြီးအေးအေးလေးနဲ့ မျက်နှာ တင်းတင်းလေးရှိနေမှာပါ ။အပြင်သွားခါနီး၊အလုပ်သွားခါနီး မှ အဲဒီမန်ကျည်းမှည့်လိမ်းထားတာကိုရေနဲ့ မျက်နှာသစ်ပြီးဖျက်ပြီး သနပ်ခါး ၊ မိတ်ကပ် လိမ်းချင်ရာလိမ်းပြီးသွားပေါ့ ။ )

၃ ။ ည အိပ်ရာ ဝင်ခါနီး မျက်နှာသစ်ပြီး အဲဒီ မန်ကျည်းမှည့် ဖျော်ရည်ကိုမျက်နှာမှာ ပါးပါးလေး လိမ်းပြီး အိပ်လိုက်ပါ ။

အနဲဆုံး တစ်နေ့ နှစ်ကြိမ်လောက် လိမ်းပေးရင်ကို ရပါတယ် ။

ဆယ်ရက် ၊ ဆယ့်ငါးရက်လောက် လိမ်းကြည့်ရင်ကို သိသာလာမှာပါ ။အန္တရာယ် မရှိတဲ့ မြန်မာ့ တိုင်းရင်းဆေး နည်းနဲ့သဘာဝအတိုင်း မျက်နှာလေး တင်းပြီး နုချောလာတာကို တွေ့ရမှာပါလို့လက်တွေ့ စမ်းသပ်ခဲ့ပြီး ပြောလိုက်ပါရစေ…။

အမျိုးသမီးများ လှနှိုင်ကြပါစေ…။

မကွေးဝင်းမြင့် ( တိုင်းရင်းဆေးပညာရှင် )

No comments:

Post a Comment