Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, January 22, 2019

တည္းခိုခန္းေခၚကာ ကာမကိုအၾကိမ္ၾကိမ္ရယူျပီးသမီးမိန္းကေလးေမြးေတာ႔အဆက္အသြယ္ျဖတ္ေနသူကုိ တိုင္ျပီ


ခ်စ္သူဘဝမွာ ကာမကိုအၾကိမ္ၾကိမ္ရယူတယ္ကိုယ္ဝန္ရွိလာေတာ့ ျဖတ္ခ်ခိုင္းဖို႕ၾကံစည္တယ္အဲ့ဒီလိုနဲ႕ကိုယ္ဝန္(၇)လနဲ႔ သမီးမိန္းခေလးေမြးေတာ့အဆက္အသြယ္ဖ်က္ျပီး အရူးကြက္နင္းတယ္

အကူအညီမဲ့ေနသူ မိန္းခေလးကို ေရႊျပည္သာ MCRA-SHအဖြဲ႕က အစမွအဆံုးတိုင္ လိုက္လံကူညီေပးေတာ့ကာမလိမ္လည္မႈနဲ႕ တရားရံုးက အမႈလက္ခံလိုက္ျပီ

၁၈.၁.၂၀၁၈ ရက္ေန႕ နံနက္ပိုင္းတြင္ေရႊျပည္သာျမိဳ႕နယ္ အမွတ္(၁)ရပ္ကြက္ MCRA-SHရပ္ေက်းရံုးမွ ဒုဥကၠဌဦးျမဝင္း ႏွင့္ ျပန္ၾကားေရးမွဴးဟန္ဝင္းတို႕မွ ကြ်န္ေတာ္ထံ ေရာက္ရွိလာတယ္။

အထည္ခ်ဳပ္စက္ရံုတြင္ အလုပ္လုပ္ေနေသာအမ်ိဳးသမီးတစ္ဦးမွ မတရားအႏိုင္အထက္ျပဳက်င့္မႈကိုခံစားေနရေၾကာင္း ႏွင့္ ရပ္ေက်းရံုးသို႕ လာေရာက္အကူအညီေတာင္းခံပါသျဖင့္ ျမိဳ႕နယ္ဥကၠဌ မွကူညီေျဖရွင္းေပးပါရန္ လာေရာက္ေတြ႕ဆံုအေၾကာင္းၾကားရာ ကြ်န္ေတာ္မွ ခ်က္ျခင္းပင္၎တို႕ႏွင့္အတူအမွတ္(၁)ရပ္ကြက္ ရပ္ေက်းရံုးသို႔သြားေရာက္ခဲ့တယ္။

ကာယကံရွင္မိန္းခေလး မလွလွဝင္းမိခင္ျဖစ္သူ ႏွင့္ ဦးေလးျဖစ္သူတို႕ႏွင့္ ေတြ႕ဆံုကာျဖစ္စဥ္အား အေသးစိတ္ ေမးျမန္းရာ မလွလွဝင္း မွေျပာျပသည္မွာ ….မလွလွဝင္း၏ ဇာတိမွာ ပဲခူးတိုင္း ကဝျမိဳ႕နယ္ေအာင္ပင္သာေက်းရြာ ဇာတိျဖစ္ျပီးေရႊျပည္သာျမိဳ႕နယ္သို႕လာေရာက္၍ ဝမ္းကြဲေမာင္ႏွမမ်ားႏွင့္အတူ အေဆာင္ဌားေနထိုင္ျပီး

အထည္ခ်ဳပ္စက္ရံုတြင္ လာေရာက္အလုပ္လုပ္ကိုင္ေနသည္မွာ(၅)ႏွစ္ခန္႕ရွိျပီျဖစ္ကာ ၂၀၁၈ ခုႏွစ္ (၃)လပိုင္းကျခံျခင္းကပ္လ်ွက္ေန ေအးမင္းဆိုသူႏွင့္ ရင္းႏွီးခဲ့သည္။ရင္းႏွီးခဲ့ရာမွ ေအးမင္းမွ ခ်စ္ေရးဆိုလာသျဖင့္၂၀၁၈ ခုႏွစ္ (၆)လပိုင္းတြင္ ခ်စ္သူရည္းစား ျဖစ္ခဲ့ၾကသည္။

ခ်စ္သူရည္းစား ျဖစ္ျပီးေနာက္ မလွလွဝင္းအားအတည္တက် ေပါင္းသင္းလက္ထပ္ပါမည္ဟု ေျပာဆိုစည္းရံုးကာ အမွတ္(၁)ရပ္ကြက္အတြင္းရွိ ———-တည္းခိုခန္းသို႕ေခၚေဆာင္ကာ ကာမအားရယူခဲ့သည္

ထိုအခ်ိန္မွစ၍ တစ္ပတ္လ်ွင္ ၂ ရက္ ၃ ရက္ခန္႔တည္းခိုခန္းသို႕ မၾကာခဏ ေခၚေဆာင္၍ ကာမအားရယူခဲ့သည္္။ ထိုသို႕ကာမအား အၾကိမ္ၾကိမ္ရယူေနစဥ္မလွလွဝင္းတြင္ ကိုယ္ဝန္(၂)လ ရလာခဲ့သည္။ကိုယ္ဝန္ရလာေသာ အေၾကာင္းအား ေအးမင္းအားေျပာျပေသာအခါ ကိုယ္ဝန္အား ဖ်က္ခ်ခိုင္းကာ၎ကိုယ္တိုင္ အရက္ႏွင့္ငရုတ္ေကာင္းမ်ား ယူလာကာမလွလွဝင္းကို ေသာက္ခိုင္းခဲ့သည္။

မလွလွဝင္း မွာေအးမင္းတိုက္သည္ကို မေသာက္ခဲ့ေပ။ကိုယ္ဝန္(၃)လ ရလာေသာအခါ ေအးမင္းမွ ေဆးခန္းတစ္ခုသို႕ေခၚေဆာင္ကာ (၃)ခံေဆးအား ထိုးေပးခဲ့သည္။ ေဆးထိုးေပးျပီးေနာက္ တည္းခိုခန္းသို႔ထပ္မံေခၚသြားခဲ့သည္။ထိုသို႕ေနထိုင္ခဲ့ရာမွ ၂၀၁၉ ခုႏွစ္ (၁)လပိုင္းတြင္ေအးမင္းမွ အလုပ္ရွိသည္ဟုဆိုကာ ရွမ္းျပည္သို႔ ခရီးထြက္သြားခဲ့သည္။


မလွလွဝင္းမွာ အပ်ိဳဗိုက္ျဖစ္သျဖင့္ ဗိုက္သိပ္မထြက္ဘဲ ၁၁.၁.၂၀၁၉ ရက္ေန႕တြင္ကိုယ္ဝန္(၇)လျဖင့္ အင္းစိန္ေဆးံရံု၌ သမီးမိန္းခေလးအား ေမြးဖြားခဲ့သည္။ ေမြးဖြားျပီးေနာက္ ေအးမင္းကိုုဖုန္းျဖင့္ဆက္သြ

ယ္၍ ကေလးေမြးဖြားျပီျဖစ္ေၾကာင္းႏွင့္ ရြာကမိဘေတြသိရွိျပီး ေရာက္လာေတာ့မည္ျဖစ္ေၾကာင္း အရွက္တကြဲျဖစ္ရေတာ့မွာမို႕ ေအးမင္းအားျပန္လာရန္ေျပာရာ ေအးမင္းမွျပန္လာမည္ဟု ကတိေပးခဲ့သည္။

ကေလးပံုကိုလည္း Viber ျဖင့္ ေပးပို႔ေပးခဲ့သည္။၎ေနာက္ ေအးမင္းအား ထပ္မံဆက္သြယ္ရာမလွလွဝင္း၏ ဖုန္းကို Blacklist လုပ္ထားခဲ့ျပီး အဆက္အသြယ္ျဖတ္ေတာက္ခဲ့သည္။မလွလွဝင္း၏ မိခင္ျဖစ္

သူႏွင့္ဦးေလးတို႔မွ ရြာမွေရာက္လာျပီး ေအးမင္း၏ မိဘမ်ားႏွင့္ ေတြ႕ဆံုကာ ေျပလည္မႈ႐ ရွိေအာင္ ေအာက္က်ိဳ႕ခံ ေျဖရွင္းေသာ္လည္းေအးမင္း မွျငင္းဆိုသည္ဟုဆိုကာ ေျပလည္မႈမရခဲ့သည့္အျပင္

ေအးမင္း၏မိဘမ်ားမွ ေမြးစာရင္းရွိကေလး၏ ဖခင္ေနရာျဖစ္ေသာ ေအးမင္း၏ နာမည္အား ျပန္လည္ဖ်က္ခိုင္းခဲ့ေၾကာင္း မလွလွဝင္းမွေျပာျပခဲ့သည္။ကြ်န္ေတာ္မွ မလွလွဝင္းအား ေသခ်ာေစရန္ထပ္မံေမးျမန္းရာ အျခားရည္းစား တစ္ဦးတစ္ေယာက္မ်ွမရွိေၾကာင္း ေအးမင္းႏွင့္သာ ခ်စ္ၾကိဳက္ခဲ့ပါေၾကာင္းကေလး၏ DNA ကိုလည္း စစ္ေဆး ခံႏိုင္ပါေၾကာင္းေျပာဆိုသည္။

ပတ္ဝန္းက်င္အား စံုစမ္းရာတြင္လည္းမလွလွဝင္းသည္ အေနေအးျပီးရိုးသားေၾကာင္းရႈပ္ရႈပ္ရွပ္ရွပ္မေနေၾကာင္း အတူေန ညီမမ်ားအေပၚ အမတစ္ဦးပီသေၾကာင္း ရြာမွာရွိေသာမိဘမ်ားမွာဆင္းရဲ၍ မိဘမ်ားကို ရွာေဖြလုပ္ကိုင္ ေကြ်းေမြးေနသူ ျဖစ္ေၾကာင္း စံုစမ္းသိရွိရသည္။

မလွလွဝင္း၏ မိဘမ်ားမွာ ရိုးသားေသာ ေတာသူ ေတာင္သားမ်ား ျဖစ္ၾကျပီး အျခားသူမ်ားကို အကူအညီေပးရန္ လိုက္လံအကူအညီေတာင္းခံတုန္းကအမႈလုပ္ရင္ ၁၀ သိန္း ၁၅သိန္းေလာက္ ကုန္မည္ဟုေျပာ

သျဖင့္သမီးျဖစ္သူမွာ ေသြးႏုသားႏုျဖင့္ ေသြးတက္ ခဲ႔ေၾကာင္း ေျပာျပသည္။ကြ်န္ေတာ္ မွ တစ္ျပားမွမကုန္ဘူး အားလံုးကူညီေပးမည္ဟု ေျပာဆိုျပီး ကိုယ္တိုင္တိုင္ၾကားစာ အားေရးသား၍ ထိုေန႕က ေသာၾကာေန႕ ျဖစ္ေန၍ တရားရံုး ဦးတိုက္ေလ်ွာက္မမွီသျဖင့္ ေရႊျပည္သာျမိဳ႕မရဲစခန္းသို႕တိုင္ၾကားခဲ့သည္။

ကာမလိမ္လည္မႈ ပုဒ္မ(၄၁၇)သည္ ရဲအေရးမပိုင္ေသာအမႈျဖစ္၍ ေရႊျပည္သာျမိဳ႕မရဲစခန္းမွ အမွတ္စဥ္ ၁၂/၂၀၁၉ ျဖင့္တိုင္ၾကားမႈအား လက္ခံကာ ၂၁.၁.၂၀၁၉ တနလၤာေန႕တြင္ ရဲစခန္းတိုင္ၾကား

စာ/(ခ)ပံုစံ ႏွင့္တကြ တရားလို မလွလွဝင္းမွ သက္ေသခံစာရင္းႏွင့္တကြ ေရႊျပည္သာတရားရံုးေတာ္သို႕ဦးတိုက္ က်မ္းက်ိမ္ေလ်ွာက္ထားခဲ့ရာ တရားရံုးေတာ္မွအမႈအားလက္ခံခဲ့ျပီး ကာမလိမ္လည္မႈ ပုဒ္မ(၄၁၇)ျဖင့္ တရားစြဲဆို ေဆာင္ရြက္သြားမည္ျဖစ္သည္။Zin Moe

ဦးကိုကိုခိုင္- ဥကၠဌ(ေရႊျပည္သာ)MCRA-SH(မႈခင္းသတင္း)အမွန္တရားသတင္းဂ်ာနယ္အထူးဟစ္တိုင္ အြန္လိုင္းသတင္းေအဂ်င္စီ

Unicode

ချစ်သူဘဝမှာ ကာမကိုအကြိမ်ကြိမ်ရယူတယ်ကိုယ်ဝန်ရှိလာတော့ ဖြတ်ချခိုင်းဖို့ကြံစည်တယ်အဲ့ဒီလိုနဲ့ကိုယ်ဝန်(၇)လနဲ့ သမီးမိန်းခလေးမွေးတော့အဆက်အသွယ်ဖျက်ပြီး အရူးကွက်နင်းတယ်

အကူအညီမဲ့နေသူ မိန်းခလေးကို ရွှေပြည်သာ MCRA-SHအဖွဲ့က အစမှအဆုံးတိုင် လိုက်လံကူညီပေးတော့ကာမလိမ်လည်မှုနဲ့ တရားရုံးက အမှုလက်ခံလိုက်ပြီ

၁၈.၁.၂၀၁၈ ရက်နေ့ နံနက်ပိုင်းတွင်ရွှေပြည်သာမြို့နယ် အမှတ်(၁)ရပ်ကွက် MCRA-SHရပ်ကျေးရုံးမှ ဒုဥက္ကဌဦးမြဝင်း နှင့် ပြန်ကြားရေးမှူးဟန်ဝင်းတို့မှ ကျွန်တော်ထံ ရောက်ရှိလာတယ်။

အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်နေသောအမျိုးသမီးတစ်ဦးမှ မတရားအနိုင်အထက်ပြုကျင့်မှုကိုခံစားနေရကြောင်း နှင့် ရပ်ကျေးရုံးသို့ လာရောက်အကူအညီတောင်းခံပါသဖြင့် မြို့နယ်ဥက္ကဌ မှကူညီဖြေရှင်းပေးပါရန် လာရောက်တွေ့ဆုံအကြောင်းကြားရာ ကျွန်တော်မှ ချက်ခြင်းပင်၎င်းတို့နှင့်အတူအမှတ်(၁)ရပ်ကွက် ရပ်ကျေးရုံးသို့သွားရောက်ခဲ့တယ်။

ကာယကံရှင်မိန်းခလေး မလှလှဝင်းမိခင်ဖြစ်သူ နှင့် ဦးလေးဖြစ်သူတို့နှင့် တွေ့ဆုံကာဖြစ်စဉ်အား အသေးစိတ် မေးမြန်းရာ မလှလှဝင်း မှပြောပြသည်မှာ ….မလှလှဝင်း၏ ဇာတိမှာ ပဲခူးတိုင်း ကဝမြို့နယ်အောင်ပင်သာကျေးရွာ ဇာတိဖြစ်ပြီးရွှေပြည်သာမြို့နယ်သို့လာရောက်၍ ဝမ်းကွဲမောင်နှမများနှင့်အတူ အဆောင်ဌားနေထိုင်ပြီး

အထည်ချုပ်စက်ရုံတွင် လာရောက်အလုပ်လုပ်ကိုင်နေသည်မှာ(၅)နှစ်ခန့်ရှိပြီဖြစ်ကာ ၂၀၁၈ ခုနှစ် (၃)လပိုင်းကခြံခြင်းကပ်လျှက်နေ အေးမင်းဆိုသူနှင့် ရင်းနှီးခဲ့သည်။ရင်းနှီးခဲ့ရာမှ အေးမင်းမှ ချစ်ရေးဆိုလာသဖြင့်၂၀၁၈ ခုနှစ် (၆)လပိုင်းတွင် ချစ်သူရည်းစား ဖြစ်ခဲ့ကြသည်။

ချစ်သူရည်းစား ဖြစ်ပြီးနောက် မလှလှဝင်းအားအတည်တကျ ပေါင်းသင်းလက်ထပ်ပါမည်ဟု ပြောဆိုစည်းရုံးကာ အမှတ်(၁)ရပ်ကွက်အတွင်းရှိ ———-တည်းခိုခန်းသို့ခေါ်ဆောင်ကာ ကာမအားရယူခဲ့သည်

ထိုအချိန်မှစ၍ တစ်ပတ်လျှင် ၂ ရက် ၃ ရက်ခန့်တည်းခိုခန်းသို့ မကြာခဏ ခေါ်ဆောင်၍ ကာမအားရယူခဲ့သည််။ ထိုသို့ကာမအား အကြိမ်ကြိမ်ရယူနေစဉ်မလှလှဝင်းတွင် ကိုယ်ဝန်(၂)လ ရလာခဲ့သည်။

ကိုယ်ဝန်ရလာသော အကြောင်းအား အေးမင်းအားပြောပြသောအခါ ကိုယ်ဝန်အား ဖျက်ချခိုင်းကာ၎င်းကိုယ်တိုင် အရက်နှင့်ငရုတ်ကောင်းများ ယူလာကာမလှလှဝင်းကို သောက်ခိုင်းခဲ့သည်။

မလှလှဝင်း မှာအေးမင်းတိုက်သည်ကို မသောက်ခဲ့ပေ။ကိုယ်ဝန်(၃)လ ရလာသောအခါ အေးမင်းမှ ဆေးခန်းတစ်ခုသို့ခေါ်ဆောင်ကာ (၃)ခံဆေးအား ထိုးပေးခဲ့သည်။ ဆေးထိုးပေးပြီးနောက် တည်းခိုခန်းသို့ထပ်မံခေါ်သွားခဲ့သည်။ထိုသို့နေထိုင်ခဲ့ရာမှ ၂၀၁၉ ခုနှစ် (၁)လပိုင်းတွင်အေးမင်းမှ အလုပ်ရှိသည်ဟုဆိုကာ ရှမ်းပြည်သို့ ခရီးထွက်သွားခဲ့သည်။

မလှလှဝင်းမှာ အပျိုဗိုက်ဖြစ်သဖြင့် ဗိုက်သိပ်မထွက်ဘဲ ၁၁.၁.၂၀၁၉ ရက်နေ့တွင်ကိုယ်ဝန်(၇)လဖြင့် အင်းစိန်ဆေးံရုံ၌ သမီးမိန်းခလေးအား မွေးဖွားခဲ့သည်။ မွေးဖွားပြီးနောက် အေးမင်းကိုုဖုန်းဖြင့်ဆက်သွယ်၍

ကလေးမွေးဖွားပြီဖြစ်ကြောင်းနှင့် ရွာကမိဘတွေသိရှိပြီး ရောက်လာတော့မည်ဖြစ်ကြောင်း အရှက်တကွဲဖြစ်ရတော့မှာမို့ အေးမင်းအားပြန်လာရန်ပြောရာ အေးမင်းမှပြန်လာမည်ဟု ကတိပေးခဲ့သည်။

ကလေးပုံကိုလည်း Viber ဖြင့် ပေးပို့ပေးခဲ့သည်။၎င်းနောက် အေးမင်းအား ထပ်မံဆက်သွယ်ရာမလှလှဝင်း၏ ဖုန်းကို Blacklist လုပ်ထားခဲ့ပြီး အဆက်အသွယ်ဖြတ်တောက်ခဲ့သည်။မလှလှဝင်း၏ မိခင်

ဖြစ်သူနှင့်ဦးလေးတို့မှ ရွာမှရောက်လာပြီး အေးမင်း၏ မိဘများနှင့် တွေ့ဆုံကာ ပြေလည်မှုရ ရှိအောင် အောက်ကျို့ခံ ဖြေရှင်းသော်လည်းအေးမင်း မှငြင်းဆိုသည်ဟုဆိုကာ ပြေလည်မှုမရခဲ့သည့်အပြင်

အေးမင်း၏မိဘများမှ မွေးစာရင်းရှိကလေး၏ ဖခင်နေရာဖြစ်သော အေးမင်း၏ နာမည်အား ပြန်လည်ဖျက်ခိုင်းခဲ့ကြောင်း မလှလှဝင်းမှပြောပြခဲ့သည်။ကျွန်တော်မှ မလှလှဝင်းအား သေချာစေရန်ထပ်မံမေးမြန်းရာ အခြားရည်းစား တစ်ဦးတစ်ယောက်မျှမရှိကြောင်း အေးမင်းနှင့်သာ ချစ်ကြိုက်ခဲ့ပါကြောင်းကလေး၏ DNA ကိုလည်း စစ်ဆေး ခံနိုင်ပါကြောင်းပြောဆိုသည်။

ပတ်ဝန်းကျင်အား စုံစမ်းရာတွင်လည်းမလှလှဝင်းသည် အနေအေးပြီးရိုးသားကြောင်းရှုပ်ရှုပ်ရှပ်ရှပ်မနေကြောင်း အတူနေ ညီမများအပေါ် အမတစ်ဦးပီသကြောင်း ရွာမှာရှိသောမိဘများမှာဆင်းရဲ၍ မိဘများကို ရှာဖွေလုပ်ကိုင် ကျွေးမွေးနေသူ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

မလှလှဝင်း၏ မိဘများမှာ ရိုးသားသော တောသူ တောင်သားများ ဖြစ်ကြပြီး အခြားသူများကို အကူအညီပေးရန် လိုက်လံအကူအညီတောင်းခံတုန်းကအမှုလုပ်ရင် ၁၀ သိန်း ၁၅သိန်းလောက် ကုန်မည်ဟုပြော

သဖြင့်သမီးဖြစ်သူမှာ သွေးနုသားနုဖြင့် သွေးတက် ခဲ့ကြောင်း ပြောပြသည်။ကျွန်တော် မှ တစ်ပြားမှမကုန်ဘူး အားလုံးကူညီပေးမည်ဟု ပြောဆိုပြီး ကိုယ်တိုင်တိုင်ကြားစာ အားရေးသား၍ ထိုနေ့က သောကြာနေ့ ဖြစ်နေ၍ တရားရုံး ဦးတိုက်လျှောက်မမှီသဖြင့် ရွှေပြည်သာမြို့မရဲစခန်းသို့တိုင်ကြားခဲ့သည်။

ကာမလိမ်လည်မှု ပုဒ်မ(၄၁၇)သည် ရဲအရေးမပိုင်သောအမှုဖြစ်၍ ရွှေပြည်သာမြို့မရဲစခန်းမှ အမှတ်စဉ် ၁၂/၂၀၁၉ ဖြင့်တိုင်ကြားမှုအား လက်ခံကာ ၂၁.၁.၂၀၁၉ တနင်္လာနေ့တွင် ရဲစခန်းတိုင်ကြားစာ/(ခ)ပုံစံ

နှင့်တကွ တရားလို မလှလှဝင်းမှ သက်သေခံစာရင်းနှင့်တကွ ရွှေပြည်သာတရားရုံးတော်သို့ဦးတိုက် ကျမ်းကျိမ်လျှောက်ထားခဲ့ရာ တရားရုံးတော်မှအမှုအားလက်ခံခဲ့ပြီး ကာမလိမ်လည်မှု ပုဒ်မ(၄၁၇)ဖြင့် တရားစွဲဆို ဆောင်ရွက်သွားမည်ဖြစ်သည်။Zin Moe

ဦးကိုကိုခိုင်- ဥက္ကဌ(ရွှေပြည်သာ)MCRA-SH(မှုခင်းသတင်း)အမှန်တရားသတင်းဂျာနယ်အထူးဟစ်တိုင် အွန်လိုင်းသတင်းအေဂျင်စီ

No comments:

Post a Comment