Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, January 22, 2019

ဦးကင္းေကာင္ ဆုံးရတာ ေရာဂါေၾကာင့္မဟုတ္ဘူးလို႔ ဇနီးျဖစ္သူေျပာ


ပုပၸားမွာ ဇာတ္ကား႐ိုက္ကူးစဥ္ ဇန္နဝါရီလ ၂၂ ရက္ေန႔မွာ ႐ုတ္တရက္ ဆံုးပါးသြားခဲ့တဲ့ဦးကင္းေကာင္ကြယ္လြန္ခ်ိန္ အနားမွာရွိတဲ့ ဇနီးက ကြယ္လြန္ခ်ိန္အေၾကာင္းကို ခုလိုေျပာျပပါတယ္

ပ္ရင္းကေန ေဂါက္ခနဲဆို လူက ဒီလို ျပန္လွန္လိုက္တာေပါ့။ ဂီြးဂီြးဂီြးဂီြးနဲ႔ ခၽြဲေတြက အမ်ားႀကီးပဲ။ ဟယ္..ခၽြဲေတြမ်ားႀကီးပဲလို႔ ဆုိေတာ့ သူက ငါ့ကို လွမ္းၾကည့္တယ္။ အဲဒီမွာ ဖိုးသားကေလ ဝုန္းဆုိခုန္ခ်လာၿပီးေတာ့ ၾကည့္လိုက္တဲ့အခ်ိန္မွာ သူ ငါတုိ႔ကို ၾကည့္ေနတဲ့အၾကည့္ပံုစံကို ေတြ႕ၿပီးေတာ့ ဖိုးသားက အေဖ အေဖ ဆုိၿပီးေတာ့.အဲဒီတစ္ခ်က္ေပါ့။ ဂီြးဂီြးဂီြးဆိုၿပီးေတာ့ လို႔ မေအးေအးမြန္က ၁၁၅ မိုင္ ယာဥ္ရပ္နားစခန္းမွာ ေျပာျပခဲ့တာပါ။
 ေရာဂါေၾကာင့္လည္း ျဖစ္တာမဟုတ္ဘူး။ ခၽြဲေၾကာင့္ ျဖစ္ သြားတာ”လို႔ ဦးကင္းေကာင္ဇနီးကေျပာျပပါတယ္။ပုပၸားရဲ့ရာသီဥတု အေအးဒဏ္ေၾကာင့္ ရုတ္တရက္ ခၽြဲၾကပ္ဆံုးပါးသြားတာပဲျဖစ္ပါတယ္။
ဦးကင္းေကာင္နဲ့  ေက်ာင္းသားဘ၀အျငိမ့္ထဲက လက္တြဲခဲ့ၾကတဲ့ဦးဇာဂနာကေတာ့ခုလို၀မ္းနည္းစြာပဲေရးသားထားပါတယ္။

တကၠသိုလ္ ေက်ာင္းသားဘဝ အၿငိမ့္ကေတာ့ လူျပက္နာမည္က အရွည္ႀကီးနာမည္ အရင္းက မ်ိဳးျမင့္။တကၠသိုလ္ ေက်ာင္းသား ဘဝ အၿငိမ့္ကေတာ့ လူျပက္နာမယ္ က အရွည္ႀကီး။နာမယ္ အရင္းက မ်ိဳးျမင့္။က့်န္ေတာ္ နဲ႔ေတြ႕ေတာ့ ကင္းေကာင္ လို႔နာမယ္ ေျပာင္းေပးလိုက္တယ္။လူေကာင္က ထြားတာကိုး။
ျမပုဏၰမာ ဆိုတာ ၁၉၈၅ ကေန ဒီေန႔ထက္ထိ ပဲ။ျမပုဏၰမာ ကို ပထမ ဆံုး လက္ျပ ႏႈတ္ဆက္သြားတာ သူ ျဖစ္သြားၿပီ။သူ အိပ္ယာေပၚ လဲ ေတာ့ ကၽြန္ေတာ္ အနားမွာ အျမဲ ရွိတယ္။ခြဲ ဖို႔ စိတ္ဖို႔ လက္မွတ္ထိုးတာက အစေသြး ရွာတာ အဆံုး။
သက္သာလာေတာ့ အႏုပညာပိုး ကသတ္မေသ။ေလာေလာဆယ္ ျပေနတဲ့ သာမိုမီတာ ဇာတ္လမ္းတြဲ ပါဝင္သရုပ္ေဆာင္ေသးတယ္ ဒီကေန အခု ပုပၸါး ကဇ ာတ္လမ္းတြဲ ပါ လို႔ဆိုၿပီး မိသားတစုလံုး သြားၾကတာ။ၾကာသပေတးသား ၾကာသပေတးနာမ္ ၿမိဳ႕မွာ ကံ ကုန္ရွာတယ္။

အရွည္ႀကီးေရမင္းခ်က္ေကၽြးေနၾကခ်ဥ္ေစာ္ကား ဟင္း မစားရေတာ့ဖူးေပါ့။ျပည္လမ္းမ ည မိုးခ်ဳပ္ မွာ ႀကိဳးကုပ္ က်က္မွတ္ခဲ့တဲ့ ခြန္းေတာက္ေလေျပ ေတြ က်န္ေနဦးမွာပါ။
တစ္ေန႔ေတာ့ တို႔ ညီ အကိုေတြ ျပန္ဆံုၾကဦးမယ္။
UThura Zarganar
..........
ပုပ္ပားမှာ ဇာတ်ကားရိုက်ကူးစဉ် ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ရုတ်တရက် ဆုံးပါးသွားခဲ့တဲ့ဦးကင်းကောင်ကွယ်လွန်ချိန် အနားမှာရှိတဲ့ ဇနီးက ကွယ်လွန်ချိန်အကြောင်းကို ခုလိုပြောပြပါတယ်



ပ်ရင်းကနေ ဂေါက်ခနဲဆို လူက ဒီလို ပြန်လှန်လိုက်တာပေါ့။ ဂွီးဂွီးဂွီးဂွီးနဲ့ ချွဲတွေက အများကြီးပဲ။ ဟယ်..ချွဲတွေများကြီးပဲလို့ ဆိုတော့ သူက ငါ့ကို လှမ်းကြည့်တယ်။ အဲဒီမှာ ဖိုးသားကလေ ဝုန်းဆိုခုန်ချလာပြီးတော့ ကြည့်လိုက်တဲ့အချိန်မှာ သူ ငါတို့ကို ကြည့်နေတဲ့အကြည့်ပုံစံကို တွေ့ပြီးတော့ ဖိုးသားက အဖေ အဖေ ဆိုပြီးတော့.အဲဒီတစ်ချက်ပေါ့။ ဂွီးဂွီးဂွီးဆိုပြီးတော့ လို့ မအေးအေးမွန်က ၁၁၅ မိုင် ယာဉ်ရပ်နားစခန်းမှာ ပြောပြခဲ့တာပါ။

 ရောဂါကြောင့်လည်း ဖြစ်တာမဟုတ်ဘူး။ ချွဲကြောင့် ဖြစ် သွားတာ”လို့ ဦးကင်းကောင်ဇနီးကပြောပြပါတယ်။ပုပ္ပားရဲ့ရာသီဥတု အအေးဒဏ်ကြောင့် ရုတ်တရက် ချွဲကြပ်ဆုံးပါးသွားတာပဲဖြစ်ပါတယ်။
ဦးကင်းကောင်နဲ့  ကျောင်းသားဘဝအငြိမ့်ထဲက လက်တွဲခဲ့ကြတဲ့ဦးဇာဂနာကတော့ခုလိုဝမ်းနည်းစွာပဲရေးသားထားပါတယ်။
တက္ကသိုလ် ကျောင်းသားဘဝ အငြိမ့်ကတော့ လူပြက်နာမည်က အရှည်ကြီးနာမည် အရင်းက မျိုးမြင့်။တက္ကသိုလ် ကျောင်းသား ဘဝ အငြိမ့်ကတော့ လူပြက်နာမယ် က အရှည်ကြီး။နာမယ် အရင်းက မျိုးမြင့်။ကျ့န်တော် နဲ့တွေ့တော့ ကင်းကောင် လို့နာမယ် ပြောင်းပေးလိုက်တယ်။လူကောင်က ထွားတာကိုး။
မြပုဏ္ဏမာ ဆိုတာ ၁၉၈၅ ကနေ ဒီနေ့ထက်ထိ ပဲ။မြပုဏ္ဏမာ ကို ပထမ ဆုံး လက်ပြ နှုတ်ဆက်သွားတာ သူ ဖြစ်သွားပြီ။သူ အိပ်ယာပေါ် လဲ တော့ ကျွန်တော် အနားမှာ အမြဲ ရှိတယ်။ခွဲ ဖို့ စိတ်ဖို့ လက်မှတ်ထိုးတာက အစသွေး ရှာတာ အဆုံး။
သက်သာလာတော့ အနုပညာပိုး ကသတ်မသေ။လောလောဆယ် ပြနေတဲ့ သာမိုမီတာ ဇာတ်လမ်းတွဲ ပါဝင်သရုပ်ဆောင်သေးတယ် ဒီကနေ အခု ပုပ္ပါး ကဇ ာတ်လမ်းတွဲ ပါ လို့ဆိုပြီး မိသားတစုလုံး သွားကြတာ။ကြာသပတေးသား ကြာသပတေးနာမ် မြို့မှာ ကံ ကုန်ရှာတယ်။
အရှည်ကြီးရေမင်းချက်ကျွေးနေကြချဉ်စော်ကား ဟင်း မစားရတော့ဖူးပေါ့။ပြည်လမ်းမ ည မိုးချုပ် မှာ ကြိုးကုပ် ကျက်မှတ်ခဲ့တဲ့ ခွန်းတောက်လေပြေ တွေ ကျန်နေဦးမှာပါ။

တစ်နေ့တော့ တို့ ညီ အကိုတွေ ပြန်ဆုံကြဦးမယ်။

UThura Zarganar

No comments:

Post a Comment