Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, January 7, 2019

တပ္သားသစ္ျမတ္ေက်ာ္ၿငိမ္း

တပ္သားသစ္ျမတ္ေက်ာ္ၿငိမ္း
အသက္က(၂၀)ႏွစ္၊(၆)လပိုင္းကမွ သင္တန္းဆင္းခဲ့ျခင္းျဖစ္သည္။
ေ႐ွ႕တန္းစစ္ဆင္ေရး အေတြ႔အၾကံဳ မရိွေသး။

၄၊၁၊၂၀၁၉ ရက္ေန႔ မနက္ ၂း၀၀ နာရီ မွ ၄း၀၀ နာရီ ၿပီးလို႔
ကင္းခ်ိန္လဲ ယူနီေဖာင္းခြၽတ္ အိပ္ေပ်ာ္ေနၾကတဲ့ အခ်ိန္
မနက္ ၆း၀၀ နာရီမွာ အင္အားအလံုးအရင္းနဲ႔ဝင္ေရာက္တိုက္ခဲ့ျခင္း
ျဖစ္သည္။ဝင္တိုက္စဥ္ ျပန္လည္ခုခံၾကေသာ္လည္း အင္းအားမမွ်တ သျဖင့္ က်ဆံုးခဲ့ရျခင္းျဖစ္သည္။

က်ဆံုးသြားေသာ ေ႐ွ႕ဆံုးခံတပ္တြင္ တာဝန္ထမ္းေဆာင္က်သည့္
ရဲေဘာ္မ်ားမွာ သင္တန္းဆင္းမ်ားျဖစ္ၿပီး အေတြ႔အၾကံဳအားျဖင့္မရိွၾကေသး။
က်ဆံုးသြားသည့္ စခန္းႏွင့္ ၅မိုင္အကြာတြင္ စစ္တပ္မ်ားရိွေနသည္
စဥ္းစားစရာေလးပါ

အဓိက မိန္းပိြဳင့္ေနရာေတြကို စစ္တပ္ကို မထားပဲ ေျမျပင္အေတြ႔အၾကံဳမရိွေသးတဲ့
ရဲတပ္သားသစ္မ်ားအားအဘယ္ေၾကာင့္ ခ်ထားရသနည္း။

က်ဆံုးသြားေသာ ရဲေဘာ္မ်ားအား စစ္ေတြၿမိဳ႕သို႔ ျပန္လည္သယ္ယူၿပီး မိသားစုဝင္မ်ား ႏွင့္ ေနာက္ဆံုးေတြ႔ခြင့္မေပးသနည္း။

မေန႔က လိုက္သြားခဲ့သည့္ ျမတ္ေက်ာ္ၿငိမ္၏ ဖခင္အေနျဖင့္သူ၏သားကို ေနာက္ဆံုးေတြ႔ဆံုခြင့္
မရရိွပဲ ေျမျမဳပ္ထားၿပီးေျမပံုကို ရင္နင့္စြာ ေတြ႔ရိွခဲ့ရသည္။

ရန္ကုန္သို႔ျပန္ရန္ လက္မွတ္အဆင္မေျပသျဖင့္ ေစာင့္ဆိုင္းေနခဲ့ရၿပီး ဗုဒၶဟူးေန႔မွ ျပန္ၾကရမည္ျဖစ္သည္။မိသားစုဝင္ေတြ သြားေရးလာေရးအေပၚ၌ အဆင္ေျပေအာင္ပင္
စီစဥ္ထားျခင္း မရိွ။

ျမတ္ေက်ာ္ၿငိမ္း၏ ရက္လည္အား ၁၀၊၁၊၂၀၁၉ ၾကာသပေတးေန႔တြင္ ဆြမ္းသြတ္တရားနာျပဳလုပ္
မည္ျဖစ္သည္။

မက်ဆံုးမီ တစ္ရက္အလို သူ၏ မိခင္ ေဒၚလံုးႏွင့္ သားျဖစ္သူ
ျမတ္ေက်ာ္ၿငိမ္းတို႔ ဖုန္းျဖင့္စကားအၾကာႀကီး ေျပာျဖစ္ခဲ့ၾကသည္။
မိဘလုပ္သူမွ သားျဖစ္သူအား ေဘးအနၱရယ္ကင္းပါေစ
က်န္းမာပါေစ လို႔ ဆုေပးခဲ့ၿပီး သားျဖစ္သူမွ အေမေပးတဲ့ဆုေတြ
အျပည့္အဝတကယ္ရရင္သိပ္ေကာင္းမွာပဲလို႔ ေျပာခဲ့ေသးတယ္လို႔
မိခင္ျဖစ္သူ ရင္နင့္စြာ ျပန္ေျပာျပခဲ့ပါသည္။
စိတ္မေကာင္းျခင္းမ်ားစြာျဖင့္ အႀကီးအကဲမ်ား ဖတ္႐ွဳႏိူင္ၾကပါေစ
လို႔ ရည္ရြယ္ၿပီး ေရးလိုက္ရပါသည္။

အရွင္မထင္
...............




တိုင္​းျပည္​ရဲ႕ တန္​ဘိုးရိွ​ေသာ ​လူသားေျမဇာပင္​​ေတြ
ဘယ္​​ေလာက္​မ်ား​ေႂကြၾကအုန္​းမွာလဲ 😢😢😢
ဒီကေလးနာမည္က ျမတ္ေက်ာ္ၿငိမ္း
က်ေနာ္အိမ္ရဲ႕ႏွစ္အိမ္ေက်ာ္မွာေနတယ္
ငယ္ငယ္ထဲက ရဲလုပ္တာ ဝါသနာပါတဲ့သူ
သဃၤန္းကြၽန္းစခန္းက ရဲတပ္ဖြဲ႔ေတြနဲ႔အျမဲအတူတူ ဝိုင္းကူညီ
ေပးေနခဲ့တဲ့သူ
သင္တန္းဆင္းတာမွ မၾကာေသးဘူး ေ႐ွ႕တန္းတစ္ေနရာမွာ က်သြားၿပီတဲ့........
သူအကိုလုပ္သူက လြန္ခဲ့တဲ့အႏွစ္ႏွစ္ဆယ္ခန္႔က စက္ေလွလိုက္ရင္း
လုပ္ၾကံခံရလို႔ ေသဆံုးခဲ့တယ္။
ေအာ္....အေမလုပ္သူ ေဒၚလံုး ရင္ဘတ္ထဲ ဘယ္လိုျဖစ္ေနမလဲဆိုတာ သိပါတယ္။
ျမတ္ေက်ာ္ၿငိမ္း ေကာင္းရာသုဂတိလားပါေစ။
အရွင္မထင္

unicode
တပ်သားသစ်မြတ်ကျော်ငြိမ်း

အသက်က(၂၀)နှစ်၊(၆)လပိုင်းကမှ သင်တန်းဆင်းခဲ့ခြင်းဖြစ်သည်။

ရှေ့တန်းစစ်ဆင်ရေး အတွေ့အကြုံ မရှိသေး။



၄၊၁၊၂၀၁၉ ရက်နေ့ မနက် ၂းဝဝ နာရီ မှ ၄းဝဝ နာရီ ပြီးလို့

ကင်းချိန်လဲ ယူနီဖောင်းချွတ် အိပ်ပျော်နေကြတဲ့ အချိန်

မနက် ၆းဝဝ နာရီမှာ အင်အားအလုံးအရင်းနဲ့ဝင်ရောက်တိုက်ခဲ့ခြင်း

ဖြစ်သည်။ဝင်တိုက်စဉ် ပြန်လည်ခုခံကြသော်လည်း အင်းအားမမျှတ သဖြင့် ကျဆုံးခဲ့ရခြင်းဖြစ်သည်။



ကျဆုံးသွားသော ရှေ့ဆုံးခံတပ်တွင် တာဝန်ထမ်းဆောင်ကျသည့်

ရဲဘော်များမှာ သင်တန်းဆင်းများဖြစ်ပြီး အတွေ့အကြံုအားဖြင့်မရှိကြသေး။

ကျဆုံးသွားသည့် စခန်းနှင့် ၅မိုင်အကွာတွင် စစ်တပ်များရှိနေသည်

စဉ်းစားစရာလေးပါ



အဓိက မိန်းပွိုင့်နေရာတွေကို စစ်တပ်ကို မထားပဲ မြေပြင်အတွေ့အကြံုမရှိသေးတဲ့

ရဲတပ်သားသစ်များအားအဘယ်ကြောင့် ချထားရသနည်း။



ကျဆုံးသွားသော ရဲဘော်များအား စစ်တွေမြို့သို့ ပြန်လည်သယ်ယူပြီး မိသားစုဝင်များ နှင့် နောက်ဆုံးတွေ့ခွင့်မပေးသနည်း။



မနေ့က လိုက်သွားခဲ့သည့် မြတ်ကျော်ငြိမ်၏ ဖခင်အနေဖြင့်သူ၏သားကို နောက်ဆုံးတွေ့ဆုံခွင့်

မရရှိပဲ မြေမြုပ်ထားပြီးမြေပုံကို ရင်နင့်စွာ တွေ့ရှိခဲ့ရသည်။



ရန်ကုန်သို့ပြန်ရန် လက်မှတ်အဆင်မပြေသဖြင့် စောင့်ဆိုင်းနေခဲ့ရပြီး ဗုဒ္ဓဟူးနေ့မှ ပြန်ကြရမည်ဖြစ်သည်။မိသားစုဝင်တွေ သွားရေးလာရေးအပေါ်၌ အဆင်ပြေအောင်ပင်

စီစဉ်ထားခြင်း မရှိ။



မြတ်ကျော်ငြိမ်း၏ ရက်လည်အား ၁၀၊၁၊၂၀၁၉ ကြာသပတေးနေ့တွင် ဆွမ်းသွတ်တရားနာပြုလုပ်

မည်ဖြစ်သည်။



မကျဆုံးမီ တစ်ရက်အလို သူ၏ မိခင် ဒေါ်လုံးနှင့် သားဖြစ်သူ

မြတ်ကျော်ငြိမ်းတို့ ဖုန်းဖြင့်စကားအကြာကြီး ပြောဖြစ်ခဲ့ကြသည်။

မိဘလုပ်သူမှ သားဖြစ်သူအား ဘေးအန္တရယ်ကင်းပါစေ

ကျန်းမာပါစေ လို့ ဆုပေးခဲ့ပြီး သားဖြစ်သူမှ အမေပေးတဲ့ဆုတွေ

အပြည့်အဝတကယ်ရရင်သိပ်ကောင်းမှာပဲလို့ ပြောခဲ့သေးတယ်လို့

မိခင်ဖြစ်သူ ရင်နင့်စွာ ပြန်ပြောပြခဲ့ပါသည်။

စိတ်မကောင်းခြင်းများစွာဖြင့် အကြီးအကဲများ ဖတ်ရှုနိူင်ကြပါစေ

လို့ ရည်ရွယ်ပြီး ရေးလိုက်ရပါသည်။



အရှင်မထင်

...............

တိုင်​းပြည်​ရဲ့ တန်​ဘိုးရှိ​သော ​လူသားမြေဇာပင်​​တွေ

ဘယ်​​လောက်​များ​ကြွေကြအုန်​းမှာလဲ 😢😢😢

ဒီကလေးနာမည်က မြတ်ကျော်ငြိမ်း

ကျနော်အိမ်ရဲ့နှစ်အိမ်ကျော်မှာနေတယ်

ငယ်ငယ်ထဲက ရဲလုပ်တာ ဝါသနာပါတဲ့သူ

သင်္ဃန်းကျွန်းစခန်းက ရဲတပ်ဖွဲ့တွေနဲ့အမြဲအတူတူ ဝိုင်းကူညီ

ပေးနေခဲ့တဲ့သူ

သင်တန်းဆင်းတာမှ မကြာသေးဘူး ရှေ့တန်းတစ်နေရာမှာ ကျသွားပြီတဲ့........

သူအကိုလုပ်သူက လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်ခန့်က စက်လှေလိုက်ရင်း

လုပ်ကြံခံရလို့ သေဆုံးခဲ့တယ်။

အော်....အမေလုပ်သူ ဒေါ်လုံး ရင်ဘတ်ထဲ ဘယ်လိုဖြစ်နေမလဲဆိုတာ သိပါတယ်။

မြတ်ကျော်ငြိမ်း ကောင်းရာသုဂတိလားပါစေ။

အရှင်မထင်

No comments:

Post a Comment