Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 5, 2019

စစ်ကိုင်းကောင်းမှုတော်ဘုရားကြီး ရွှေဆေးတွေခွာချပြီးအဖြူရောင်သင်္ကန်းတော် ကပ်လှူပူဇော်မည့် ကိစ္စ


တမ္ပဝတီဦးဝင်းမောင်ကို ကျနော် သိသလို ၊ သီတဂူဆရာတော်ကြီးနဲ့လည်းမစိမ်းပါဘူး။

ကျနော် စလုံးမှာ နေစဉ်က စင်္ကာပူသီတဂူ လူငယ်အဖွဲ့ ဖွဲ့ပီး လစဉ်အလှူငွေကောက် လို့ သီတဂူ သံဃာဆေးရုံအတွက် လှူဒါန်းပါတယ်။ အဖွဲ့ကို တည်ထောင် ဦးဆောင်သူက ကျနော်ပါ။ ဆရာတော်ကြီးကို စင်္ကာပူက ကျနော့အိမ်မှာဘဲ ကိုယ်တိုင်ကိုကျ ဆွမ်းကပ်ဖူးပါတယ်။

ပုဂံက ငလျှင်ဒါဏ်ထိတဲ့ ဘုရားတွေထဲက မြစည်းခုံဘုရားကို ဆရာတော်ကြီး ပြုပြင်မယ်ဆိုတော့ လိုအပ်တဲ့ ဆွဲပုံ/ပုံဆွဲတွေ အကုန်လုံး ကိုတမ္ပဝတီဦဝင်းမောင်ကတဆင့် ဆရာတော်ကြီးဆီ ပို့ပေးခဲ့ပါတယ်။

ဒါတွေဘာကြောင့်ရှင်းပြရသလဲဆိုတော့ ကျနော့အနေနဲ့ သီတဂူဆရာတ်ာကြီးကိုရော ၊ တမ္ပဝတီဦးဝင်းမောင်ကို ပါ ပုဂ္ဂိုလ်ရေးဆိုင်ရာ မကျေနပ်ချက်၊ မနှစ်သက်တာမျိုး မရှိဘူး ဆိုတာ အရင်ပြောပြတာပါ။

စစ်ကိုင်းကောင်းမှုတော် ကိစ္စကျနော်ရေးထားတဲ့ ပိုစ်မှာလည်း Technical ပိုင်း၊ method statement အပိုင်းကိုဘဲ ဦးစားပေးပြောတာပါ။ ဘယ်သူ ဘယ်ဝါရယ်လို့ ပြောဆိုနေတာ မဟုတ်ပါဘူး။ Nothing Personal ပါ။

သီတဂူဆရာတော်ကြီးကို အားနာပါဦး၊ ဆရာတော်ကြီးရဲ့ အင်ဂျင်နီယာအဖွဲ့ကို အားနာပါဦး ၊ ဦးဝင်းမောင်ကို အားနာပါဦးလို့ပြောလာရင် စိတ်မကောင်းပါဘူး။ ကျနော်က ပြောစရာရှိရင် ရှေးဟောင်းအမွေနှစ်ဆိုတဲ့ မျက်နှာတစ်ခုတည်းကိုဘဲ ကြည့်ပီး ဘယ်သူ့ ဘယ်သူကိုမှ အားမနာတမ်းပြောပါတယ်။

အဲလိုပြောရဲ ဆိုရဲ၊ ပြောနိုင် ဆိုနိုင်အောင်လည်း ဝမ်းစာရော ၊ လိပ်ပြာရော လုံတယ်။

Monument ဆိုတဲ့ ရှေးဟောင်းအမွေနှစ်အဆောက်ဦးတြွေုပပြင်ရာမှာ Engineering Sciences တစ်ခုတည်း ကြည့်လို့မရဘူး။ Heritage Manual ဆိုတာ နိုင်ငံတိုင်းမှာ ရှိတယ်။ ယူနစ်စကိုလို အဖွဲ့စည်းမျိုးကြပြန်တော့ guidelines တွေလုပ်ပေးထားတာ ရှိတယ်။
Conservation Specialist ဖြစ်ချင်ရင် အဲဒီ Heritage Manual တွေများများဖတ်မှတ်လေ့လာရတယ်။

ကောင်းမှုတော် ပုံတွေတက်လာတော့ ပထမဦးဆုံးမြင်ရတာ Hummer Drill သုံးပီး အင်္ဂတေတွေခွာနေတဲ့ ပုံ ။ Heritage Manual တွေလေ့လာဖူးတဲ့လူ၊ conservation knowledge ရှိတဲ့ လူတွေ ဆိုရင် မြင်တာနဲ့ တန်းသိတယ်။။ Hammer Drill သုံးလို့မရဘူး။
Power Tool သုံး လို့မရဘူး။ စို့ပြား ( chisel ) သုံးပြီး လုပ်ရမှာ။

ဘာလို့ hammer drill သုံးခွင့်မပြုသလဲဆိုတော့ ရှေးအုတ် နှင့် အင်္ဂတေတွေအပေါ် Vibration impact ဖြစ်စေတဲ့ အတွက်ပါ။ တစ်မိနစ်ကို တွန်းထိုးရိုက်ခတ်မှုအကြိမ်ပေါင်း ၁၁၀၀-၁၂၀၀ ဝန်းကျင်ရှိတဲ့ hammer drill ရဲ့ impact ဟာ ငလျှင်ထက် ဆိုးပါတယ်။သံစို့ သုံးပီး လူနဲ့ ခွာတာက အနည်းဆုံး impact ဖြစ်တာကြောင့် နိုင်ငံတကာမှာလည်း အဲလိုဘဲ လုပ်နေကြဆဲပါ။

ကောင်းမှုတော်ဘုရား လုပ်ငန်းခွင်ဟာ လူမြင် သူမြင်များတဲ့နေရာမှာတောင် Heritage Manual ရဲ့ အခြေခံ လိုအပ်ချက် basic requirement ကိုတောင် လိုက်နာထာခြင်းမရှိတာတွေ့ရတယ်။

အပေါ်ယံ အင်္ဂတေခွာရခြင်းရဲ့ ကြောင်းကိုပြောတဲ့ နေရာမှာ ၊ ထုံးရည်လွှာတွေ ထူနေလို့၊ ရွှေဆေး နဲ့ ပတ်တီး ခွာဖို့ ၊ အက်ကြောင်း လိုက်နေလို့ စသဖြင့် အကြောင်းပြတယ်။
ဘုရားတစ်ထည်လုံး ခွာစရာလိုသလား ၊ အချို့နေရာတင်ဘဲလား ဆိုတာ assessment ရယ်လို့ သေခြာလုပ်ထားတာမျိုး မတွေ့ရဘူး ။

Method Statement အမှန်က ရွှေဆေးနဲ့ ပတ်တီးဘဲ ခွာမယ်ဆိုရင် angle grinder မှာ သံချေးခွာ ဘတ်ပြားတတ်ပီး ဖယ်လို့ရမယ်။ power tool မသုံးရဘူးဆိုပေမယ့် vibration impact မပါတဲ့အတွက် သုံးလို့ရတယ်ပြောတာပါ။ မသုံးရင်တော့ ကောင်းတာပေါ့။

ထုံးရည်ကြည်အလွှာတွေ ထူနေတာမျိုးကို ခွာမယ် ဆိုရင်တော့ Air Compressor နဲ့ တွဲသုံးတဲ့ sand blasting လုပ်တဲ့ နည်းနဲ့ ခွာရပါမယ်။

ထုံးရည်ကြည် အလွှာကုန်သွားလို့ မူလအင်္ဂတေကို မဖြစ်မနေခွာရတော့မယ်ဆိုရင်လည်း sand blasting ဘဲဆက်သုံးမယ်။ အင်္ဂတေသား အထူ တစ်လက်မ (25 mm) ကျော်လာရင် ၊ သဲ ကို မသုံးတော့ဘဲ ၊ နှုတ်နှုတ်စင်းထားတဲ့ ပြောင်းဖူးဖက် ကို ' သဲ ' အစားသုံးရမယ်။

ဘာဖြစ်လို့ ပြောင်းဖူးဖတ်ပြောင်းသုံးရလဲဆိုတော့ ' sand blasting ' က ရှေးအုတ်သားမျက်နှာပြင် ရဲ့အမာဆုံးအပိုင်း ပျက်စီးစေလို့ပါ။ ဒါကြောင့် ပြောင်းဖူးဖက် ကို ' သဲ' အစားထိုး သုံးရတာ။

အဲလိုနည်းနဲ့ အင်္ဂတေသားကိုခွာတဲ့အခါမှသာ အောက်ဆုံးက အုတ်သားအလွှာကို ထိခိုက် ပျက်စီးမှု မရှိနိုင်တာ။

Heritage Manual အတိုင်း အင်္ဂတေသား ခွားတာကို အကြမ်းရေးတာနဲ့တင် စာကရှည်နေလို့ ဒီမှာတင် ရပ်ပါဦးမယ်။

ကောင်းမှုတော် ဘုရားကြီးက မြန်မာ့ ဗိသုကာ နှင့် Engineer ပညာ သမိုင်းမှာ အရေးပါတဲ့ Master Piece ဖြစ်တယ်၊ Mega Structure ဖြစ်တယ်။ ဒါနဲ့တင် သမိုင်းတန်ဖိုး ၊ ယဉ်ကျေးမှုတန်ဖိုး ၊ ပညာရပ်ဆိုင်ရာ တန်ဖိုးကြီးလွန်းတဲ့ အတွက် တာဝန်လည်းကြီးပါတယ်။

ပြောချင်တာက ဦးစီး ဦးဆောင်မယ့်လူတွေက တာဝန်ကြီးကြီးယူထားရတယ်ဆိုတာ သဘောပါပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း any advice have to take consideration ပါ။ အဆင့်တိုင်းကို သေခြာလေး assessment လုပ်ကြပါ။

ကြေငြာထားတဲ့ method statement ( method of statement ) တွေမှာ ဓာတုဗေဓ ဓာတ်ပေါင်း ( chemical ) တွေပါတဲ့ ဆေးတွေ၊ ပစ္စည်းတွေ ( chemical products ) တွေသုံးမယ်လို့တွင်တွင် ပြောထားပါတယ်။

နိုင်ငံတကာက ဘယ်ပညာရှင်ဘဲ ခေါ်မေးပါစေ chemical product တွေပါတဲ့ ပစ္စည်းတွေကို သုံးဖို့ ခွင့်ပြုမှာ မဟုတ်ပါဘူး။ မဖြစ်မနေသုံးရတော့မယ်ဆိုရင်တော့ နိုင်ငံတကာက ထုတ်ထားတဲ့ Heritage Manual တွေထဲက အနည်းဆုံး ၅ နိုင်ငံရဲ့ စံနှုန်းတွေနဲ့ ကိုက်ညီမှုရှိဖို့လိုမယ်။ ယူနစ်စကို guideline တွေနဲ့ ကိုက်ညီမှုရှိကြောင်း ထောက်ခံချက်လိုပါမယ်။

Engineering concept နှင့် method of statement နက်ပတ်သက်ပီးပြောရရင်
ကောင်းမှုတော်ဘုရားက နှစ်ပေါင်း ၅၀၀ သက်တမ်းရှိတဲ့ ရှေးဟောင်းအမွေနှစ်အဆောက်ဦးပါ။ နှစ် ၁၀၀ ကျော် သက်တမ်းသာရှိသေးတဲ့ ကိုလိုနီခေတ် အဆောက်ဦးကိုပြင်တဲ့ engineering concept ( method statement ) သုံးလို့မရပါဘူး။

ဒီလောက် မီးမောင်းထိုးပြရင် ကျန်တာလည်း ဆက်မြင်နိုင်ပါစေ။
Zay Myo Lin

No comments:

Post a Comment