Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, January 23, 2019

လမင္းတရာ ဇာတ္ပြဲကား ဘရိတ္ေပါက္၍တိမ္းေမွာက္


မြန္ျပည္နယ္မွ လမင္းတရာ ဇာတ္ပြဲကား က်ိဳက္ထိုျမိဳ႕အဝင္၌ ဘရိတ္ေပါက္၍တိမ္းေမွာက္ (၉)ဦးဒဏ္ရာရ /23-1-2019ရက္ေန႕ ၊ နံနက္(02:30)နာရီအခ်ိန္ခန္႕တြင္ ေတာင္တြင္းႀကီးမွ ၾကာအင္းသို႕ ပြဲကူးလာရာ က်ိဳက္ထိုၿမိဳ႕အ၀င္ စိမ္းလဲ့တင္ အနီးေနရာ၌ ဘရိတ္ေပါက္၍ တိမ္းေမွာက္ခဲ့ပါသည္။

ကားတိမ္းေမွာက္စဥ္ ကားေပၚပါလာသူမ်ားမွ (၉)ဦးထိခိုက္ဒဏ္ရာ ရရွိခဲ့ၿပီး နီးစပ္ရာေဆးရံု၌ ေဆးကုသမႈခံယူလ်က္ရွိပါသည္။ ၄င္း ၉ဦးထဲမွ ၂ဦးမွာ (ဒဏ္ရာျပင္းထန္၍) ေမာ္လၿမိဳင္ ေဆးရံုသို႕ ေျပာင္းေရြ႕ကုသရန္ တာ၀န္ရွိသူမ်ားမွ ပို႕ေဆာင္ရန္စီစဥ္လ်က္ရွိပါသည္။

လမင္းတရာ ဇာတ္သည္ ယေန႕ည မွာ ၾကာအင္းေက်းရြာတြင္ ပြဲကျပေဖ်ာ္ေျဖၾကမည္ဟု သိရွိရပါသည္။ ထိခိုက္ဒဏ္ရာ ရသူမ်ား နာမည္ အတိအက် သိရွိပါက ဆက္လက္ေၾကျငာ ေဖာ္ျပေပးသြားပါမည္။ အားလံုးအျမန္ဆံုး သက္သာၾကပါေစ လို႕ ဆုေတာင္းေပးပါတယ္။

ပြဲဒကာ မ်ားမွလည္း ယခုျဖစ္စဥ္ကို နားလည္ေပးေစခ်င္ပါတယ္။ လက္ရွိတြင္ ေမာ္လၿမိဳင္ၿမိဳ႕နယ္ သဘင္ေကာ္မတီ အလုပ္အမႈေဆာင္အဖြဲ႕မွ ကူညီမႈမ်ားေပးရန္ လိုက္လံေဆာင္ရြက္ လ်က္ရွိေၾကာင္းသိရွိရ။ ဗဟို သဘင္ ဥကၠ႒ ဇာတ္မင္းသားဖိုးခ်စ္တို႕မွလည္း ျဖစ္ပြားရာေနရာသို႕ ကူညီမႈမ်ားေပးရန္ ေရာက္ရွိေနၿပီျဖစ္ေၾကာင္း သတင္းရရွိ။
ZinMoe
#Unicode Version#


မွန်ပြည်နယ်မှ လမင်းတရာ ဇာတ်ပွဲကား ကျိုက်ထိုမြို့အဝင်၌ ဘရိတ်ပေါက်၍တိမ်းမှောက် (၉)ဦးဒဏ်ရာရ /23-1-2019ရက်နေ့ ၊ နံနက်(02:30)နာရီအချိန်ခန့်တွင် တောင်တွင်းကြီးမှ ကြာအင်းသို့ ပွဲကူးလာရာ ကျိုက်ထိုမြို့အဝင် စိမ်းလဲ့တင် အနီးနေရာ၌ ဘရိတ်ပေါက်၍ တိမ်းမှောက်ခဲ့ပါသည်။

ကားတိမ်းမှောက်စဉ် ကားပေါ်ပါလာသူများမှ (၉)ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နီးစပ်ရာဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိပါသည်။ ၎င်း ၉ဦးထဲမှ ၂ဦးမှာ (ဒဏ်ရာပြင်းထန်၍) မော်လမြိုင် ဆေးရုံသို့ ပြောင်းရွေ့ကုသရန် တာဝန်ရှိသူများမှ ပို့ဆောင်ရန်စီစဉ်လျက်ရှိပါသည်။

လမင်းတရာ ဇာတ်သည် ယနေ့ည မှာ ကြာအင်းကျေးရွာတွင် ပွဲကပြဖျော်ဖြေကြမည်ဟု သိရှိရပါသည်။ ထိခိုက်ဒဏ်ရာ ရသူများ နာမည် အတိအကျ သိရှိပါက ဆက်လက်ကြေငြာ ဖော်ပြပေးသွားပါမည်။ အားလုံးအမြန်ဆုံး သက်သာကြပါစေ လို့ ဆုတောင်းပေးပါတယ်။

ပွဲဒကာ များမှလည်း ယခုဖြစ်စဉ်ကို နားလည်ပေးစေချင်ပါတယ်။ လက်ရှိတွင် မော်လမြိုင်မြို့နယ် သဘင်ကော်မတီ အလုပ်အမှုဆောင်အဖွဲ့မှ ကူညီမှုများပေးရန် လိုက်လံဆောင်ရွက် လျက်ရှိကြောင်းသိရှိရ။ ဗဟို သဘင် ဥက္ကဋ္ဌ ဇာတ်မင်းသားဖိုးချစ်တို့မှလည်း ဖြစ်ပွားရာနေရာသို့ ကူညီမှုများပေးရန် ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းရရှိ။
ZinMoe

No comments:

Post a Comment