Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, January 23, 2019

မ၀ေပမယ့္ ဘာလို႔ ဗိုက္ပူၾကသလဲ။

တခ်ိဳ႕ သူေတြဆိုရင္ ကိုယ္အေလးခ်ိန္လည္း မမ်ား၊ ၀လည္းမ၀ေပယ့္ ဗိုက္နားက်ေတာ့ ပူေနတတ္ၾကပါတယ္။ ဗိုက္ပူတာကေရာ ဘယ္လို အေၾကာင္းအရာေတြ ဆက္စပ္ေနလဲဆိုတာကို ေ၀မွ်ခ်င္ပါတယ္။

ခ်က္ရဲ႕ အေပၚပိုင္း ဗိုက္က ပိုပူေနရင္

ရုံးမွာ အထိုင္မ်ားတဲ့ အလုပ္ လုပ္ျခင္း
ခ်ိဳတဲ့ အစားအစာေတြ ႀကိဳက္ျခင္း
အရက္ေသစာ အလြန္အကၽြံေသာက္သံုးျခင္း
ဂရုစိုက္ရမယ့္ အခ်က္မ်ား

အရက္ကို ေလွ်ာ့ေသာက္ပါ

အရက္ေတြ ၀ိုင္ေတြကို တစ္ပတ္ ၃ႀကိမ္ကေန ၄ ႀကိမ္ အလြန္အကၽြံေသာက္ရင္ ဗိုက္ေတြမွာအဆီေတြ တက္လာတတ္ပါတယ္။ ဒါေၾကာင့္ ၂ ပတ္ေလာက္မေသာက္ဘဲေနပါ။ ၂ ပတ္ေက်ာ္မွ ေသာက္ခ်င္ရင္ တစ္ပတ္ကို ၁ ႀကိမ္ တစ္ခါေသာက္ရင္ တစ္ခြက္၊ႏွစ္ခြက္ထက္ ပိုမေသာက္ပါနဲ႔။

အစားအစာကို ဂရုစိုက္ပါ။

အခ်ိဳေတြ သၾကားေတြ ကိုေလွ်ာ့ပါ။ ၾကက္ဥ၊ အသား၊ ငါး၊ ဟင္းသီးဟင္းရြက္၊ အခြံမာအသီးတုိ႔ကို စားေပးပါ။

ေလ့က်င့္ခန္းလုပ္ပါ။

Gym မသြားႏိုင္ရင္ေတာင္ လမ္းေ၀းေ၀းေလွ်ာက္တာနဲ႔အတူ Lunges, Squats, Reverse Push-Ups ေလ့က်င့္ခန္းတို႔ကို အိမ္မွာ လုပ္ေပးပါ။

ခ်က္ေအာက္ပိုင္းက ပိုပူေနရင္

ေလ့က်င့္ခန္း အလြဲအမွားေတြ လုပ္တာမ်ားတာ
အစားအေသာက္ေၾကာင့္
ခါးရိုးပံုမမွန္တာ
ဂရုစိုက္ရမယ့္ အခ်က္မ်ား

အမွ်င္ဓာတ္ပါတဲ့ အစားအစာေတြ

အမွ်င္ဓာတ္ပါတဲ့ အစားအစာေတြျဖစ္တဲ့ ဟင္းသီးဟင္းရြက္ေတြ၊ ဂ်ံဳတို႔ စားေပးပါ။

ေလ့က်င့္ခန္း ကို မွန္ေအာင္ဂရုစိုက္ပါ

Squats ထိုင္တာ ပံုစံမမွန္ဘဲ ခႏၶာကိုယ္အေနာက္ဘက္ျခမ္းကိုဘဲ အာရုံစိုက္တာမ်ားရင္ ခါးရိုးပံုစံမမွန္ဘဲ ဗိုက္ပိုထြက္ လာတတ္ပါတယ္။ အဲ့လိုခံစားေနရရင္ တတ္ကၽြမ္းတဲ့ ကာယဆရာတစ္ေယာက္ အကူအညီနဲ႔ ျပန္ေလ့က်င့္ေပးပါ။

ဒါမွမဟုတ္ Squats မထိုင္ေတာ့ဘဲ Planks ေလ့က်င့္ခန္းလုပ္ေပးပါ။

ေရမ်ားမ်ားေသာက္ေပးပါ

ေရမ်ားမ်ားေသာက္ေပးရင္ အစာေျခရပိုလြယ္တာေၾကာင့္ ဗိုက္ပူတာကိုလည္း သက္သာေစပါတယ္။
myfoodmyanmar

#Unicode Version#
တချို့ သူတွေဆိုရင် ကိုယ်အလေးချိန်လည်း မများ၊ ဝလည်းမဝပေယ့် ဗိုက်နားကျတော့ ပူနေတတ်ကြပါတယ်။ ဗိုက်ပူတာကရော ဘယ်လို အကြောင်းအရာတွေ ဆက်စပ်နေလဲဆိုတာကို ဝေမျှချင်ပါတယ်။

ချက်ရဲ့ အပေါ်ပိုင်း ဗိုက်က ပိုပူနေရင်

ရုံးမှာ အထိုင်များတဲ့ အလုပ် လုပ်ခြင်း
ချိုတဲ့ အစားအစာတွေ ကြိုက်ခြင်း
အရက်သေစာ အလွန်အကျွံသောက်သုံးခြင်း
ဂရုစိုက်ရမယ့် အချက်များ

အရက်ကို လျှော့သောက်ပါ

အရက်တွေ ဝိုင်တွေကို တစ်ပတ် ၃ကြိမ်ကနေ ၄ ကြိမ် အလွန်အကျွံသောက်ရင် ဗိုက်တွေမှာအဆီတွေ တက်လာတတ်ပါတယ်။ ဒါကြောင့် ၂ ပတ်လောက်မသောက်ဘဲနေပါ။ ၂ ပတ်ကျော်မှ သောက်ချင်ရင် တစ်ပတ်ကို ၁ ကြိမ် တစ်ခါသောက်ရင် တစ်ခွက်၊နှစ်ခွက်ထက် ပိုမသောက်ပါနဲ့။

အစားအစာကို ဂရုစိုက်ပါ။

အချိုတွေ သကြားတွေ ကိုလျှော့ပါ။ ကြက်ဥ၊ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ အခွံမာအသီးတို့ကို စားပေးပါ။

လေ့ကျင့်ခန်းလုပ်ပါ။

Gym မသွားနိုင်ရင်တောင် လမ်းဝေးဝေးလျှောက်တာနဲ့အတူ Lunges, Squats, Reverse Push-Ups လေ့ကျင့်ခန်းတို့ကို အိမ်မှာ လုပ်ပေးပါ။

ချက်အောက်ပိုင်းက ပိုပူနေရင်

လေ့ကျင့်ခန်း အလွဲအမှားတွေ လုပ်တာများတာ
အစားအသောက်ကြောင့်
ခါးရိုးပုံမမှန်တာ
ဂရုစိုက်ရမယ့် အချက်များ

အမျှင်ဓာတ်ပါတဲ့ အစားအစာတွေ

အမျှင်ဓာတ်ပါတဲ့ အစားအစာတွေဖြစ်တဲ့ ဟင်းသီးဟင်းရွက်တွေ၊ ဂျုံတို့ စားပေးပါ။

လေ့ကျင့်ခန်း ကို မှန်အောင်ဂရုစိုက်ပါ

Squats ထိုင်တာ ပုံစံမမှန်ဘဲ ခန္ဓာကိုယ်အနောက်ဘက်ခြမ်းကိုဘဲ အာရုံစိုက်တာများရင် ခါးရိုးပုံစံမမှန်ဘဲ ဗိုက်ပိုထွက် လာတတ်ပါတယ်။ အဲ့လိုခံစားနေရရင် တတ်ကျွမ်းတဲ့ ကာယဆရာတစ်ယောက် အကူအညီနဲ့ ပြန်လေ့ကျင့်ပေးပါ။

ဒါမှမဟုတ် Squats မထိုင်တော့ဘဲ Planks လေ့ကျင့်ခန်းလုပ်ပေးပါ။

ရေများများသောက်ပေးပါ

ရေများများသောက်ပေးရင် အစာခြေရပိုလွယ်တာကြောင့် ဗိုက်ပူတာကိုလည်း သက်သာစေပါတယ်။
myfoodmyanmar

No comments:

Post a Comment