Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, January 5, 2019

မနက္ျဖန္ ဇန္နဝါရီလ ၆ ရက္ေန႔ ေနၾကတ္ပါမည္


ေန ႏွင့္ ကမ႓ာ အၾကားကို လ ေရာက္ရွိသြားတဲ့အခါ (တနည္း) လကြယ္ေန႔သို႔ ေရာက္ရွိတဲ့အခါမွာ တခါတရံ လရဲ႕ အရိပ္ဟာ ကမ႓ာေပၚသို႔ က်ေရာက္ၿပီအရိပ္က်ေရာက္တဲ့ ေနရာမွာရွိတဲ့ ေဒသခံမ်ားဟာ ေနကို လက ဖံုးကြယ္သြားျခင္း (ေနၾကတ္ျခင္း) ကို ျမင္ေတြ႕ၾကရပါတယ္။ ေနၾကတ္ျခင္းဟာ လကြယ္ေန႔မွာသာျဖစ္ၿပီးလၾကတ္ျခင္းကေတာ့ လျပည့္ေန႔မွာသာ ျဖစ္ပါတယ္။

နတ္ေတာ္လကြယ္ေန႔ျဖစ္တဲ့ ဇန္နဝါရီလ (၆) ရက္ေန႔မွာေတာ့ ေနၾကတ္ျခင္းျဖစ္စဥ္ ျဖစ္ေပၚမွာျဖစ္ၿပီး ႐ုုရွား၊ အေမရိကန္၊ တ႐ုတ္၊ မြန္ဂိုလီးယား၊ ဂ်ပန္ နဲ႔ ကိုးရီးယား ႏိုင္ငံတို႔ကေန တစိတ္တပိုင္း ေနၾကတ္ျခင္းကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ (ေျမပံု)။ အမ်ားဆံုး ဖံုးအုပ္ျခင္းကို ႐ုရွားႏိုင္ငံမွာ ျမင္ေတြ႕ရမွာျဖစ္ၿပီး တစ္ဝက္ေက်ာ္ (၆၂%) ေလာက္အထိ ဖံုးအုပ္တာကို ျမင္ရမွာျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာေတာ့ ယခုေနၾကတ္ျခင္းကို ျမင္ေတြ႕ရမွာမဟုတ္ပါ။ ေနၾကတ္မည့္အခ်ိန္ကေတာ့..ျမန္မာစံေတာ္ခ်ိန္ နံနက္ ၅ နာရီမွ ၁၁ နာရီအထိ ျဖစ္ပါတယ္။ ေန ႏွင့္ လ တို႔ တည္ရွိေနတဲ့ ၾကယ္တာရာကေတာ့ Sagittarius လို႔ေခၚတဲ့ ဓႏုရာသီပဲ ျဖစ္ပါတယ္။ ယခု နတ္ေတာ္လကြယ္ေန႔မွာ ေနၾကတ္ၿပီးလွ်င္ေတာ့.. ျပာသိုလျပည့္ေန႔ျဖစ္တဲ့ ဇန္နဝါရီလ ၂၁ ရက္ေန႔မွာေတာ့ လအျပည့္ၾကတ္ျခင္းႏွင့္ စူပါမြန္းျဖစ္ျခင္းတို႔ ျဖစ္ေပၚမွာျဖစ္ပါတယ္။


ေန ႏွင့္ ကမာၻ အၾကားကို လ ေရာက္ရွိသြားတဲ့အခါ (တနည္း) လကြယ္ေန႕သို႔ ေရာက္ရွိတဲ့အခါမွာ တခါတရံ လရဲ႕ အရိပ္ဟာ ကမာၻေပၚသို႔ က်ေရာက္ၿပီအရိပ္က်ေရာက္တဲ့ ေနရာမွာရွိတဲ့ ေဒသခံမ်ားဟာ ေနကို လက ဖုံးကြယ္သြားျခင္း (ေနၾကတ္ျခင္း) ကို ျမင္ေတြ႕ၾကရပါတယ္။ ေနၾကတ္ျခင္းဟာ လကြယ္ေန႕မွာသာျဖစ္ၿပီးလၾကတ္ျခင္းကေတာ့ လျပည့္ေန႕မွာသာ ျဖစ္ပါတယ္။

နတ္ေတာ္လကြယ္ေန႕ျဖစ္တဲ့ ဇန္နဝါရီလ (၆) ရက္ေန႕မွာေတာ့ ေနၾကတ္ျခင္းျဖစ္စဥ္ ျဖစ္ေပၚမွာျဖစ္ၿပီး ႐ုုရွား၊ အေမရိကန္၊ တ႐ုတ္၊ မြန္ဂိုလီးယား၊ ဂ်ပန္ နဲ႕ ကိုးရီးယား နိုင္ငံတို႔ကေန တစိတ္တပိုင္း ေနၾကတ္ျခင္းကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ (ေျမပုံ)။ အမ်ားဆုံး ဖုံးအုပ္ျခင္းကို ႐ုရွားနိုင္ငံမွာ ျမင္ေတြ႕ရမွာျဖစ္ၿပီး တစ္ဝက္ေက်ာ္ (၆၂%) ေလာက္အထိ ဖုံးအုပ္တာကို ျမင္ရမွာျဖစ္ပါတယ္။

ျမန္မာနိုင္ငံမွာေတာ့ ယခုေနၾကတ္ျခင္းကို ျမင္ေတြ႕ရမွာမဟုတ္ပါ။ ေနၾကတ္မည့္အခ်ိန္ကေတာ့..ျမန္မာစံေတာ္ခ်ိန္ နံနက္ ၅ နာရီမွ ၁၁ နာရီအထိ ျဖစ္ပါတယ္။ ေန ႏွင့္ လ တို႔ တည္ရွိေနတဲ့ ၾကယ္တာရာကေတာ့ Sagittarius လို႔ေခၚတဲ့ ဓႏုရာသီပဲ ျဖစ္ပါတယ္။ ယခု နတ္ေတာ္လကြယ္ေန႕မွာ ေနၾကတ္ၿပီးလွ်င္ေတာ့.. ျပာသိုလျပည့္ေန႕ျဖစ္တဲ့ ဇန္နဝါရီလ ၂၁ ရက္ေန႕မွာေတာ့ လအျပည့္ၾကတ္ျခင္းႏွင့္ စူပါမြန္းျဖစ္ျခင္းတို႔ ျဖစ္ေပၚမွာျဖစ္ပါတယ္။

(ျပကၡဒိန္ရက္နဲ႔ တစ္ရက္စီကြာပါတယ္။)
အနာဂတ္ ပညာေရးအတြက္
သန္႔ဦး (အာကာသႏွင့္ စၾကဝဠာ )

Unicode Version

နေ နှင့် ကမ္ဘာ အကြားကို လ ရောက်ရှိသွားတဲ့အခါ (တနည်း) လကွယ်နေ့သို့ ရောက်ရှိတဲ့အခါမှာ တခါတရံ လရဲ့ အရိပ်ဟာ ကမ္ဘာပေါ်သို့ ကျရောက်ပြီအရိပ်ကျရောက်တဲ့ နေရာမှာရှိတဲ့ ဒေသခံများဟာ နေကို လက ဖုံးကွယ်သွားခြင်း (နေကြတ်ခြင်း) ကို မြင်တွေ့ကြရပါတယ်။ နေကြတ်ခြင်းဟာ လကွယ်နေ့မှာသာဖြစ်ပြီးလကြတ်ခြင်းကတော့ လပြည့်နေ့မှာသာ ဖြစ်ပါတယ်။

နတ်တော်လကွယ်နေ့ဖြစ်တဲ့ ဇန်နဝါရီလ (၆) ရက်နေ့မှာတော့ နေကြတ်ခြင်းဖြစ်စဉ် ဖြစ်ပေါ်မှာဖြစ်ပြီး ရုုရှား၊ အမေရိကန်၊ တရုတ်၊ မွန်ဂိုလီးယား၊ ဂျပန် နဲ့ ကိုးရီးယား နိုင်ငံတို့ကနေ တစိတ်တပိုင်း နေကြတ်ခြင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ (မြေပုံ)။ အများဆုံး ဖုံးအုပ်ခြင်းကို ရုရှားနိုင်ငံမှာ မြင်တွေ့ရမှာဖြစ်ပြီး တစ်ဝက်ကျော် (၆၂%) လောက်အထိ ဖုံးအုပ်တာကို မြင်ရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ယခုနေကြတ်ခြင်းကို မြင်တွေ့ရမှာမဟုတ်ပါ။ နေကြတ်မည့်အချိန်ကတော့..မြန်မာစံတော်ချိန် နံနက် ၅ နာရီမှ ၁၁ နာရီအထိ ဖြစ်ပါတယ်။ နေ နှင့် လ တို့ တည်ရှိနေတဲ့ ကြယ်တာရာကတော့ Sagittarius လို့ခေါ်တဲ့ ဓနုရာသီပဲ ဖြစ်ပါတယ်။ ယခု နတ်တော်လကွယ်နေ့မှာ နေကြတ်ပြီးလျှင်တော့.. ပြာသိုလပြည့်နေ့ဖြစ်တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့မှာတော့ လအပြည့်ကြတ်ခြင်းနှင့် စူပါမွန်းဖြစ်ခြင်းတို့ ဖြစ်ပေါ်မှာဖြစ်ပါတယ်။

(ပြက္ခဒိန်ရက်နဲ့ တစ်ရက်စီကွာပါတယ်။)

အနာဂတ် ပညာရေးအတွက်..
သန့်ဦး (အာကာသနှင့် စကြဝဠာ )

No comments:

Post a Comment