Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 10, 2019

လူငယ်တစ်ယောက်ရဲ့ ခဏတာယိုင်လဲသွားတဲ့ အခိုက်အတန့်


MRTV 4 မင်းသမီးလေးလို့ လူသိများတဲ့  ခြူးလေး
မနေ့ကသူမကိုယ်ကို အဆုံးစီရင်ဖို့ကြိုစားခဲ့တယ်ဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီး
ခဏတာယိုင်လဲသွားတဲ့အခိုက်အတန့်အကြောင်းကိုအခုလိုရေးသားထားပါတယ်။
...............

စိတ်ပူပေး ကြတဲ့ သူတွေအားလုံး ကို ခြူးလေး
တကယ် လှိုက်လှိုက်လှဲလှဲရင်ထဲက ကျေးဇူးတင်ပါတယ် ရှင်
လူငယ်တစ်ယောက်အနေနဲ့ ဘဝ ရဲ့ အဆင်မပြေမှု များ ကြောင့်
ခဏတာလေး ယိုင်လဲသွားတာပါ
အခု အရာအားလုံးကို မေ့ပစ်ပြီး စိတ်ဓါတ်ခိုင်မာစွာနဲ့
ကိုယ့်ကိုကိုယ် ပြန်လည်တည်ဆောက်ထားပါတယ်
ခြူးကိုညီမအရင်းလို ချစ်ပြီး တန်ဖိုးထားပေးတဲ့ မဂျူဂျူးပန်ထွာနဲ့ တခြား သူငယ်ချင်းများ လုပ်ဖော်ကိုင်ဖက်များကိုလည်း တကယ့် အခက်ခဲ ကြုံချိန်မှာ အရမ်းကို လေးစားချစ်ခင်မိပါတယ် အမတို့ရဲ့ ခြူးလေးအပေါ်မှာထားရှိတဲ့ မေတ္တာ တရားတွေ ဟာ တခြားသူတွေ အတွက် ဝေဖန်မှုတွေ ဖြစ်လာခဲ့တာကို ခြူးလေး တကယ် အားနာပြီး စိတ်မကောင်းဖြစမိပါတယ်အခု ခြူးလေး ဖြစ်ခဲ့ရတာတွေကလည်း မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ်နာလိုစိတ်မရှိပါ အရာရာ ဟာ ကံတရားလို့ဘဲ သတ်မှတ်ထားပါတယ်
ခုလို ပြန်ရှင်းပြရတာကလည်း Page များရဲ့ ပြင်းထန်လှတဲ့ ခေါင်းစဉ်အမျိုးမျိုး ရဲ့ အောက်မှာ အလူးအလဲ ဝေဖန်တိုက်ခိုက်ခံနေရတဲ့ ကာယကံရှင် ဖြစ်တဲ့ ခြူး ရယ် မဂျူးဂျူးပန်ထွာရယ်တစ်ယောက်သောသူ အတွက်ရယ်ပါ
အရာရာပြီးခဲ့ပြီမို့ ကာယကံရှင်တွေရဲ့ အနာဂါတ် တွေကို ငဲ့ကွက်သော အားဖြင့် Page တွေ ပြန်လည် မျှဝေပေးဖို့ မေတ္တာရပ်ခံပါတယ်ရှင်
အရာရာအားလုံးဟာ ကိုယ့်ဘဝနဲ့ကိုယ်ဖြစ်နေပါပြီ
သူများကို ထိခိုက်စေတဲ့ comment များ မ မန့်ဖို့ မေတ္တာရပ်ခံပါတယ်ရှင်
ခြူးလေး


No comments:

Post a Comment