Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, January 10, 2019

ဘိသိတ္ဆရာက ဓါးနဲ႔ထိုးသတ္​လို႔ အျငိမ့္မင္းသမီး ခ်စ္ခ်စ္ခင္ ေသဆုံးသြားျပီ


 ျမင္းၿခံၿမိဳ႕နယ္တြင္ ေဆာင္စံအိမ္ အၿငိမ့္အဖြဲ႕မွ လက္ေထာက္မင္းသမီး ဓားျဖင့္ ထိုးခံရ၍ ေသဆုံး ခဲ့ၿပီး ျပစ္မႈက်ဴးလြန္ခဲ့သည္ဆိုသူ ဘိတ္သိတ္ဆရာကို သက္ဆိုင္ရာက ဇန္နဝါရီ ၉ ရက္၌ဖမ္းဆီးခဲ့သည္။

အဆိုပါေန႕ မြန္းလြဲ ၃ နာရီ ၁၀ မိနစ္ အခ်ိန္ခန႔္တြင္ ျမင္းၿခံၿမိဳ႕ ဆႏၵေတာ္ျပည့္ဘုရားေရွ႕ရွိ ထမင္းဆိုင္၌ ဓားထိုးမႈျဖစ္ပြားေၾကာင္းသတင္းအရ သက္ဆိုင္ရာက သြားေရာက္စစ္ေဆးခဲ့သည္။အဆိုပါေနရာတြင္ ျမင္းၿခံၿမိဳ႕ ” ေဆာင္စံအိမ္ ” အၿငိမ့္အဖြဲ႕မွ လက္ေထာက္မင္းသမီး မခ်စ္ခ်စ္ခင္(ခ)မျဖဴမာသည္ ဝဲ/ယာ နို႔အုံ အထက္/ေအာက္တို႔၌ ထိုးသြင္းဒဏ္ရာရရွိထားသည္ကိုေတြ႕ရသျဖင့္ ျမင္းၿခံေဆး႐ုံသို႔ တင္ပို႔ကုသခဲ့သည္။

သက္ဆိုင္ရာက စုံစမ္းခဲ့ရာ ေက်ာက္ဆည္ၿမိဳ႕၊တံစိုးဂိတ္ရပ္ကြက္ေန ဘိသိတ္ဆရာ ျမစံ(ခ)ေမာ္ကြန္းစံ(၂၆)ႏွစ္က ပြဲငွါးရန္ကိစၥႏွင့္ပတ္သက္၍ ” ေဆာင္စံအိမ္ ” အၿငိမ့္ေခါင္းေဆာင္မင္းသမီး မခင္ပုလဲစိန္(ခ)မႏြယ္ႏွင့္ မခ်စ္ခ်စ္ခင္(ခ)မျဖဴမာ၊ ျမစံ(ခ)ေမာ္ကြန္းစံတို႔ သုံးဦး ေတြ႕ဆုံကာ စကားေျပာဆိုခဲ့ေၾကာင္း၊

စာခ်ဳပ္ကိစၥေျပာဆိုစဥ္ ျမစံက ၎ေရွ႕ရွိ ေက်ာပိုးအိတ္အတြင္းမွအရိုးအသြား(၈)လက္မခြဲခန႔္ရွိ အနက္ေရာင္ ေကာ္ရိုးတပ္စတီးဓါးျဖင့္ မခ်စ္ခ်စ္ခင္ကိုထိုးခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ျမစံ(ခ)ေမာ္ကြန္းစံ ကို အခင္းျဖစ္ေနရာတြင္ ဖမ္းဆီးရမိခဲ့ၿပီး ၎ကိုစစ္ေဆးခ်က္အရ လြန္ခဲ့ေသာ ၆ လခန႔္က ” ေဆာင္စံအိမ္ ” အၿငိမ့္မွ မင္းသမီးျဖစ္သူ တစ္ဦးႏွင့္ ခ်စ္သူျဖစ္စဥ္ မခ်စ္ခ်စ္ခင္၏ ေသြးထိုးမႈေၾကာင့္ ျပတ္စဲခဲ့ရသျဖင့္ ယင္းကိစၥကို အၿငိဳးထားကာ ဓားျဖင့္ ထိုးခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

မခ်စ္ခ်စ္ခင္(ခ)မျဖဴမာမွာ ရရွိေသာဒဏ္ရာမ်ားျဖင့္ ညေန ၅ နာရီခြဲ အခ်ိန္ခန႔္တြင္ ေသဆုံးခဲ့သည္။ ျမင္းၿခံၿမိဳ႕မရဲစခန္းက မူလဖြင့္လွစ္ထားသည့္ (ပ)၂၁/၁၉၊ရာဇသတ္ႀကီးပုဒ္မ ၃၂၆ မွ ပုဒ္မ ၃၀၂ သို႔ေျပာင္းလဲကာ အေရးယူထားသည္။
The Myanmar Times Daily Newspaper – Myanmar Version

#Unicode Version#
 မြင်းခြံမြို့နယ်တွင် ဆောင်စံအိမ် အငြိမ့်အဖွဲ့မှ လက်ထောက်မင်းသမီး ဓားဖြင့် ထိုးခံရ၍ သေဆုံး ခဲ့ပြီး ပြစ်မှုကျူးလွန်ခဲ့သည်ဆိုသူ ဘိတ်သိတ်ဆရာကို သက်ဆိုင်ရာက ဇန်နဝါရီ ၉ ရက်၌ဖမ်းဆီးခဲ့သည်။

အဆိုပါနေ့ မွန်းလွဲ ၃ နာရီ ၁၀ မိနစ် အချိန်ခန့်တွင် မြင်းခြံမြို့ ဆန္ဒတော်ပြည့်ဘုရားရှေ့ရှိ ထမင်းဆိုင်၌ ဓားထိုးမှုဖြစ်ပွားကြောင်းသတင်းအရ သက်ဆိုင်ရာက သွားရောက်စစ်ဆေးခဲ့သည်။အဆိုပါနေရာတွင် မြင်းခြံမြို့ ” ဆောင်စံအိမ် ” အငြိမ့်အဖွဲ့မှ လက်ထောက်မင်းသမီး မချစ်ချစ်ခင်(ခ)မဖြူမာသည် ဝဲ/ယာ နို့အုံ အထက်/အောက်တို့၌ ထိုးသွင်းဒဏ်ရာရရှိထားသည်ကိုတွေ့ရသဖြင့် မြင်းခြံဆေးရုံသို့ တင်ပို့ကုသခဲ့သည်။

သက်ဆိုင်ရာက စုံစမ်းခဲ့ရာ ကျောက်ဆည်မြို့၊တံစိုးဂိတ်ရပ်ကွက်နေ ဘိသိတ်ဆရာ မြစံ(ခ)မော်ကွန်းစံ(၂၆)နှစ်က ပွဲငှါးရန်ကိစ္စနှင့်ပတ်သက်၍ ” ဆောင်စံအိမ် ” အငြိမ့်ခေါင်းဆောင်မင်းသမီး မခင်ပုလဲစိန်(ခ)မနွယ်နှင့် မချစ်ချစ်ခင်(ခ)မဖြူမာ၊ မြစံ(ခ)မော်ကွန်းစံတို့ သုံးဦး တွေ့ဆုံကာ စကားပြောဆိုခဲ့ကြောင်း၊

စာချုပ်ကိစ္စပြောဆိုစဉ် မြစံက ၎င်းရှေ့ရှိ ကျောပိုးအိတ်အတွင်းမှအရိုးအသွား(၈)လက်မခွဲခန့်ရှိ အနက်ရောင် ကော်ရိုးတပ်စတီးဓါးဖြင့် မချစ်ချစ်ခင်ကိုထိုးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြစံ(ခ)မော်ကွန်းစံ ကို အခင်းဖြစ်နေရာတွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်းကိုစစ်ဆေးချက်အရ လွန်ခဲ့သော ၆ လခန့်က ” ဆောင်စံအိမ် ” အငြိမ့်မှ မင်းသမီးဖြစ်သူ တစ်ဦးနှင့် ချစ်သူဖြစ်စဉ် မချစ်ချစ်ခင်၏ သွေးထိုးမှုကြောင့် ပြတ်စဲခဲ့ရသဖြင့် ယင်းကိစ္စကို အငြိုးထားကာ ဓားဖြင့် ထိုးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

မချစ်ချစ်ခင်(ခ)မဖြူမာမှာ ရရှိသောဒဏ်ရာများဖြင့် ညနေ ၅ နာရီခွဲ အချိန်ခန့်တွင် သေဆုံးခဲ့သည်။ မြင်းခြံမြို့မရဲစခန်းက မူလဖွင့်လှစ်ထားသည့် (ပ)၂၁/၁၉၊ရာဇသတ်ကြီးပုဒ်မ ၃၂၆ မှ ပုဒ်မ ၃၀၂ သို့ပြောင်းလဲကာ အရေးယူထားသည်။

The Myanmar Times Daily Newspaper – Myanmar Version

No comments:

Post a Comment