Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, January 5, 2019

ေလးစားစရာေကာင္းတဲ့ သူရဲေကာင္းဆန္တဲ့ ကမ႓ာေက်ာ္သူခိုးတစ္ေယာက္

မိုနာလီဇာ
ကမ႓ာေက်ာ္သူခိုးေတြထဲမွာအေတာ့္ကိုေလးစားစရာေကာင္းတဲ့ သူရဲေကာင္းဆန္တဲ့ သူခိုးတစ္ေယာက္ရွိေသးတယ္ ။ ဒီဘဲက ဘာခိုးသလဲဆိုေတာ့ ျပင္သစ္ႏိူင္ငံ လုဗ့္ျပတိုက္ထဲက ကမ႓ာေက်ာ္ မိုနာလီဇာပန္းခ်ီကားကို အရခိုးသြားခဲ့တဲ့ဘဲ ။ အဲ့ဒီပန္းခ်ီကားႀကီး ေပ်ာက္သြားေတာ့ ျပင္သစ္ရဲေတြက အႀကီးအက်ယ္ကိုရွာတာကိုး ။ တစ္ၿမိဳ႕လံုးပိုက္စိပ္တိုက္ၿပီး ေျမလွန္ရွာတယ္ ။ ဒါမက္ ဘယ္လိုမွ ရွာမရဘူး ။ ပန္းခ်ီကားသတင္းဟာ ဘာသတင္းအစအနမရပဲ ေပ်ာက္ျခင္းမလွကို ေပ်ာက္ေနေရာ ။ ၁ ႏွစ္ေက်ာ္တဲ့အထိ ဘယ္လိုမွရွာမရေတာ့အခါမွ ရဲေတြကလည္း လက္ေလွ်ာ႔ရေတာ့မဲ့ အေနအထားထိျဖစ္လာတယ္ ။ အဲ့ဒါ ၁၉၁၁ ခုႏွစ္ ႏိူဝင္ဘာလမယ္ထင္တာပဲ ။ ပါရီသားေတြက လမ္းေပၚထြက္ၿပီး ငိုၾကတယ္ ။ ခိုးသြားတဲ့သူ ဘယ္သူပဲျဖစ္ျဖစ္ အဲ့ဒီပန္းခ်ီကားကို ျပန္လာေပးၾကပါဆိုၿပီး ဝိုင္းဝန္းေတာင္းဆိုၾကတယ္ ။ ဂ်ာနယ္ေတြဘာေတြမွာ ေဆာင္းပါးေတြဘာေတြထည့္ေရးလို႔ေရးနဲ႔ အမ်ိဳးမ်ိဳး မ်က္ရည္ခံထိုးၿပီး ျပန္ေတာင္း ၾကေရာ ။

ဆိုေတာ့ အဲ့ဒီသူခိုးက ပန္းခ်ီကားကို
ဘယ္လိုခိုးသြားသလဲဆိုတာထက္ ၊ ခိုးၿပီးတဲ့ေနာက္ ဘာဆက္လုပ္သလဲဆိုတာပဲ ။ အဲ့ဒီပန္းခ်ီကားကို ေစ်းအျမင့္ႀကီးနဲ႔ ေအာက္လမ္းကေန လက္သိပ္ထိုးေရာင္းၿပီး ေျဖာင္,ပလိုက္တယ္ထင္လား ။ ႏိူးပါ သူအဲ့လို လံုးဝမလုပ္ခဲ့ဘူး ။ သူဟာ အခ်ိန္ယူတယ္ ကမ႓ာေပၚက အေတာ္ဆံုး ပံုတူဆြဲပန္းခ်ီပညာရွင္တစ္ေယာက္ကို ရေအာင္ ရွာတယ္ ။ ေတြ႕ေတာ့ သူ႔အိမ္ကိုဖိတ္ၿပီး စကားေျပာၾကည့္ အရိပ္အကဲဖမ္းၾကည့္တယ္ ။ ( အမွန္က အဲ့ဒါ သူ႔အိမ္အစစ္မယ္ေတာ့မဟုတ္ဘူး အျပင္မွာ ဒိုင္လွ်ိဳေလး က်ိတ္ၿပီး ငွားထားတဲ့အိမ္ ) အဲ့လိုမွမဟုတ္လို႔ ေနာင္ခါ အနံ႔ေလးနည္းနည္းရသြားနဲ႔ ရဲေတြက “ မီးခိုးႂကြက္ေလွ်ာက္” မွာကိုး ။ အဲ့အိမ္မယ္ ပံုတူဆြဲပန္းခ်ီပညာရွင္ဆိုတဲ့ဘဲကိုေခၚတယ္ ။“ခမ်ားက ပံုတူဆြဲတဲ့ေနရာ သိပ္ေကာင္းတဲ့ဘဲဆိုေတာ့ ေျပာပါဦး ကမ႓ာေက်ာ္ေတြရဲ႕လက္ရာပန္းခ်ီကားေတြဆိုရင္ေရာ တစ္ထပ္တည္းက်ေအာင္ဆြဲႏိူင္ရဲ႕လား ၊ ဥပမာ မိုနာလီဇာလို ပန္းခ်ီကားမ်ိဳးေပါ့ ”ဆိုၿပီး ေသြးတိုးစမ္းတယ္ ။ ဟိုဘဲကလည္း ခပ္ေအးေအးပဲ ၊ သူ႔အလုပ္ကလြဲၿပီး ဘာကိုမွ စိတ္မဝင္စားတဲ့႐ုပ္နဲ႔ ။ “ တကယ္လို႔ မိုနာလီဇာပန္းခ်ီကားအစစ္သာရမယ္ဆိုရင္ လီယိုနာဒိုဒါဗင္ခ်ီ ေသရြာက ျပန္လာၿပီး ယွဥ္ခြဲေတာင္ မကြဲေစရပါဘူး ”လို႔ ဆိုကိုး ။ အြန္း ဟုတ္ပီ ၊ ေရာ့ဆိုတဲ့ၿပီး မိုနာလီဇာပန္းခ်ီကားႀကီး ထုတ္ေပးလိုက္တယ္ ။ ဟိုဘဲက ေစ့ေစ့စပ္စပ္ၾကည့္ၿပီး ၊ “ ဟာ ေဟ့လူ ဒါအစစ္ႀကီးလား”လို႔ အံ့ၾသတႀကီးနဲ႔ေမးတယ္ ။

“ ဟက္ ဘယ္ကလာ အစစ္ရမွာလဲ
အစစ္သာဆိုရင္ေတာ့ ေကာ္,ၿပီေပါ့ဗ်ာ ။ ဒါက ပံုတူဆြဲမလို႔ ေဘာ္ဒါတစ္ေယာက္ဆီက ငွားထားတာဗ် ၊ ေကာ္ပီႀကီးပါ ” ဆိုတဲ့ၿပီး ၊ ဟိုဘဲကို ခပ္တည္တည္နဲ႔ ၿဖီး,တယ္ ။ မဟုတ္လည္း အစစ္ကို ဒီကမ႓ာေပၚမွာ ဘယ္ႏွစ္ေယာက္ကမ်ား အခုလို အနီးကပ္ ျမင္ဖူးလို႔တုန္း ။ လုဗ့္ျပတိုက္မွာ ထားတယ္ဆိုတာကလည္း မွန္လံုအိမ္နဲ႔ဘာနဲ႔ အေဝးကပဲ ၾကည့္ခြင့္ရတာမဟုတ္လား ။ ဟိုဘဲကလည္း ယံုတယ္ ။ “ ဒါနက္ အဲ့ဒီပန္းခ်ီကားႀကီး ေပ်ာက္သြားတဲ့သတင္းေရာ ဘာၾကားမိတုန္းဗ် ၊ အခုထိ မေတြ႕ၾကေသးဘူးဆိုလားပဲ ” “ ဟုတ္တယ္ဗ် ၊ က်ေနာ္လည္း ဒါ့ေၾကာင့္ပဲ ဒီပန္းခ်ီကားပံုတူႀကီးကို အခုမွ အ႐ူးအမူးကို လိုခ်င္လာတာကိုးဗ်” ဆိုၿပီး ဆက္လွိမ့္တယ္ ။ “ ဆိုပါေတာ့ဗ်ာ ခမ်ားဒီကားဆြဲတာ အခ်ိန္ဘယ္ေလာက္ၾကာမလဲ ” ဆိုေတာ့ ၊ ဟိုဘဲက “အမ်ားဆံုးတစ္လ”ေပါ့ လို႔ေျပာတယ္ ။ “ ဒါဆို ဒီလိုလုပ္ဗ်ာ ၊ က်ေနာ္ ဒီကားကို တစ္ကားတည္းမဆြဲဘူး။ ပံုတူ ( ၃ ) ကားဆြဲမွာ ၊ ဒီေတာ့ သံုးလေပါ့ ။ အဲ့ဒီသံုးလကို ခမ်ားက်ေနာ့္အိမ္ထဲကေန ဘယ္မွ မထြက္ပဲ ဆြဲေပးရမယ္ ။ ဒီမွာပဲအိပ္ရမယ္ ဒီမွာပဲစားရမယ္ ။ အဲ့ဒီအတြက္လည္း ခမ်ားရဲ႕ လုပ္ခလစာကို ၊ လက္ရွိသတ္မွတ္ႏႈန္းထားထက္ ႏွစ္ဆ ပိုေပးမယ္ ၊ ဘယ္လိုလဲ ” က်ေနာ္ အျမန္ဆံုးလိုခ်င္လို႔ေပါ့ဗ်ာ ဘာညာနဲ႔ ေလာတာကိုး ။

ဟိုဘဲကလည္း “စာခ်ဳပ္လိုက္ေတာ့”ေပါ့။
ဒီလိုနဲ႔ သံုးကားလံုးၿပီးသြားတဲ့အခါၾကည့္ေတာ့ ။ “ ဝိုး ေဟ့လူ ခမ်ားက လီယိုနာဒို ေသၿပီးေတာ့မ်ား ဝင္စားလာသလားေပါ့ ။ “ ခမ်ားလက္ရာက ဒီေလာက္ႀကီးေကာင္းေနမွေတာ့ ရဲေတြ ၿမင္သြားရင္ အစစ္လို႔ထင္ၿပီး လာဖမ္းေနမွျဖင့္ ” ဘာညာနဲ႔ ဟိုဘဲကို စြတ္ပင့္, ေပးလိုက္တယ္ ။ ဟိုဘဲက တဟီဟီနဲ႔ သေဘာေတြ က်ေနေရာ ။ တကယ္လည္းပဲ ခြဲမရေလာက္ေအာင္ တူတာကိုး ။ မတူတာဆိုလို႔ ေနာက္ဆြဲတဲ့ ၃ ကားမယ္ အသစ္အတိုင္းျဖစ္ေနတာေလးတစ္ခုပဲရွိတယ္ ။ အစစ္က ႏွစ္ေပါင္းအေတာ္ၾကာေနပီဆိုေတာ့ ဝါက်င့္ေနၿပီေလ ။ ကဲ ကြန္ကရက္က်ဴေလးရွင္းဗ်ာ ဆို လက္ဆြဲႏူတ္ဆက္တဲ့ၿပီး ၊ “ဒါနဲ႔ဗ်ာ က်ေနာ္တစ္ခုေလာက္ေတာ့ ေတာင္းဆိုပါရေစ”ေပါ့ ။ ဘာတုန္းဗ်ာဆိုေတာ့ ၊ “ ခမ်ားဒီကားေတြဆြဲတာ ဘယ္သူ႔ကိုမွေတာ့ ျပန္မေျပာေစခ်င္ဘူးဗ် ၊ လူေတြရဲ႕ပါးစပ္က သိတယ္မဟုတ္လား ၊ တစ္ေယာက္စကားတစ္ေယာက္နားနဲ႔ ရဲေတြဆီေရာက္ၿပီး ၊ ရဲေတြက က်ဳပ္အိမ္ကို စစ္လားေဆးလား လာလုပ္တာမ်ိဳးေတာ့ က်ဳပ္ကလည္း တယ္မႀကိဳက္လွဘူး” ဆိုေတာ့ ။ ဟာ အဲ့ဒါေတာ့စိတ္ခ်ဗ်ာဆိုၿပီး ပါးစပ္ကို ဇစ္နဲ႔ဆြဲပိတ္ၿပသြားတယ္ ။

ဟိုဘဲျပန္သြားတာနက္ သူက
အဲ့ဒီပန္းခ်ီကားေတြကို အေသးစိတ္ထပ္ႀကည့္တယ္ ။ လံုးဝ ခြဲမရေအာင္ ခြ်တ္စြပ္ကိုတူၿပီး ၊ စိတ္ေက်နပ္သြားေတာ့မွ ၊ ငွားထားတဲ့အိမ္ကိုျပန္အပ္ၿပီး အဲ့ဒီပန္းခ်ီဆရာနဲ႔ သူ႔ရဲ႕ႀကားက ကြင္းဆက္ကို ျဖတ္ပစ္လိုက္တယ္ ။ ၿပီးေတာ့ ပန္းခ်ီကားေတြအကုန္လံုးကို မ,ၿပီး သူ႔အိမ္သယ္သြားတယ္ ။ ေနာက္ထပ္ ၁ ႏွစ္ေက်ာ္ၾကာတဲ့အထိ အခ်ိန္ယူၿပီး အဲ့ဒီပန္းခ်ီကား ၃ ခ်ပ္ကို ၾကပ္ခိုးတင္လိုက္ မိႈင္းတိုက္လိုက္ ေနထုတ္လွန္းလိုက္နဲ႔ ( အလြယ္ေျပာတာေနာ္ ) အစစ္လို ေဟာင္းႏြမ္းဝါက်င္သြားတဲ့အထိကို အေသအခ်ာျပင္ဆင္တာ ။ ဒီလိုနဲ႔ပဲ အခ်ိန္ ၂ ႏွစ္နီးပါး ႀကာသြားတယ္ ။ သူလိုခ်င္တဲ့အဆင့္ထိ ရၿပီဆိုတာ ေသခ်ာသြားတဲ့အခါမွ သူဟာ တစ္ေယာက္နဲ႔တစ္ေယာက္လံုးဝ အခ်ိတ္အဆက္မရွိတဲ့ ေရွးေဟာင္းပန္းခ်ီကား႐ူးတဲ့ ကမ႓ာေက်ာ္သူေ႒းႀကီး ၃ ေယာက္ကို ေျမေအာက္လမ္းကေန တိတ္တဆိတ္ဆက္သြယ္တယ္ ။ ေဘာစိတို႔အေနနဲ႔ လုဗ့္ျပတိုက္ထဲေန ေပ်ာက္သြားတဲ့ မိုနာလီဇာပန္းခ်ီကားအစစ္ႀကီး ရရင္ ဝယ္မလားေပါ့ ။ ဟေရာင္ အစစ္သာဆိုလို႔ကေတာ့ ႀကိဳက္ေစ်းသာေျပာစမ္း ။ အိုေခ ႀကိဳက္တဲ့ပန္းခ်ီပညာရွင္ေခၚစစ္ဗ်ာ ၊ ေရာင္းမယ္ေပါ့ ။ တစ္ရက္ထဲမယ္ သံုးေယာက္လံုးကို သံုးေနရာခြဲၿပီး ခ်ိန္းတယ္ ။

ေရာက္သြားေတာ့ ေရာ့အင့္ဆိုၿပီး
ႀကိဳက္သလိုစစ္ခိုင္းတယ္ ။ ဒါမက္ မိုနာလီဇာေလဗ်ာ ၊ လမ္းေဘးမွာခ်ေရာင္းေနတဲ့ ေပါေပါပဲပဲ ပန္းခ်ီကားမ်ိဳးမွမဟုတ္တာ ။ ပန္းခ်ီကားစစ္တဲ့ဘဲေတြကလည္း စစ္ခရ, ၿပီးေရာဆိုတဲ့ အဖိန္႔,ေလာက္ပဲ ျဖစ္မွာေပါ့ ။ အခုလိုအနီးကပ္ သူတို႔မွ မျမင္ဖူးတာ ။ အိုေခ စစ္တယ္ ေစ်းေျပာ ဆိုေတာ့ ။ ( ၅ ) သန္း ၊ ေငြသားခ်ည္းေပးရမယ္ ။ ငါးျပားေစ့ ဆယ္ႏွစ္တြန္႔ တစ္တြန္႔မွကို မေလွ်ာ႔ႏိူင္ဘူးဆိုေတာ့ ။ အေရာင္းအဝယ္ျဖစ္ၿပီေပါ့ ။ တကယ္တန္းဆို ဒီလိုပန္းခ်ီကားမ်ိဳးကို (၅) သန္းနဲ႔ရတယ္ဆိုတာကလည္း တကယ့္ကို ေအးေၾကာက္ ေအာက္ေၾကးနဲ႔ ရလိုက္သလိုပဲကိုး ။

ဆိုေတာ့ သံုးေယာက္လံုးကို ဂ်င္း,ၿပီးတာနဲ႔
ဒီဘဲက ( ၁၅ ) သန္း မ,ၿပီး တစ္ျခားႏိူင္ငံဘက္ကို ေရွာင္လင္ကြန္ဖူးၿပီး ကိုယ္ေဖာ့ပညာနဲ႔ လစ္သြားတယ္ ။ သူ႔ဘက္က စိတ္ခ်ရၿပီဆိုေတာ့မွ အီတလီရဲေတြကို ဖုန္းဆက္လိုက္တယ္ ။ “ ခမ်ားတို႔ မိုနာလီဇာ ပန္းခ်ီကား ရွာေတြ႕ခ်င္လား” ဆိုၿပီး ။ ဟ သိပ္ရခ်င္တာေပါ့ ။ ဒါဆို အီတလီႏိူင္ငံ ဖေလာရင့္ဖ္ဟိုတယ္ အခန္းနံပါတ္ ဘယ္ေလာက္မွာ ခရီးေဆာင္ေသတၱာတစ္လံုးရွိတယ္ ။ အဲ့ဒီေသတၱာရဲ႕ အတြင္းဖက္အံဝွက္ထဲမွာ မိုနာလီဇာပန္းခ်ီကားကို လိပ္ၿပီးထည့္ထားတယ္ ၊ သြားယူၾက” ဆို ျပန္အပ္လိုက္တယ္ ။ ရဲေတြက မယံုမရဲနဲ႔သြားၾကည့္ေတာ့ တကယ့္မိုနာလီဇာအစစ္ႀကီးကို ျဖစ္ေနေရာ ။

မိုနာလီဇာပန္းခ်ီကားႀကီးကို
ျပန္ေတြ႕ပါၿပီဆိုၿပီး ကမ႓ာကို ေၾကျငာလိုက္ေတာ့ ၊ ဟိုေပါေခ်ာင္ေကာင္းႏိႈက္ထားတဲ့ ဘီလွ်ံနာႀကီးေတြ ျပဴးတူးၿပဲတဲျဖစ္ကုန္ၾကတယ္ ။ ငါတို႔ရထားတာမွ အစစ္ဆိုၿပီးေတာ့လည္း သြားၿပီး ခ်မတိုက္ရဲဘူး ။ ၿပီးေတာ့ သူတို႔က ေမွာင္ခိုဝယ္ထားၾကေတာ့ အဲ့လိုသြားလုပ္ရင္ ဂိ,သြားမွာကိုး။ ဆိုေတာ့ သူတို႔ နားစြင့္တယ္ ။ ကမ႓ာအရပ္ရပ္က တကယ့္ကြ်မ္းက်င္ပညာရွင္ေတြအကုန္လံုး လာစစ္ ၊ လုဗ့္ျပတိုက္ရဲ႕ ျပတိုက္မွဴးကပါ ဝင္စစ္ၿပီး “ ဟုတ္ပါတယ္ ခု ၿပန္ေတြ႕တဲ့ဟာက အစစ္ဆိုတာ လံုးဝသံသယျဖစ္စရာ မရွိပါဘူး”ဆိုမွ ၊ ပက္လက္ေတြလန္ၿပီး နားေတြ ကားကုန္က်တယ္ ။ ငါတို႔ေတာ့ ႏွပ္ခ်ခံလိုက္ရၿပီ ၊ ဂ်င္းထည့္ခံလိုက္ရၿပီဆိုတာ သိကိုး ။

က်ေနာ္ေလးစားတယ္ဆိုတာ အဲ့ဒါဗ်ာ ။
စဥ္းစားၾကည့္ ။ သူတကယ့္အစစ္ကိုေရာင္းၿပီး ၊ ေအးေအးလူလူနဲ႔ ဒူးႏွံ႔ၿပီး ႏွပ္,ေနလို႔ရတာပဲ ။ ရတဲ့ပိုက္ဆံနဲ႔ ဘိုက္ပုတ္,ၿပီး တစ္သက္လံုးထိုင္စားေနလို႔ရတယ္ ။ ဒါမက္ အဲ့လိုမလုပ္ဘူး ။ သူမေရာင္းခဲ့ဘူး ။ ဒါဟာ တန္ဖိုးျဖတ္မရတဲ့ ကမ႓ာ့အေမြအႏွစ္တစ္ခုဆိုတာ သူသိတယ္ ။ ဒီပစၥည္းကို ပိုက္ဆံကလြဲၿပီး ဘာမွမရွိတဲ့ သူေ႒းဆိုတဲ့ေကာင္ေတြရဲ႕လက္ထဲမွာ သူမထားႏိူင္ဘူး ။ အဲ့ဒီအတြက္ သူဟာ က်က်နနအကြက္ခ်တယ္ ။ ျပင္ဆင္တယ္ ။ အခါအခြင့္ေစာင့္တယ္ ။ ၿပီးေတာ့ အဲ့ဒီ သူေ႒းေတြရဲ႕အားနည္းခ်က္ကိုရွာ အခ်ိန္ကိုက္ၿပီး သူအျမတ္ထုတ္လို႔ရသေလာက္ ထုတ္သြားတယ္ ။
ကပ္ၿပီး မ်က္လွည့္ျပသြားတယ္ ။

ဆိုေတာ့ က်ေနာ္နားလည္သတ္မွတ္ထားတဲ့
သူရဲေကာင္းဆိုတာ အဲ့လိုလူမ်ိဳးပဲ ။
Nay
.........
unicode

မိုနာလီဇာ
ကမ႓ာကျော်သူခိုးတွေထဲမှာအတော့်ကိုလေးစားစရာကောင်းတဲ့ သူရဲကောင်းဆန်တဲ့ သူခိုးတစ်ယောက်ရှိသေးတယ် ။ ဒီဘဲက ဘာခိုးသလဲဆိုတော့ ပြင်သစ်နိူင်ငံ လုဗ့်ပြတိုက်ထဲက ကမ႓ာကျော် မိုနာလီဇာပန်းချီကားကို အရခိုးသွားခဲ့တဲ့ဘဲ ။ အဲ့ဒီပန်းချီကားကြီး ပျောက်သွားတော့ ပြင်သစ်ရဲတွေက အကြီးအကျယ်ကိုရှာတာကိုး ။ တစ်မြို့လုံးပိုက်စိပ်တိုက်ပြီး မြေလှန်ရှာတယ် ။ ဒါမက် ဘယ်လိုမှ ရှာမရဘူး ။ ပန်းချီကားသတင်းဟာ ဘာသတင်းအစအနမရပဲ ပျောက်ခြင်းမလှကို ပျောက်နေရော ။ ၁ နှစ်ကျော်တဲ့အထိ ဘယ်လိုမှရှာမရတော့အခါမှ ရဲတွေကလည်း လက်လျှော့ရတော့မဲ့ အနေအထားထိဖြစ်လာတယ် ။ အဲ့ဒါ ၁၉၁၁ ခုနှစ် နိူဝင်ဘာလမယ်ထင်တာပဲ ။ ပါရီသားတွေက လမ်းပေါ်ထွက်ပြီး ငိုကြတယ် ။ ခိုးသွားတဲ့သူ ဘယ်သူပဲဖြစ်ဖြစ် အဲ့ဒီပန်းချီကားကို ပြန်လာပေးကြပါဆိုပြီး ဝိုင်းဝန်းတောင်းဆိုကြတယ် ။ ဂျာနယ်တွေဘာတွေမှာ ဆောင်းပါးတွေဘာတွေထည့်ရေးလို့ရေးနဲ့ အမျိုးမျိုး မျက်ရည်ခံထိုးပြီး ပြန်တောင်း ကြရော ။



ဆိုတော့ အဲ့ဒီသူခိုးက ပန်းချီကားကို

ဘယ်လိုခိုးသွားသလဲဆိုတာထက် ၊ ခိုးပြီးတဲ့နောက် ဘာဆက်လုပ်သလဲဆိုတာပဲ ။ အဲ့ဒီပန်းချီကားကို စျေးအမြင့်ကြီးနဲ့ အောက်လမ်းကနေ လက်သိပ်ထိုးရောင်းပြီး ဖြောင်,ပလိုက်တယ်ထင်လား ။ နိူးပါ သူအဲ့လို လုံးဝမလုပ်ခဲ့ဘူး ။ သူဟာ အချိန်ယူတယ် ကမ႓ာပေါ်က အတော်ဆုံး ပုံတူဆွဲပန်းချီပညာရှင်တစ်ယောက်ကို ရအောင် ရှာတယ် ။ တွေ့တော့ သူ့အိမ်ကိုဖိတ်ပြီး စကားပြောကြည့် အရိပ်အကဲဖမ်းကြည့်တယ် ။ ( အမှန်က အဲ့ဒါ သူ့အိမ်အစစ်မယ်တော့မဟုတ်ဘူး အပြင်မှာ ဒိုင်လျှိုလေး ကျိတ်ပြီး ငှားထားတဲ့အိမ် ) အဲ့လိုမှမဟုတ်လို့ နောင်ခါ အနံ့လေးနည်းနည်းရသွားနဲ့ ရဲတွေက “ မီးခိုးကြွက်လျှောက်” မှာကိုး ။ အဲ့အိမ်မယ် ပုံတူဆွဲပန်းချီပညာရှင်ဆိုတဲ့ဘဲကိုခေါ်တယ် ။“ခများက ပုံတူဆွဲတဲ့နေရာ သိပ်ကောင်းတဲ့ဘဲဆိုတော့ ပြောပါဦး ကမ႓ာကျော်တွေရဲ့လက်ရာပန်းချီကားတွေဆိုရင်ရော တစ်ထပ်တည်းကျအောင်ဆွဲနိူင်ရဲ့လား ၊ ဥပမာ မိုနာလီဇာလို ပန်းချီကားမျိုးပေါ့ ”ဆိုပြီး သွေးတိုးစမ်းတယ် ။ ဟိုဘဲကလည်း ခပ်အေးအေးပဲ ၊ သူ့အလုပ်ကလွဲပြီး ဘာကိုမှ စိတ်မဝင်စားတဲ့ရုပ်နဲ့ ။ “ တကယ်လို့ မိုနာလီဇာပန်းချီကားအစစ်သာရမယ်ဆိုရင် လီယိုနာဒိုဒါဗင်ချီ သေရွာက ပြန်လာပြီး ယှဉ်ခွဲတောင် မကွဲစေရပါဘူး ”လို့ ဆိုကိုး ။ အွန်း ဟုတ်ပီ ၊ ရော့ဆိုတဲ့ပြီး မိုနာလီဇာပန်းချီကားကြီး ထုတ်ပေးလိုက်တယ် ။ ဟိုဘဲက စေ့စေ့စပ်စပ်ကြည့်ပြီး ၊ “ ဟာ ဟေ့လူ ဒါအစစ်ကြီးလား”လို့ အံ့သြတကြီးနဲ့မေးတယ် ။



“ ဟက် ဘယ်ကလာ အစစ်ရမှာလဲ

အစစ်သာဆိုရင်တော့ ကော်,ပြီပေါ့ဗျာ ။ ဒါက ပုံတူဆွဲမလို့ ဘော်ဒါတစ်ယောက်ဆီက ငှားထားတာဗျ ၊ ကော်ပီကြီးပါ ” ဆိုတဲ့ပြီး ၊ ဟိုဘဲကို ခပ်တည်တည်နဲ့ ဖြီး,တယ် ။ မဟုတ်လည်း အစစ်ကို ဒီကမ႓ာပေါ်မှာ ဘယ်နှစ်ယောက်ကများ အခုလို အနီးကပ် မြင်ဖူးလို့တုန်း ။ လုဗ့်ပြတိုက်မှာ ထားတယ်ဆိုတာကလည်း မှန်လုံအိမ်နဲ့ဘာနဲ့ အဝေးကပဲ ကြည့်ခွင့်ရတာမဟုတ်လား ။ ဟိုဘဲကလည်း ယုံတယ် ။ “ ဒါနက် အဲ့ဒီပန်းချီကားကြီး ပျောက်သွားတဲ့သတင်းရော ဘာကြားမိတုန်းဗျ ၊ အခုထိ မတွေ့ကြသေးဘူးဆိုလားပဲ ” “ ဟုတ်တယ်ဗျ ၊ ကျနော်လည်း ဒါ့ကြောင့်ပဲ ဒီပန်းချီကားပုံတူကြီးကို အခုမှ အရူးအမူးကို လိုချင်လာတာကိုးဗျ” ဆိုပြီး ဆက်လှိမ့်တယ် ။ “ ဆိုပါတော့ဗျာ ခများဒီကားဆွဲတာ အချိန်ဘယ်လောက်ကြာမလဲ ” ဆိုတော့ ၊ ဟိုဘဲက “အများဆုံးတစ်လ”ပေါ့ လို့ပြောတယ် ။ “ ဒါဆို ဒီလိုလုပ်ဗျာ ၊ ကျနော် ဒီကားကို တစ်ကားတည်းမဆွဲဘူး။ ပုံတူ ( ၃ ) ကားဆွဲမှာ ၊ ဒီတော့ သုံးလပေါ့ ။ အဲ့ဒီသုံးလကို ခများကျနော့်အိမ်ထဲကနေ ဘယ်မှ မထွက်ပဲ ဆွဲပေးရမယ် ။ ဒီမှာပဲအိပ်ရမယ် ဒီမှာပဲစားရမယ် ။ အဲ့ဒီအတွက်လည်း ခများရဲ့ လုပ်ခလစာကို ၊ လက်ရှိသတ်မှတ်နှုန်းထားထက် နှစ်ဆ ပိုပေးမယ် ၊ ဘယ်လိုလဲ ” ကျနော် အမြန်ဆုံးလိုချင်လို့ပေါ့ဗျာ ဘာညာနဲ့ လောတာကိုး ။



ဟိုဘဲကလည်း “စာချုပ်လိုက်တော့”ပေါ့။

ဒီလိုနဲ့ သုံးကားလုံးပြီးသွားတဲ့အခါကြည့်တော့ ။ “ ဝိုး ဟေ့လူ ခများက လီယိုနာဒို သေပြီးတော့များ ဝင်စားလာသလားပေါ့ ။ “ ခများလက်ရာက ဒီလောက်ကြီးကောင်းနေမှတော့ ရဲတွေ မြင်သွားရင် အစစ်လို့ထင်ပြီး လာဖမ်းနေမှဖြင့် ” ဘာညာနဲ့ ဟိုဘဲကို စွတ်ပင့်, ပေးလိုက်တယ် ။ ဟိုဘဲက တဟီဟီနဲ့ သဘောတွေ ကျနေရော ။ တကယ်လည်းပဲ ခွဲမရလောက်အောင် တူတာကိုး ။ မတူတာဆိုလို့ နောက်ဆွဲတဲ့ ၃ ကားမယ် အသစ်အတိုင်းဖြစ်နေတာလေးတစ်ခုပဲရှိတယ် ။ အစစ်က နှစ်ပေါင်းအတော်ကြာနေပီဆိုတော့ ဝါကျင့်နေပြီလေ ။ ကဲ ကွန်ကရက်ကျူလေးရှင်းဗျာ ဆို လက်ဆွဲနူတ်ဆက်တဲ့ပြီး ၊ “ဒါနဲ့ဗျာ ကျနော်တစ်ခုလောက်တော့ တောင်းဆိုပါရစေ”ပေါ့ ။ ဘာတုန်းဗျာဆိုတော့ ၊ “ ခများဒီကားတွေဆွဲတာ ဘယ်သူ့ကိုမှတော့ ပြန်မပြောစေချင်ဘူးဗျ ၊ လူတွေရဲ့ပါးစပ်က သိတယ်မဟုတ်လား ၊ တစ်ယောက်စကားတစ်ယောက်နားနဲ့ ရဲတွေဆီရောက်ပြီး ၊ ရဲတွေက ကျုပ်အိမ်ကို စစ်လားဆေးလား လာလုပ်တာမျိုးတော့ ကျုပ်ကလည်း တယ်မကြိုက်လှဘူး” ဆိုတော့ ။ ဟာ အဲ့ဒါတော့စိတ်ချဗျာဆိုပြီး ပါးစပ်ကို ဇစ်နဲ့ဆွဲပိတ်ပြသွားတယ် ။



ဟိုဘဲပြန်သွားတာနက် သူက

အဲ့ဒီပန်းချီကားတွေကို အသေးစိတ်ထပ်ကြည့်တယ် ။ လုံးဝ ခွဲမရအောင် ချွတ်စွပ်ကိုတူပြီး ၊ စိတ်ကျေနပ်သွားတော့မှ ၊ ငှားထားတဲ့အိမ်ကိုပြန်အပ်ပြီး အဲ့ဒီပန်းချီဆရာနဲ့ သူ့ရဲ့ကြားက ကွင်းဆက်ကို ဖြတ်ပစ်လိုက်တယ် ။ ပြီးတော့ ပန်းချီကားတွေအကုန်လုံးကို မ,ပြီး သူ့အိမ်သယ်သွားတယ် ။ နောက်ထပ် ၁ နှစ်ကျော်ကြာတဲ့အထိ အချိန်ယူပြီး အဲ့ဒီပန်းချီကား ၃ ချပ်ကို ကြပ်ခိုးတင်လိုက် မှိုင်းတိုက်လိုက် နေထုတ်လှန်းလိုက်နဲ့ ( အလွယ်ပြောတာနော် ) အစစ်လို ဟောင်းနွမ်းဝါကျင်သွားတဲ့အထိကို အသေအချာပြင်ဆင်တာ ။ ဒီလိုနဲ့ပဲ အချိန် ၂ နှစ်နီးပါး ကြာသွားတယ် ။ သူလိုချင်တဲ့အဆင့်ထိ ရပြီဆိုတာ သေချာသွားတဲ့အခါမှ သူဟာ တစ်ယောက်နဲ့တစ်ယောက်လုံးဝ အချိတ်အဆက်မရှိတဲ့ ရှေးဟောင်းပန်းချီကားရူးတဲ့ ကမ႓ာကျော်သူဋ္ဌေးကြီး ၃ ယောက်ကို မြေအောက်လမ်းကနေ တိတ်တဆိတ်ဆက်သွယ်တယ် ။ ဘောစိတို့အနေနဲ့ လုဗ့်ပြတိုက်ထဲနေ ပျောက်သွားတဲ့ မိုနာလီဇာပန်းချီကားအစစ်ကြီး ရရင် ဝယ်မလားပေါ့ ။ ဟရောင် အစစ်သာဆိုလို့ကတော့ ကြိုက်စျေးသာပြောစမ်း ။ အိုခေ ကြိုက်တဲ့ပန်းချီပညာရှင်ခေါ်စစ်ဗျာ ၊ ရောင်းမယ်ပေါ့ ။ တစ်ရက်ထဲမယ် သုံးယောက်လုံးကို သုံးနေရာခွဲပြီး ချိန်းတယ် ။



ရောက်သွားတော့ ရော့အင့်ဆိုပြီး

ကြိုက်သလိုစစ်ခိုင်းတယ် ။ ဒါမက် မိုနာလီဇာလေဗျာ ၊ လမ်းဘေးမှာချရောင်းနေတဲ့ ပေါပေါပဲပဲ ပန်းချီကားမျိုးမှမဟုတ်တာ ။ ပန်းချီကားစစ်တဲ့ဘဲတွေကလည်း စစ်ခရ, ပြီးရောဆိုတဲ့ အဖိန့်,လောက်ပဲ ဖြစ်မှာပေါ့ ။ အခုလိုအနီးကပ် သူတို့မှ မမြင်ဖူးတာ ။ အိုခေ စစ်တယ် စျေးပြော ဆိုတော့ ။ ( ၅ ) သန်း ၊ ငွေသားချည်းပေးရမယ် ။ ငါးပြားစေ့ ဆယ်နှစ်တွန့် တစ်တွန့်မှကို မလျှော့နိူင်ဘူးဆိုတော့ ။ အရောင်းအဝယ်ဖြစ်ပြီပေါ့ ။ တကယ်တန်းဆို ဒီလိုပန်းချီကားမျိုးကို (၅) သန်းနဲ့ရတယ်ဆိုတာကလည်း တကယ့်ကို အေးကြောက် အောက်ကြေးနဲ့ ရလိုက်သလိုပဲကိုး ။



ဆိုတော့ သုံးယောက်လုံးကို ဂျင်း,ပြီးတာနဲ့

ဒီဘဲက ( ၁၅ ) သန်း မ,ပြီး တစ်ခြားနိူင်ငံဘက်ကို ရှောင်လင်ကွန်ဖူးပြီး ကိုယ်ဖော့ပညာနဲ့ လစ်သွားတယ် ။ သူ့ဘက်က စိတ်ချရပြီဆိုတော့မှ အီတလီရဲတွေကို ဖုန်းဆက်လိုက်တယ် ။ “ ခများတို့ မိုနာလီဇာ ပန်းချီကား ရှာတွေ့ချင်လား” ဆိုပြီး ။ ဟ သိပ်ရချင်တာပေါ့ ။ ဒါဆို အီတလီနိူင်ငံ ဖလောရင့်ဖ်ဟိုတယ် အခန်းနံပါတ် ဘယ်လောက်မှာ ခရီးဆောင်သေတ္တာတစ်လုံးရှိတယ် ။ အဲ့ဒီသေတ္တာရဲ့ အတွင်းဖက်အံဝှက်ထဲမှာ မိုနာလီဇာပန်းချီကားကို လိပ်ပြီးထည့်ထားတယ် ၊ သွားယူကြ” ဆို ပြန်အပ်လိုက်တယ် ။ ရဲတွေက မယုံမရဲနဲ့သွားကြည့်တော့ တကယ့်မိုနာလီဇာအစစ်ကြီးကို ဖြစ်နေရော ။



မိုနာလီဇာပန်းချီကားကြီးကို

ပြန်တွေ့ပါပြီဆိုပြီး ကမ႓ာကို ကြေငြာလိုက်တော့ ၊ ဟိုပေါချောင်ကောင်းနှိုက်ထားတဲ့ ဘီလျှံနာကြီးတွေ ပြူးတူးပြဲတဲဖြစ်ကုန်ကြတယ် ။ ငါတို့ရထားတာမှ အစစ်ဆိုပြီးတော့လည်း သွားပြီး ချမတိုက်ရဲဘူး ။ ပြီးတော့ သူတို့က မှောင်ခိုဝယ်ထားကြတော့ အဲ့လိုသွားလုပ်ရင် ဂိ,သွားမှာကိုး။ ဆိုတော့ သူတို့ နားစွင့်တယ် ။ ကမ႓ာအရပ်ရပ်က တကယ့်ကျွမ်းကျင်ပညာရှင်တွေအကုန်လုံး လာစစ် ၊ လုဗ့်ပြတိုက်ရဲ့ ပြတိုက်မှူးကပါ ဝင်စစ်ပြီး “ ဟုတ်ပါတယ် ခု ပြန်တွေ့တဲ့ဟာက အစစ်ဆိုတာ လုံးဝသံသယဖြစ်စရာ မရှိပါဘူး”ဆိုမှ ၊ ပက်လက်တွေလန်ပြီး နားတွေ ကားကုန်ကျတယ် ။ ငါတို့တော့ နှပ်ချခံလိုက်ရပြီ ၊ ဂျင်းထည့်ခံလိုက်ရပြီဆိုတာ သိကိုး ။



ကျနော်လေးစားတယ်ဆိုတာ အဲ့ဒါဗျာ ။

စဉ်းစားကြည့် ။ သူတကယ့်အစစ်ကိုရောင်းပြီး ၊ အေးအေးလူလူနဲ့ ဒူးနှံ့ပြီး နှပ်,နေလို့ရတာပဲ ။ ရတဲ့ပိုက်ဆံနဲ့ ဘိုက်ပုတ်,ပြီး တစ်သက်လုံးထိုင်စားနေလို့ရတယ် ။ ဒါမက် အဲ့လိုမလုပ်ဘူး ။ သူမရောင်းခဲ့ဘူး ။ ဒါဟာ တန်ဖိုးဖြတ်မရတဲ့ ကမ႓ာ့အမွေအနှစ်တစ်ခုဆိုတာ သူသိတယ် ။ ဒီပစ္စည်းကို ပိုက်ဆံကလွဲပြီး ဘာမှမရှိတဲ့ သူဋ္ဌေးဆိုတဲ့ကောင်တွေရဲ့လက်ထဲမှာ သူမထားနိူင်ဘူး ။ အဲ့ဒီအတွက် သူဟာ ကျကျနနအကွက်ချတယ် ။ ပြင်ဆင်တယ် ။ အခါအခွင့်စောင့်တယ် ။ ပြီးတော့ အဲ့ဒီ သူဋ္ဌေးတွေရဲ့အားနည်းချက်ကိုရှာ အချိန်ကိုက်ပြီး သူအမြတ်ထုတ်လို့ရသလောက် ထုတ်သွားတယ် ။

ကပ်ပြီး မျက်လှည့်ပြသွားတယ် ။



ဆိုတော့ ကျနော်နားလည်သတ်မှတ်ထားတဲ့

သူရဲကောင်းဆိုတာ အဲ့လိုလူမျိုးပဲ ။

cd- Nay