Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, January 13, 2019

နဂါး႐ုံဘုရားျပဳလုပ္ရာမွ နဂါး႐ုပ္က်ိဳးက်ပိမိ၍ လူေသဆုံး


နဂါး႐ုံဘုရားျပဳလုပ္ရာမွ နဂါး႐ုပ္က်ိဳးက်ပိမိ၍ လူေသဆုံးမႈျဖစ္ပြား ။ ေနျပည္ေတာ္၊ ဇန္နဝါရီ ၁၃ ။၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ ၁၂ ရက္ေန႔ ညေန ၅ နာရီ ၄၀ မိနစ္အခ်ိန္ မႏၲေလးတိုင္းေဒသႀကီး၊ ေညာင္ဦးၿမိဳ႕နယ္၊ သူေကာင္းတည္ေက်းရြာ၊ “သုခဒီပါ”ဘုန္းေတာ္ႀကီးေက်ာင္းဝင္းအတြင္း နဂါး႐ုံဘုရားျပဳလုပ္ရာ၌ နဂါး႐ုပ္က်ိဳးက်ပိမိ၍ လူတစ္ဦးေသဆုံးသြားေၾကာင္း သတင္းအရ လက္ပံေျခေပၚ ရဲကင္းရဲစခန္းမွတပ္ဖြဲ႕ဝင္မ်ားက သက္ေသမ်ားႏွင့္အတူ သြားေရာက္စစ္ေဆးခဲ့သည္။

ထန္းေနာင္းစုေက်းရြာေန ေမာင္ေဝယံစိုး(၂၀)ႏွစ္သည္အလုပ္သမားေခါင္းေဆာင္ျဖစ္သူ ဆင္လူးဆိုင္ေက်းရြာေန ဦးဖိုးေထာင္(၄၂)ႏွစ္ ဦးစီးျပဳလုပ္ထားသည့္ နဂါး႐ုပ္အား ၎မွေစခိုင္း၍ ပလႅင္ေပၚတက္ကာ နဂါး႐ုပ္ကို အေခ်ာသပ္ေနစဥ္ နဂါးပါးျပင္းက်ိဳးက်ပိမိၿပီး ဒဏ္ရာမ်ားရရွိေသဆုံးသြားေၾကာင္း စစ္ေဆးသိရွိရေသာေၾကာင့္ နဂါး႐ုပ္ကို ခိုင္ခံစြာျပဳလုပ္ျခင္းမရွိဘဲ ေစခိုင္းသူ ဦးဖိုးေထာင္အား လက္ပံေျခေပၚ ရဲကင္းရဲစခန္း (ပ)၃/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၄-က ျဖင့္ အမႈဖြင့္အေရးယူထားသည္။
ရဲဇာနည္



Unicode

နဂါးရုံဘုရားပြုလုပ်ရာမှ နဂါးရုပ်ကျိုးကျပိမိ၍ လူသေဆုံးမှုဖြစ်ပွား ။ နေပြည်တော်၊ ဇန်နဝါရီ ၁၃ ။၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့ ညနေ ၅ နာရီ ၄၀ မိနစ်အချိန် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ သူကောင်းတည်ကျေးရွာ၊ “သုခဒီပါ”ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း နဂါးရုံဘုရားပြုလုပ်ရာ၌ နဂါးရုပ်ကျိုးကျပိမိ၍ လူတစ်ဦးသေဆုံးသွားကြောင်း သတင်းအရ လက်ပံခြေပေါ် ရဲကင်းရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

ထန်းနောင်းစုကျေးရွာနေ မောင်ဝေယံစိုး(၂၀)နှစ်သည်အလုပ်သမားခေါင်းဆောင်ဖြစ်သူ ဆင်လူးဆိုင်ကျေးရွာနေ ဦးဖိုးထောင်(၄၂)နှစ် ဦးစီးပြုလုပ်ထားသည့် နဂါးရုပ်အား ၎င်းမှစေခိုင်း၍ ပလ္လင်ပေါ်တက်ကာ နဂါးရုပ်ကို အချောသပ်နေစဉ် နဂါးပါးပြင်းကျိုးကျပိမိပြီး ဒဏ်ရာများရရှိသေဆုံးသွားကြောင်း စစ်ဆေးသိရှိရသောကြောင့် နဂါးရုပ်ကို ခိုင်ခံစွာပြုလုပ်ခြင်းမရှိဘဲ စေခိုင်းသူ ဦးဖိုးထောင်အား လက်ပံခြေပေါ် ရဲကင်းရဲစခန်း (ပ)၃/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားသည်။
 ရဲဇာနည်

No comments:

Post a Comment