Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, January 21, 2019

စားေသာက္ဆုိင္အတြင္း လူခ်င္း တိုက္မိရာက ေသနတ္ျဖင့္ ပစ္ခတ္မႈ ျဖစ္ပြား

စားေသာက္ဆိုင္တြင္ လူခ်င္းတိုက္မိရာက ေသနတ္ျဖင့္ ပစ္ခံရမႈ တာခ်ီလိတ္တြင္ ျဖစ္ပြားၿပီး တရားခံမွာ ထြက္ေျပးတိမ္းေရွာင္ေန ။ ျမန္မာ – ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕တြင္ စားေသာက္ဆုိင္အတြင္း လူခ်င္း တိုက္မိရာက ေသနတ္ျဖင့္ ပစ္ခတ္မႈ ျဖစ္ပြားခဲ့ၿပီး ဒဏ္ရာ ရရွိသူအား ထိုင္းႏုိင္ငံ ေဆးရံုသို႔ အေရးေပၚ ပို႔ေဆာင္ ေပးထားရေၾကာင္း ႏွင့္ တရားခံအား ဖမ္းဆီးရမိေရးအတြက္ ရဲတပ္ဖြဲ႔မွ ေဆာင္ရြက္ေနလ်က္ရွိေၾကာင္း သိရသည္။

“သူတို႔ျဖစ္စဥ္က စားေသာက္ဆိုင္ထဲမွာ လာစားေသာက္ၿပီးေတာ့ အေပါ့သြားတာ ထင္တယ္။ သြားေတာ့ တံခါး၀မွာ နည္းနည္း တိုက္မိသြားတယ္ ထင္တယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္။ မေက်မနပ္ျဖစ္ေတာ့ ေသနတ္ရိွတဲ့သူက ယိုးဒယား(ထိုင္း)ေပါ့။ တစ္ေယာက္ ႏွစ္ေယာက္ ၀င္လာၿပီးေတာ့ စကားမ်ား ၾကတယ္ေပါ့။

အဲဒီကုလားထိုင္ကို ဆြဲၿပီးေတာ့ ရိုက္မလို႔ဆိုရင္ အဲဒီ ယိုးဒယား(ထိုင္း)လည္း ေသနတ္နဲ႔ ပစ္လိုက္တယ္။ တစ္ခ်က္ပဲထင္တယ္။ ဘာေၾကာင့္လည္းဆိုေတာ့ က်ည္ေတာင့္ တစ္ခုပဲ ေတြ႕တာကိုး။ အခုေဆးရံုတင္ထားလိုက္တယ္။ ပစ္တဲ့အခ်ိန္ကေတာ့ (၁)နာရီ ပတ္၀န္းက်င္ကေပါ့။ ပစ္ခံရတဲ့ သူကေတာ့ အဲဒီ ပံုထဲမွာေတြ႕တာေတာ့ မိန္းကေလး တစ္ေယာက္ရယ္။ အမ်ိဳးသား တစ္ေယာက္ ရယ္။

ေသနတ္ ကိုင္ၿပီးေတာ့ ပစ္တဲ့သူကေတာ့ သူ႕ရည္းစားလား မိန္းမလားမသိဘူး တစ္ေယာက္ေတာ့ အဲဒီ CCTV ထဲမွ ျမင္ရတာ။ ရဲေတြေတာ့ စစ္သြားၿပီ။ အခုလည္း ဆိုင္ရွင္ကို ေခၚစစ္ေနတယ္ ရဲစခန္းမွာ”ဟု မယ္ေခါင္ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ဦးစိုင္းအြတ္ က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ဇန္န၀ါရီလ(၂၁)ရက္ေန႔ ေန႔လယ္ပိုင္းက ေျပာသည္။

အခင္းျဖစ္ပြားသည့္ ေနရာမွာ တာခ်ီလိတ္ၿမိဳ႕ မယ္ေခါင္ရပ္ကြက္အတြင္းရွိ အကင္ဆိုင္တြင္ ျဖစ္ၿပီး အားခင္ အပါအ၀င္ (၄)ဦးတို႔သည္ အရက္ထိုင္ေသာက္ၾကၿပီးေနာက္ အားခင္သည္ ဆိုင္ေနာက္ေဖးသို႔ အေပါ့သြားရာ အျခား၀ိုင္း၌ ထိုင္ကာ အရက္ေသာက္ေနသည့္ အသက္(၂၀)၀န္းက်င္ရွိ အမ်ဳိးသား တစ္ဦးအား ၀င္ေရာက္တိုက္မိခဲ့ေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ေၾကာင့္ အမည္မသိ အသက္(၂၀)၀န္းက်င္ရွိ လူငယ္သည္ အသက္(၂၇)ႏွစ္၀န္းက်င္ရွိ အားခင္အား ေသနတ္ျဖင့္ ပစ္လိုက္ရာမွ ယာဘက္နံရံုးေအာက္တြင္ စိုးရိမ္ရသည့္ က်ည္ေဖာက္၀င္ ဒဏ္ရာ(၁)ခ်က္ ရရွိသြား၍ တာခ်ီလိတ္နာေရးကူညီမႈအသင္းက မယ္ဆိုင္ၿမိဳ႕ရွိ လူမႈကယ္ဆယ္ေရး အဖြဲ႔ျဖစ္သည့္ ဘံုဗိဟန္ ႏွင့္ ခ်ိန္ဆက္ကာ ထိုင္းႏုိင္ငံ ေဆးရံုသို႔ ပို႔ေဆာင္ေပးထားရေၾကာင္း သိရသည္။

ေသနတ္ျဖင့္ ပစ္ခတ္ခံရသူသည္ က်ဳိင္းတံုၿမိဳ႕ မိုင္းဇင္းေက်းရြာအုပ္စုအတြင္း ေနထုိင္သူျဖစ္ၿပီး ၎ဤအား ေသနတ္ျဖင့္ ပစ္ခတ္ကာ တိမ္းေရွာင္သြားသူ အမည္မသိ အမ်ဳိးသားကို ဖမ္းဆီးရမိေရးအတြက္ ရဲတပ္ဖြဲ႔မွ ေဆာင္ရြက္ေနလ်က္ရွိၿပီးတာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္(ပ)၃၁/၂၀၁၉၊ ရာဇသတ္ႀကီး ဥပေဒ ပုဒ္မ ၃၀၇/၃၂၆ ျဖင့္ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။

TachileikNewsAgency

Unicode

စားသောက်ဆိုင်တွင် လူချင်းတိုက်မိရာက သေနတ်ဖြင့် ပစ်ခံရမှု တာချီလိတ်တွင် ဖြစ်ပွားပြီး တရားခံမှာ ထွက်ပြေးတိမ်းရှောင်နေ ။ မြန်မာ – ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် စားသောက်ဆိုင်အတွင်း လူချင်း တိုက်မိရာက သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ဒဏ်ရာ ရရှိသူအား ထိုင်းနိုင်ငံ ဆေးရုံသို့ အရေးပေါ် ပို့ဆောင် ပေးထားရကြောင်း နှင့် တရားခံအား ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့မှ ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

“သူတို့ဖြစ်စဉ်က စားသောက်ဆိုင်ထဲမှာ လာစားသောက်ပြီးတော့ အပေါ့သွားတာ ထင်တယ်။ သွားတော့ တံခါးဝမှာ နည်းနည်း တိုက်မိသွားတယ် ထင်တယ်။ တစ်ယောက်နဲ့ တစ်ယောက်။ မကျေမနပ်ဖြစ်တော့ သေနတ်ရှိတဲ့သူက ယိုးဒယား(ထိုင်း)ပေါ့။ တစ်ယောက် နှစ်ယောက် ဝင်လာပြီးတော့ စကားများ ကြတယ်ပေါ့။

အဲဒီကုလားထိုင်ကို ဆွဲပြီးတော့ ရိုက်မလို့ဆိုရင် အဲဒီ ယိုးဒယား(ထိုင်း)လည်း သေနတ်နဲ့ ပစ်လိုက်တယ်။ တစ်ချက်ပဲထင်တယ်။ ဘာကြောင့်လည်းဆိုတော့ ကျည်တောင့် တစ်ခုပဲ တွေ့တာကိုး။ အခုဆေးရုံတင်ထားလိုက်တယ်။ ပစ်တဲ့အချိန်ကတော့ (၁)နာရီ ပတ်ဝန်းကျင်ကပေါ့။ ပစ်ခံရတဲ့ သူကတော့ အဲဒီ ပုံထဲမှာတွေ့တာတော့ မိန်းကလေး တစ်ယောက်ရယ်။ အမျိုးသား တစ်ယောက် ရယ်။

သေနတ် ကိုင်ပြီးတော့ ပစ်တဲ့သူကတော့ သူ့ရည်းစားလား မိန်းမလားမသိဘူး တစ်ယောက်တော့ အဲဒီ CCTV ထဲမှ မြင်ရတာ။ ရဲတွေတော့ စစ်သွားပြီ။ အခုလည်း ဆိုင်ရှင်ကို ခေါ်စစ်နေတယ် ရဲစခန်းမှာ”ဟု မယ်ခေါင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းအွတ် က တာချီလိတ်သတင်းအေဂျင်စီသို့ ဇန်နဝါရီလ(၂၁)ရက်နေ့ နေ့လယ်ပိုင်းက ပြောသည်။

အခင်းဖြစ်ပွားသည့် နေရာမှာ တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်အတွင်းရှိ အကင်ဆိုင်တွင် ဖြစ်ပြီး အားခင် အပါအဝင် (၄)ဦးတို့သည် အရက်ထိုင်သောက်ကြပြီးနောက် အားခင်သည် ဆိုင်နောက်ဖေးသို့ အပေါ့သွားရာ အခြားဝိုင်း၌ ထိုင်ကာ အရက်သောက်နေသည့် အသက်(၂၀)ဝန်းကျင်ရှိ အမျိုးသား တစ်ဦးအား ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် အမည်မသိ အသက်(၂၀)ဝန်းကျင်ရှိ လူငယ်သည် အသက်(၂၇)နှစ်ဝန်းကျင်ရှိ အားခင်အား သေနတ်ဖြင့် ပစ်လိုက်ရာမှ ယာဘက်နံရုံးအောက်တွင် စိုးရိမ်ရသည့် ကျည်ဖောက်ဝင် ဒဏ်ရာ(၁)ချက် ရရှိသွား၍ တာချီလိတ်နာရေးကူညီမှုအသင်းက မယ်ဆိုင်မြို့ရှိ လူမှုကယ်ဆယ်ရေး အဖွဲ့ဖြစ်သည့် ဘုံဗိဟန် နှင့် ချိန်ဆက်ကာ ထိုင်းနိုင်ငံ ဆေးရုံသို့ ပို့ဆောင်ပေးထားရကြောင်း သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသူသည် ကျိုင်းတုံမြို့ မိုင်းဇင်းကျေးရွာအုပ်စုအတွင်း နေထိုင်သူဖြစ်ပြီး ၎င်းဤအား သေနတ်ဖြင့် ပစ်ခတ်ကာ တိမ်းရှောင်သွားသူ အမည်မသိ အမျိုးသားကို ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့မှ ဆောင်ရွက်နေလျက်ရှိပြီးတာချီလိတ်မြို့မရဲစခန်းတွင်(ပ)၃၁/၂၀၁၉၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၇/၃၂၆ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

TachileikNewsAgency

No comments:

Post a Comment