Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, January 21, 2019

အိမ္လာတည္းခုိသည့္ ဧည့္သည္ အမ်ိဳးသားတစ္ဦးက အိမ္ရွင္အမ်ိဳးသမီးကုိ အဓမၼျပဳက်င့္


ကရင္ျပည္နယ္၊ ျမဝတီခ႐ိုင္၊ ျမဝတီၿမိဳ႕တြင္ အမ်ိဳးသမီးတစ္ဦးကို ခရီးသြားဧည့္သည္ အမ်ိဳးသားတစ္ဦးက ဇန္နဝါရီ ၁၅ ရက္၊ နံနက္ပိုင္းက အဓမၼျပဳက်င့္မႈျဖစ္ပြားခဲ့ေၾကာင္း ျမဝတီၿမိဳ႕မ ရဲစခန္းမွ သိရွိရသည္။

“ကြ်န္ေတာ္တို႔ကို ဒီေန႔မွာ ဒီျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး မ………က လာေရာက္တိုင္ၾကားခဲ့တာ ျဖစ္ပါတယ္။ ျဖစ္စဥ္ကို ေမးျမန္းခဲ့ၿပီး တရားခံကို လိုက္လံရွာေဖြဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။ မိလည္း မိခဲ့ပါတယ္။ ဥပေဒအတိုင္း ဆက္လက္ ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္”ဟု ျမဝတီၿမိဳ႕မ ရဲစခန္းမွ ရဲအရာရွိ တစ္ဦးက ေျပာသည္။

ျမဝတီၿမိဳ႕အမွတ္၊ ၅ ရပ္ကြက္၊ ၿမိဳ႕ပတ္လမ္းေန မ……..(၄၃) ႏွစ္သည္ ေနအိမ္၌ တစ္ဦးတည္းရွိေနစဥ္ က်ိဳက္မေရာၿမိဳ႕နယ္၊ တာရာနာေက်းရြာမွ အစ္ကိုျဖစ္သူ ကိုစိုးသန္းဆိုသူ၏ သူငယ္ခ်င္း ႏိုင္ဟံသိန္းမွ ဇန္နဝါရီ ၁၅ ရက္ နံနက္ ၁းဝ၀ နာရီတြင္ အိမ္သို႔ေရာက္ရွိလာၿပီး တည္းခိုရန္ ခြင့္ေတာင္းရာ မိန္းမသားတစ္ဦးတည္းရွိသျဖင့္ ခြင့္မျပဳေၾကာင္း ေျပာဆိုေသာ္လည္း အခက္အခဲျဖစ္ေနေၾကာင္း ႏိုင္ဟံသိန္းက ေျပာဆိုျခင္းေၾကာင့္ ေနအိမ္ေအာက္ထပ္တြင္ တည္းခိုခြင့္ေပးခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ နံနက္ ၂းဝ၀ နာရီတြင္ ႏိုင္ဟံသိန္းမွ အေပၚထပ္ရွိ မ…….၏ အခန္းတံခါးကို လာေခါက္ၿပီး ျပန္ေတာ့မည္ျဖစ္ေၾကာင္းေျပာသျဖင့္ တံခါးဖြင့္ေပးလိုက္ရာ ႏိုင္ဟံသိန္းမွ အိပ္ခန္းအတြင္း ဝင္ေရာက္ၿပီး သားမယားအျဖစ္ တစ္ႀကိမ္ျပဳက်င့္ၿပီး ထြက္သြားခဲ့ရာ ဇန္နဝါရီ ၁၅ ရက္၊ နံနက္ ၆းဝ၀ နာရီတြင္ သားမယားျပဳက်င္႔ခံရသူ မ……. မွ ျမဝတီၿမိဳ႕မ ရဲစခန္းသို႔ လာေရာက္တိုင္ၾကားခဲ့ေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ ျမဝတီနယ္ထိန္းတပ္ဖြဲ႔ဝင္မ်ားမွ ၂ နာရီအခ်ိန္အတြင္း ႏိုင္ဟံသိန္းအား ရွာေဖြ ဖမ္းဆီးႏိုင္ခဲ့ၿပီး က်ိဳက္မေရာၿမိဳ႕၊ တာရာနာစံျပေက်းရြာေန ႏိုင္ဟံသိန္း (၅၅) ႏွစ္ကို (ပ) ၆၇/၂ဝ၁၉၊ ရာဇသတ္ႀကီး ပုဒ္မ ၃၇၆ ျဖင့္ အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။
ထိန္လင္းေအာင္

#Unicode Version#
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင် အမျိုးသမီးတစ်ဦးကို ခရီးသွားဧည့်သည် အမျိုးသားတစ်ဦးက ဇန်နဝါရီ ၁၅ ရက်၊ နံနက်ပိုင်းက အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း မြဝတီမြို့မ ရဲစခန်းမှ သိရှိရသည်။

“ကျွန်တော်တို့ကို ဒီနေ့မှာ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မ………က လာရောက်တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။ ဖြစ်စဉ်ကို မေးမြန်းခဲ့ပြီး တရားခံကို လိုက်လံရှာဖွေဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ မိလည်း မိခဲ့ပါတယ်။ ဥပဒေအတိုင်း ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု မြဝတီမြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောသည်။

မြဝတီမြို့အမှတ်၊ ၅ ရပ်ကွက်၊ မြို့ပတ်လမ်းနေ မ……..(၄၃) နှစ်သည် နေအိမ်၌ တစ်ဦးတည်းရှိနေစဉ် ကျိုက်မရောမြို့နယ်၊ တာရာနာကျေးရွာမှ အစ်ကိုဖြစ်သူ ကိုစိုးသန်းဆိုသူ၏ သူငယ်ချင်း နိုင်ဟံသိန်းမှ ဇန်နဝါရီ ၁၅ ရက် နံနက် ၁းဝ၀ နာရီတွင် အိမ်သို့ရောက်ရှိလာပြီး တည်းခိုရန် ခွင့်တောင်းရာ မိန်းမသားတစ်ဦးတည်းရှိသဖြင့် ခွင့်မပြုကြောင်း ပြောဆိုသော်လည်း အခက်အခဲဖြစ်နေကြောင်း နိုင်ဟံသိန်းက ပြောဆိုခြင်းကြောင့် နေအိမ်အောက်ထပ်တွင် တည်းခိုခွင့်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် နံနက် ၂းဝ၀ နာရီတွင် နိုင်ဟံသိန်းမှ အပေါ်ထပ်ရှိ မ…….၏ အခန်းတံခါးကို လာခေါက်ပြီး ပြန်တော့မည်ဖြစ်ကြောင်းပြောသဖြင့် တံခါးဖွင့်ပေးလိုက်ရာ နိုင်ဟံသိန်းမှ အိပ်ခန်းအတွင်း ဝင်ရောက်ပြီး သားမယားအဖြစ် တစ်ကြိမ်ပြုကျင့်ပြီး ထွက်သွားခဲ့ရာ ဇန်နဝါရီ ၁၅ ရက်၊ နံနက် ၆းဝ၀ နာရီတွင် သားမယားပြုကျင့်ခံရသူ မ……. မှ မြဝတီမြို့မ ရဲစခန်းသို့ လာရောက်တိုင်ကြားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မြဝတီနယ်ထိန်းတပ်ဖွဲ့ဝင်များမှ ၂ နာရီအချိန်အတွင်း နိုင်ဟံသိန်းအား ရှာဖွေ ဖမ်းဆီးနိုင်ခဲ့ပြီး ကျိုက်မရောမြို့၊ တာရာနာစံပြကျေးရွာနေ နိုင်ဟံသိန်း (၅၅) နှစ်ကို (ပ) ၆၇/၂ဝ၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
လင်းအောင်

No comments:

Post a Comment